ကရင်ရော ဗမာရော မွတ်ဆလင် ကောအေးဆေးဘဲ
ဒီလုပ်ရပ်အတွက်တော့ ရွှေဂွန်းတစ်မြို့လုံး စိတ်မကောင်းဖြစ်နေကြရတယ်
ဌာနဆိုင်ရာ တာဝန်ရှိသူတွေလည်း ဘာမှ မပြောသာဘူး
ဖြစ်စဉ်တွေ သူတို့ထက်ကြီးတဲ့သူတွေထံ တင်ပြတာကလွဲလို့
ဘာမှ မကိုင်တွယ် မဖြေရှင်းရဲ ကြဘူး
နောက်ထပ် ၅နေရာ ထပ်တည်ဖို့ တည်နေရာတွေ ထပ်ပြီး သတ်မှတ်ထားပေးခဲ့
တယ် ဘာတွေ ထပ်ဖြစ်လာအုံးမလဲ
ကရင်ပြည်နယ် အစိုးရအတွက်တော့ ပွဲဦးထွက် စိန်ခေါ် မှု့ဘဲ
အခု ပွဲကို မြင်တွေ့ရတာကတော့
ကရင့်အရေး ဆင်ဖမ်းမယ် ကျားဖမ်း မယ် ဆိုတဲ့ အဖွဲ့ပေါင်းစုံ
ဘာမှ မတတ်နိုင်ကြပါဘူး မေတ္တာ ရပ်ခံစာတွေ ပို့ကြ ထုတ်ပြန်ချက်တွေ
ပို့ကြတာကလွဲလို ဘာမှ မတတ်နိုင်ပါဘူး
ထူးဆန်းတဲ့ ဥပမာ တစ်ခုက ကျွန်တော်ကို ဒီကနေ့ မှတ်သားစရာ ဖြစ်စေခဲ့တယ်
ဘုန်းကြီးက ဓါတ်ဆီ ပုလင်း အဖုံးဖွင့် ဓါတ်ဆီတွေ သွန်ချပြီး
ခရစ်ယန်တွေ မီးခြစ်ပေး လို့ ပြောရင် ခရစ်ယန်တွေက မီးခြစ်မပေးသရွေ
မီးမလောင်းနိုင်ပါဘူး ထို့အတူ မွတ်ဆလင်တွေ မီးခြစ်ပေး လို့ပြောရင်လည်း
မွတ်ဆလင်တွေ မီးခြစ်မပေးသရွေ မီးမလောင်နိုင်ပါဘူးတဲ့
ဒီဥပမာပေးပြီး ကိုယ် ဘာသာအစုအဖွဲ့တွေကို ငြိမ်းချမ်းစွာ နေထိုင်
ကြဖို့ လမိးညွန်ပါသတဲ့ ဒါကမှန်ကန်တဲ့ ဖြေရှင်းပုံတော့ မဟုတ်ပါဘူး
မျက်ဖြေလင်္ကာ တစ်ပုဒ်ပါ
ဥပဒေ စိုးမိုးမှု့ မရှိခြင်း ဥပဒေကဲ့သို အမိန့်အာဏာ မတည်တာ ကြောင့်
အလွန်ပင်စိတ်မကောင်းဖြစ်ရပါတယ်
ကျွန်တော်လည်း ရောက်အောင်သွားခဲ့တယ် အချိန်မရွေး အသက်အန္တရာယ်
ကျရောက်နိုင်တဲ့နေရာပါ
မနက်က တွေခဲ့ရတဲ့ လှိုင်ဘွဲ့မြို့နယ်လေးရဲ့ အစိုးရ အုပ်ချုပ်မှု့ ဌာနဆိုင်ရာ
ယန္တရား တွေက စိတ်ပျက်စရာပါ ကိုယ့်ဌာနရဲ့ ရုံးလုပ်ငန်းတွေ ပုံမှန်
လည်ပတ် ရုံမျှ အလုပ် လုပ်နေကြရတာကိုမြင်ပြီး ဒေသတွင်း လက်နက်ကိုင်
နဲ့ ဘုန်းတော်ကြီးတွေရဲ့ မိန့် ဆို မှု့တွေကသာ အစိုးမိုးဆုံး ဒေသဖြစ်နေတာကို
မြင်တွေ့ခွင့်ရခဲ့တာ အလွန်ဘဲ စိတ်မကောင်းဖြစ် မိတယ်ဗျာ
မြို့ခံတွေက ပြောပါတယ် ဗုဒ္ဓဘာသာ ကရင်နဲ့ ဗမာတွေက
ငါတို့ ဘုန်းကြီးကို လျှောက်တယ် စေတီတည်ခြင် ရင် မြေလှုမယ်
အဲ့ ဘာသာခြားနေတဲ့ လမ်းသွယ်ထဲ မတည်ပါနဲ့ သူများဗလီ မြေနိမ့်
ပိုင်းထဲမှာ ပြီးတော့ လမ်းအလည်မှာ မသင့်တော်ဘူးလို့ မြို့ခံ တွေ
လျှောက်ပေမယိ့ အခုပြီးအောင် တည်ခဲ့ပြီ ငါတို့ ဘာသာခြားတွေ အတွက်
စိတ်မကောင်းပါဘူးတဲ့
နောက် မွတ်ဆလင် ဒေသခံတွေ ကို စကားပြောကြည့်တယ်
သူတို့လည်း ဒီလို ဗလီဘေး လာတည်တော့ ဘယ်လိုမှ
အမြင်မတော်ဘူးလေ ဗုဒ္ဓဘာသာဝင်တွေ ဘုရားကိစ္စ လုပ်ဖို့
ဂွတီးဂွကြ ဖြစ်စေတာပေါ့
အခုလိုလာတည် တာက ဘုန်းတော်ကြီးရဲ့ တပည့်တွေဘဲ
လာတည်ကြတာ ရွှေဂွန်း က ဒေသခံ တွေ တစ်ယောက်မှ မပါပါဘူး
ကျွန်တော်တို့ ရွှေဂွန်းမှာတော့ ပြသနာ ဖြစ်ဖို့ မရှိပါဘူး
ဘာသာတာ ခြားနားတာပါ စီးပွားရေး လူမှု့ရေး သာရေးနာရေး
လူမှု့ရေး တွေကတော့ အတူတူ အေးအေးဆေးဆေး ဆက်လက်
နေထိုင်နေအုန်းမှာပါတဲ့
ရဲဌာနကို အခုဖြစ်နေတဲ့အခြေအနေကိုမေး ကြည့်တော့
လှိုင်းဘွဲ့ မြို့နယ်မှုးကို မေးကြည့်ပါ သူတို့ဖြေခွင့်မရှိပါဘူးတဲ
ကြီးမှ လက်ပေးသင် ရမယ့် အဖြစ်သနစ်တွေ ကို ကြုံခဲ့ရတယ်
အပြန်လမ်းမှာလည်း စဉ်းစားလာမိတယ်
ဌာနဆိုင်ရာတွေရဲ့ လက်သုံးစကားတွေကိုပေါ့
လုပ်ထုံးလုပ်နည်း အရ
အထက်က ညွန်ကြားချက်
ပြောခွင့်မရှိလို့ပါ
ဟိုကို မေးပါ ဒီကိုသွားပါ
ကျွန်တော်တို့ တာဝန်မဟုတ်ပါ တွေပေါ့
ကိုယ်တွေ ဘက်ကြတော့
ဘယ်ကလည်း ဘာလုပ်လည်း
အဖေနာမည် ဘယ်မှာနေလည်း
မှတ်ပုံတင်နံပတ် လူ ကား တွေ
ဓါတ်ပုံ တောင် ရိုက်ယူတာ
သွားလေရာ ဘယ်နားဘာပြော ဘာလုပ်
ဘာစားပြီး ပြန်တာတာကအစ
မိနစ်စက္ကန့် မလွဲအောင် အလုပ်လုပ်ကြတော
တော်လွန်းလိုက်ကြတာ
ရွှေကရင့်အရေး ရင်လေး မိလို့ ရေးလိုက်တယ်
လွန်တာရှိက ဝန်တာမိပေါ့ ဗျာတို့ရေ