Thursday, November 22, 2012

မတူတာလေးတွေ(11)

မတူတာလေးတွေကို ရေးသားပေးပို့လိုက်ပါတယ်။
အိုဘားမားက ရန်ကုန်ကို လာရောက်တဲ့ " ၆ နာရီ" အချိန်အတောအတွင်း ရွှေတိဂုန်စေတီကို သွားရောက်ဖူးမျှော်ခဲ့တယ်။ သူ့လုပ်ရပ်က အများပြည်သူအမြင်မှာ ယေဘုယျအားဖြင့် ဘုရားတရားကြည်ညိုတယ်လို့ ယူဆရတယ်။
သို့သော်...
သိန်းစိန်နဲ့ အောင်ဆန်းဆုကြည် တို့နှစ်ဦး နယူယောက်ကိုလာခဲ့တဲ့ " ရက်ပိုင်းများ" အတွင်း သူတို့နှစ်ယောက် ဘယ် ဘုရားကျောင်း၊စေတီကိုမှ မသွားခဲ့ကြဘူး။သူတို့ နှစ်ဦးက နယူးယောက် ဟိုတယ်တစ်ခုမှာတောင် ချိန်းတွေ့လိုက်ခဲ့သေးတယ်။ သူတို့နှစ်ဦးရဲ့ လုပ်ရပ်တွေက အများအမြင်မှာ ယေဘုယျအားဖြင့် ဘာနဲ့သွားတူနေသလဲ... စဉ်းစားကြည့်ပေါ့.....


ဗမာအစိုးရကို ဖော်လံဖားချင်တဲ့အသံလွှင့်ဌာနအချ
ို့က အိုဘားမားနဲ့သိန်းစိန် တွေ့ခွင့်ရခဲ့တာကို သမိုင်းဝင်မှတ်တမ်းအဖြစ် ပါးစပ်အညောင်းခံပြီး ကြွားလုံးထုတ်နေကြတယ်။
သို့သော်...
ဘက်မလိုက် မီဒီယာအချို့ကတော့ ရန်ကုန်မှာ အိုဘားမား ပြောသွားခဲ့တဲ့ မိန့်ခွန်းဟာ သိန်းစိန် နဲ့ အောင်ဆန်းဆုကြည်တို့ကို ခပ်ထေ့ထေ့ပုံစံ မိန့်ခွန်းချွေသွားခဲ့တာလို့ ခပ်တည်တည် ကြွားလုံးထုတ်နေကြတယ်။

ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရတဲ့ နိုဗယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလားရဲ့ ပုံတွေကို တောင်အာဖရိကနိုင်ငံသားတွေက သူတို့နိုင်ငံသုံးပိုက်ဆံတွေမှာ ထည့်သွင်းရိုက်နှိပ်ပြီး အသုံးပြုနေကြတယ်။
သို့သော်...
နေအိမ်အကျယ်ချုပ် ၁၅ နှစ်ခန့်နေခဲ့ရတဲ့ နိုဗယ်ဆုရှင် အောင်ဆန်းဆုကြည်ရဲ့ပုံတွေကို ဗမာလူမျိုးတွေက သော့ချိတ်တွေမှာ ထည့်သွင်းရိုက်နှိပ်ပြီး ရောင်းစားနေကြတယ်။ Why? တန်ဖိုးချင်းကွာတာလား။ စော်ကားတာလား။Why? Why? Why?

KIO အစိုးရက မြစ်ကြီးနားမြို့၊ မိုးကောင်း၊ မိုးညှင်း အစရှိတဲ့ မြို့တွေက သူဌေးတွေ၊ ဆိုင်ပိုင်ရှင်၊ ဟိုတယ်ပိုင်ရှင်တွေဆီက ကျပ်သိန်းနှစ်ဆယ်မှ သိန်းတစ်ရာအထိ အခွန်အဖြစ် စစ်စရိတ်အတွက် KIO ထိန်းချုပ်တဲ့ သက်ဆိုင်ရာနေရာတွေမှာ လာရောက်ထည့်ဝင်ခိုင်းနေတယ်။
သို့သော်.....
ဗမာအစိုးရကတော့ မြစ်ကြီးနားမြို့အတွင်းရှိ သာမန်လူတန်းစားတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး တစ်စီးလျှင် ကျပ် ၃၀၀၀ မှ တစ်သောင်းကျပ်အထိ ပြန်ရွေးခိုင်းပြီး စစ်စရိတ်အပါအ၀င် ကိုယ်ပိုင်အိတ်ထောင်ထဲ ထည့်ဖို့ ဆက်ကြေးယူနေကြတယ်။