Showing posts with label သဘောထားအမြင်များ. Show all posts
Showing posts with label သဘောထားအမြင်များ. Show all posts

Wednesday, October 7, 2015

Anhte a ahkaw ahkang anhte a lata hta nga ra ai


Myen party ni hpe “Me” bang ai ni gaw mung masa hta ram ram naw hpang hpang hkrat ai ni sha rai sai. Dai ni anhte Wunpawng mung masa party ni law law rai wa sai, dai majaw anhte Wunpawng party hpe bang ga, Aung san wa mung masu, ya mung langai wa bai masu ai hpe hkam mana sha nga na kun? Anhte Myu ni “Sai” hka lwi nna mung dan gasat di la nga ai aten re, Tinang myit shadang, tinang tinggyeng akyu yu, tinang a nga mu nga mai lam hpe masem nna tara mai gan wa n-pu e ganaw shang ai baw myit masa hpe tawn da nna, tinang myu sha shada da lakawn lanawn tsawra let madang tsaw ai mung masa pan dung de du wa hkra jawm shakut ga.
By ; Kachin politics Watch and Research Network
Jinghpaw Mung Masa Yu Maram hte Sawk Sagawn Hpung

 James Alex

Read more »

Friday, May 29, 2015

ကိုးကန့်စစ်ပွဲနဲ့ပတ်သက်လို့

တချို့ကပြောတယ် ကိုးကန့်စစ်ပွဲနဲ့ပတ်သက်လို့
ကိုးကန့်မို့ အားမပေးဘူးတဲ့
တချို့ကလဲ နစ်ဘက်စလုံးသေလေ ကောင်းလေတဲ့
ခင်ဗျာ......ကျနော်လား။
ဟုတ်ကဲ့ ကိုးကန့်ကိုအားပေးတာ ကိုး ဒသမ ကိုး အဆင့်ရှိပါတယ်။
ခုချိန်မှာ ပြည်သူရဲ့ဘုံရန်သူဖြစ်တဲ့ စစ်အုပ်စုနဲူ့လက်ကိုင်တုတ်ကို ရိုက်ချိုးတဲ့သူတိုင်း သောက်ကျိုးနည်းကိုအားပေးတယ်။
လက်ရှိအခြေအနေအရ စစ်အုပ်စုပြိုလဲကျဆုံးးရေးလောက် အရေးတကြီး ဦးစားပေးအဆင့်အတန်းထားပြီးလုပ်ရမယ့်အလုပ် ဘာမှမရှိဘူး။
ခင်ဗျားတို့ဘာပဲလုပ်လုပ် ဒီအုပ်စုရှိနေသမျှ ဘာမှအလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘဘဦးဝင်းတင်ပြောသလိုပဲ.....နည်းနည်းမှကိုမယုံကြည်ပါ။

Read more »

Saturday, May 16, 2015

မန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက ဂျာမဏီနိုင်ငံက ဟစ်တလာရဲ့ နာဇီဝါဒနဲ့ တူနေပြီလား

မြန်မာနိုင်ငံမှာ နာဇီဝါဒ ရှိနေပြီလား (ဦးတင်အေးကြူ)

မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက ဂျာမဏီနိုင်ငံက ဟစ်တလာရဲ့ နာဇီဝါဒနဲ့ တူနေပြီလား၊ ယခုသွားနေသလို သွားနေမယ်ဆိုရင် Holocaust ဖြစ်လာနိုင်လိမ့်မယ်လို့ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ယက်က ဦးတင်အေးကြူက ဒီဇင်ဘာလ (၇) ရက်နေ့ DVB Debate ရဲ့ "အမျိုးသားရေးဝါဒမှာ ဘာအကျိုးသက်ရောက်မှုတွေရှိနေလဲ" ဆွေးနွေးပွဲ အစီအစဉ်မှာ ပြောသွားပါတယ်။

Posted by Nay San Lwin on Sunday, December 7, 2014
Nay San Lwin မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက ဂျာမဏီနိုင်ငံက ဟစ်တလာရဲ့ နာဇီဝါဒနဲ့ တူနေပြီလား၊ ယခုသွားနေသလို သွားနေမယ်ဆိုရင် Holocaust ဖြစ်လာနိုင်လိမ့်မယ်လို့ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ယက်က ဦးတင်အေးကြူက ဒီဇင်ဘာလ (၇) ရက်နေ့ DVB Debate ရဲ့ "အမျိုးသားရေးဝါဒမှာ ဘာအကျိုးသက်ရောက်မှုတွေရှိနေလဲ" ဆွေးနွေးပွဲ အစီအစဉ်မှာ ပြောသွားပါတယ်။

Read more »

Saturday, September 27, 2014

ယခုလ မြန်မာ့အရေးများထဲမှ အကြီးမားဆုံးသင်ခန်းစာများ

By: Khon Ja ၁. Nothing is agreed until everything is agreed. ယခင်သဘောတူညီမှုအားလုံးကိုပင် သင်္ကြန်ယိမ်းအကမှ ခြေထိုးကွက်ကဲ့သို့ ရှေ့၊ ဘေး၊ နောက်၊ ကော့ လုပ်နိုင်သည်။ ၂. စတုတ္ထအကြိမ်မြှောက် အစည်းအဝေးတွင် စတုတ္တမူကြမ်း ကို အတည်ပြုနိုင်၍ ထိုနေ့တွင်ပင် ကချင်၊ ပလောင်နှင့် မွန် ဒေသတွင် တိုက်ပွဲဖြစ်သည်။ ၃. Reporters များအား Off the Record ဟု ဆိုပြီး နားမုဒိန်း မကျင့်ရ ၄.. KNU ဟူသော ကရင်အဖွဲ့ အကြောင်းကို တင်ပြမှုများထဲမှ လူသိအများဆုံး၊ အကျော်ကြားဆုံး video clip မှာ RCSS ဟုခေါ်သော ရှမ်းတိုက်ပုံကိုယ်စားလှယ် ဟန်ညောင်ဝေက ကိုယ်စားပြု တင်ပြမှုဖြစ်သည်။ ၅. မြန်မာနိုင်ငံတွင် သမ္မအကြိုက် ဆန္ဒဖော်ထုတ်မှုသည် စနစ်အကျဆုံး၊ သပ်ရပ်မှုအရှိဆုံးဖြစ်သည်။ LikeLike · · Share Ah Phu Phu, U Ravika, Htu Ing and 40 others like this. 2 shares Chan Nyein Aung (၆)ငါးစာချရာ ငါးပွက်စေဆိုသောနည်းအရ ပြည်သူများအား အာရုံလွဲသော အောက်လည်းအပေါ်လမ်းနည်းပေါင်းစုံနှင့် ခေါင်းလောင်းမရ။ တောင်တက်သမားပျောက်။စီမံကိန်းအာပလာစသောနည်းလမ်းများလည်းမကြာခဏ အသုံးတော်ခံလေ့ရှိသည်။ 3 hrs · Like · 7 Khon Ja ဟီး... ဟုတ်ပါ့။ တောင်တက်သမားများအား ၄င်းတို့ကိုယ်တိုင်များ လုပ်ကြံလိုက်သလား ဟုပင် မသင်္ကာဖြစ်မိ၏။ ယခင်က ကြားဖူးနားဝရှိသော၊ ဖတ်ဖူးသော လုပ်ကြံမှုများနှင့်ပင် ဆင်တူ၏။ 3 hrs · Like · 5 Nan Lwin နံပါတ်၃ ကဘူ့ ကိုပြောတာလဲ 3 hrs · Like Khon Ja အစည်းအဝေးတိုင်းမှာ လိုပါဘဲ။ အကြီးအကျယ် ခေါ်ဆွေးနွေးပြီး Record လုပ်တာပြီ ဆိုရင် အတင်းအုပ်ချင်ရင် Off the record တဲ့။ 3 hrs · Like · 3 Khon Ja ၇။ အမျိုးသမီးများလျှင် အရည်အသွေးကျသည်ဟု နိုင်ကျဉ်း ပညာယှိက ပြောသည်။ ထိုလို လူမျိုးကို ထောင်ထဲတွင် နောက်ထပ် အနှစ် ၁၀၀၀ ထဲ့ထားသင့်သည်။ https://www.facebook.com/photo.php?fbid=392195777599673... 3 hrs · Like · 4 Nan Lwin သီးခံစွမ်းရည်တွေမြှင့်လာတယ် ကြီးတော် အထဲကိုသိချင်တော့ သီးခံကွေ့ပက်ပြီး စကားတွေက အရက်သမား လောက်တောင် အဆင့်မရှိပေမယ့် ပေကပ်ထိုင်ဆက်ပြီးစကားပြောနေရတာပဲ 3 hrs · Like · 2 Khon Ja အရက်သမားလောက်တောင် အဆင့်မရှိသူတွေကိုဘဲ ဗဟိုကော်မတီမှာ ဖိတ်ခေါ်ထဲ့ထားတော့ ဒီမို ခရေဇီ လမ်းကြောင်းဖြစ်သွားတာပေါ့၊ ဒီအချိန်မှာ ဘယ်လောက် အနစ်နာခံခဲ့တယ်၊ ဘာလုပ်ခဲ့တယ် နဲ့ လာအော်နေရမဲ့ နေရာမဟုတ်ဘူး။ အကြံပေးရမဲ့ နေရာ။ သူ့တို့ ခရေဇီ ဖြစ်တာ ငါတို့ တတိုင်းပြည်လုံးရဲ့ အနာဂတ်နဲ့ ဆိုင်နေလို့ အရေးလုပ်ပြီး ဝေဖန်နေရတာ။ 2 hrs · Like · 2 Nan Lwin စိတ်လျော့လိုက်ပါပြီ ကြီးတော်ကသာစိတ်မလျော့ ပဲ keep support လုပ်နေတာ လူငယ်တစ်ယောက်အနေနဲ့အဲလိုလူတွေလက်ထဲ အနာဂတ်မထည့်နိုင်ဘူး ပြောစရာမရှိအောင်စိတ်ကုန်ပြီ 2 hrs · Like · 2 Khon Ja အေး... မှန်တယ်။ အနာဂတ်ကို ညီးတို့လူငယ်တွေ လက်ထဲ အပ်လိုက်တော့မယ်။ သွေးဆုံး၊ ပန်းသေပြီးသူများ မထိရ လို့ စာချုပ် ထဲမှာ ထဲ့ချုပ်ခိုင်းမယ်။ 2 hrs · Like · 5 Nickey Diamond ဘယ်က နိုင်းကျဉ်း ပညာယှိလဲ မသိဝူး။ ၀င်ကြည့်လို့ မရတော့ဝူး။ ဆရာတင်ချင်လို့ ပါဗျာ။ မြန်မာပြည်မှာတကယ် ပညာယှိက၀ိတွေ တယ်ပေါသကို။ ငိငိ 2 hrs · Like

Read more »

Saturday, August 2, 2014

LAIZA ZUPHPAWNG



By: JPKS0 Comments
2014 July 25 ya shani kaw nna Laiza Muklum kaw mungdan ting gap hkat jahkring lu na matu NCCT zuphpawng galaw ai lam na chye lu ai. Kaja sha nga yang gap hkat jahkring na matu lit nga ai gaw laknak hpai ai rawt malan hpung ni pawnghpawm tawn ai UNFC re. Raitimung ndai zuphpawng gaw laknak nhpai ai ni mung lawm ai uhpung 16 re lam tsun wa masai.
Shingdu lam hpe hkaja yu yang Myen gaw rawt malan hpung ni hpe shamyit kau lu na matu Border Guard Force (BGF) hpaw dat ai raitimung rawtmalan hpung ni BGF kaw sa shang na malai UNFC hpaw dat masai. Myen gaw UNFC hpe jahten sharun kau lu na matu ladat myu hkum sumhpa lang wa masai. Shing rai 2013 November shata hta Laiza kaw galaw ai zuphpawng hta UNFC kaw na pru mat sai KNU ningbaw ni hte laknak nhpai ai uhpung ni gaw UNFC hpe garum la na matu ngu ai NCCT hpe tai wa a hpaji hte hpaw dat lu masai. Pru wa ai mahtai hpe yu yang, Myen gaw pala langai mung nlang ai sha, rawt malan hpung ni yawng hpe dang la lu na hpaji rai nga ai.
Dai ni na rawtmalan hpung ningbaw ningla ni a zuphpawng gaw UNFC n rai sai. Tai hpyen wa shalat ya ai NCCT zuhpawng she rai sai. Shing re ai majaw ndai zuphpawng kaw myutsaw mungtsaw rawt malan hpung ni maga mi de tsap nna, tinggyeng lu lawm lam hpe marit ai ni gaw kaga maga de tsap let gang hkat ai sumri gang shingjawng poi zawn rai wa sai. Myutsaw mungtsaw maga de ngang ngang tsap nna nyan hpaji hte n-gup hpe laknak shatai nhtawm ja ja gasat wa ai KIO Ningbaw Malai Du Kaba Nban La hpe hkan madi shadaw ai uhpung ni nga ai zawn, tinggyeng lu lawm lam hpe myit mada let Myen maga de ngang ngang tsap nna woi awn ai ni hpe madi shadaw ai ni mung ntsaw ntsang rai nga ma ai.
Ndai Laiza zuphpawng kaw mungdan ting gap hkat (Nationwide Ceasefire) myit hkrum sen jawm htu ai hte President Tein Sein gaw Myenmung ting simsa sai majaw maigan masha ni Myenmung kaw arang kaba sa bang na matu hpaji daw ai lam awngdang wa lu na rai sai. Hpang e rawt malan hpung ni gaw tinang hpe satan wa hkalem kau ai hpe myit dum wa timung, maigan sut masa ninghkring ni gaw shanhte bang tawn ai arang hpe makawp maga tawn lu na matu Myenmung kaw majan bai n byin wa hkra asuya hpe jawm madi shadaw la na rai nga ma ai.
Dai ni na myutsaw mungtsaw rawtmalan hpung ni gaw Myen a maw lanyet ai hpe kade lang hkrum sha wa yu sai lam hti n dang rai wa sai hpe myit dum ai ni hkrai re. Dai ni na ten hta satan wa gaw democracy hte federal ahkaw ahkang jaw na, Pinlung myit hkrum zuphpawng hta grau kaba ai zuphpawng galaw ya na, ngu ai maw lanyet ga si ga ngau ni hpe mani kau ya nna tinang a myusha ni lu ging ai ahkaw ahkang ni lu wa hkra tinang a asak hpe apnawng kau nna shakut sa wa ai ni re.
Dai zawn re ai kamhpa lam hta hkan nna myusha lam yan a matu hkam dahka lam rai n nga dingsa, Myutsaw Mungtsaw ningbaw ningla ni gaw mungdan ting gap hkat jahkring ai myit hkrum sen nhtu lawm na ma ai, ngu ai hpe nu wa hpu nau ji nban yawng hte kamhpa dat ga ai law.
Pyi La
n

Read more »

Wednesday, July 23, 2014

အာဇာနည် နေ့အစ မျိုးစောင့် ဥပဒေ က

Kachin Duwa




နိုင်ငံသား တန်းတူ အခွင့်အရေး ပြောခဲ့လို့ အသတ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည် ဖြစ်လာတယ်။
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း အသတ်ခံရခြင်းသည် နယ်ချဲ့ လက်ပါး စေကြောင့်လို့ လူတွေက အလွယ်တကူ ယုံကြည်နေခဲ့တယ်။ တကယ်တော့ သူ့ ကို သတ်သူများသည် ဗမာ မျိုးစောင့် ဥပဒေ သား များ ဖြစ်ခဲ့တယ် ဆိုရင် ဗမာဗုဒ္ဓဘာသာ ၀င်တွေက နားခါး နေပါလိမ့်မည်။ ဒါပေမယ့် အဲဒါ တကယ် ဖြစ်ရပ် မှန် ဖြစ်ပါတယ်။
လွတ်လပ်ရေး မရမှီ ရန်ကုန် မြို့ ပေါ် အိန္ဒိယကုလား (မွတ်ဆလင်ချည်းမဟုတ်) လူဦရေက ဗမာ ဗုဒ္ဓဘာသာ ထက် ပိုများတယ်။ ဒီတော့ ရန်ကုန် နေ အစွန်းရောက် ဗုဒ္ဓဘုန်းကြီးတချို့ နဲ့ ဗမာဗုဒ္ဓဘာသာ မျိုးချစ်တွေက မွတ်ဆလင်တွေနဲ့ ပြဿနာ တွေ ရှိခဲ့တာကြောင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဗုဒ္ဓနိုင်ငံ (Theocracy) ထူထောင်ချင်တယ်။

ဒါပေမယ့် တဖက်မှာလဲ နိုင်ငံရေး အရ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အဖွဲ့ က ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ တိုင်းရင်းသား ဒေသ တွေကိုလဲ မြန်မာပြည်ထဲ သွတ်သွင်းလိုတာကြောင့် ဗုဒ္ဓနိုင်ငံတော် ဆိုတဲ့ အဆိုကို ခါးခါးတီးတီး ငြင်းခဲ့တယ်။ တကယ်လို့ သူ့ အနေနဲ့ အဲဒီ အဆိုကိုသာ ထောက်ခံခဲ့ရင် ခရစ်ယာန် ဒေသ တွေ ဖြစ်တဲ့ ချင်း၊ ကချင်၊ ကရင်၊ ကယား နယ်တွေက ဗမာ နဲ့ ပေါင်းဖို့ စိတ်ကူးတော့မှာ မဟုတ်ပါ။ ကချင် မပေါင်းရင် ရှမ်းလဲ ပေါင်းစရာ အကြောင်းမရှိ။ ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်ဒူဝါ တွေအုပ်ချုပ်တဲ့ နယ်တွေ အများကြီး မို့လို့ ရှမ်းစော်ဘွားတွေက ကချင်ဒူဝါ တွေနဲ့ တိုင်းပင်နေကျ ပါ။ အဲဒါကြောင့် ဗုဒ္ဓနိုင်ငံ ဖြစ်ရေး အဆိုကို သူ (မငြင်းချင်ပေမယ့်) လတ်တလော အခြေအနေအရ ငြင်းခဲ့တယ်။

အဲဒီ သူ့ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ အတွင်း နိုင်ငံရေး အရှုပ်တော် ပုံ ကိုတော့ ရန်ကုန်သား တွေ သိတာ မဟုတ်။ သူတို့ သိတာက ရန်ကုန်မှာ ပြိုင်ဖက် ဖြစ်နေတဲ့ မွတ်ဆလင် တွေကို အနိုင်ယူဖို့ တခုသာ ဖြစ်ပါတယ်။
အဲဒါကြောင့် မျိုးစောင့် ဥပဒေ သားများနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြား စကား အခြေအတင် တွေ ရှိခဲ့ပါတယ်။ အဲဒီ အခွင့်အရေး ကို အမိအရ ယူခဲ့သူကတော့ ဖဆပလ ပြိုင်ဖက် မဆလ အဖွဲ့ တွေပါ။ လူငယ်တွေကို သွေးထိုးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကိုယ်ရံတော် အထိ မျိုးစောင့်သား များ ဖြစ်လာခဲ့တဲ့ နောက်တော့ အခုလို အာဇာနည် နေ့ ရယ်လို့ ဖြစ်လာပါတော့တယ်။
မဆလ ခေတ်မှာ ချစ်တီး ကုလား များရဲ့ မသမာမှု ဇာတ်လမ်းမျိုးစုံ ခင်းပြတာကို သတိရမှာပါ။ ဒီလို ကုလားတွေနဲ့ တန်းတူ အခွင့်အရေး ပေးဖို့ ပြောတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကို သတ်တာ အပြစ် မဟုတ်ဘူး ဆိုတဲ့ သဘောတရား ကို ၀ါဒ ဖြန့်ခဲ့ခြင်းလဲ ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုလိုတာ ရန်ကုန် ကုလားတွေကို မဟုတ်၊ နယ်က တိုင်းရင်းသားတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။
အခုလဲပဲ ဗမာလူ့ အသိုင်းအ၀ိုင်းမှာ တန်းတူ အခွင့်အရေးတို့၊ လူ့အခွင့်အရေး တို့ ပြောတဲ့လူဟာ မွတ်ဆလင် ဘက်တော်သား ဖြစ်လာရပါတယ်။
Posted: 18 Jul 2014 11:34 AM PDT
ကမ္ဘာမှာ နိုင်ငံရေး တည်ငြိမ်မှု နဲ့ ချမ်းသာ ကြွယ်ဝမှု ဆက်စပ် နေတယ်၊ တဖက်မှာလဲ မနုဿ (Human) စိတ်မနော (moral) အရင်းအမြစ် (resources) ကြောင့် ချမ်းသာလာခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံ ချမ်းသာလာဖို့ ဆိုသည်မှာ သဘာဝ တွင်းထွက်ပစ္စည်း ရှိယုံ နဲ့ မရပါ။ အဲဒီ အရင်းအမြစ်များကို ဘယ်လို အသုံးချသလဲ၊ ဘယ်လို စီမံသလဲ၊ အစိုးရမှာ တရားမျှတမှု ရှိသလား ဆိုတဲ့ ပေါ်မူတည် ပါတယ်။ တရားမျှတ ခြင်း ဆိုသည်မှာလဲ ဦးဆောင် (ခေါင်းဆောင်) သောသူများရဲ့ စိတ်မနော မှန်ကန်ခြင်းမှာ လုံးဝ မူတည် နေပြန်တယ်။ အဲဒီ ခေါင်းဆောင်ရဲ့ ပတ်ဝန်းကျင် (background) မှာ ဘယ်လို အတွေးအခေါ် နဲ့ မောင်းနှင်နေသလဲ ဆိုတာလဲ အရေးကြီးပါသတဲ့။ 

ဘီစီခေတ်မှာ ရောမ အင်ပါယာ တခုလုံးကို ဂရိ အတွေးအခေါ် ပညာရှင်းများဖြစ်တဲ့ ဆိုကရေးတီး၊ အရစ္စတိုတယ်လ် တို့ ရဲ့ နောက်လိုက်များရဲ့ အတွေးအခေါ်များ က လွမ်းမိုးထားခဲ့တယ်၊ အမှန်ဆိုရင် ရောမလူမျိုးတွေဟာ ဂရိလူမျိုးများ မဟုတ်သလို၊ ဂရိ နိုင်ငံကိုလဲ သိမ်းပိုက်ထားတဲ့ ခေတ် ဖြစ်ပါတယ်။ နောက်ပိုင်း၊ ခရစ်ယာန် အတွေးအခေါ် က ပြန်လွမ်းမိုးပြန်တယ်။ ခရစ်ယာန် ဘာသာတရားမှာ ဂရိ အတွေးအခေါ် တစိတ်တပိုင်း ပါဝင်နေခြင်းသည် ခရစ်ယာန် သာသနာပြု ဆရာကြီး ရှင်ပေါလု ဟာ ဂရိ အတွေးအခေါ် ပညာရှင် တစ်ပါး ဖြစ်ခဲ့လို့ပါ။ သူဟာ သခင် ခရစ်တော် ဟောပြောခဲ့တဲ့ နှုတ်ကပတ် တရားတော်များကို ဂရိအတွေးအခေါ် ရှင်သန်နေတဲ့ ၀န်းကျင်မှာ နားလည်အောင် ရှင်းပြ တတ်သူ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် ခရစ်ယာန် ဆိုတာ ဂျူး ဘာသာ တရား ကို ပြုပြင်ခဲ့တဲ့ သခင်ခရစ်တော်ရဲ့ တရားတော် နဲ့ ဂရိ အတွေးအခေါ် ပေါင်းစပ်ထားတဲ့ လောက နိယာမ သွေးကြော တစ်ပါး ဖြစ်ပါတယ်။



ဂေါတမ ဗုဒ္ဓ ဟာလဲ ဟိန္ဒူဘာသာတရားထဲမှ အလည်အလတ် (မဇ္ဈိမ) လမ်းစဉ် ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မဟာယာဏ နဲ့ ထေရ၀ါဒ ဂိုဏ်းတွေ ကွဲသွားပါတယ်။ မဟာယာဏ သည် မမြင်ရတဲ့ စွမ်းအင် (invisible power) တခုခုကို ယုံကြည်ခြင်းမှာ ခရစ်ယာန် နဲ့ ပုံသဏ္ဍာန်တူတယ် လို့ ဓမ္မပညာရှင် အချို့ ပြောကြပါတယ်။ စစ်မှန်တဲ့ ထေရ၀ါဒ မှာတော့ မမြင်ရတဲ့ အရာတွေကို အားမကိုးဘူး၊ ကိုယ့်ဟာကိုယ်သာ အားကိုးရာလို့ ဆိုတယ်။ ဒါပေမယ့် ထေရ၀ါဒ မှာ အယူတီးမှု (superstitious) များ တရားမ၀င် ရောနှော နေပြန်တယ်။ အဲဒါကို တချို့ ထေရ၀ါဒ သမား စစ်စစ်တွေက မိစ္ဆာ၀ါဒ လို့ သမုတ်ပြန်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ဆိုသည်မှာ လူမှုဝန်းကျင် (human society) ကို တွန်းအားပေးနေတဲ့ အရာ ဖြစ်ပါတယ်။ ဖွဲ့စည်း တည်ဆောက်ပုံများ (institutions) များ နဲ့ တွန်သင်မှု (Teaching)၊ လက်တွေ့ ကျင့်ကြံမှု (practicing and implementation) ပုံစံ အမျိုးမျိုးပေါ်လိုက်ပြီး ထိရောက်တဲ့ ဘာသာတရား အဆုံးအမ များကို ခံယူတတ်လေ့ ရှိပါတယ်။

ဘာသာရေး အဖွဲ့အစည်းရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလဲ အချိန်နဲ့ အမျှ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်မှာ သီယိုကရေစီ (Theocracy) ပုံစံ ဖြစ်လာတတ်သလို၊ ခေတ်နဲ့ လျှော်ညီစွာ အပြောင်းအလဲ လုပ်ရတာလဲ ရှိပါတယ်။

ခရစ်ယာန် ဘာသာ သမိုင်းမှာ လွန်ခဲ့တဲ့ ခရစ်တော်သက်ရှိထင်ရှားရှိစဉ်ခေတ်မှ အေဒီ ၃၀၀အထိ စစ်မှန်တဲ့ ခရစ်တော် နောက်လိုက် တပည့်များ ဖြစ်တဲ့ ဂျူးလူငယ် တစ်စုဟာ သူတို့ကို နှိပ်စက်ခဲ့တဲ့ ရောမ အင်ပါယာကြီးကို ခရစ်ယာန် အင်ပါယာ ဖြစ်သွားအောင် သာသနာပြုခဲ့တယ်။ နောက်ပိုင်း အေဒီ ၃၀၀ မှ ၁၅၀၀ လောက်ထိ ရောမ ဘုရင်စနစ်အောက်မှာ အမှောင်ခေတ်လို့ သမိုင်းဆရာတွေ တင်စားခဲ့သလို သီယိုကရေစီ (Theocracy) စနစ်သည် ပဒေသရာဇ် အာဏာရှင်ပုံစံ (Dictatorship) ဖွဲ့စည်းပုံ ကြောင့် ခရစ်ယာန် ဘာသာတရားဟာ ညှိးနွမ်းခဲ့ဖူးတယ်။ ဘာသာတရား ကောင်းသော်လည်း ဘာသာရေး ဖွဲ့စည်းအုပ်ချုပ်ပုံ ကြောင့် ဘာသာတရား ဟာ လူ့ လောက အတွက် အလင်းကို ပေးမဲ့အစား အမှောင်ခေတ်ကို ပေးခဲ့တယ်။ အေဒီ ၁၅ ရာစု နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးခေတ် (The Renaissance) နောက်ပိုင်းမှ လူတွေဟာ အသိအမြင် ဖွံ့ဖြိုးလာပြီး ခေတ်သစ် ကမ္ဘာ ကို ရလာခြင်း ဖြစ်ပါတယ်။

စွန့် ဦး ခရစ်ယာန် ကမ္ဘာသစ် ကို အစပျိုးခဲ့တာ အမေရိကန် နိုင်ငံ ဆိုရင် မမှားပါ။ ဘာသာရေး အာဏာရှင်များကို ကြောက်ရွံ့ပြီးထွက်ပြေးလာတဲ့ ခရစ်ယာန် မိသားစု တွေဟာ ဒီမိုကရေစီ ဘာသာရေး ကို အစပျိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန် နိုင်ငံကိုလဲ တရားမျှတခြင်း (Justice)၊ လွတ်လပ်ခြင်း (Liberty) နဲ့ တန်းတူ အခွင့်အရေး (Equality) ဆိုတဲ့ ခရစ်တော်ရဲ့ မူ အောက်မှာ ကမ္ဘာ့အချမ်းသာဆုံး နဲ့ အင်အားကြီး နိုင်ငံအဖြစ် တွန်းပို့ခဲ့ကြပါတယ်။

အဲဒါကြောင့် နိုင်ငံတနိုင်ငံ တိုးတက်အောင်မြင်ဖို့ ဆိုသည်မှာ ဘာသာတရား ကောင်းယုံနဲ့မရ၊ ဖွဲ့စည်းအုပ်ချုပ်ပုံသည် အသက်နဲ့အမျှ အရေးကြီးတယ် ဆိုတာ ခရစ်ယာန် သမိုင်းက သက်သေထူခဲ့ပါတယ်။

အခုခေတ်မှာတော့ နိုင်ငံအလိုက် ရာခိုင်နှုန်းလိုက် ချမ်းသာသော နိုင်ငံတွေမှာ

နံပါတ်စဉ်အလိုက် ကြည့်ရအောင်

(၁) ခရစ်ယာန် နိုင်ငံ တွေ (အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေ)
(၂) မဟာယာဏ ဗုဒ္ဓနိုင်ငံတွေ (တရုတ်၊ ဂျပန်၊ ကိုရီးယား စသည်များ)
(၃) မူဆလင် တွေ (ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘရူနှိုင်း စသည်များ)
(၄) အခြားသော သီးသန့် ဘာသာတရား နိုင်ငံများ (အီစ္စရေး (ဂျူး)၊ အိန္ဒိယ (ဟိန္ဒူ)၊ ပန်ချာ (ဆိပ်စ်)၊ စသည်များ)
(၅) ထေရ၀ါဒ ဗုဒ္ဓနိုင်ငံများ။ (မြန်မာ၊ ကမ်ဘောဒီးယား၊ ထိုင်း၊ လာအို၊ သီရီလင်္ကာ၊ ဗီယက်နာမ်၊ စသည်များ)

Read more »

Sunday, July 20, 2014

လူမျိုးခွဲခြား သတ်မှတ်ခြင်း

+ လူမျိုးခွဲခြား သတ်မှတ်ခြင်း +
ဗမာပြည်မှာ လူမျိုးကြီး ၈ မျိုးရှိသည် ။ ဒီလူမျိုးတွေကတော့ ကချင် ၊ ကရင် ၊ ကရင်နီ ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း လူမျိုးများ ဖြစ်ကြသည် ။ ဒီလူမျိုးကြီးတွေဟာ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရန်အတွက် လွတ်လပ်ရေးရပြီးတည်းက ယနေ့အချိန်ထိ ကြိုးစားနေဆဲဖြစ်သော်လည်း စစ်အစိုးရ နင့် မဟာဗမာလူမျိုးကြီးများက ဒီလိုမျိုးတန်းတူ အခွင့်အရေးကို လက်မခံကြဘူး ။ အုပ်ချူပ်ပိုင်ခွင် အာဏာ ပေးရမှာကို လုံးဝလက်မခံကြဘူး ။ အဲ့ဒါကြောင့် ဒီလိုမျိုးမဖြစ်အောင်ဆိုပြီး မြန်မာပြည်မှာ လူမျိုးပေါင်း ၁၃၅ ရှိတယ်ဆိုပြီး ပြောကြခြင်းဖြစ်သည် ။ သူတို့ရဲ့ လမ်းစဉ်က ဒီလိုလူမျိုး ၁၃၅ ရှိခိုင်းမည် ၊ ဗမာပြည်လို နိုင်ငံမှာ ပြည်နယ် ၁၃၅ ပေးမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုပြီးီးလိုသတ်မှတ်ပေးခြင်းအားဖြင့် ဒီလိုလူမျိုးများက စည်းလုံးမှုမရှိကြဘဲ ပြည်နယ် တစ်ခု မတည်ထောင်နိုင်အောင် ဆိုပြီး သူတို့ အုပ်ချူပ်ဖို့လွယ်အောင် ဆိုတဲ့ နည်းဗျူဟာကို သုံးနေသည် ။ ဒါတွေကို မသိကြသောလူမျိုးတိုင်းမှာ လူမျိုးရေးပြသာနာ ဖြစ်နေရသည် ။ အဲ့ဒါကြောင့် ကျနော်တော့ လူမျိုးလည်း ပပျောက်အောင်ကြံရွယ်နေတဲ့ မဟာလူမျိုးကြီးတွေဝါးမျိုခြင်း မခံရလေအောင် ၊ ထောင်ချောက်ထဲမကျရအောင် အထူးသတိထားဖို့ လိုအပ်ပေသည် ။.....
ဒါတွေကို ကြည့်ခြင်းအားဖြင့် ချင်းလူမျိုးများက တစ်ခြားလူမျိုးနည်းတူ ဗမာပြည်ထောင်စု စတင် တည်ထောင်တဲ့ အချိန်မှာ ချင်းလူမျိုးများအနေနဲ့ စတင်တည်ထောင်ခဲ့ပြီး ပါဝင်ခဲ့ပါသည် ။ ...................နောက်ဆက် ဖော်ပြပေးပါမည် ။
LikeLike · 

Read more »

Thursday, July 17, 2014

၁၈၉၇ ပုံနဲ. ၁၉၉၇ ပုံကိုနိုင်းယှဉ်ကြည်.ပါ။


Hong Kong ကျွန်းဟာ အင်္ဂလိပ်လက်အောက်မှာ ၁၈၉၇ မှ ၁၉၉၇ ထိ (နစ် ၁၀၀) နေခဲ.ရတယ်။ ၁၈၉၇ ပုံနဲ. ၁၉၉၇ ပုံကိုနိုင်းယှဉ်ကြည်.ပါ။ အင်္ဂလိပ်လက်အောက်မှာဘယ်လောက်တိုးတက်သွားသလဲဆိုတာ တွေ.ရပါလိမ်.မယ်။
ကျွန်ပ်တို.ရှမ်းပြည်လည်း အင်္ဂလိပ်လက်အောက်မှာ ၁၈၈၇ မှ ၁၉၄၈ ထိ (၆၁ နစ်) နေခဲ.ရပါတယ်။ ၁၉၈၇ ခုနစ်ထိ (နစ် ၁၀၀) သာနေလိုက်ရရင် Hong Kong ထက်တောင်သာသွားမလားဘဲနော်။
ခုတော. ဗမာလက်အောက်မှာ ၁၉၄၈ မှ ၂၀၁၄ ထိ (၆၆ နစ်) နေနေရတာ ...
စုတ် ပျက် သတ် သွား ပြီ ..................................
LikeLike ·  · 

Read more »

Monday, July 7, 2014

မရှင်းတဲ့အချက်တွေ ရှိတယ်


မိမိတို့မှာ မရှင်းတဲ့အချက်တွေ ရှိတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မိမိတို့ပါတီရေးရာကို အပြစ်ကင်းကင်းနဲ့ ဆောက်ရွက်ခွင့် ရှိနေပါတယ်။ NLD ဆိုတာ နဂိုကတည်းက စစ်အုပ်စုတွေနဲ့ ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းမှ မဟုတ်တာပဲ။ စစ်အုပ်စုလုပ်သမျှဟာ NLD အပေါ်မှာ ဂယက်ရိုက်စရာ သိပ်မလိုဘူး။
၁။ ကြေးနီစီမံကိန်းမှာ အထင်လွှဲမခံရအောင် ရှောင်နိုင်ရက်သားနဲ့ ဘာကြောင့် ပက်ပင်းတိုးရသလဲ။
၂။ ကချင်လို တိုင်းရင်းသားအရေးတွေမှာ အထင်အမြင် မမှားရလေအောင် နေနိုင်ရက်သားနဲ့ ဘာကြောင့် အသံဗလံ တိတ်နေခဲ့ပါသလဲ။
၃။ ရခိုင်လို လူဝင်မှုပြဿနာ၊ ပြည်မမှာလို ဘာသာရေးအဓိကရုဏ်းတွေမှာ NLD အပေါ် ဖိအားမရှိအောင် လျှော့ချနိုင်ရက်သားနဲ့ ဘာကြောင့် ပြတ်ပြတ်သားသား မနေခဲ့သလဲ။
၎။ စစ်တပ်နဲ့ အစိုးရက နည်းနည်းလေး ဖိအားပေးလိုက်တာနဲ့ ဘာကြောင့် အမြဲတမ်း နောက်ဆုတ်ပေးပါသလဲ။
မိမိတို့က ဒီအချက်တွေနဲ့ ပတ်သက်ပြီး သိပ်မရှင်းဘူး။ နိုင်ငံရေးအကင်းပါးသူတိုင်းက အထက်မှာ ဖော်ပြထားတဲ့ အချက်(၄)ချက်ကို ဂရုစိုက်သင့်တယ်လို့ ယူဆပါတယ်။ ပြဿနာကို ဖြေရှင်းချင်တဲ့ ပုဂ္ဂိုလ်ဟာ ပြဿနာနဲ့ ရင်းနှီးနေရပေမဲ့ အဲဒီပြဿနာထဲ ဝင်ပါဖို့က လုံးဝမဖြစ်သင့်ဘူး။ ဝင်ပါသွားရင် မိမိလည်း ပြဿနာရဲ့ သားကောင် ဖြစ်သွားပါပြီ။ NLD ပါတီဝင်များ သတိထားသင့်တဲ့ အချက်တွေပါ။
LikeLike ·  · 
  • Munglai HkyetKhon Ja and 13 others like this.
  • Munglai Hkyet ဗမာတပ်နဲ့ ဗမာ ပါတီကြီး NLD မတူတာထားပြီးတူတာတွဲလုပ်နေရ လို့ပါ။  !! ဗမာ က ဗမာ အလုပ်ပဲ လုပ်ကြ မှာပါ။ကျုပ် တို့ကလည်း ကျုပ်တို့ရဲ့ အလုပ်မလုပ်ပဲဗမာ အလုပ် သွားဝိုင်း လုပ်ကူကူနေကြလို့ မိမိ တို့ရဲ့ အရေး ဖြစ်တဲ့ တိုင်းရင်းသား အရေး ဆို ဘိတ်ချီးဘဝရောက်နေကြတာ။
  • Khon Ja ရှင်းပါတယ်။ NLD အာဏာရလည်း ဒီဗမာက နောက်ဗမာကို အာဏာ ပြောင်းပေးလိုက်တာဘဲဖြစ်တယ်

Read more »

Friday, July 4, 2014

သူဌေးနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံ သားတွေ..


ထိုင်းနိုင်ငံက ရဲ နဲ့ စစ်သားတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေရတဲ့ မြန်မာနိုင်ငံသားများရဲ့ သတင်း ဓါတ်ပုံတွေကို ကြည့်ပြီး ဒူဝါ လဲ စိတ်မကောင်း ဖြစ်မိပါတယ်။

တဖက်မှာလဲ လွတ်တော်ထဲမှာ နျူကလီးယား နည်းပညာ ကို ဒီထက် ပို ကောင်းအောင် လုပ်သင့်တယ် ဆိုပြီး အဆိုတင်သွင်းတဲ့ လွတ်တော်အမတ်လဲ ရှိနေသေးတယ်။

မြန်မာသံရုံးက ထုတ်တဲ့ ကြေငြာစာ ဆိုတာကလဲ လက်ရေးမူနဲ့ပါ ကွန်ပြူတာခေတ်ရောက်နေတာတောင် မသုံးကြဘူး။

ကျောက်မျက်ပြပွဲက ဒေါ်လာ သန်းထောင်ချီ ရောင်းရတယ် ဆိုတဲ့ သတင်းလဲ မကြာခဏ ထွက်လာတတ် ပါတယ်။

ဧရာဝတီ မြစ်ပေါ်က ဆည်ကြီးမဖြစ်တော့ သံလွင်မြစ်ကို ရောင်းရပြန်သတဲ့။ ရခိုင်ကမ်းမြောင်ဒေသက ဓါတ်ငွေ့ပိုက်လိုင်းကလဲ မြန်မာပြည်အလယ်တည့်တည့်က ဖြတ်သွားသေးတယ်။

လက်ပံတောင်းတောင်မှာ သမိုင်းဝင် စေတီတောင်မချန် ရောင်းပြန်သတဲ့။

လုပ်ငန်းရှင်ကြီးတွေက နိုင်ငံတော်ရဲ့ စီးပွါးရေး မြင့်တင်ဖို့ လယ်မြေတွေသိမ်း၊ စက်မှုဇုံတွေလုပ်၊ မြို့ပြသစ်တွေဆောက် လုပ်နေပါသတဲ့။ စစ်တပ်ကလဲ မြန်မာ့ စီးပွါးရေး ကုမ္မဏီ (ဦးပိုင်) လီမိတက် ဆိုပြီး သိမ်းလိုက်တဲ့ မြေတွေ ဆင်းရဲသားတွေ လုပ်ဖို့မြေတောင် မကျန်တော့ပါ။

ဒါနဲ့....

ဒီလို သူဌေးနိုင်ငံမှာ နေတဲ့ နိုင်ငံသားတွေ...

ထိုင်း နိုင်ငံ ဆိုတာ ရေ တောင် ကောင်းကောင်း ရတာ မဟုတ်... ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသ မှာ ထွက်တဲ့ ရေ တောင် ဆားငန်ရေ... စိုက်ပျိုးမြေ မကောင်းဘူး။ ပင်လယ်ထွက်ပေါက်က မာလကာ ရေလက်ကြားကို ဖြတ်ဖို့တောင် တကွေ့တပိုက် သွားရတယ်။ လာအိုနိုင်ငံက ရေအား လျှပ်စစ်မီး ၀ယ်သုံးရတယ်။ မြန်မာပြည်က ဂစ် ၀ယ်သုံးရတယ်။

ဒါပေမယ့် မြန်မာနိုင်ငံသားတွေက အဲလို နိုင်ငံကို ကျွန်သွားခံရပါသတဲ့။

အဲလေ.. သူတို့မှာက တနိုင်ငံလုံး တောင်ကြို တောင်ကြားမကျန် မီး၊ ရေ မပျက်ဘူး။ လမ်းကောင်းတယ်။ ငွေကြေးခိုင်မာတယ်။ ဗဟိုချုပ်ကိုင်မှု စနစ် လုံးဝ လျှော့ချထားတယ်။ ကျန်းမာရေး စောင့်လျှောက်မှု စနစ် ရှိတယ်။ ပညာရေးမှာ နိုင်ငံ့ ဘဏ္ဍာငွေ အများကြီး သုံးတယ်။ အိမ်သာ ကောင်းကောင်းတွေ ရှိတယ်။ လုပ်ငန်း ကိုင်ငန်းတွေရှိတယ်။

အဲဒါ ဘာလို့လဲသိလား.. မြန်မာပြည်အစိုးရ လို အထက်အောက် ခိုင်းစေ စနစ် မဟုတ်ဘူး.. အောက်က အထက်ကို တက်လာတဲ့ အစိုးရ စနစ် ဖြစ်နေတာ ကြာလှပါပြီကော.. အဲဒါ... တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ပြောပြောနေတဲ့ စနစ် တွေပါ။
 (4 photos)

Read more »

မြန်မာ့တပ်မတော်ရဲ့ အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ...

By Duwa Kachin Blog


တိုင်းရင်းသား တော်လှန်ရေး သမားများကို ချွမ်းချက်မရှိ လက်နက်ချခိုင်းပြီး သူတို့ ဆက်ပစ်ဖို့ သာ ဖြစ်ပါသည်။

လူများစု ဖြစ်တဲ့ ဗမာ ဗုဒ္ဓဘာသာဝင်တွေက လူမျိုးဘာသာ ပျောက်မှာ ကြောက်တယ်၊ လို့ ဆိုပါတယ်။

သူတို့ရွာတွေကို မီးရှို့ ဖျက်ဆီးတဲ့ လက်နက်ကိုင်အဖွဲ့ လဲ မရှိပါဘူး။

သူတို့ သားသမီး တွေကို အဓမ္မ မဒိမ်းလာကျင့် တဲ့ စစ်တပ် လဲ မရှိပါဘူး။

ဘုရားမရှိခိုးရ ဆိုတဲ့ ပြဠာန်းချက်လဲ သူတို့ မသိပါဘူး။

ဘုရားကျောင်းမဆောက်ရ ဆိုတဲ့ အမိန့်လဲ သူတို့ဆီမှာ မရှိပါဘူး။

အရှေ့တောင်အာရှ မှာ ဗုဒ္ဓဘုန်းကြီးကျောင်း နဲ့ ဗုဒ္ဓသာသနာ့ဝန်ထမ်း အများဆုံး ဟာလဲ မြန်မာနိုင်ငံပါ။

ကလေးမမွေးရ ဆိုတဲ့ ဥပဒေ လဲ မရှိပါဘူး။

အပေါ်က ဒုက္ခ အားလုံး ငါတို့ ခရစ်ယာန် တိုင်းရင်းသား ရွာတွေမှာ ရှိတယ်။



ဒီတော့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲ ရေး ဆိုပြီး ပြောတဲ့ အခါမှာ.. ဒီလိုဟာတွေ မဖြစ်အောင် ဘယ်လို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (စနစ်) လို သလဲ ဆိုတဲ့ အပေါ်မှာသာ မူတည်တာပါ။ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး ရေး ဆိုတာ လူသားတိုင်းအတွက် ဖြစ်ပါတယ်။

သမ္မတ ကြီးက ကောင်းအောင် လုပ်ပေးနေပါတယ်၊ ဆိုယုံနဲ့ မရပါ။ လူ မဟုတ်၊ မူ ကို ပြင်ဖို့လိုတယ်။ အဲဒါမှ စစ်မှန်တဲ့ အပစ်ရပ်ရေး ပါ။

Read more »

သုံးခါဖောရင် ရှောတယ် ဖထီး

By Duwa Kachin Blog


နည်းနည်းတော့များသွားပြီဖထီး



'နဂလေးခလာ'ဘယ်သွားမလို့လဲ၊ ပကန့်အာမင်း ထမင်းစားပြီးပြီလား 'နန့်အာမင်း မနက်လာ' ဘာဟင်းနဲ့စားသလဲ၊ အဲဒီလောက်နဲ့ တင်ပြီးရမယ့်ကိစ္စ ဖထီးကဖောတာများပြီး နသားပါယား နင့်ကိုငါ ချစ်တယ်သွားလုပ်တော့ နဂိုကမှ ငိုချင်ရက်လက်တို့ ကြံ့ဖွံ့သမ္မ တကြီးကို နောက်ငါးနှစ် သမ္မတ ထပ်လုပ်ပါအုံး ဆိုတော့ နည်းနည်းတော့များသွားပြီ ဖ ထီး၊ ဖထီးတို့ ကားပါမစ်တွေလူစုံအောင် မရသေးဘူးနဲ့တူတယ်။ သစ်ရောင်းပြီးကားဝယ် စီးလည်းဖြစ်တာဘဲဥစ္စာ ဖထီးရာ ဘာလဲနယ်စပ်မှာ သစ်ခုတ်စရာမရှိတော့လို့လား ဒါမှ မဟုတ် သစ်ခုတ်တဲ့သူတွေ ဘွဲ့ထူးဂုဏ်ထူးပေးတာ ဖထီးမရသေးလို့ သမ္မတကြီးကို EXTENSION ပေးဖို့ လုပ်နေတာလား။

သမ္မတကြီးနှလုံးသားက ရိုးရိုးနှလုံးမဟုတ်ဘူး၊ စက်နှစ်လုံးတပ်ထားလို့ကို နှလုံးလို့ခေါ်တာဖထီးရ ကျန်းမာရေးကသိပ်ကောင်းတာ မဟုတ်ဘူး၊ သမ္မတအလုပ်က ဖထီးလဲသိတဲ့အတိုင်းဘဲ သိပ်အလုပ်များတာ၊ တစ်လတစ်ကြိမ်မိဘပြည်သူများခင်ဗျာ လုပ်ရတာ၊တော် ရုံလူမလုပ်နိုင်ဘူး၊ အသက်ကလည်းကြီးအားအင်တွေကလည်း ကုန်ခမ်းအိုမင်းမစွမ်းဖြစ်လာတော့ ခမျာနားချင်ရှာမှာပေါ့။ သမ္မတလုပ် နေရတော့ ဖထီးတို့လိုတောထဲမှာ ကာလူးလည်းမစွဲနိုင်ဘူး၊ ဖထီး သေသေချာချာမလေ့လာလို့ပါ၊ အခုနောက်ပိုင်း သမ္မတကြီးက စိတ်သွားတိုင်းကိုယ်မပါတော့ဘူး၊ လူစွမ်းအားကို အားမကိုးနိုင်တော့လို့ နှလုံးကိုတောင် စက်နဲ့လည်ပတ်နေရတာ၊ သမ္မတကြီးက နောက်ဆို ဘာလုပ်လုပ်စက်ပဲအားကိုးတော့မှာ သမီးကလေးကျေးရွာမှာ ကျူးကျော်ဖျက်တာတောင် လက်နဲ့ဆွဲမဖျက်တော့ဘဲ ဘူဒိုဇာနဲ့ ဖျက်တာကိုသာ ကြည့်ပေါ့ဖထီးရာ။ ဖထီးကလွှတ်ရိုးတာပဲ။

ဖထီးပြောလိုက်တဲ့စကားက လွှတ်တော် ဥက္ကဋ္ဌကြီး နားရွက်ကိုတံတွေးဆွတ်လိုက်သလိုဘဲ၊ နဂိုကမှ ဒီမိုကရေစီခေါင်းဆောင်ကို ဟန်ပြခင်မင်တဲ့ အမှုနဲ့ ကြံ့ဖွံ့ပါတီကမျက်မုန်းကျိုးနေတဲ့ဥစ္စာ ဖထီးလုပ်လိုက်မှ ပါတီတွင်းတိုက်ပွဲတွေပိုပြင်းထန်လာပါဦးမယ်။ ကြံ့ဖွံ့ ပါတီမှာပဲ ဥက္ကဋ္ဌအဟောင်းကော အသစ်ကော သမ္မတရာထူးက တစ်ပြားမှမလျော့နိုင်ပါဘူးဖြစ်နေတာ၊ အရန်ခုံမှာထိုင်နေရတဲ့ ကျွန်တော်တို့အန်တီစု မျက်နှာကိုလည်းကြည့်ပါဦး ဖထီးရာ၊ ဖထီးကလည်း ကိုယ်သမ္မတမဖြစ်နိုင်မှန်း ကျိန်းသေသိတာနဲ့ အဲဒီလို ဘေးက နားကျပ်ပေးလိုက်တာ မကောင်းပါဘူး၊ ဖထီးကျပ်ပေးတာ ကိစ္စမရှိဘူး၊ အစိုးရဝန်ထမ်းတွေက ရှေ့ဂျွန်းနောက်ဂျွန်းတွေပစ်ပြီး ထခုန်နေကြပြီ၊ သမ္မတသုံးနှစ်သက်တမ်းမှာ သုံးသိန်းခိုးခွင့်ပေးလို့ ကျေးဇူးတွေတင်နေတာ၊ ငါး နှစ်နှစ်ကြိမ်ဆိုရင် ဝန်ထမ်းတစ်ယောက် ဆယ်ပုံးခိုးလို့ရပြီဆိုပြီး ပျော်လွန်းလို့ လက်ခုပ်တွေတီးနေကြပြီ ဖထီးရေ။

ထွက်ပြီးသားဆင်စွယ်ပြန်မဝင်ဘူးတဲ့၊ ထွေးပြီးသားတံတွေး ပြန်မမျိုဘူးတဲ့ မင်းမှာသစ္စာ လူမှာကတိတဲ့၊ ကတိမတည်ရင် လူမ ဟုတ်သလိုဖြစ်သွားမယ် ဖထီးရ၊ သမ္မတကြီးက နောက်မလုပ်တော့ပါဘူးလို့ ပြောထားရက်သားနဲ့ ဖထီးကအသားကုန်ရိုက်နေတယ်။ ရိုက်နေတယ်ဆိုတာ ခွင်ရိုက်နေတာကိုပြောတာ ဖထီး၊ ဖထီးဟလိုက်တာနဲ့ ကျွန်တော်တို့က သိနေတယ်နော်၊တစ်ခုခုတော့ တစ်ခုခုဘဲ ဖထီးတို့အဖွဲ့မြေမျိုမှာလား၊ ကားကြိတ်မှာလားသာမသိရတာ၊ ကားကြိတ်မိလို့ မြေမျိုသွားရင်လဲကောင်းတာပါဘဲ ဖထီးရာ။ ကျွန်တော် ကတော့ စောကြာဒိုးတို့ စောစံဖိုးသင်တို့ ဗိုလ်မြကြီးတို့ကို မျက်နှာပူတာတစ်ခုပါဘဲ၊ ခြင်္သေ့တွေကိုယ်တိုင်က မြက်စားပြနေတော့ ဖထီး တို့လဲဘယ်ခံနိုင်မှာလဲနော်။

ကရင်တပ်မတော်တည်ဆောက်သူတွေရဲ့ ဆုံးမစကားတွေမမေ့သင့်ဘူး ဖထီးရေ။ သောင်ရင်းမြစ်ကမ်းမှာ ကားဒီးလက်စီးပြီး ဖူးခတ်ဆိပ်ကမ်းက ဇိမ်ခံရွက်လှေပေါ်မှာ ကရင်တော်လှန်ရေးအကြောင်း ဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုရင်တော့ ကရင်တော်လှန် ရေးဟာ ယနေ့မှစ၍ နှစ်တစ်ရာတိုင် သီချင်းစာသားလိုဖြစ်သွားမယ်ဖထီး။ ဖထီးတို့ကသာ ကရင်တပ်မတော်ခေါင်းဆောင်တွေ စကားနားမထောင်တာပါ အခုဖထီးတို့ကို ကားပါမစ်ချပေးတာဘယ်သူထင်လို့လဲ၊ ဖထီးတို့ကိုမစို့မပို့အခွင့်အရေးတွေ ဘယ်သူက ပေးခိုင်းတယ်ထင်သလဲ၊ သမ္မတကြီးကတကယ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်နေတယ်လို့ ထင်လို့လား။ ဖထီးကလဲတောထဲမှာ နေ တာကြာတော့ စိမ်းစိမ်းမြင်တိုင်း ချုံပုတ်မှတ်နေတာ၊ မြင်မြင်သမျှချုံပုတ်မဟုတ်ဘူး။ အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ်ပြီး ချုံခိုတိုက် ခိုက်ဖို့ (IN BUSH)လုပ်ဖို့ ကြိုးစားနေတာ ကြံ့ဖွံ့တွေက မိုက်ချက်ကတော့ ကမ်းကုန်ပဲ ဖထီးတို့ကလဲ ရိုးချက်ကတော့ ကမ်းကုန်ပဲ၊ ဘယ်နှစ်ပတ်လှည့်လှည့် မူးမယ့်ပုံလဲမပေါ်ဘူး။ ဖထီးရေ သတိထား၊ သတိထားKNU ဘယ်နှစ်ဖွဲ့ရှိလဲ၊နောက်ဆိုရင် ဘိုးဘိုးအောင် မသလိုKNU ဆယ်ဖွဲ့ အဖွဲ့နှစ်ဆယ်ဖြစ်သွားလိမ့်မယ်။

ဖထီးတို့ သံမဏိတော်လှန်ရေးသမားကြီးတွေ Óဏ်မရှိရင်တော့ခံစားသွားရမယ်၊ဖထီး ဒီနေ့ပြောတဲ့စကား၊ မနက်ဖြန် သတင်းစာ မှာပါလာတာကိုသာ ကြည့်တော့၊ ကာချုပ်က ဒီသမ္မတကိုပဲ ပြန်တင်ဖို့လုပ်နေချိန်မှာ ဖထီးက မနေတတ်မထိုင်တတ် ဓားခုတ်ရာလက် ဝင်လျှိုတယ်။ အခုတော့ ဖထီးစကားဖြစ်သွားပြီ ဒီစကားကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ ဖထီးကို ငြိုငြင်ကြအုံးမှာ ဖထီး ထက် ပညာတွေအများကြီးတတ်တဲ့ လူထုခေါင်းဆောင်ကိုတောင် ဆယ်ပတ်လောက်လှည့်ပစ်လိုက်တာ၊ နေအေး လိမ်တာလောက်တော့ သနားတယ် ဖထီး၊ ဖထီးလို ခေါင်းမှာဘာမှမရှိအောင် ခေါင်းတုံးတုံးထားတဲ့ ခေါင်းမျိုးလောက်တော့ အသာလေးလှိမ့်ပစ်မှာမြင်ယောင် မိသေးတယ်။

နိုင်ငံရေးသမားဆိုတာ စကားကိုဆင်ဆင်ခြင်ခြင်ပြောရတယ် ဖထီး ကျနော်တို့ ပြည်သူအားလုံး'မိဘပြည်သူများ ခင်ဗျာ'ကြီးကို စိတ်ကုန်စပြုနေချိန်မှာ ဖထီးက သခွပ်ပင်ကမီးတကျည်။ သူ့ဘေးနားမှာ ဖထီးတို့စကားမှားမှာကို ထိုင်စောင့်နေတဲ့ MR.FACEBOOKက ရှိနေတာ ဖထီးက မသိဘူး။ ဖထီးတောင် ဟိုတယ်ပြန်မရောက်သေးဘူး။ ဖထီး စကားကအင်တာနက်မှာ ပျံ့သွားပြီသတိထား ဖထီး တို့အဖွဲ့ တန်းဆင်းဇုန်ထဲ ရောက်သွားမယ်။ ဖထီးတို့က သမ္မတကြီးအကြောင်းမသိပေမယ့် ဖထီးအကြောင်း သမ္မတကြီးက သိနေ တယ်။ အကြောင်းသိလို့လဲ သမ္မတအိမ်တော်နဲ့ နိုင်ငံတော်ဧည့်ဂေဟာတွေ နန်းတော်ကြီးဆယ်လုံးလောက်ဆောက်ထားပြီးမှ ဘာမ ဟုတ်တဲ့ လယ်တဲအိမ်မှာတွေ့တယ်ဆိုတော့ သဘောပေါက်၊ ဖထီးသဘောပေါက် သဘောမပေါက်ရင် ကျောပေါက်တတ်တယ်။

အဲဒီလယ်တဲအိမ်ဆိုတာက လယ်ဆည်ဝန်ကြီးက သမ္မတကြီးကိုခေါ်ခေါ်ပြီး လီဆယ်နေတဲ့နေရာ၊ အဲဒီအိမ်သေးသေးလေးမှာ လက်ခံတွေ့တယ်ဆိုတာ ကျေးလက်အငွေ့အသက်ကိုခံစားရင်း စကားပြောချင်လို့ ထင်ရင်မှားသွားမယ်။ ဧည့်ခန်းကိုမခေါ်ဘဲ ခွေး ကတက်မှာ ဧည့်ခံတာ ဘာအထာလဲဆိုတာ စဉ်းစားကြည့်ပေါ။ အိမ်ဦးခန်းမှာ ဘယ်လိုလူတွေကို ဧည့်ခံသလဲဆိုတာ တီဗွီဖွင့်ကြည့် လိုက်ရင်သိမှာပါ ဖထီးရာ နောက်သမ္မတ ငါးနှစ်သက်တမ်းဆိုရင် ဖထီး နွားတင်းကုပ်မှာ သွားတွေ့ရမယ်။ အရပ်ထဲက ဗိန္ဓောဆရာပြော ဖူးတာကတော့ သုံးခါဖောရင်ရှောတတ်တယ်တဲ့၊ သမ္မတကြီးနဲ့တွေ့ရင် ဖောရှောလုပ်တာတွေလျော့ပါ ဖထီးရာ ကရင်လူမျိုးတွေ အကျိုး ရှိမယ့်ကိစ္စကိုပဲ ပြောစေချင်တယ်။

နောက်သမ္မတကို ကျနော်တို့လဲတင်လို့ မရဘူး။ ဖထီးတို့လဲ တင်လို့မရဘူး။ ကြံ့ဖွံ့ပါတီကလည်းတင်ချင်တိုင်းတင်လို့မရဘူး။ ဇာတ် ရှုပ်စီးတဲ့ တပ်ချုပ်ကြီးတင်မှဖြစ်မယ်ဆိုတာ ဖထီးမသိလေရော့သလား။ ဖထီးရယ်၊ ခိုးတိုင်းကောင်းပေမယ့် ရိုးတိုင်းမကောင်းဘူး ဖထီး၊ လူရိုးဆိုတာ သင်္ချိုင်းမှာပဲရှိတယ်ကြားဖူးထားတာ။ အခုတော့ ဖထီးတို့က အဖေရိုး၊ အမေရိုး၊ နှမရိုး၊ တစ်မိသားစုလုံး ရိုးလိုက်ကြတာ ကမ်းကို ကုန်ပါရောလား။ ဒါကြောင့် ပြောကြတာ ''ကရင်တွေ သိပ်ရိုးတယ်''လို့ ...

ရိုးဂုဏ်ကို ထိန်းထားနိုင်ပါစေ ဖထီး............

ဖထီးရဲ့ ဖိုးခွား
အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒ္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၁၃)

Read more »

အမေရိကန်တပ်မတော် Gen. Crutchfield မှ နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသား ကာကွယ်ရေး တက္ကသိုလ် (National Defense University) တွင် ပြောကြားခဲ့သော မိန့်ခွန်း

By Duwa Kachin



~၂၅ ရက်၊ ဇွန်လ ၂၀၁၄ 

အားလုံးမင်္ဂလာပါခင်ဗျာ မင်္ဂလာနေ့လယ်ခင်းပါ။အားလုံးနဲ့ဒီနေ့အခုလိုစကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကျွန်တော်ဒီမှာရှိနေခြင်း ဟာကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံရဲ့သံတမန်ရေးရာ ကဏ္ဍသစ်သို့ရောက်ရှိ လာပြီ
ဖြစ်ကြောင်းပြသလိုက်တာပါပဲ။

ကျွန်တော်ဟာ အရာရှိငယ်တစ်ယောက် ဘဝတုန်းက အခုကာကွယ်ရေးတက္ကသိုလ်နဲ့အတော်လေး ဆင်တူတဲ့စစ်တက္ကသိုလ် ကိုတက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်မှာ ကျွန်တော်ရရှိခ့တဲ့ ပညာရေးဟာ
ပြည့်ဝကောင်းမွန်ပြီးကျွန်တော်ရဲ့ အလုပ်အတွက်အများကြီးအကူအညီပေးပါတယ်။ ကျွန်တော် အခုပြော မယ့် မှတ်ချက်စကားဟာဒီပွဲကိုကြွရောက်လာ သူတွေရဲ့လေ့လာသင်ယူမှုနဲ့ နောက် ပိုင်း မှာ ပေါ်ပေါက် လာမယ့် ကြိုးပမ်းချက်များကို အနည်းငယ် အကျိုးပြုနိုင်မယ်လို့ ဆုတောင်းပါတယ်။ ယခုဤနေရာမှာ အားလုံးနဲ့အတူ ရှိနေတာကိုဂုဏ်ယူပါတယ်။ 



ကျွန်တော်ဒီနေရာကို သံတမန်တစ်ဦး၊ အစိုးရအရာရှိတစ်ဦး ဒါမှမဟုတ်နိုင်ငံရေးသမားတစ်ဦးအနေနဲ့ လာရောက် တာ မဟုတ်ပါဘူး။ အရပ်သားအစိုးရရဲ့ဦးဆောင်မှု အောက်မှာ ကောင်းမွန်စွာ လှုပ်ရှားဆောင် ရွက်နေ တဲ့ အမေရိကန် ပြည်ထောင်စု စစ်တပ်ကနိုင်ငံသားစစ်သား တစ်ယောက်အနေနဲ့ လာရောက် တာဖြစ်ပါ တယ်။ ကျွန်တော်တို့ အမေရိကန်တွေ ဒီမို ကရေစီ အုပ်ချုပ်ရေးန့ပဲ ရော်ဖက်ရှင်နယ် ပီသသော စစ်တပ်ကို ဘယ်လို
ကောင်းစွာထိန်းညှိထားသလဲဆိုတာကိုစစ်ဘက်ရေးရာ အရာရှိ တယောက် အနေနဲ့ကြုံတွေ့ခဲ့ရတဲ့ အတွေ့ အကြုံလေးတွေကိုပြောပြမှာပါ။

ပြီးရင်တော့ကျွန်တော့်ကို မေးခွန်းလေးတွေ မေးနိုင်ပါတယ်။ မေးခွန်းတွေကိုဖြေရင်း ကျွန်တော် မသိတာ
လေးတွေကိုအခုကြွရောက်လာသူတွေထံမှ ပြန်လည်သင်ကြားလိုပါတယ်။

လှပတဲ့မြန်မာနိုင်ငံကပြန်တဲ့အခါမှာ ကျွန်တော်တို့စစ်တပ်နှစ်ခုအကြား အဓွန့်ရှည်သောဒိုင်ယာလော့ခ် တစ်ခု တည်ထောင်ရန် အခြေခံအုတ်မြစ်ချဖို့ မျှော်လင့်ချက်တစ်ခုကို ယူဆောင်သွားလိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့စစ်တပ်မှာ ၃၂ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအချိန် အတော အတွင်း မှာအလုပ်ပေါင်းများစွာလုပ်ခဲ့ပြီး အတွေ့အကြုံလည်း အတော်လေးရခဲ့ပါတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်က တိုက်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။

လေယာဉ်ပျံပေါ်ကခုန်ချခြဲ့ပီး AH-64 APACHE ATTACK ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ပါတယ်။ စစ်ဖြစ်နေတဲ့ အချိန်မှာရော ငြိမ်းချမ်းနေတဲ့ အချိန်မှာပါ အမှုထမ်းခဲ့ပါတယ်။

တပ်စိတ်ခေါင်းဆောင်အဖြစ်စတင်ခြဲ့ပီး POST I ရာထူးကိုရရှိခဲ့ပါတယ်။ အခုအချိန်မှာအမေရိကန်စစ်တပ်ရဲ့ အာရှနဲ့ပစိဖိတ်မှလုပ်ငန်းဆောင်တာများကိုကြီးကြပ်ရတဲ့အမေရိကန်ပစ္စိဖိတ် ညွှန်ကြားရေးဌာနရဲ့ ဒုတိယ စစ်ဦးစီးဖြစ်နေပါပြီ။

-အမေရိကန်နိုင်ငံမှစစ်ဘက်ရေးရာအရာရှိတစ်ယောက်အနေနဲ့ကမ္ဘာအနှံ့အပြားမှာတာဝန်ထမ်းဆောင်ခဲ့ပြီး
နိုင်ငံခြားစစ်တပ်အ တော်များများန့ဆဲ က်ဆံခဲ့ပါတယ်။ ဤကဲ့သို့ဆက်ဆံမှုများမှ သဘောကျဖွယ်ရာကောင်းတဲ့ အချက်တစ်ချက်ကတော့ တာဝန်ထမ်းဆောင်ရသော တိုင်းပြည်များ ကွဲပြားသော်လည်းကျွန်တော်တို့ အချင်း ချင်းမှာတူညီမှု များစွာရှိခြင်းပဲဖြစ်ပါတယ်။

သို့သော်လည်း အမေရိကန်နိုင်ငံစစ်တပ်အတွက် ကျွန်တော်ဂုဏ်အယူဆုံးအရာနဲ့ ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့ အင်အားအကြီးဆုံးစစ်တပ်ကို ကျွန်တော်တို့ ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကိုပြောချင်ပါတယ်။

ကျွန်တော်တို့အမေရိကန်နိုင်ငံမှာမတူကွဲပြားတ့လဲူမျိုးစုများစွာရှိတာကြောင့်ကျွန်တော်တို့ရဲ့စစ်တပ်ဟာလည်း
အမေရိကန်လူဦးရေကိုထင်ဟပ်ပါတယ်။ မတူကွဲပြားခြင်းဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးခွန်အားဖြစ်ပါ တယ်။ အမေရိကန်စစ်တပ်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့အလုပ်ဟာလက်နက်တွေ ဒါမှမဟုတ် စနစ်တွေ နဲ့ သာ အခြေခံကျကျ အဓိကအားဖြင့် ပတ်သက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့အလုပ်ဟာလူသားတွေနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်တို့ဦးဆောင်တဲ့ ကျွန်တော်တို့ အမှုထမ်းတဲ့ မတူကွဲပြားတဲ့လူမျိုးများနဲ့ ပတ်သက် ပါတယ်။ ကျွန်တော်တို့လုပ်သမျှအရာအားလုံးကို ထောက်ကန်ပေးတဲ့ အရေးအကြီးဆုံးအချက်မှာ ကျွန်တော်တို့ ရဲ့ကြီးမားမြင့်မြတ်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်တဲ့ အင်စတီကျူးရှင်းအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် တည်
ဆောက်ပြီးတဲ့ ယုံကြည်မှုကိုထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့စစ်တပ်ကိုပရော်ဖက်ရှင်နယ်ပီသအောင်ဘယ်အရာကလုပ်ဆောင်ပါသလဲ။ ဘယ်လိုအရာတွေကြောင့် ကျွန်တော်တို့ စည်းကမ်းကောင်းအမိန့်နာခံပြီး အထူးသဖြင့် မိမိအလုပ် ကို ကောင်းမွန် စွာ လုပ်ဆောင်နိုင်အောင် အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ဖို့လိုအပ်တဲ့ အရည်အသွေးတွေကို ထိန်းသိမ်း
နိုင် တာလဲ။ အကျဉ်းချုပ်အားဖြင့်အောက်ပါ ရိုးရှင်းတဲ့ အချက်များကြောင့်ဖြစ်ပါတယ်။

၁။ ပရော်ဖက်ရှင်နယ် ပီသမှု စွမ်းရည်၊ တန်ဖိုးများနှင့် အမိန့်အာဏာကို လိုက်နာစေရန် လေ့ကျင့်သင်ကြားပေးမှု ၂။ ကျင့်ဝတ်သိက္ခာကိုတိကျလေးနက်စွာလိုက်နာခြင်းနှင့်လူ့အခွင့်အရေးကိုလေးစားမှု
၃။ မတူကွဲပြားမှုကိုလက်ခံခြင်း
၎။ တရားဥပဒေကိုအလေးထားခြင်း
၅။ အရပ်သားထိန်းချုပ်မှုကိုထောက်ခံခြင်း

ပထမဆုံးအနေဖြင့် ပရော်ဖက်ရှင်နယ်ပီသမှု စွမ်းရည်နှင့် စည်းကမ်းသည်ပညာရေး၊ လေ့ကျင့်သင်ကြားခြင်းနှင့် အတွေ့အကြုံတို့နှင့်နိုင်ငံ၏ တန်ဖိုးများကိုအလေးထားခြင်းမှ ထွက်ပေါ်လာပါတယ်။ ပရော်ဖက်ရှင်နယ် ပီသသော ပညာရေးနှင့် လေ့ကျင့် သင်ကြားခြင်းတို့သည် ယနေ့တွင် ကျွန်တော်တို့မည်ကဲ့သို့ လူမျိုးဖြစ်သည်ကို အဆုံး အဖြတ်ပေးသည်။

စစ်သားတစ်ယောက်၏အရေးကြီးဆုံးကိရိယာမှာ လက်နက်မဟုတ်ပါ။ စစ်ပွဲသို့သူနှင့်အတူယူလာသည့် တန်ဖိုး ထားမှုများဖြစ်တယ်။ အမေရိကန်စစ်တပ်မှလည်း ဤတန်ဖိုးများကို တပ်ဖွဲ့များနားလည်စေရန် ပညာရေးနှင့်
လေ့ကျင့် သင်ကြားခြင်းတို့မှ တဆင့်လုပ်ဆောင်ရန်အလေးထားပါတယ်။

စစ်တပ်တစ်ခုရှိစစ်သားတစ်ယောက်ကို ဤအခြေခံတန်ဖိုးများအသုံးပြု၍စစ်မှန်သော ပရော်ဖက်ရှင်နယ်ပီသသူ တဦး၊ နိုင်ငံတနိုင်ငံအတွက် စစ်သည်တော်ကောင်း တစ်ဦးဖြစ်မဖြစ် ခွဲခြားနိုင်တယ်။ စစ်တပ်တစ်တပ်၏ ပုံရိပ် သည် ထိုစစ်တပ်၏ ဂုဏ်သိက္ခာအရှိဆုံး စစ်သားအပေါ်တွင်မူတည်ပါတယ်။

ထို့ကြောင့် အမေရိကန်နိုင်ငံရှိ အုပ်ချုပ်ရေး အရာရှိချုပ်ကစပြီး တပ်စိတ်မှူးအထိ စစ်တပ်အုပ်ချုပ်ရေးအရာရှိ အားလုံး၏ ပထမဆုံးတာဝန်မှာပြုမူကျင့်ကြံရမည့် ရှင်းလင်းပြတ်သား သည့် စံနှုန်းများချမှတ်၍ မိမိ ကိုယ်တိုင် နမူနာ အဖြစ် ဦးဆောင်ဦးရွက်ပြုကာ ဤစံနှုန်းများကို အားလုံးနားလည်ပြီးအဖွဲ့အစည်း တဖွဲ့လုံးတွင် လိုက်နာ ကျင့်သုံးရန်ဆောင်ရွက်ရမည်ဖြစ် ပါ တယ်။

ကြပ်ကြပ်မတ်မတ်လေ့ကျင့်သင်ကြားခြင်း၊ ပညာရေးနှင့်ကြီးကြပ်ခြင်းတို့ကို လုပ်ဆောင်မှသာအောင်မြင်နိုင် မည် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စစ်တပ်အတွက် တန်ဖိုးများနှင့် စာရိတ္တများအကြောင်းလေ့ကျင့်သင်ကြားပေး
ခြင်း သည် တိုက်ပွဲအတွက် ကွင်းပြင်တွင်လေ့ကျင့်ခန်းဆင်းခြင်း သို့မဟုတ် သေနတ်ပစ်လေ့ကျင့်ခန်း ဆင်းခြင်း ကဲ့သို့ အစစအရာရာအရေးပါပါတယ်။

ကျွန်တော့်တိုင်းပြည်၏ တန်ဖိုးများကိုကိုယ်စားပြုပြီး ဂုဏ်ပြုထားသောလေ့ကျင့်သင်ကြားမှုများကို ရရှိသည့် အတွက် အလွန် ဝမ်းမြောက်မိပါတယ်။ အရာရှိတစ်ယောက်အနေဖြင့် အနာဂတ် မျိုးဆက်၏ စစ်ဘက်ဆိုင်ရာ
ခေါင်းဆောင်များထံ ဤတန်ဖိုးများပေးအပ်နိုင်ရန် ကျွန်တော်ကြိုးစားနေပါတယ်။

ဒုတိယအချက်အနေဖြင့်ကျွန်တော်ဆွေးနွေးလိုသော အကြောင်းအရာမှာ လူ့အခွင့်အရေးနှင့် ကျင့်ဝတ်ပိုင်း အပြုအမူကို ကျွန်တော်တို့လေးစားပုံဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုသည်မှာ နိုင်ငံတကာဥပဒေများတွင်တရားဝင်ပြဌာန်း၍ အကာအကွယ်ပေးထားပြီး လူသား အပြုအမူ စံနှုန်းများကိုသတ်မှတ်သည့်ကမ္ဘာလုံးဆိုင်ရာကိုယ်ကျင့်တရားစည်းကမ်းများဖြစ်ပါတယ်။
-

လူသားတိုင်းရသင့်သည့် အခြေခံအကျဆုံးအခွင့်အရေးများဖြစ်ပါတယ်။ လူမျိုး၊ လိင်၊ ယုံကြည်မှု သို့မဟုတ် လူ့အဖွဲ့အစည်း အတွင်းရှိ အဆင့်အတန်းအပေါ်မူတည်၍ မပြောင်းလဲနိုင်ပါ။ အခွင့်အရေးများတွင် အသက်၊ လွတ်လပ်မှု၊ ပညာရေး၊ လူတစ်ယောက်၏ လုံခြုံရေး၊ ညှင်းပန်းခြင်း၊ ရက်စက်စွာဆက်ဆံမှုနှင့်နှိပ်စက်ခြင်းရန်မှ ကင်းဝေးခြင်း၊ လွတ်လပ်စွာတွေးခေါ်မှု၊ အမြင်၊ သဘောထား၊ ဘာသာရေး၊ ထုတ်ဖော်ပြောဆိုမှုနှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ပါဝင်ပါတယ်။

လူ့အဖွဲ့အစည်း၊ အထူးသဖြင့် စစ်တပ်တွင် ဤအခွင့်အရေးများကို လေးစားလိုက်နာခြင်းမရှိသေးပါက လူ့အဖွဲ့ အစည်းသည် အတူတကွဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သေးပါ။ အိမ်နီးချင်းများသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိမည် မဟုတ်ပါ။
လူမျိုးစုများမှာလည်းမျှော်မှန်းထားသည့်အတိုင်း ဖြစ်လာရန်ရုန်းကန်ရပါမည်။ လူ့အခွင့်အရေးကိုလေးစား လိုက်နာပြီး ကာကွယ်ခြင်းသည် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းသိမ်းယုံသာမက လူသားအားလုံးငြိမ်းချမ်းပြီး အကြောက်တရား မရှိဘဲနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ကိုပါဖြစ်ပေါ်စေပါတယ်။ စစ်တပ်သည် လူ့အခွင့်အရေးကို မ လိုက်နာပါကပြည်သူလူထုသည် ၄င်းတို့ ၏စစ်တပ်ကို လေးစားချစ်ခင်လိုစိတ် ရှိမည်မဟုတ်ပါ။

လူ့အခွင့်အရေးနှင့်ဆက်စပ်နေသည်မှာ မြင့်မားသော ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကိုထိန်းသိမ်းခြင်းဖြစ်ပါ တယ်။ ခုနကပြောခဲ့တဲ့အတိုင်း ယုံကြည်မှုရရှိစေရန် (မိမိတိုင်းပြည်တွင်ဖြစ်စေနိုင်ငံခြားတွင်ဖြစ်စေ) စစ်တိုက်ရန် လိုအပ်သည့်အခါ ကျွန်တော်တို့ဟာ မြင့်မားတဲ့ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကို ဆုပ်ကိုင်ထားရန် လိုအပ်ပါ တယ်။

ဤစံနှုန်းများနှင့်အညီရန်လို တဲ့အင်အားစုများကိုအရပ်သားများမှထောက်ခံသည့် တိုင်အောင်အရပ်သားများကို ထိခိုက်မှု မရှိစေရန် တတ်နိုင်သမျှ လုပ်ဆောင်ရပါတယ်။

ဤစည်းမျဉ်းကိုအမေရိကန်နှင့်နိုင်ငံတကာဥပဒေများ ဥပမာအားဖြင့် ဂျနီဗာညီလာခံတွင်နိုင်ငံ အားလုံး လိုက်နာရ မည် ဟူ၍ထုတ်ပြန်ထားပါတယ်။ သို့သော်ဤသည်မှာ တရားဥပဒေနှင့် ကိုယ်ကျင့်တရားအတွက်စည်းမျည်း တစ်ခုထက်ပိုပါတယ်။ ကျွန်တော်တို့ လေ့လာမှုများအရ ဤစည်းမျဉ်းသည်စစ်ဆင်ရေးအတွက် လိုအပ်ချက် တစ်ခုလည်းဖြစ်ပါတယ်။ အရပ်သား လူဦးရေကို တိုက်ခိုက်ပါက ၄င်းတို့ထံမှထောက်ခံမှုကို ကျွန်တော်တို့ ဆုံးရှုံးပြီး ကျွန်တော်တို့၏ ရန်သူမှာ ပိုမို၍လူကြိုက်များလာပါလိမ့်မယ်။ ကျွန်တော်တို့ တောင့်ခံနိုင်ရန် ပိုမိုခက်ခဲပြီး မိမိတို့၏တပ်ဖွဲ့များကို ပိုမိုကြီးမားသည့် အန္တရာယ်အတွင်း ကျရောက်စေပါလိမ့်မယ်။

ကျွန်တော်ဟာစစ်ပွဲများကိုမြင်ဖူးပြီးတပ်ဖွဲ့များကို တိုက်ပွဲတွင်ဦးဆောင်ဖူးပါတယ်။ စစ်ပွဲကို နဖူးတွေ့ ဒူးတွေ့ ကြုံဖူးတဲ့ လူတွေနားလည်ကြပါလိမ့်မယ်။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပြောတာဟာ တစ်ကယ့် တိုက်ပွဲမှာ လိုက်နာဖို့ထက် ပိုမိုလွယ်ကူပါတယ်။ ရန်သူရဲ့အပစ်ခံနေရတဲ့၊ သူ့ရဲ့ရဲဘော်များဘေးမှာ တိုက်ပွဲ ကျတာကို မြင်နေရတဲ့ စစ်သားတစ်ယောက်ဟာ စိတ်ထင်တာကို လုပ်တတ်ပါတယ်။ ဒါဟာ လူ့သဘာဝ လည်း
ဖြစ်ပါတယ်။ စိတ်အလိုလိုက်ခြင်းဟာစ ည်းကမ်းကို အနိုင်ယူသွားတဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှုကို ဘယ်လို ကိုယ်တွယ်ဖြေရှင်းပြီး ပြင်ဆင်မလဲဆိုတဲ့ အချက်ဟာနိုင်ငံတကာက ရိုသေလေးစားပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့စစ်တပ်ဟုတ် မဟုတ် အဆုံးအဖြတ်ပေးနိုင်တဲ့ လက္ခဏာပဲဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာပြီး ပြည့်စုံခြင်းမရှိသေးဘူးဆိုတာကို ကျွန်တော်အလေးအနက်ထားပြီး ပြောလိုပါ တယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ အမှားအယွင်းလုပ်တတ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း တစ်ခု
ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်ရဲ့အမှားတွေထံမှသင်ခန်းစာယူပြင်ဆင်ပြီး အမြဲတမ်း တိုးတက်ချင်နေတဲ့ စိတ် ထား၊ ကြိုးပမ်းမှုအတွက် ကျွန်တော် အလွန်ဂုဏ်ယူကြောင်းပြောလိုပါတယ်။ ကျွန်တော်ထင်သာမြင်သာတဲ့ ဥပမာပေးပါမယ်။

ကျွန်တော်တို့အီရတ်မှာ စစ်စတင်တိုက်တုန်းက အရပ်သားတွေကို ညှင်းပမ်းနှိပ်စက်တဲ့ ပြဿနာတွေရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကိုလည်း ထိခိုက်ပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်နေတဲ့ ရန်သူတွေအတွက် တပ်သားစု
ဆောင်းဖို့ အခြေအနေကောင်းသွားပါတယ်။ ရန်သူက ဝါဒဖြန့်ဖို့ အခွင့်အရေးရသွားပြီး အမေရိကန်စစ်တပ် ရဲ့နိုင်ငံတကာမှာရှိတဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ဒေသခံတွေဟာကျွန်တော်တို့န့ဲ အတူတကွ အလုပ်လုပ်ဖို့
နေနေသာသာ အညံ့ခံဖို့တောင် မလိုလားကြတော့ပါဘူး။

ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကိုလည်း မလွယ်ကူစေဘဲ ပိုမိုခက်ခဲ သွားစေပါတယ်။ အီရတ်မှာ ရှိတဲ့ တပ်ဖွဲ့တွေကို ဗိုလ်ချုပ် DAVID PETRAEUS တာဝန်ယူတဲ့အခါမှာ သူ ပထမဆုံးပြောခ့တဲ့ စကားတစ်ခွန်းက ကျွန်တော်တို့
နှိပ်စက်မှုတွေကို သည်းညည်းခံမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။

တစ်ယောက်ယောက်က ညှင်းပန်းနှိပ်စက်တဲ့ အခါမှာ ကျန်သူတွေ အားလုံးပါခံရပါတယ်။ ဒီလိုနှိပ်စက်မှုတွေဟာ ကိုယ်ကျင့်တရားအရ သာမက စစ်ဆင်ရေး ကိုလည်း မဟာဗျူဟာပို င်းအရထိခိုက်စေပါတယ်။ တင်းတင်း ကြပ်ကြပ်ကြီးကြပ်ခြင်းနှင့်တာဝန်ယူခြင်း အပါအဝင်သေသေချာချာ ဆောင်ရွက်ခြင်းကြောင့် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကိုပြန်ဆည်နိုင်ခဲ့ပါတယ်။ အခြေအနေကို အသာစီးရအောင်ပြန်လည်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်ဟာကျွန်တော်တို့စစ်တပ်ရဲ့တန်ဖိုးများနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေလိုလားပြီး ကျွန်တော်တို့အဖွဲ့အစည်းကို ဂုဏ်သိက္ခာရှိစေတဲ့ အမြင့်မားဆုံး စံနှုန်းများနှင့်ကိုက်ညီစေရန် တစ်ရက်ချင်းစီ ကျွန်တော်တို့အလုပ် လုပ်ခဲ့ရတာတွေ အပေါ်မှာအလွန်ပဲ ဂုဏ်ယူမိပါတယ်။

တတိယအချက် အနေနဲ့ အမေရိကန်နိုင်ငံ၏ စစ်တပ်မှာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်း၏ လက္ခဏာ အမျိုးမျိုး၊ အမေရိကန်နိုင်ငံမှာ တွေ့နိုင်မယ့်နောက်ခံ အမျိုးမျိုးဖြင့်လူပုဂ္ဂိုလ်တို့ကိုတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေ အာဖရိကန်၊ အမေရိကန်နဲ့အခြားသော လူနည်းစု၊ မကြာသေးခင်က လိင်တူဆက်ဆံသော အမေရိကန်တွေကို စစ်တပ်ထဲမှာ အောင်မြင်စွာ စုဝေးထားနိုင်ပါတယ်။ ကျန်တဲ့အမေရိကန်လူ့အဖွဲ့အစည်းရဲ့ သည်းခံခြင်း တရား လက်စွဲပုံကို ကျွန်တော်တို့စစ်တပ်ကိုကြည့်ခြင်းဖြင့်သိသာပါတယ်။

ဤကဲ့သို့စုဝေးထားခြင်းမှာ ကျွန်တော်တို့ရဲ့ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ကိုထိခိုက်ခြင်းမရှိဘဲ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ထောင့်ပေါင်း စုံကအားသာချက်များဖြင့် တန်ဖိုးတက်စေပါတယ်။

ကျွန်တော်ဟာ အမေရိကန်နိုင်ငံစစ်တပ်ရဲ့အားလုံး စုဝေး ပူးပေါင်းရေး၊ သည်းခံမှုနှင့်ပါဝင်ရေးတို့အပေါ် အလေး
ပေးမှု ရဲ့သက်ရှိ ဥပမာတစ်ခုဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ဘိုးဘွားတွေဟာဒေသခံအမေရိကန်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာအသေးငယ်ဆုံး နဲ့အဆင်းရဲဆုံးဒေသခံအုပ်စုဖြစ်ပါတယ်။ နိုင်ငံသားမည်သူမဆို ကျွန်တော်တို့ရဲ့စစ်တပ်ထဲဝင်လို့ ရပြီး အားလုံး ဟာ အငယ်ဆုံးအရာရှိ သို့မဟုတ် စာရင်းသွင်း လူသစ်အဖြစ် စကြသောကြောင့် ကျွန်တော်ဟာ အခြားသူတွေ လိုပဲ အောင်မြင်ဖို့ အခွင့်အလမ်းရခဲ့ပါတယ်။

ကျွန်တော့်ရဲ့လူကြီးများဟာ ကျွန်တော့်အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ အမိန့် ကို ဆောင်ရွက်
နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနဲ့ ကျွန်တော့်ရဲ့တပ်သားတွေနဲ့ အလုပ်အကျွေးပြုတဲ့ လူထုရဲ့ ယုံကြည်မှု ရရှိခြင်း စတာတွေကိုသာကြည့်ပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်ဒီနေရာကို ကြယ်သုံးပွင့် ဗိုလ်ချုပ်တစ်ယောက်အနေ နဲ့ ရောက်နိုင်ပါပြီ။

စတုတ္ထအချက်အနေနဲ့ ပရော်ဖက်ရှင်ကျတဲ့ စစ်တပ်ဆိုတာဟာပြည်တွင်းနဲ့ နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ဥပဒေ
တွေ ကို လိုက်နာပြီး အခြားသူများကိုလည်း ဥပဒေ လိုက်နာစေရန် လုပ်ဆောင်ရပါမယ်။ နိုင်ငံသားများကို အကာ အကွယ်ပေးခြင်း၊ ၄င်းတို့၏ အခွင့်အရေးများနှင့် ဥစ္စာပစ္စည်းများ စသည်တို့ ပါဝင်ပါတယ်။

ပရော်ဖက်ရှင်နယ် ကျသော စစ်တပ်သည် ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေချိုးဖောက်တဲ့တပ်ဖွဲ့များကို မျှတစွာ၊ မှန်ကန်စွာနှင့် မျက်နှာမလိုက်ဘဲ အပြစ် ပေးရမှာဖြစ်ပါတယ်။

သင်ကြားထားမှုများမှ၊ စစ်ပွဲနှင့် လူသားဥပဒေများမှသွေဖယ်၍ ပြုလုပ်သော စစ်တပ်ကိုအရှက်ရစေမည့် အာဏာ အလွဲသုံးစားပြုခြင်း ကဲ့သို့သောလုပ်ဆောင်မှုများကို စုံစမ်းဖော်ထုတ်ရန် ထိရောက်သော စနစ်ရှိရပါမယ်။ ဥပဒေ ချိုးဖောက်သည့် သူများကိုဖော်ထုတ်၍ ဒဏ်ပေးနိုင်ရန်ဤစနစ်မှ စီစဉ်ရမည်ဖြစ်ပါတယ်။

ဤကဲ့သို့ပြစ်မှုချိုးဖောက်သည့် တပ်သားများကိုအပြစ်ပေးပါက တပ်တွင်းစည်းလုံးမှု၊ ယုံကြည်မှုလျော့ကျသွား မည်ကို စိုးရိမ်ကြောင်း တစ်ခါတစ်ရံ ကြားရပါသည်။ အမေရိကန် စစ်တပ်မှာတော့ပြောင်းပြန်သာ မှန်ကန်ပါတယ် ဆိုတာကို တွေ့ရပါတယ်။

ဤဖြစ်ရပ်များကို လျှင်လျှင်မြန်မြန်ဖြင့်ပွင့်လင်းမြင်သာစွာ ဖြေရှင်းခြင်းမရှိပါက စည်းကမ်းပိုင်း ယိုယွင်း ၍ ဌာနချုပ်နှင့် ဗဟိုဌာနတွင်သက်ရောက်မှုရှိပြီး စစ်ဆင်ရေးသည် ကျရှုံးနိုင်ပါသည်။

အမေရိကန်ရှိ စနစ်တွင် အကယ်၍ အမေရိကန်စစ်သားတစ်ယောက် သို့မဟုတ် ယူနစ်သည် အင်အား ချိုးဖောက် သုံးစွဲခြင်း သို့မဟုတ် စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ၌ စည်းမျဉ်းချိုးဖောက်ခြင်း သို့မဟုတ် စစ် မတိုက်သော ဝန်ထမ်း၏လုံခြုံရေးအားအန္တရာယ်ပေးခြင်းတို့ကိုလုပ်ဆောင်သည်ဟု သံသယရှိပါက အသိအမှတ်ပြု လွတ်လပ် သည့် တရားစီရင်ရေး စနစ်မှတဆင့် အချက်အလက်များကို စစ်ဆေး၍ သင့်တော်သော ဆုံးဖြတ်ချက် တစ်ခုကို လိုအပ်သလိုချမှတ်ရန်လျှင်လျှင်မြန်မြန်ဖြင့်တရားမျှမျှတတလုပ်ဆောင် ရန်အရေးကြီးသည်ဟု ကျွန်တော်တို့မှ ယူဆပါတယ်။

နောက်ဆုံးအနေဖြင့် အမေရိကန်နိုင်ငံ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျသည့် တပ်တစ်ခုဖြစ်စေသည့် အဓိက အုတ်မြစ်မှာ အမေရိကန်စစ်တပ်သည် အရပ်သားအစိုးရ၏ လက်အောက်တွင်ရှိနေသောကြာင့်ဖြစ်ပါတယ် ။

နိုင်ငံတော်ကာကွယ်ရေး အတွက် ကျွန်တော်တို့နိုင်ငံကို တည်ထောင်သူများသည် လူထုမှရွေးချယ်လိုက်သည့်
ခေါင်းဆောင်များ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်သည့် စစ်သားများနှင့် ကျွန်တော်တို့၏ စစ်တပ်ကို ဖွဲ့စည်းထားပါတယ်။ စစ်သားများသည် လူထုလိုက်နာ ရသည့်စည်းကမ်းများနှင့် ဥပဒေများကို လိုက်နာရပြီး ဒီမိုကရက်တစ်ဖြစ်စဉ်တွင်ပါဝင်ရန်၎င်းတို့၏အခွင့်အရေးများကိုအသုံးချရပါသည်။

ကျွန်တော့်လို စစ်သားတစ်ဦး တစ်ယောက်ချင်းဆီမှ မဲပေးပြီး မိမိ၏ အခွင့်အရေးကို ချစ်မြတ်နိုးနိုင်သော်လည်း အမေရိကန် နိုင်ငံ စစ်တပ်အနေဖြင့် နိုင်ငံရေးဆုံးဖြတ်ချက်များ သို့မဟုတ်မေးခွန်းများတွင် ဝင်ရောက် စွက် ဖက်ခြင်းမရှိပါ။

ရိုးရိုးရှင်းရှင်း ပြောရလျှင် လူအများ၏ကိုယ်ပိုင်ဆုံးဖြတ်မှုကို အစားထိုးလိုက်ရန် စစ်တပ်တွင်စွမ်းဆောင်နိုင်ရန် ရှိပါသည်။ ဒါပေမယ့် စစ်တပ်သည် လူထုကို အလုပ်အကျွေးပြုရန်သာဖြစ်ပြီးလူထု၏ ဒီမုကရက် တစ်နည်းလမ်း အရဆုံးဖြတ်မှုကိုသာအလေးထားပါသည်။

စစ်ဘက်ဆိုင်ရာအရာရှိ တစ်ယောက်အနေဖြင့် ကျွန်ုပ်၏ စစ်မှုထမ်းဘဝကို အမေရိကန်ပြည်ထောင်စုကို ကျမ်း သစ္စာ ကျိန်ဆိုခြင်းဖြင့် စတင်ခဲ့ပါသည်။ ကျမ်းသစ္စာတွင် ကျွန်ုပ်တို့တိုင်းပြည်၏ အမြင့်ဆုံးသော အရပ်သား
ခေါင်းဆောင်ဖြစ်သည့် သမ္မတနှင့် ကျွန်တော်၏ အထက်အရာရှိများမှ ချမှတ်ပေးအပ်သော တရားဥပဒေနှင့် အညီဖြစ်သည့် အမိန့်များကို လိုက်နာပါမည်ဟု သစ္စာဆိုခဲ့ပါသည်။

ဒီမိုကရက်တစ်နည်းကျကျရွေးကောက်ခံ ထားသော အရပ်သားခေါင်းဆောင်မှုအောက်တွင် ကျွန်တော့်ကို ထားပြီး လူထုမှအထူးပေးအပ်ထားသော အမေရိကန်နိုင်ငံရှိ ဥပဒေများမှ ကျွန်တော်၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ ကျွန်တော်တို့၏ အစိုးရအဖွဲ့တွင် ကျွန်တော်၏ တာဝန်တစ်ရပ်မှာ အရပ်သားအစိုးရ၏ ဦးဆောင်မှုတွင် ပြဿနာများကို ဖြေရှင်း ရန်အကောင်းဆုံးသောစစ်ဘက်ရေးရာ အကြံဥာဏ်များ ပေးအပ်ရေး
ဖြစ်ပါတယ်။

အချို့သောစိန်ခေါ်မှုများအတွက် အဖြေကိုရှာရာတွင် အမြဲတမ်းသဘောတူကြမည် မဟုတ်ပါ။ သို့သော် အခြား
သော စစ်ဘက်ရေးရာ အရာရှိများနည်းတူ ကျွန်တော်သည် ကျွန်တော်၏ ကျမ်းသစ္စာကို ဒီမိုကရေစီအတွက် အထွဋ်အမြတ်ထားရာ တာဝန်အဖြစ် တန်ဖိုးထားပါတယ်။ စစ်ဘက်နှင့် အရပ်သားဘက်မှ အထက်လူကြီးများ
ပေးအပ် သည့် အမိန့်ကိုနာခံပါတယ်။

ဤကဲ့သို့လိုက်နာခြင်းသည် ပြည်သူများများစွာ ဂုဏ်ယူသည့် အင်အားတောင့်တင်းပြီး ထိရောက်သည့် စစ်တပ် တစ်ခုကို အမေရိကန်နိုင်ငံ ထူထောင်နိုင်ရန် ပံ့ပိုးပေးပါတယ်။ အခြားသောနည်းလမ်း တစ်ရပ်ဖြင့် ထိုသို့ဖြစ်ရန် လုပ်ဆောင်နိုင်ခြင်းမရှိပါဟု ကျွန်တော်မှတ်ယူပါတယ်။

နိဂုံးချုပ်အနေဖြင့် ကျွန်တော့်ဆရာဖြစ်သော ဗိုလ်ချုပ်ကြီး Locklear ၏အတွေးအခေါ်ကို ကျွန်တော် လိုက်နာ ပါတယ်။ ဗိုလ်ချုပ်ကြီးသည် "လေ့ကျင့်ပါ၊ ဆက်ဆံပါ၊ ယုံကြည်မှုတည်ဆောက်ပါ" ဟု အမြဲပြောပါတယ်။

ပရော်ဖက်ရှင်နယ် ပီသမှုနှင့် တိုင်းပြည်၏ တန်ဖိုးများကို အလေးထားပြီး ၄င်းတို့၏ တာဝန်များကို ထမ်းဆောင် ရန် အသင့်ဖြစ် နေရေးအတွက် သင်၏ တပ်သားများကို လေ့ကျင့်ပေးပါ၊ ပညာပေးပါ။ သင်ကာကွယ်မှုပေးသော နိုင်ငံသားများနှင့် စစ်သား များကိုလေးစားစွာ၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံပါ။ ထို့နောက် သင်၏ တပ်သားများတွင် သာမကသင်၏တပ်သားများနှင့်အရပ်သား လူ့အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ အကြား ယုံကြည်မှုတည်ဆောက်ပါ။

မြန်မာနိုင်ငံ၏ စစ်တပ်တွင်လည်း စစ်တပ်နှင့် တိုင်းပြည် အပြည့်အဝ အောင်မြင် တိုးတက်ရန်အလားတူ စိတ် ဓာတ် မျိုး ထားရှိကြမည်ဟု ကျွန်တော်အမှန် တကယ် ထင်မြင်ပါတယ်။

သင်တို့ထဲမှအများစုသည် တပ်သားများကိုခက်ခဲသော အခြေအနေများထဲတွင် အမိန့်ပေး၍ ဦးဆောင်ရလိမ့်မည်။ သင်တို့ထဲမှ အတော်များများသည် မြန်မာ တပ်မတော်တွင် အမြင့်ဆုံးရာထူးများ ရရှိကြပါလိမ့်မယ်။ အချို့သော သူများသည် စစ်ဘက်မှတိုင်းပြည်ကို အကျိုးပြုပြီးသည့်အခါ အရပ်သား အစိုးရတွင်လည်း တာဝန်ထမ်းဆောင် ကြပါလိမ့်မယ်။

မည်သည့်လမ်းကြောင်းကို ရွေးချယ်သည်ဖြစ်စေ ပရော်ဖက်ရှင်နယ်ပီသမှုနှင့် တန်ဖိုးများ၊ လူ့အခွင့်အရေး ကိုယ် ကျင့် တရားနှင့် မတူကွဲပြားမှုကို လေးစားလိုက်နာခြင်း၊ တရား ဥပဒေကို လိုက်နာခြင်းနှင့်စစ်တပ်ကို အရပ်သား အစိုးရ၏ လက်အောက်တွင် ထားရှိခြင်းစသော အတွေးအခေါ်များကို ထပ်မံပြန့်ပွားအောင် လုပ်ဆောင်ရန် တာဝန် ရှိလာကြပါလိမ့်မယ်။

ဤနည်းလမ်းအားဖြင့် ပိုမိုပြီး ပရော်ဖက်ရှင်နယ်ကျသည့် စစ်တပ်နှင့် ပိုမိုခိုင်ခံ့သည့် တိုင်းပြည်တစ်ခုကို တည်ဆောက်နိုင်ရန် အကျိုးရှိသော ပြုပြင်ပြောင်းလဲရေး လမ်းစဉ်သို့ သွားနိုင်ရေး အပြောင်းအလဲများကို ဖန်တီးနိုင်ပါလိမ့်မယ်။

အမေရိကန်၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် အရာရှိတစ်ယောက်အဖြစ် တာဝန် ထမ်းဆောင်စဉ် ကြုံတွေ့ရသည် များကို အခြေခံ၍ ကျွန်တော်နှိုင်းဆ ဆင်ခြင်ထားခြင်းများဖြစ်ပါသည်။ ကျွန်တော်၏အတွေ့အကြုံသည် သင်တို့၏ အတွေ့အကြုံနှင့်များစွာခြားနားမည်မှာ သံသယ ရှိရန်ပင် မလိုပါ။ ကျွန်တော်တို့တွင်အဖြေအားလုံးရှိပါသည်ဟု ကျွန်တော်

Read more »