Tuesday, November 20, 2012

မတူတာလေးတွေ(10)

မတူတာလေးတွေကို ရေးသားပေးပို့လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ တိဘက်လူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့
အချို့သော တရုတ်လူမျိုးများမှာ ကိုယ့်ကိုယ်ကို
မီးရှို့ပြီး ယခုထိတိုင် တောင်းဆိုနေကြတယ်။
သို့သော်....
မြန်မာနိုင်ငံမှာ ကချင်လူမျိုးများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့
အချို့သော ကချင်လူမျိုးများ၊ရှမ်းလူမျိုး
များနှင့် ပအို့လူမျိုးများက
ဗမာစစ်သားများနှင့် စစ်တိုက်ကာ ယခုထိတိုင်အောင် တောင်ဆိုနေကြရတယ်။ Why?

ဗမာပြည်ရှိ ထောင်အသီးသီးမှ အချို့သော ဗမာအကျဉ်းသားများမှာ အသုတ်လိုက်၊
အသုတ်လိုက် လွှတ်မြောက်သွားကြပြီ။
သို့သော်....
ကချင်ပြည်ရှိ ဘိန်းစားများ (ကချင်လူမျိုးအများစု)မှာ ထောင်ထဲကို
အဖွဲ့လိုက်၊ အဖွဲ့လိုက် ဖမ်းဆီးချုပ်နောင်ခြင်းကို ခံနေကြရတယ်။

အမေရိကန်နိုင်ငံမှာ လူဖြူလူမည်း တန်းတူအခွင့်အရေးအတွက် မာတင်လူသာ က
ဆောင်ရွက်ပေးခဲ့တယ်။
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း တန်းတူအခွင့်အရေးအတွက်
နယ်လ်ဆင်မင်ဒဲးလ်လားက ဆောင်ရွက်ပေးခဲ့တယ်။
သို့သော်...
မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ(ကုလား)များ
တန်းတူအခွင့်အရေးအတွက် ဘယ်သူမှ မဆောင်ရွက်ပေးနိုင်ကြဘူး။ ဘယ်သူက
ဆောင်ရွက်ပေးနိုင်မလဲ။ အောင်ဆန်းဆုကြည်ကတော့ ပညာရေး၊ကျန်းမာရေး၊
တရားဥပဒေစိုးမိုးရေးအတွက်ဘဲ လုပ်ပြီး နိုင်ငံရေးဟန်ပြလုပ်နေတယ်။ Why?

အမေရိကန်အစိုးရခေါင်းဆောင်တွေက တရုတ်အစိုးရဆီက ပိုက်ဆံတွေချေးပြီး
နိုင်ငံတကာကို စစ်ရေးအရ၊ စီးပွားရေးအရ လွှမ်းမိုးနိုင် ယေဘုယျအားဖြင့်
မျှတသောနည်းလမ်းများနဲ့ ဆောင်ရွက်နေတယ်။
သို့သော်....
ဗမာအစိုးရခေါင်းဆောင်များကတော့ တရုတ်အစိုးရဆီကို သဘာဝဓါတ်ငွေ့တွေ၊
နိုင်ငံတွင်းထွက်သမျှအဖိုး
တန်ကျောက်မျက်ရတနာများကို ခိုးထုတ်ရောင်းပြီး ရလာတဲ့ပိုက်ဆံတွေကို
သူတို့မိသားစုအသိုင်းအ၀ိုင်းကောင်းစားရေးနဲ့ ပြည်တွင်းစစ်ဖန်တီးရေးအတွက်
သာ ဆောင်ရွက်နေကြတယ်။ Why?
by:kopeter