Sunday, November 25, 2012

ကချင်လူမျိုးများဟာ ရှေးယခင်ကတည်းက ဖက်ဒရယ် ပုံစံ နယ်စားငယ်များ အတူ ပေါင်းစည်းနေထိုင်ခဲ့သော လူ့အဖွဲ့အစည်းဖြစ်သည်

ကချင်လူမျိုးများဟာ ရှေးယခင်ကတည်းက ဖက်ဒရယ် ပုံစံ နယ်စားငယ်များ အတူ ပေါင်းစည်းနေထိုင်ခဲ့သော လူ့အဖွဲ့အစည်းဖြစ်သည်။ တနယ်နဲ့ တနယ် တောထဲက သားငါးကအစ ပိုင်ဆိုင်မှုများ လေးစားခဲ့ကြသလို၊ မဟုတ်မမှန်လုပ်လာလျှင် မဟာမိတ်ဖွဲ့ စစ်ခင်းခဲ့ကြပေမယ့်၊ တိုင်းတပါးသား ၀င်လာလျှင် အားလုံး အတူတူဝိုင်းတိုက်လေ့ရှိသည်။

အခုထိ ကချင်ပြည်မြောက်ပိုင်း အခု ကေအိုင်အေ တပ်မဟာ (၁) နယ်မြေသည် ဘယ်လူမျိုးလက်အောက်မှ မကျဖူးပါ။
ထိုဒေသများ မှာ နာမည် ကြီးခဲ့သော ဒူဝါများမှာ Hting Nan Duwa, Bawmwang Duwa, Ngalang Duwa, Hkumboi Duwa, Kadaw Lahtaw Duwa, Karing Duwa, Shadan Duwa, Lahpai Duwa, Gumshun Duwa, Tsum Hka Duwa, Hkalen Duwa, နဲ့ တခြား နာမည် အများအပြားလဲ ရှိခဲ့သည်။ (မြန်မာ့ သမိုင်းမှာ မထည့်ထားပါ)

ထိုနယ်မြေသည် အင်္ဂလိပ်၊ လက်ထက်တွင်လဲ မထိန်းချုပ်နိုင်ခဲ့ပါ။ ဂျပန်ခေတ်တော့ လုံးဝကို မရောက်နိုင်ခဲ့ပါ။ ဂျပန် ၀င်ဝင် ချင်း ကချင်လူမျိုးများ တောက်လျှောက် ခုခံ နေခဲ့သော နယ်မြေဖြစ်သည်။ နောက်ပိုင်း အမေရိကန်များ အကူအညီကြောင့် တိုက်ထုတ်နိုင်ခဲ့သည်။ ကချင်လူမျိုးများသာ ဘိုးဘေး ခေတ်ကတည်းက နေထိုင်လာသော နယ်မြေဖြစ်သည်။

ကချင်ပြည်အောက်ပိုင်းတွင် ရှမ်းလူမျိုးများ နှင့်ရောနှော နေခဲ့သော်လည်း၊ ကချင် ဒူဝါ များ အုပ်ချုပ်ခဲ့သော နယ်များ ဖြစ်သည်။

ဖုန်ကန်ဒူဝါ၊ Ga Hkyeng Duwa, Sama Duwa, Lajawn Duwa, တို့ ဆိုသည်မှာ ကချင်ပြည်အောက်ပိုင်း မှ ဒူဝါ များဖြစ်သည်။ ဖါးကန့်ဒေသတွင် ကံဆီးဒူဝါ အုပ်ချုပ်ခဲ့သည်။

အောက်ပိုင်း ဒူဝါများမှာ မြန်မာ ဘုရင်များ နှင့် အထိအတွေ့ အများဆုံး ဒူဝါများ ဆိုလျှင် မမှားပေ။ သို့သော် မြန်မာ ဘုရင် လက်အောက် ခံ မဟုတ်ခဲ့ပါ။ မဟာမိတ် ပုံစံသာ ဆက်ဆံခဲ့သည်။

အာသံ နယ်သို့ စစ်ချီသော အခါ၊ မြန်မာ ဘုရင် အမိန့်ပေးလို့ မဟုတ်၊ နယ်စပ် ထိစပ် နေသောကြောင့် စစ်ကူ ပေးခြင်းဖြစ်သည်။
— with L Jasen Debu and 5 others.