Friday, November 2, 2012

ပုံပြင်မဟုတ်(အဆက်)

Myitrum manang ni, “ Maumwi n re matut ” shagun dat ai yaw. Amyu Shayi langai mi hku nna, ndai Sumlut Roi Ja a mabyin hpe myit dum shagu maroi nni masin n si dik ai. Anhte prat janat n malap na matu yaw shada let, ka dat ai rai sai. Ladu hkrum shagu aka shadum nga na re. Ya hte gaw M ni hpabaw lagu myit nchyan shaw taw nga ma ai kun she ngu ra hkra makau grup-yin e shingran katsi taw nga ai. JIC ပုံပြင်မဟုတ်(အဆက်) ငါ့ကိုသူတို့ စစ်အင်္ကျီ ဝတ်ပေးကြတယ်။ ကျောက်ဖျာ ဆီဆွဲခေါ်ပြီး၊ ထိုင်စေကြတယ်၊ အစာမကျွေးကြဘူး။ ငါ့မှာလည်း တော်တော်နဲ့ကို မသေနိုင်ခဲ့ဘူး။ ငါ့မှာဘာ အမင်္ဂလာ ကျိန်စာတွေပါခဲ့လဲလို့၊ ဘုရားကိုတမ်းတရင်း - အသည်းတွေကွဲခဲ့ရတယ်။ နောက်ဆုံးတပါတ်လောက်ကြာမှ ကယ်သူမရှိတဲ့ငါ့မှာ - စိတ်ဓါတ်တွေကျပြီး၊ ငါ့ဝိညာဉ်ဟာ - ပျော့ဖတ်နေတဲ့ ငါ့ခန္ဓာကိုယ်ထဲက ထွက်ခွာသွားတော့တယ်။ ငါ့ဝိညာဉ် လွင့်မျောပြီး၊ မုဘွမ်တခွင် မှသည် - ရွာဆီသို့ လွတ်လပ်ပေါ့ပါးစွာ ရောက်ခဲ့တယ်။ ဒါပေမယ့် - ရွာမှာလူမရှိတော့ဘူး။ ငါ့ယောင်္ကျား ငါ့သားနဲ့အဂူး၊ အရိပ်အယောင်တောင် ရှာမတွေ့ဘူး။ ငါ့ဝိညာဉ် နေရာအနှံ့ ပျံသန်းခဲ့တယ်။ ဘုရားကျောင်းကြီးတွေမှာ ဝတ်ပြုဆုတောင်းနေကြတယ်။ ဆွမ်လွတ်ရွယ်ဂျား လွတ်မြှောက်ဖို့တဲ့၊ အကြီးအကျယ်ဆုတောင်းနေကြတယ်၊ သနားဖို့ ကောင်းနေပြီ။ ဆွမ်းလွတ်ရွယ်ဂျား - ထာဝရငြိမ်းချမ်းသွားပြီ မသိရှာကြဘူး။ ငါကတော့ ငါ့မိသားစုကိုဆက်ရှာတယ်။ ဟော! တွေ့ပါပြီ။ ဒုက္ခသည် စခန်းနဲ့တူပါတယ်။ အဂူးနဲ့ ငါ့သား ယာယီတဲပြင်မှာ ပွေ့ဖက်ပြီး ထိုင်ငေးနေကြတယ်။ နို့ဆာနေလား - သားလေးရယ်? ချစ်မေမေ - ဝမ်းနည်းပါတယ်။ မနောမြေ - စိန် (၂.၁၁.၂၀၁၂၊ နံနက် ၅:၀၀)