Showing posts with label mung kan ga. Show all posts
Showing posts with label mung kan ga. Show all posts

Monday, April 8, 2013

Burma's Girls In The World - from Women in the World

Me N Ma ဆိုတဲ့အဖွဲ့ဟာ လက်ရှိ အမေရိကန်ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားအခြေစိုက် Power Music ကုမ္ပဏီနဲ့ တေးသီချင်းသစ်ထုတ်ဖို့ ၁၈ လ ကန်ထရိုက်စာချုပ် ချုပ်ဆိုထားပါတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ အမွန်း ကိုတော့ ဗွီအိုအေ ၀ိုင်းတော်သူ မခင်ဖြူထွေး က ဆက်သွယ်မေးမြန်းထား တာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။read more+++click on+++ Burma's Girls In The World - from Women in the World http://new.livestream.com/dailyb...Click on video link

Read more »

Wednesday, May 26, 2010

Mungkan gaw hten wa ai shara law wa sai,myen mung gaw grau hten lawm na masa re.

ဂရိပညာရှင် ဟီရာကလိုက်တပ်စ် (Heraclitus) လောကကြီးကို ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါး နဲ့ ဖွဲ့ ထားတယ်လို့ ပြောတယ်။ အခုတော့မြန်မာ ပြည်မှာ ရေ-မြေ-လေ- မီး ကပ်ကြီးလေးပါးနဲ့ ဖွဲ့ ထားတယ်လို့ ပြောရမလို့ ဖြစ်နေပြီ။ မုန်းတိုင်းဒဏ်ခံထားတယ်။ ရေပြတ်တယ်။ မီးကြီးလောင်တယ်။ အခုအခါမြန်မာ ပြည်မှာ အပူရှိန်အလွန်မြင့်နေတဲ့အတွက် ရုတ်ရက်လေထုဖိအားပြောင်းလဲနိင်တယ်မုန်တိုင်းလာနိင်တယ်လို့  မြန်မာ နိင်ငံ မိုးလေ၀သ ဌာန က ခန့် မှန်းထားတယ်။ နောက်ထပ်မုန်တိုင်းဝင်လာရင်တော့ အားနည်းတဲ့ လူထု ( Vulnerable ) တွေ ခံရမယ်။ မြန်မာပြည်က စင်္ကပူ၊မလေးရှား၊ထိုင်းနိင်ငံတွေက အိမ်တွေလို သာမန်လေမုန်တိုင်းကိုခံနိင်တဲ့အဆင့်မှာမရှိဘူး။

ငလျင် (မြေ) လည်းလှုပ်မလာဘူးလို့  ဘယ်ပြောနိင်မလဲ။ တကယ်လို့ ငလျင်က ရန်ကုန်မြို့ မှာ လှုပ်မယ်ဆိုရင်တော့ မတွေးဝံစရာ တိုက်တွေပြိုဦးမယ်။ ရန်ကုန်မြို့ က တိုက်တွေက သက်တန်း ကျော်နေကြပြီလေ။ ဒုက္ခဆိုတာက လာရင်တယောက်ထဲမလာဘူး မဟာမိတ် ( allies ) တွေနဲ့ လာကြတာကိုး။

ဒီတခါ မြန်မာ ပြည်က ထွက်လာမဲ့ဒုက္ခသည်တွေ က နိင်ငံရေး၊ဘာသာရေး၊ စီးပွားရေ အရကပ်သင့်လို့ လာတဲ့ ဒုက္ခသည်တွေ တော့မဟုတ်တော့ဘူး သဘာဝ ဘေးအန္တရယ်ကြောင့် တဖက်နိင်ငံတွေကို ထွက်ပြေးခိုလှုံလာရတဲ့ဒုက္ခသည်တွေဖြစ်လိမ့်မယ်။ ဒါက အရင်က ဒုက္ခသည်တွေထက်များမယ်။ ပိုမယ်။
လူအဖွဲ့ စည်းတလုံးအစုအလိုက်အပြုံလိုက်ထွက်ပြေးတဲ့ဖြစ်စဉ် ( Great Exdous) ဖြစ်လာတော့မယ်။

Read more »