Tuesday, April 30, 2013

Facebook ပေါ်တွင် ပျံ့နှံ့လာသော ၀ါဒဖြန့်ချိမှုများ

---------------------------------------------------
(Thorn Nay Soe)

အခုဆိုရင် မြန်မာတော်တော်များများပဲ Facebook သုံးလာကြတာတွေ့ရတယ်။
ဒီအချိန်မှာ Facebook ဟာ အာဏာရှင် လက်တစ်ဆုပ်စာရဲ့ ၀ါဒဖြန့်ချိရေး ယန္တယားအဖြစ်ကို
ရောက်မှန်းမသိ ရောက်လာတာတွေ့ရတယ်။

အရင်ဆုံး ဒီမိုကရေစီ ဘက်တော်သားဆိုသူတွေကို ဒီ Facebook ကြီးကနေ စနစ်တကျ
အပုတ်ချလာတာ တွေ့ရတယ်။
အရင်ဆုံး Facebook ပေါ်မှာ နာမည်ပျက်ရတာက ကိုမိုးသီးဇွန်ပါ။
ဒါဟာ သူ့ရဲ့ အပြောအဆို ရပ်တည်ချက်တွေကြောင့် ထားပါတော့။
ဒီ့နောက်မှာ ကိုသူရ (ဇာဂနာ) တစ်ယောက်လည်း ရစရာမရှိအောင် အပြောခံရပြန်တယ်။

ဟုတ်ပြီ။ ဒါတွေကို အပြောခံရလို့ ဘာမှ မဖြစ်ဘူး ထားဦး။
အခုနောက်ပိုင်းမှာတော့ ကိုမင်းကိုနိုင်တို့ကိုပါ ဆဲဆိုလာတာ တွေ့ရတယ်။
ကျနော် မနေ့ကတင် ကိုမင်းကိုနိုင်ကို ဆဲသူတွေကို တုန့်ပြန်တဲ့ Post တစ်ခု တင်ပါတယ်။
ကျနော့်ကိုပါ ဆဲကြပြန်တယ်။ (အဲဒီ Post အောက်မှာ တွေ့ပါလိမ့်မယ်)

ဒါတွေကို မူလောက်စရာလို့ သူတို့ကိုယ်တိုင်က မထင်သလို ကျနော်တို့ကလည်း မယူဆပါဘူး။
တကယ်တော့ Facebook လောကဟာ တကယ့် ပြည်သူတွေမှ မဟုတ်တာ။
အပြင်လောကမှာ လူချစ်လူခင်များနေပေမယ့် Facebook ပေါ်မှာ မိုးမွှန်အောင် အဆဲခံနေရတာလည်း ဖြစ်နိုင်တယ်လေ။
အခု နိုင်ငံခြားမှာ နိုင်ငံတော်စရိတ်နဲ့ ပညာတော်သင်နေသူတွေက Facebook Account ထောင်သောင်းချီပြီး လုပ်ထားကြတယ်လို့ မီဒီယာသတင်း တစ်ခုမှာ ဖတ်ဘူးပါတယ်။

ဒီလိုဆိုလျက်က ဘာဖြစ်လို့ ကျနော် ဒီPost ကို ရေးသလဲ?
အထက်ကပြောတဲ့ ခုနောက်ပိုင်း မြန်မာတွေ Facebook တော်တော်သုံးလာတာကြောင့်ပါပဲ။
ဒီအချိန်မှာ Facebook ကြီးဟာ အမှိုက်သရိုက်တွေ ပြည့်နေရင် မသတီစရာ အရပ်ကြီး တစ်ခုဖြစ်နေတော့မယ်။

ပြီးတော့ ပိုဆိုးတာက ရပ်တည်ချက် မခိုင်မာသူတွေဟာ
အဲဒီဝါဒဖြန့်ချိမှုနောက် နားယောင်လွန်းနေတာကို တွေ့ရတဲ့အတွက်ပါ။
သူတို့မှာ သမ္မတကြီး ဆိုလည်း ကြီးလိုက်ကြ။
ဟိုကောင် သစ္စာဖောက်ဆိုလည်း လိုက်ဖောက်လိုက်ရ။

တဖြည်းဖြည်းနဲ့ Facebook ပေါ်မှာ ဒီမိုကရေစီဘက်တော်သားတွေကို နာမည်ဖျက်နေလိုက်ပုံက
တစ်ယောက်မှကို အကောင်းမကျန်တော့ပါဘူး။
ဒါဆို ဘယ်သူ ကောင်းသေးလဲ။
အာဏာရှင်ကြီးတွေကပဲ ကောင်းသလား။
သူတို့ သိပ်ကောင်းလွန်းလို့ နိုင်ငံဘယ်အခြေနေ ရောက်နေပါသလဲ။
အားလုံး အမြင်ပါ။

ဒါတောင်ပြောကြသေးတယ်။ ၈၈တုန်းကလို ဖြစ်သွားမယ်တဲ့။
၈၈ သာမရှိခဲ့ရင် ဒီနေ့ထိ တကြောက်လန့်လန့် နေကြရဦးမှာ မမြင်ဘူးလား။
ဒီမို ဘက်တော်သားတွေကိုလဲ သူတို့ လွတ်မှပဲ မငြိမ်းချမ်းဘူးတဲ့။
ဟုတ်ကဲ့ အရင်ကတော့ လေတောင် ကျယ်ကျယ်မလည်ရဲတဲ့ဘ၀ကို ပြည်သူတွေရခဲ့တယ်။
တုတ်တုတ်တောင် မလှုပ်ရဲတော့ ငြိမ်နေရသပေါ့ဗျာ။
ခုမငြိမ်းချမ်းတာ ပြည်သူတွေမဟုတ်ဘူး။ အာဏာရှင်လက်ဝေခံတွေသာ ဖြစ်ပါလိမ့်မယ်။

နောက်ပြီးတော့ Facebook ကနေ ဘာသာရေး အကြောင်းပြ လှုံ့ဆော်နေတဲ့အဖြစ်။
တမင်သက်သက်ကြီးကို မမှန်သတင်းတွေနဲ့ လှုံ့ဆော်နေမှန်းသိသာလွန်းပါတယ်။
Page တစ်ခုမှာဆို သင်္ကြန်မှာပဲဆိုးဆိုးရွားရွားဖြစ်တော့မလို ရေးတယ်။
ဒါပေမဲ့ သင်္ကြန်ဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံးသွားခဲ့တယ်။
ဒီလိုဆိုလျက်က တမင် အကြံစည်ရှိရှိ လုပ်ဆောင်နေမှန်းသိလျက် အဲဒီ Page ကို အားပေးနေတာတွေ တွေ့ရတော့ တော်တော်ကြီး အံ့သြမိတယ်။
အဆိပ်ပင်ကို ရေမလောင်းသင့်ဘူးဆိုတာလေးများ ဂရုမထားကြတော့ဘူးလားဗျာ။

ဟာ ငါတို့ဖာသာ စိတ်ဝင်စားလို့ Share တယ်ကွာ။ ဒီလောက်နဲ့ ဘာဖြစ်သွားမှာမို့လဲလို့
အပြောမစောပါနဲ့။
ဒီလို အင်မတန် အန္တရာယ်ကြီးတဲ့ အကြံအစည်ရှိရှိ တိုင်းပြည်ဖျက်နေသူတွေကို
လူမိုက်အားပေးမလုပ်ရင် မကောင်းဘူးလား။
အခုလို ကိုယ့်တိုင်းပြည်က ဒီမိုကရေစီ နုနယ်လှသေးတဲ့အချိန်မှာ ကိုယ့်ဘက်က ဒီလောက် ထည့်ဝင်သယ်ပိုးမှုလေးတောင် မလုပ်နိုင်ကြတော့ဘူးလား။
အဆိပ်ပင် ရေမလောင်းဖို့လေးပါဗျာ။

နောက်ပြီး တစ်လက်စတည်း ပြောပါဦးမယ်။
ဒီမိုဘက်တော်သားတွေတင် ရစရာမရှိတာမဟုတ်ဘူး။
မီဒီယာတွေလည်း ဒီ ဖွဘုတ်ပေါ်မှာ ရစရာ မရှိဘူးဗျာ။
Eleven ကို ဆိုလည်း ပြောလိုက်ကြတာ။
ကျနော်တော့ တစ်ခါတစ်လေ စဉ်းစားမိတယ်။
Eleven ဟာ ပြည်တွင်း မီဒီယာ။ ဘယ်ပြည်ပအဖွဲ့အစည်းအထောက်အပံ့မှလည်း မရှိ။
ဒါကိုမှ မယုံရင် ဘယ်သူ့ကို ယုံရတော့မလဲ။ ဒါကိုဆဲနေရင် ဘယ်သူ့ကို အကောင်းမြင်ကြမလဲ။
ဘာလဲ ကြေးမုံနဲ့ မြန်မာ့အလင်းကိုလား?

ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပါပဲ။
ဒီမိုဘက်တော်သားတွေကို ကိုယ်နဲ့ သဘောမတူတာ ရှိတောင်
ရွှေဝါရောင်မှာ ဘုန်းတော်ကြီးခေါင်း ရိုက်ခွဲခဲ့သူတွေ၊
လက်ပံတောင်းမှာ မီးလောင်တိုက်သွင်းခဲ့သူတွေထက်
အများကြီး ယုံ အများကြီး လေးစားပါသေးတယ်။
မီဒီယာတွေမှာဆိုလည်း ဟိုလူကြီး ဟိုသွားဒီသွား၊ လိုအပ်သည်များ စီစဉ်ညွှန်ကြားချည်း တစ်ချိန်လုံး လုပ်ခဲ့တဲ့ မီဒီယာတွေထက် Eleven ကို အပုံကြီး ယုံပါတယ်။
ပြီးတော့ ကိုယ်တတ်နိုင်သလောက်လေး တိုင်းပြည်အတွက် သိတတ်တဲ့အနေနဲ့ပေါ့လေ။
ဒီ Facebook ပေါ်ကနေ လုပ်ကြံသတင်းတွေတင်၊ လှုံ့ဆော် Post တွေ ရေးနေတဲ့
အဆိပ်ပင်မျိုးတော့ ဘယ်တော့မှ ရေမလောင်းပါဗျာ။

ဒါပါပဲ။
အခုကစပြီး ဆဲနိုင်ကြပါပြီ။
ဒီ Facebook ပေါ်မှာက အာဏာရှင်တွေဘက်က မလိုက်ရင် ဆဲချင်သူက ပိုများ မဟုတ်လား။ :P

Read more »

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

Photo

~~~~~~~~~~~~~~~~~~~~~~~~
UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း
ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ
နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။

အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

ပြန်လည်တင်ပြလိုသူများ တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်လည်ဖော်ပြခြင်းသည်းခံပါ။
source: http://www.janes.com/products/janes/defence-security-report.aspx?ID=1065978566

ဓာတ်ပုံ-Photos: Mil Mi-17-1 Aircraft Pictures | Airliners.www.airliners.net

Read more »

panglung matut 50

Read more »

Monday, April 29, 2013

ဖယ်ဒရယ် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ( ၁ )

By-Facebook: Zawzaw Zaw's photo.
ဖယ်ဒရယ် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ( ၁ )
 
ဖယ်ဒရယ်ဆိုသောဝေါဟာရ သည် ရောမစကား Foedus မှ အမြူတေ၍ ဆင်းသက် လာပြီး၊ စုပေါင်း သဘောတူ စာချုပ်အရ ဖွဲ့စည်းခြင်းဟု အဓိပါယ်ရပါသည်။ ဖယ်ဒရယ်နိုင်ငံ သည်လည်း လွတ် လပ်သောနယ် ပယ် များမှ ဘုံအကျိုး တူစီးပွားရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုပြီး၊ အချုပ် အချာပိုင်နိုင်ငံတခုအဖြစ် ဖွဲ့စည်းတည်ထောင်ကာ၊ ဒီမိုကရေ စီစံနစ်ကိုအခြေခံပြီး အာဏာခွဲဝေ ကျင့်သုံးသောနိုင်ငံဟု ကျွန်ုပ်တို့လက်ခံ ယူဆထားပါ သည်။

စစ်မှန်သောဖယ်ဒရယ်ဆိုရာ၌ ဖယ်ဒရယ်မှုပြုခြင်း (Federation) ကိုသာ အများလက်ခံကြ သည့် အ လျှောက်၊ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအကြား အာဏာခွဲဝေရာတွင်၊ ဗဟိုအစိုးရလုပ်ပိုင် ခွင့် အာဏာအား အဖွဲ့ဝင်များ မှ စုပေါင်း ပေးအပ်ပြီး ကျန်အာဏာများအားလုံး မူလပိုင်ရှင် လွတ်လပ်သော အဖွဲ့ဝင်နယ်ပယ်များမှဆက်လက် ပိုင်ဆိုင် ခြင်းဖြစ် သည် ဟု လက်ခံထားပါသည်။ (ဥပမာ – အမေရိကန်နိုင်ငံ၊ ဆွီဇာလန်နိုင်ငံ၊ မက္ကဆီကို နိုင်ငံ၊ ဘရာဇီးနိုင်ငံ etc…..)

ဖယ်ဒရယ်တည်ထောင်ရခြင်းအကြောင်းရင်းများ။

၁။ လူမျိုးပေါင်းစုံနေထိုင်ကြသော နိုင်ငံများ (Multination States) ၌ အမျိုးသားအခွင့်အရေး များ၊ မွေးရာပါ အခွင့်အရေး များ၊ နိုင်ငံရေးအခွင့်အရေးများနှင့် အခြားသော အခွင့်အရေးများ ဆုံးရှုံး နစ်နာမှုမရှိစေရန် သော်၎င်း၊ နိုင်ငံအတွင်း မှီတင်း နေ ထိုင်ကြသော နိုင်ငံသားအားလုံး၏ အကျိုး စီးပွားပိုမိုဖြစ်ထွန်းစေရန် သော်၎င်း၊ ရည်ရွယ်၍ ဖယ် ဒရယ်နိုင်ငံ တည် ထောင်ကြလေ့ရှိသည်။

၂။ ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ “ အမျိုးသားတိုင်း အမျိုးသား နိုင်ငံတော် တည်ထောင်ခွင့် ရှိသည် ” ဟူသော ယူဆချက်ပြင်းထန်လာပါသည်။ သို့သော် နိုင်ငံငယ်များ တည်ထောင်၍ အကျိုးစီးပွားဆုတ် ယုတ်စေမည့်အစား၊ သင့်တော်ရာနယ်ပယ်များစုပေါင်း၍ ဖယ်ဒရယ်နိုင်ငံတည်ထောင်ခြင်းဖြင့် ပိုမိုအကျိုးစီး ပွား ဖြစ်ထွန်းကြောင်း နားလည် သိရှိကြသောကြောင့် ဖယ်ဒရယ်နိုင်ငံတည်ထောင်ကြလေ့ရှိသည်။

၃။ “ စည်းလုံးခြင်းသည် ခွန်အား ” ဟူသော ဆောင်ပုဒ်အတိုင်း၊ အင်အားနည်းသော နိုင်ငံများအား အင်အား ကြီးသော နိုင်ငံမှ ကျူးကျော်ထိပါးခြင်း (သို့) ကျူးကျော်ထိပါးခံရနိုင်ဖွယ်ရှိခြင်းရန်မှ ကင်းလွတ်ရန်၊ လုံခြုံရေးအရ စု ပေါင်းဖယ် ဒရယ်နိုင်ငံ တည်ထောင်ကြလေ့ရှိသည်။

၎။ လူမျိုးရေးအရ ကွဲပြားခြားနားမှုမရှိသော်လည်း၊ နယ်မြေကျယ်ပြန့်ခြင်း၊ ထိရောက်သော အုပ်ချုပ်ရေး စံနစ် ဖော် ဆောင်လိုခြင်းတို့ကြောင့် “ အာဏာကို အောက်ခြေအထိ ဖြန့်ကျက်ရမည် ” ဟူသော ဆိုရိုးစကားအတိုင်း ဖယ်ဒရယ် စံနစ် ကို တည်ဆောက်ကြလေ့ရှိသည်။ ဖယ်ဒရယ်စံနစ်၏ မူလသဘာဝသည် အာဏာကိုအောက် ခြေ သို့ ဖြန့်ကျက်ပြီး သား လည်း ဖြစ်သည်။

အထက်ပါအချက် (၄) ချက်ကို လေ့လာခြင်းအားဖြင့် ဖယ်ဒရယ်စံနစ်သည် “ အချုပ်အခြာ အာဏာနှင့် အကျိုး အမြတ်လဲလှယ်သော စံနစ် ” အဖြစ် မှတ်ယူနိုင်သကဲ့သို့ “ ခွဲထွက်ခြင်း မဟုတ်ပဲ ပေါင်းစည်းခြင်း ဖြစ်သည် ” ဟု လည်း မှတ်ယူလက်ခံနိုင်ပါသည်။ ထို့ကြောင့် ယနေ့ ရာကျော်သော ကမ္ဘာ့နိုင်ငံများတွင် ၂ဝ ခန့်သော ဖယ်ဒ ရယ်နိုင်ငံများမှ ကမ္ဘာ့မြေမျက်နှာ်ပြင်၏ တစ်ဝက်ကျော်ကို ပိုင်စိုးထားနေပါသည်။ တိုးတက်ဖွံ့ဖြိုးသော နိုင် ငံများလည်း ဖြစ်ကြပါသည်။

ဖယ်ဒရယ်စံနစ်၏ အထူးကြန်အင်လက္ခဏာများ

၁။ အာဏာခွဲဝေခြင်း။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

၁။ အာဏာခွဲဝေခြင်း။

ဖယ်ဒရယ်နိုင်ငံများတွင် အစိုးရအာဏာအား ယေဘုယျအားဖြင့် လုပ်ပိုင်ခွင့်အာဏာစာရင်း သုံးမျိုးခွဲ ခြားထား လေ့ရှိပါသည်။ ဗဟို/ ဖယ်ဒရယ်အစိုးရလုပ်ပိုင်ခွင့်အာဏာ (Central/ Federal list) ၊ အဖွဲ့ဝင် / ပြည် နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာ (State list) ၊ နှင့် ထပ်တူ အညွှန်းပြု အာဏာ (Concurrent list) ဟူ၍ ဖြစ် သည်။

Central/ Federal list တွင် ဗဟိုအစိုးရနှင့် ဆိုင်သောအရာများဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငွေကြေးဒင်္ဂါးပြုလုပ်ခြင်း၊ ရထားပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်း …etc…များ ပါဝင် သည်။ ၎င်းလုပ်ပိုင်ခွင့်များကို အဖွဲ့ဝင်ပြည်နယ်အစိုးရ များမှ အပ်နှင်းလေ့ရှိ ပါသည်။ အမေရိကန်နိုင်ငံ တွင် ဖယ်ဒ ရယ်အစိုးရမှ လုပ်ပိုင်ခွင့်အာဏာ ၁၈ ခု အပ်နှင်းထား ပါသည်။

ပြည်နယ်အစိုးရလုပ်ပိုင်ခွင့် (State list) သည် ပြည်နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ စက်ရုံ၊ တရား ဥပဒေစိုးမိုးရေး…etc … များဖြစ်ကြပါသည်။ အမေရိကန်နိုင်ငံတွင် ဖယ်ဒရယ်အစိုးရ လုပ်ပိုင်ခွင့် ၁၈ ချက်မှ အပ ပြည်နယ်အစိုးရမှ အားလုံးပိုင်ဆိုင်ထားပါသည်။ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် အာဏာအား တဖက်သတ်ပြ ဌာန်းလုပ်ပိုင် ခွင့်အာဏာ (Exclusive Power) အဖြစ် သတ်မှတ်လေ့ရှိပါသည်။ ဗဟိုအစိုးရမှ ဝင်ရောက်စွက် ဖက်လေ့မရှိကြပါ။

ထပ်တူအညွှန်းပြုအာဏာ (Concurrent list) သည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရကြား ပူးတွဲ လုပ်မှရ မည့်အရာ၊ တဖက်သတ်လုပ်၍ မပြီးပြတ်နိုင်သောအရာများအား ဆိုလိုပါသည်။ ဥပမာ- အခွန်ကောက်ခံပိုင်ခွင့် အာဏာ၊ လမ်းပန်းဆက်သွယ်ရေးရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရာများ၊ ကြေးငွေချေးငှားခြင်းအ ရာ စသည်တို့ဖြစ် ပါသည်။

ထို့ပြင် ကြွင်းကျန်အာဏာ (Residuary Power) များအား ဗဟိုအစိုးရလုပ်ပိုင်ခွင့်နှင့် ပြည်နယ် အစိုးရ လုပ်ပိုင်ခွင့်၊ မည်သည့်နေရာ၌ ထားရှိရမည့်အကြောင်းများလည်း ရှိပါသေးသည်။ စစ်မှန်သော Federation စံနစ်နိုင်ငံများတွင် ဗဟိုအစိုးရအား အာဏာကန့်သတ်ပေးထား သည့်ဖြစ် ရာ ပြည် နယ်လုပ်ပိုင်ခွင့်၌ ထားရှိခြင်း သည် ပိုသင့်တော်သည်ဟု နိုင်ငံရေး သိပ္ပံပညာ ရှင်များက ယူဆလေ့ရှိကြပါသည်။ ထို့ကြောင့် ကြွင်းကျန်အာဏာအား ပြည်နယ်မှမပိုင်ဆိုင်လျှင် စစ်မှန်သောဖယ်ဒရယ်စံနစ်မဟုတ်ဟု ယူဆသူများလည်း ရှိပါသေးသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးသားထားရှိခြင်းသည် ဖယ်ဒရယ်နိုင်ငံတော်၏ အာမခံချက်ဖြစ် သည်။ နိုင်ငံ တော်စာ ချုပ်အား ပါဝင်ထည့်သွင်းအကျုံးဝင်စေရမည်။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရ ကြားလုပ်ပိုင်ခွင့်နယ်ပယ် မရှုပ်ထွေး စေရန် တိကျရှင်းလင်းစွာရေးသားဖော်ပြထားရမည်။ ထို့ကြောင့် မရှိမဖြစ်လိုအပ်သောအရာလည်း ဖြစ်သည်။

၃။ တင်းကြပ်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အာမခံချက်၊ အသက်သွေးကြောတမျှ အရေး ပါနေသော ကြောင့် တင်းကျပ်သည့်ဥပဒေဖြစ်ရန် အထူးလိုအပ်ပါသည်။ တဖက် သတ်ပြုပြင်၊ ပြောင်းလဲ၊ ဖြည့်စွက်၊ ဖျက် သိမ်း၊ ပြင်ဆင်ခြင်း များပြုလုပ်ခွင့် မရှိပဲ ပြည်နယ် အစိုးရအများစု၏ ဆန္ဒအရ သာပြုလုပ်ရမည်ဖြစ်သဖြင့် ခိုင် မာတင်းကြပ်မှုရှိရမည် ဖြစ်သည်။

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေအထွဋ်အမြတ်ရှိခြင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့် အာဏာများ သီးခြားပြ ဌာန်းထားရှိခြင်း၊ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ်ရေးစံနစ်တခုလုံးနှင့် ၎င်းတို့မှထုတ်ပြန်သော ဥပ ဒေများ၊ အမိန့်အာဏာများအာလုံး ဖွဲ့စည်းအခြေခံဥပဒေနှင့် ဆန့်ကျင်မှု မရှိပဲ လိုက်လျှောညီထွေလုပ် ဆောင်ရ မည်ဖြစ်သဖြင့် အထွဋ်အမြတ်ထား ထိန်းသိမ်းရန် အထူးလို အပ်ပါသည်။

၅။ သီးခြားလွတ်လပ်သော တရားစီရင်ရေးစံနစ်။

ဖယ်ဒရယ်စံနစ်တွင် သီးခြားလွတ်လပ်၍ စွမ်းအင်ရှိသောတရားရေးစံနစ်တည်ရှိရန် အထူးလိုအပ်ပါ သည်။ ဗဟိုတရားရုံး (Supreme Court) သည် ဗဟိုနှင့် ပြည်နယ်အစိုးရများမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား သစ္စာရှိစွာ လေးစား လိုက်န်ာဆောင်ရွက်မှုရှိမရှိအား မျက်ခြေမပြတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။ ဗဟိုတရား ရုံးသည် ဖွဲ့စည်းပုံ ခြေခံဥပဒေအပေါ် အုပ်ထိန်းသူအဖြစ် ရပ်တည်ပြီး၊ ဥပဒေအကြောင်းအရာများ အား ရှင်းလင်း ခြင်း၊ ဥပဒေအ ကြောင်းအရာများ လွဲမှားစွာကောက်ယူ အဓိပါယ်ဖွင့်ခြင်းနှင့် လုပ်ဆောင်မှုများ အပေါ် ဆုံးဖြတ် ချက်ချရမည်ဖြစ် သည်။ ထို့ကြောင့် သီးခြား လွတ်လပ်သောတရားရေးစံနစ်ဖြစ်ရန် လိုအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ

ပြည်ထောင်စုမြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာချိန်၌ လွတ်လပ်၍ အချုပ် အချာ အာဏာပိုင်ဆိုင်သော နိုင်ငံအဖြစ် ပေါ်ထွန်းလာပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြေခံသဘော သဘာဝအား လေ့လာမည်ဆိုလျှင် ပင်လုံစာချုပ်နှင့် ၎င်းစာချုပ်၌ လက်မှတ်ရေး ထိုးလာခဲ့သောအမျိုးသား ခေါင်း ဆောင်များ ၏ စိတ်ဓါတ်ကိုပါလေ့လာရန် အထူးလိုအပ်ပါသည်။

ပင်လုံစာချုပ်သည် အထူးသဖြင့် လွတ်လပ်၍သီးခြားဖြစ်နေသော နယ်ပယ်ကြီး (၄) ခုကို အခြေခံထား ပါသည်။ ၎င်းတို့မှာ ချင်းတောင်တန်းအက်ဥပဒေ ၁၈၉၆ (The Chin Hills Regulation – 1896) ဖြင့် အုပ်ချုပ် သောနယ်မြေ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့် အုပ်ချုပ်သော နယ် မြေ၊ ပြည်ထောင်စုရှမ်းပြည်အက်ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်သောနယ်မြေနှင့် The Gorvernment of Burma Act, 1935 ဖြင့် အုပ်ချုပ်သောနယ်မြေများမှ အမျိုးသားကိုယ်စားလှယ်ကြီးများ သ ဘောတူလက် မှတ်ရေးထိုးကာ ဘုံအကျိုးစီးပွားကိုမျှော်ကိုး၍ အချုပ်အချာအာဏာပိုင်နိုင်ငံတော် တည်ထောင် ခြင်းဖြစ်သောကြောင့် ပြည်နယ်များပေါင်း စုထားသည့် ပြည်ထောင်စု (Federal) စံနစ်နိုင်ငံတော် အဖြစ် ပေါ်ထွန်း လာပါသည်။

ပင်လုံစာချုပ်သည် လွတ်လပ်ရေးမရမီ သဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်ဖြစ်သည့် အ လျှောက် စာချုပ်ပါအချက်အလက်များတွင် လွတ်လပ်ရေး၊ တိုင်းရေးပြည်ရေးများ ပါဝင်နေပါသည်။ တိုင်းရင်းသား ခေါင်းဆောင်များ မှလည်း ပင်လုံညီလာခံသို့ တက်ရောက်ရန် ကြိုတင်ပြင် ဆင်မှုများပြုကြပြီး၊ မိမိတို့အမျိုး သားများ လိုအပ်သောအရာများကို အချက်အလက်ဖြင့် တင်ပြဆွေးနွေး ရန် ကြိုတင်ပြုစုလာခဲ့ကြပါသည်။

ကချင်အမျိုးသားကိုယ်စားလှယ်များသည် 1st February 1947 ၌ ကွက်ခိုင်နယ်၊ နမ့်ဖက်ကာရွာ တွင် ကြိုတင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို တညီတညွတ်တည်း ချမှတ်ခဲ့ပါသည်။

(၁) ကချင်အမျိုးသားများဟာ ဗမာအမျိုးသားတွေနှင့် တပြိုင်တည်းလွတ်လပ်ရေးရရန်။

(၂) ကချင်အမျိုးသားများရဲ့ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့ နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုး သားပြည်နယ် ဖွဲ့စည်းရန်။

(၃) လွတ်လပ်တဲ့ကချင်သီးခြားနိုင်ငံထဲမှာ ဗန်းမော်နဲ့မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသ များနဲ့ ကသာမြို့ရဲ့ မြောက်ဘက် မြေပြန့်ဒေသများပါဝင်စေရန်။

(၄) ဗမာအမျိုးသားများနဲ့ ကချင်အမျိုးများ၊ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့နယ်နမိတ် ချက်ချင်း သတ်မှတ်ရန်။

(၅) နယ်နမိတ်သတ်မှတ်ပြီးပြီးခြင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိတဲ့ အခွင့်အာဏာများ၊ ကချင် အမျိုးသားများ လက်သို့ပေး အပ်ရန်နှင့် မြန်မာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသား ဝန်ကြီးတစ်ဦး ခန့်အပ်ရန်။

(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းရွက် ရန်။

(ခ) ကချင်ဝန်ကြီးမှ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများတွင် ပါဝင်နိုင်ရန်။

(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်။

(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာတနိုင်ငံလုံးစောလျင်စွာ လွတ်လပ်ရေး ရရှိရန် အတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာ ချက်ချင်းပါဝင်ကြရန်။

(၇) အထက်မှာ ဖော်ပြတဲ့အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြား လွတ်လပ်သည့် ကချင်နိုင်ငံအပါအဝင် လွတ်လပ်သည့်မြန်မာပြည်ထောင်စု အစိုးရဖွဲ့စည်းရန်။

(က) သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည် မပါဝင်ဘူးဆိုသည့်ကိစ္စကို သီးခြား ကချင်နိုင်ငံရဲ့ ပြည်သူလူ ထုကသာ ဆုံးဖြတ်ရမည်။

(ခ) ပြည်ထောင်စုဖွဲ့စည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာ ခွဲထွက်ခွင့် ရှိရမည်။

(ဂ) မြန်မာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ္ဍာရေး အထောက် အပံ့ပေးရမည်။

(၈) အထက်ပါတညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်။

ကချင်အမျိုးသားကိုယ်စားလှယ်များ ပင်လုံသို့ရောက်ရှိပြီး၊ ရှမ်းအမျိုးသားကိုယ်စားလှယ်များနှင့် 6th February 1947 မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပြီး အောက်ပါအချက်အလက်များအား ကချင်၊ ရှမ်းကော်မီတီမှ ဆုံး ဖြတ်ချက်ချခဲ့ပါသည်။

(၁) ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။

(၂) အမှုဆောင်ကော်မီတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စား လှယ်တို့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင် ရွက်ကြရမည်။ ထို့အပြင် ကာကွယ် ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော်အစရှိသော အားလုံးနှင့် သက်ဆိုင်သည့်ကိစ္စများအတွက် အား လုံးစုပေါင်းတာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကိုဤကော်မီတီက ထောက်ခံ သည်။

(၄) ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရတို့၏ (အောင်ဆန်းအက်တလီစာချုပ်) သဘောတူညီ ချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်းမရှိစေရ။

(၅) လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ “ ပြည်ထောင်စု ” မှ ကျွန်ုပ်တို့သဘောကျသည့် အချိန် တွင် ခွဲထွက် လိုကခွဲ ထွက်ခွင့် ရှိစေမည်။

ထို့နောက် ချင်းအမျိုးသားကိုယ်စားလှယ်အဖွဲ့သည် 6th February 1974 ၊ ညအချိန်၌ ပင်လုံ သို့ရောက် ရှိလာရာ ကချင်၊ ရှမ်း ပူးတွဲကော်မီတီဆုံးဖြတ်ချက်အား တင်ပြဖတ်ကြား ခဲ့ကြပါသည်။ ချင်းအမျိုးသား ကိုယ်စားလှယ်အဖွဲ့မှ အောက်ပါအချက်များကို ဖြည့်စွက်၍ ထောက် ခံကြသဖြင့် အားလုံးသဘောတူလက် ခံကြကာ၊ ရှမ်း၊ ချင်း၊ ကချင် ပူးတွဲကော်မီတီ ဆုံးဖြတ်ချက် အဖြစ် ဖော်ပြကြပါသည်။

(က) ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ခံစားရသောအခွင့်အရေးနှင့် ရပိုင်ခွင့်အားလုံး တို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်ရှိခဲ့သော် မြန်မာပြည်အခွန်တော်ဆက်ငွေများမှဖြည့်တင်း သုံးစွဲရ မည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားများ စည်းလုံး ညီညွတ်ရေး အဖွဲ့ ဦးစီးအမှု ဆောင်ကောင်စီတရပ်ကို ဖွဲ့စည်းတည်ထောင်ရမည်။ ၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် စပ် လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာခေါင်းဆောင်များနှင့် အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော် တွမ်လီတို့သည် 8th February 1947 တွင် ပင်လုံသို့ရောက်ရှိလာခဲ့ရာ ဗမာပြည်ပ နှင့် နယ်စပ်ဒေသ ပူးပေါင်းရေးပြ သာနာမှာ အထူးတလည်ဆွေးနွေးရန်မလိုပဲ ပြီးစီးသလောက်ဖြစ် သွားပါသည်။

ပင်လုံညီလာခံကြီးစတင်ကျင်းပနေ့ 10th February 1947 နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း၊ ကချင်၊ ချင်းအမျိုးသားခေါင်းဆောင်ကြီးများ၏ သဘောတူညီဆုံးဖြတ်ချက် (၅) ချက်အပေါ် အောက်ပါအတိုင်း ပြန်လည်ဆွေးနွေးရှင်းလင်းတင်ပြသွားပါသည်။

(၁) ဆုံးဖြတ်ချက် (၁) နှင့် ပတ်သက်၍ ဗမာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့် တူ၊ ဒီမိုကရေ စီကျကျ ခံစားခွင့်ရှိစေရမည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူ ရည်တူခံစားခွင့်ရရှိစေရန် အစည်းအ ဝေးကြီးတွင် အာမခံချက်ပေး ကြောင်းပြောကြားရာ ကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၂) ဆုံးဖြတ်ချက် (၂) နှင့် ပတ်သက်၍ မူအားဖြင့်လက်ခံပြီး အထူးပြောဆိုစရာ မရှိကြောင်း ပြော ကြားသည်။ ကိုယ်စား လှယ်အားလုံးကလည်း ထပ်မံဆွေးနွေးကြခြင်းမရှိချေ။

(၃) ဆုံးဖြတ်ချက် (၃) နှင့် ပတ်သက်၍ ကချင်တောင်တန်းဒေသတွင် အကျုံးမဝင်သည့် မြစ်ကြီးနား၊ ဗန်းမော် ခရိုင်နှင့် ကသာမြေပြန့်ဒေသများမပါဘဲ ကချင်ပြည်ဟု ပြည်နယ်တခုအဖြစ် ရပ်တည်နိုင် လိမ့်မည်ဟု မိမိမယုံ ကြည်ကြောင်း၊ သို့သော် မိမိအနေဖြင့် လုပ်ပိုင်ခွင့်မရှိသော်လည်း ကချင်လူ မျိုးများလိုလားတောင့်တလျက်ရှိ သည့် ကချင်ပြည်နယ်ဖြစ် လာရေးကို လေးစား၍ မူအားဖြင့် မိမိထောက်ခံကြောင်း၊ ယင်းကိစ္စကိုလည်း ရက် သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်၌ ကျင်းပမည့် ဖဆပလညီလာခံတွင် မိမိကိုယ်တိုင်အဆိုတင်းသွင်း မည် ဖြစ်ကြောင်း ပြောကြား ရာကိုယ်စား လှယ်များက တခဲနက်သြဘာပေးကြသည်။

(၄) ဆုံးဖြတ်ချက် (၄) နှင့်ပတ်သက်၍ အောင်ဆန်းအက်တလီစာချုပ်ကို လက်ခံခြင်းမပြု ဟူသောကိစ္စမှာ ယခု ဆွေးနွေးနေသည့်ကိစ္စနှင့် စပ်ဆိုင်ခြင်းမရှိသဖြင့် ဝေဖန်ဆွေးနွေးရန် မလိုကြောင်း ပြောကြားသွားသည်။

(၅) ဆုံးဖြတ်ချက် (၅) ခွဲထွက်ခွင့်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက မူအားဖြင့်လက်ခံပြီး ဤအစည်းအ ဝေးက ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ တိုင်းပြုပြည်ပြုတွင် တင်သွင်း၍ ဆုံးဖြတ်ရ မည့်ကိစ္စဖြစ်ကြောင်းတင်ပြ ရာ အများလက်ခံကြသည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ခွဲထွက်ခွင့်သည် တိုင်းရင်းသားလူနည်းစု အခွင့်အရေးဖြစ်ပြီး မခွဲထွက်ချင်အောင် ဗမာလူမျိုးကြီးက လုပ်ပြရမည်ဟု ပြောဆိုလာသည်အထိ ခွဲထွက်ခွင့် ကိစ္စကို အမျိုးသားသွေး စည်းညီညွတ်ရေး အတွက် အလေးပေးထားကြောင်း တွေ့ရသည်။

တိုင်းရင်းသားခေါင်းဆောင်များဆုံးဖြတ်ချက်ချမှတ်တင်ပြသော အရာများအားအချော ကိုင်တင်ပြ မှု ပြု၍ အတည်ပြု ပြီးသည့် အပြင် မြန်မာဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံး တို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင် တန်းဒေသတို့မှ ကိုယ်စားလှယ် များတက်ရောက်ကြသော ပင်လုံမြို့ တွင်ကျင်း ပသည့်အစည်း အဝေးတွင် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့ သည် လွတ်လပ်ရေးကိုပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအ ဝေးတက်ရောက် သူအဖွဲ့ဝင်တို့သည် ကန့်ကွက် သူမရှိပဲအောက်ပါအတိုင်းသဘော တူညီကြလေသည်။

(၁) တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ- စ- ည- ဖ) ၏ ကြိုးကိုင်အဖွဲ့ကိုယ်စား လှယ်များက ထောက်ခံချက် အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံ ကရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏အတိုင် ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ၊ ကောင်စီဝင် တဦးအဖြစ် ခန့် ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများ ကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာလက် အောက်သို့ ရောက်ရှိစေ ရမည်။ ဤနည်းလမ်းများ အတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ် ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရ မည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင် သည့်နယ်များ၏ ကိစ္စရပ်များ ကို ဆောင်ရွက်ရန်ဖြစ်၍၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက် စေရန် ဖြစ်သည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ များ၏ တဦး တည်း သောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း၊ ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေ သများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေ ရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း၊ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့ မည် ဖြစ်သော်လည်း၊ နယ်စပ် ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်း နှင့်မဆို တစုံတရာလက်လွှတ်စေရန် အဆိုပါကောင်စီ က ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ် တွင်းအုပ်ချုပ် ရေးတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည် ထောင်ရန်ပြ သာနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ် တ ခုထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် ထမြောက်စေရန်အလို့ငှာ ပဌ္စမခြေလှမ်းအ နေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာ နိုင်ငံတော်အစိုးရ အက်ဥပဒေ အရ၊ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့ သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အား ဆွေးနွေးတိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိမှတ်ပြု ထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ ပဒေသရာဇ်ရှမ်းပြည်နယ်စုတွင် ယခုအပ် နှင်းထားပြီး သော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်း နယ် များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်းမရှိစေရ။ မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီစဉ် မျာကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများတို့ အတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီက၊ နယ်စပ်ဒေသ များ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရ မည်။

ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓါတ်ပဋိညာဉ်များသည် တိုင်းရင်းသားလူမျိုးများအတွက် စစ်မှန်သော အမျိုးသားသွေး စည်းရေးအင်အားကို တည်ဆောက်ပေးနိုင်သဖြင့် ဗမာပြည်နှင့် ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်စသည့် တောင်တန်း ဒေသနယ်မြေများတပြိုင်တည်း လွတ်လပ်ရေးကို လည်း အမိအရ ဆွတ်ခူးပေးနိုင်ခဲ့ပေသည်။

ပင်လုံစာချုပ်ချုပ်ဆိုပြီးသည့်နောက်ပိုင်းတွင် ဗမာပြည်မနှင့် တောင်တန်းဒေသ နယ်မြေများ သည် နိုင်ငံ တခုတည်း အဖြစ် ပူးပေါင်းထားခြင်းမရှိသေးပေ။ သို့သော်လည်း တိုင်းပြုပြည်ပြု လုပ်ငန်း များနှင့် ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းများကို တိုင်ပင်ဆွေးနွေးကြပြီး၊ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင် ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များသည် ပင်လုံစာချုပ်ပဋိညာဉ်များ၊ ပင်လုံစာ ချုပ်နှင့် ဆက်စပ်သည့်စာချုပ်တွင် ဖော်ပြမထားသည့်သဘောတူညီချက်များ၊ ပင်လုံစာချုပ်နှင့် ဆက်စပ် သည့် စာချုပ်တွင် ဖော်ပြ မထားသည့်သဘော တူညီ ချက်များ၊ ဆွေးနွေးချက်များအားလုံးကို ပင်လုံစိတ်ဓါတ်ကပင် တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားသွေးစည်းညီ ညွတ်ရေးကို အခိုင်အမာတည်ဆောက် နိုင်ကြပြီး လွတ်လပ် ရေးကိုလည်း တပြိုင်တည်းဆွတ်ခူးနိုင်ဘို့ အမိအရတွန်းပို့နိုင် ခဲ့ပေသည်။

19th April, 1947 မေမြို့၌ တောင်တန်းသားများစည်းလုံးညီညွတ်ရေးဦးစီးအဖွဲ့တည်ခင်းသော ညစာ၌ ဗိုလ်ချုပ် အောင်ဆန်းတက်ရောက်ကာ “ ပင်လုံတွင် ပေးခဲ့သောကတိအတိုင်း ဆက် လက်ဆောင်ရွက်မည်ကို ယုံ ကြည်စေလို ကြောင်း၊ (၁၀) နှစ် အချိန်ပေးစေလိုကြောင်း၊ ထို (၁၀) နှစ်အတွင်း တောင်တန်းဒေသများကျေနပ် မှုရှိလာအောင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရလျှင် ရှမ်းခေါင်းဆောင်အား သမ္မတတင်မြှောက် ၍ ကရင်အမျိုးသားအား စစ်သေနာပတိခန့်ထားမည်ဖြစ်ကြောင်း၊ တောင်တန်းဒေသခေါင်းဆောင်များအား ဝန် ကြီးများ အဖြစ်လည်း တင်မြှောက် မည်ဖြစ်ကြောင်း ” စသဖြင့် ပြွက်ကြားခဲ့ခြင်းကြောင့် တိုင်းရင်းသားများ ပိုမို စည်းလုံးမိကြသည်ဟု ဆိုကြပါ သည်။ 20th, 21th, April 1947 တွင် ချင်းကိုယ်စား လှယ်များ တင်သွင်းသော အ ချက်များတွင်၊ (၁) ပြည်ထောင်စု (Federal) အသွင်ဖြင့် ပူးပေါင်းခြင်း ဖြစ်ရမည်။ (၂) အချိန်မရွေးခွဲထွက်နိုင်ခွင့် ရှိရမည်ဟူသော အချက်များလည်း ပါဝင်ပါသည်။

14th November, 1946 တွင် ဘုရင်ခံထံ၌ ရှမ်းစော်ဘွားများပေးပို့သော စာတွင်လည်း “ဗမာပြည်နှင့် ပြည်ထောင်စုစံနစ်အရ ပေါင်းမည်။ သို့ရာတွင် -

(၁) ရှမ်းပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမည်။

(၂) အခွင့်အရေးအဆင့်အတန်း တူရမည်။

(၃) ခွဲထွက်လိုသည့်အချိန် ခွဲထွက်ခွင့် ရှိရမည် ဟု ပါရှိခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် အမြော်အမြင်ကြီးမားစွာ ဆွေးနွေး တိုင်ပင်ကြပြီး၊ 1947, February, 12th ၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၏ ပင်လုံစိတ်ဓါတ် အဓိက အနှစ်သာရအ ချက်မှာ -

(၁) သီးခြားစီတည်ရှိသော ဗမာပြည်မနယ်မြေ၊ ရှမ်းပြည်နယ်မြေ၊ ကချင်တောင်တန်းနယ်မြေ၊ ချင်းတောင်တန်း နယ်မြေ (၄) ခု တပြိုင်တည်း လွတ်လပ်ရေးရယူရန်နှင့်

(၂) တိုင်းရင်းသားနယ်မြေများ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အပြည့် အဝရှိပြီး စစ် မှန်သောဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး အခြေခံအချက် နှစ် ချက်ပင် ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ မေလအတွင်း ကျင်းပသောဖဆပလညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ဗဟိုကြိုး ကိုင် ပင်မပြည်ထောင်စု (Unitary State) ဖွဲ့စည်းရန် မသင့်ဟုအတိအလင်းပြောဆိုခဲ့သည်။ သို့ရာ တွင် ဗိုလ်ချုပ် အောင်ဆန်းကျဆုံးပြီးသည့်နောက်ပိုင်းတွင် မေ့လျှော့ပစ်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းလမ်းကြောင်းတလျှောက်သည် အထူး ပြောစရာရှိမည် မထင်ပါ။ ဦးနုဦးဆောင်သော ဖဆပလ အစိုးရသည် ၁၉၄၇ ပင်လုံစာချုပ်ကို အခြေခံသည်ဟု ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးချန်ထွန်းဦးဆောင်၍ ရေးဆွဲခဲ့ပါသည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပင်လုံစာချုပ်ပါ အချက်အလက်များအား လိုတမျိုး၊ မလိုတမျိုး အဓိပါယ်ဖွင့်ဆို၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ဦးချန်ထွန်းဦးကိုယ်တိုင်ကပင် “ ကျတော်တို့ရဲ့ အခြေခံဥပဒေဟာ သဘောတရားအားဖြင့် ပြည်ထောင်စုစံနစ် (Federal Form) ဖြစ်ပေမဲ့ လက်တွေ့ တွင် တပြည်ထောင်စံနစ်ဖြစ်ပါတယ် ” ဟု ထုတ်ဖော်ပြောဆိုကြောင်း ရန်ကုန် တက္ကသိုလ် ရာဇဝင်ပါမောက္ခဟောင်း မစ္စတာတင် ကားက သူ၏ “ ပြည်ထောင်စုမြန်မာနိုင်ငံတော် ” စာအုပ် တွင် ဤကဲ့သို့ဖော်ပြထားပါသည်။ (The Constitutional Adviser, Chan Htoon, observed much later that “ Our Constitution, though in theory federal, is in practice unitary ” )( The Union of Burma by Hugh Tinker. Page 30)

သို့ရာတွင် တိုင်းရင်းသားများအမြဲတမ်းအမျိုးသားလုံခြုံရေးအတွက် ဆွဲကိုင်လာခဲ့သော ခွဲထွက် ခွင့် နှင့် ပတ်သက်၍ ပစ်ပယ်ခြင်းမပြုနိုင်ခဲ့ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ပိုင်ခွင့်နှင့် အခန်း (၁၁) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပိုင်ခွင့်ရှိကြောင်း အတိ အလင်း ပြဌာန်းထားသည်။ အကယ်၍ ပြည်နယ် များသည် ခွဲထွက်ခွင့်တောင်း လာပါက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်ပင်လျှင် ပယ်ချပိုင်ခွင့်မရှိ ပေ။ ပြည်နယ်တိုင်း ရင်း သားခေါင်းဆောင် များသည် ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ပြင်းထန်စဉ်က ဝန်ကြီးချုပ်ဦးနု၏ စစ်တပ်အင်အားသည် တပ်ရင်းတစ်ရင်းနှင့် တဝက်သာကျန်ရှိပြီး၊ ၁၂ မိုင်အစိုးရ ဟုခေါ်တွင်ခံရ သည့်အချိန်တွင် ပင် ကချင်၊ ကယား၊ ရှမ်း၊ ချင်း၊ ပြည်နယ်ခေါင်းဆောင်များ သည် ပြည်ထောင်စု အစိုးရနှင့် လက်ချင်း ယှက်ပြီး မိမိတို့တွင်ရှိသော အင်အားတပ်ရင်း (၈) ရင်း ဖြည့်တင်း ပြီး ပြည်ထောင်စုကို ဖက်တွယ် စုပေါင်းကာကွယ်နိုင် ခဲ့ကြသည်။ ပြည်နယ်ခေါင်းဆောင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ပြ ဌာန်းထားသော်လည်း ခွဲထွက်ခွင့် တကြိမ်တခါမျှ တောင်း ခံတင်ပြခြင်း အသုံးမပြုခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များချမှတ်သော ပင်လုံစိတ် ဓါတ်ပါရှိ သည့်အတိုင်း တိုင်းရင်းသားများ တန်းတူ ရည်တူ စစ်မှန်သောပြည်ထောင်စု ပြန်လည်တည်ထောင်လိုခြင်းသည် ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းပင် ဖြစ် သည်။   ( source - ဆောင်းပါး - ခိုနူမ်းထုန် သတင်းဌာန )

သို့ရာတွင် တိုင်းရင်းသားများအမြဲတမ်းအမျိုးသားလုံခြုံရေးအတွက် ဆွဲကိုင်လာခဲ့သော ခွဲထွက် ခွင့် နှင့် ပတ်သက်၍ ပစ်ပယ်ခြင်းမပြုနိုင်ခဲ့ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ပိုင်ခွင့်နှင့် အခန်း (၁၁) တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပိုင်ခွင့်ရှိကြောင်း အတိ အလင်း ပြဌာန်းထားသည်။ အကယ်၍ ပြည်နယ် များသည် ခွဲထွက်ခွင့်တောင်း လာပါက နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည်ပင်လျှင် ပယ်ချပိုင်ခွင့်မရှိ ပေ။ ပြည်နယ်တိုင်း ရင်း သားခေါင်းဆောင် များသည် ၁၉၄၉ ခုနှစ်၊ ပြည်တွင်းစစ်ပြင်းထန်စဉ်က ဝန်ကြီးချုပ်ဦးနု၏ စစ်တပ်အင်အားသည် တပ်ရင်းတစ်ရင်းနှင့် တဝက်သာကျန်ရှိပြီး၊ ၁၂ မိုင်အစိုးရ ဟုခေါ်တွင်ခံရ သည့်အချိန်တွင် ပင် ကချင်၊ ကယား၊ ရှမ်း၊ ချင်း၊ ပြည်နယ်ခေါင်းဆောင်များ သည် ပြည်ထောင်စု အစိုးရနှင့် လက်ချင်း ယှက်ပြီး မိမိတို့တွင်ရှိသော အင်အားတပ်ရင်း (၈) ရင်း ဖြည့်တင်း ပြီး ပြည်ထောင်စုကို ဖက်တွယ် စုပေါင်းကာကွယ်နိုင် ခဲ့ကြသည်။ ပြည်နယ်ခေါင်းဆောင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း (၁၀) တွင် ခွဲထွက်ခွင့်ပြ ဌာန်းထားသော်လည်း ခွဲထွက်ခွင့် တကြိမ်တခါမျှ တောင်း ခံတင်ပြခြင်း အသုံးမပြုခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်း သားခေါင်းဆောင်များချမှတ်သော ပင်လုံစိတ် ဓါတ်ပါရှိ သည့်အတိုင်း တိုင်းရင်းသားများ တန်းတူ ရည်တူ စစ်မှန်သောပြည်ထောင်စု ပြန်လည်တည်ထောင်လိုခြင်းသည် ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းပင် ဖြစ် သည်။ 
 ( source - ဆောင်းပါး - ခိုနူမ်းထုန် သတင်းဌာန )

Read more »

Bring us hope ( Good bye ) click on video link

Read more »

Sunday, April 28, 2013

Wunpawng mungdan ngwi pyaw gin ra ( click on video )

Read more »

Nangma lawm ai,Ngai ma lawm ai ( one Kachin -click on video )

Read more »

Saturday, April 27, 2013

panglung matut- 49

Read more »

panglung matut-48

Read more »

Thursday, April 25, 2013

panglung -47

Read more »

Htawt shut n-mai sai Lagaw lahkjam ni Daw-( III )

Read more »

သယံဇာတကျိန်စာ (ကချင်စစ်ပွဲများ) နှင့် ကချင်ငြိမ်းချမ်းရေး

UK အင်္ဂလန်မှလူတစ်ဦးက ကီလိုမီတာ ၆၀ လမ်းလျှောက်ပြီး၊ မြန်မာနိုင်ငံက လူအခွင့်အရေးချိုးဖောက်မှုများအတွက် Fund Raise လုပ်မယ်။ စပွန်စာတောင်းတဲ့စာ ရရှိပါတယ်။ အထူးသဖြင့် မိထ္ထီလာမှာဖြစ်တဲ့ လူသောင်းနဲ့ချီပြီး အိမ်ခြေပျက်စီး၊ လူ၄၀ကျော် သေကျေ (အစိုးရထုတ်ပြန်ချက်) ကို မူဆလင်များအတွက်လျှို့ဆော်နေပါတယ်။ သူ့အတွက်ကီလိုမီတာ၆၀ လမ်းလျှောက်ခရီးထက်  ဒီထက် အဆပေါင်းများစွာ လူ့အခွင့်ရေးမဲ့ဖြစ်ရတဲ့ ကချင်ပြည်နယ်အတွက် ကီလိုမီတာ ၁၁၆၁ ခရီးရှည်ကြီး လူငယ်များစွာ ရန်ကုန်မှလိုင်ဇာသို့ လမ်းလျှောက်ခဲ့ရပါတယ်။

ကမ္ဘာက မသိချင်ယောက်ဆောင်ခဲ့တဲ့

လူအခွင့်အရေးချိုးဖေါက်မှုများ လွန်ခဲ့တဲ့ ၁၉၈၈ ကတည်းက အကြီးအကျယ်ဖြစ်ခဲ့တာ၊ ၂၀၀၃ ထောက်လှမ်းရေးမှုးချုပ် ဗိုလ်ချုပ်ခင်ညွန် ပြုတ်သွားမှပဲ အဆုံးသတ်သွားပါတယ်။ ထိုစဉ်ကာ မြန်မာ ထောက်လှမ်းရေးရဲ့၊ ယုတ်မာရက်စက်၊သတ်ဖြတ်ခဲ့ပုံများ ထောင်များမှတ်တမ်းစာအုပ်များစွာ မြန်မာလို၊ အင်္ဂလိပ်လို ရေးသားထားတာ၊ တကယ်မှဟုတ်ရဲ့လား လို့တောင် ထင်မှတ်ရပါတယ်။ ဘာလဲဟဲလူ့ငရဲ (ဦးဝင်းတင် NLD)၊  ရဲ့ 'ဘာလဲဟဲ့လူငရဲ'၊  မြန်မာအစိုးရက ဂျာမဏီသို့လွှဲပေးလိုက်တဲ့ Liao Yiwu ရဲ့ စာအုပ်များ၊ "မင်းဒင်သက်ခိုင်" ကဲ့သို့သော စာအုပ်များစွာ မှတ်တမ်းရှိပါတယ်။ ၂၀၁၁ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးတဲ့ သမ္မတဦးသိန်းစိန်အစိုးရသစ်မှာ ထောင် တဖြေးဖြေးနဲ့ ထောင်တွင်းပြုပြင်ပြောင်းလဲရေးများစွာ လုပ်နိုင်ခဲ့တော့၊ ပိုမိုကောင်းမွန်လာပြီလို့ ဆိုနိုင်ပါတယ်။

ပြည်ပမီဒီယာများ ပြောဆိုမှုမှာ ကချင်အရေးအခင်းကို မေ့ထားပါတယ်။ ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းဖျက်သိမ်းပြီး၊  မြန်မာစစ်တပ် ကချင် KIA နယ်မြေများသို့ သယံဇာတစစ်ပွဲ ဖြစ်လာကတည်းက၊ ကချင်ပြည်သား တစ်သိန်းခန့် ဒုက္ခသည်စခန်းရောက်သွားပြီး၊ မြို့ရွာများစွာ အစိုးရစစ်တပ်မှာ မီးရှို့ဖျက်ဆီးခံရပါတယ်။ ၂ဖက်သေကြေမှုနဲ့များကတော့ ထောင်ဂဏန်းမက ..နောက်ဆုံး ပြည်တွင်းစစ်ကို တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်များပါဝင်လာခြင်း ... တရုပ်က ငြိမ်ကြည့်နေပြီး၊ အမေရိကန်နဲ့ကုလသမဂ္ဂတို့ကပါ ၀င်ပြောမှာ ဖေဖေါ်ဝါရီ၂၀၁၃ မှာ စစ်ရပ်စဲခဲ့ပါတယ်။

အဲဒီစစ်ပွဲဟာ အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး တိုက်ခံရသလား..လို့မေးခွန်းရှိပါတယ်။ သေချာတာကတော့ သယံဇာတစစ်ပွဲဖြစ်ပါတယ်။ အမေရိကန်နဲ့အဆင်ပြေပြီးတဲ့နောက် အမေရိကန်သြဇာရှိတဲ့ထိုင်းနယ်စပ် ကေအင်ယူ (ကရင်လက်နက်ကိုင်)များနဲ့ မြန်မာစစ်တပ် အဆင်ပြေခဲ့ပါတယ်။ အခု တရုပ်နဲ့မြန်မာ အဆင်မပြေဖြစ်နေတာတော့ သေချာပါတယ်။ မြစ်ဆုံစီမံကိန်းဖျက်သိမ်းခြင်း၊ လက်ပံတောင်းတောင်စီမံကိန်းအရေးခင်းများဟာ တရုပ်ပြည်ရဲ့ မဟာရွှေဓါတ်ငွေလိုင်းကြီးအထိ ရှုပ်ထွေးတဲ့ ဇတ်လမ်းများရဲ့ ရလဒ်တစ်ခုလို့ နိုင်ငံရေးလေ့လာသူနဲ့စာရေးဆရာ ဦးကျော်ဝင်းက ကောက်ချက်ချထားပါတယ်။ မြစ်ဆုံ၊လက်ပံတောင်း၊ရွှေဓါတ်ငွေ့နဲ့ စစ်ဘက်ဆိုင်ရာ စီမံကိန်းပေါင်း ထောင်နဲ့ချီပြီး ရှိတဲ့စီးပွားရေးစာချုပ် နစ်နာချက်များကို ယခုခေတ် ပညာရှင်မြန်မာများက အမှန်သို့ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာပြည်အတွက် တရုပ်ပြည်ဟာအလွန်အရေးပါတဲ့နိုင်ငံဖြစ်ပါတယ်။ ကချင်၊၀၊ရှမ်း လက်နက်ကိုင်များစွာ တရုပ်နယ်စပ်မှာ ရှိနေပါတယ်။ အမေရိကန်မြန်မာအစိုးရနဲ့ချစ်ကြည်လာခြင်းဟာ တရုပ်အစိုးရ စိုးရိမ်ရတဲ့အတွက် မြန်မာပြည်အစိုးရ၊ စစ်တပ်နဲ့လူမျိုးစုလက်နက်ကိုင်၊ ပြည်သူလူထု အားလုံး ညီညွတ်မှု ရဖို့ အရေးကြီးလှပါတယ်။

မွတ်ဆလင်များနစ်နာချက်ထက် ကချင်ပြည်နယ်သားများ နစ်နာချက်က အများကြီးပိုပါတယ်။ အားလုံးငြိမ်းချမ်းဖို့ရာ အစိုးရနဲ့လူနည်းစုများ ညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်။

အရေးကြီးဆုံးကတော့
- မြန်မာအုပ်ချုပ်သူလူတန်းစားပါပဲ။ ပထမ ကချင် KIA စစ်အုပ်ချုပ်သူများနဲ့ ကချင်ပြည်သူလူထု ညီညွတ်မှုကို ဆက်လက်ထိန်းထားရပါတယ်။
- သယံဇာတကျိန်စာ (စစ်ပွဲများ) ကို လူငယ်များဆီမကူးစက်စေသင့်ပါဘူး။
- ကချင်ပြည်နယ် တိုးတက်ရေးအတွက် ကချင်ပြည်နယ်သား လူငယ်များ ပညာရေး နဲ့ အင်္ဂလိပ်စာမြင့်တင်ပေးရပါမယ်။
- ကမ္ဘာ့ကချင်လူငယ်များနဲ့ လင့် ဆက်သွယ်ပေးရမှာက ကချင်ပြည်နယ်သားများရဲ့ (ကချင်လူမျိုးများရဲ့) အဓိကတာဝန်ပါ။

မည်သို့ပင်ဖြစ်စေ ပြည်သူများ တခဲနက်တောင်းဆိုမှုများကို မြန်မာအစိုးရသစ်က ခွင့်ပြုခဲ့လို့ မြစ်ဆုံးစီမံကိန်းရပ်ဆိုင်းရတယ်။ အခု ကချင်စစ်ပွဲလည်း ၂နှစ်နီးပါးအကြာမှာ ရပ်ဆိုင်းသွားရပါတယ်။ ရန်ကုန်မြို့ကနေ ကချင်ပြည်၊ လိုင်ဇာမြို့အထိ ကီလိုမီတာ ၁၁၆၁ ခရီးရှည်၊ လမ်းလျှောက်ငြိမ်းချမ်းရေးလူငယ်များအဖွဲ့ကို မှတ်တမ်းတင်ပါတယ်။

အင်ဂွန်ဂျာဝါ (၂)

By: n gun ja wa Blog

Read more »

Wednesday, April 24, 2013

panglung 45

Read more »

panglung -46

Read more »

ကချင်ဒီအပ်စပိုရာနှင့် နိုင်ငံရေးလှုပ်ရှားမှု - Ja Maran

ကချင်ဒီအပ်စပိုရာနှင့် နိုင်ငံရေးလှုပ်ရှားမှု - Ja Maran (၂)

(ကချင်မနုဿဗေဒပညာရှင် ဂျာမရန် (Ja Maran) ရေးပြီး ခေတ်မောင်းဂျာနယ် တွဲ ၁၊ မှတ် ၂ မှာ  ဖော်ပြခဲ့တဲ့ ပညာပေးဆောင်းပါးဖြစ်ပါတယ်။ ယခင် အင်ဂွန်ဂျာဝါ မျှဝေပြီးဖြစ်တဲ့ ကချင်ဒီအပ်စပိုရာနှင့် ခေတ်သစ် မနုဿဗေဒအမြင် (၁) ကို ဖတ်လိုသူများ  နေရာမှာဖတ်နိုင်ပါတယ်။)

ဒီအပ်စပိုရာတွေဟာ မိမိရင်းမြစ်မိခင်နိုင်ငံရဲ့ နိုင်ငံရေးရာ အားဖြင့် ဆက်နွယ်မှုရှိရုံသာမက မိမိအခြေချရာနိုင်ငံရဲ့ နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။ Basch က နိုင်ငံပြောင်း အခြေချကြသူတွေဟာ မိမိရဲ့ မိခင်နိုင်ငံနဲ့ မိမိအခြေချရာ နိုင်ငံနှစ်နိုင်ငံရဲ့ နိုင်ငံတည်ထောင်ရေး၊ လုပ်ငန်းမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုဆိုရင် နိုင်ငံသစ်ကို ရောက်ရှိအခြေချခဲ့ကြတဲ့ ကချင်ဒီအပ်စပိုရာဟာ မိမိရဲ့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံနဲ့ မိမိ အခြေချရာနိုင်ငံ နှစ်နို်င်ငံရဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ရမှာဖြစ်တယ်။ အမေရိကားက ကချင်တွေကတော့ အခွန်ဆောင်ခြင်း၊ မဲပေးခြင်းအားဖြင့် အမေရိကန် နိုင်ငံရေးကို ပံ့ပိုးပါတယ်။ ဒါပေမယ့် မိမိရဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနို်င်ငံအပေါ်မှာ ဘယ်လောက်သစ္စာခံပါသေးသလဲ။ မိမိရဲ့သွေးချင်း ကချင်ညီအစ်ကို မောင်နှမတွေက မိခင်နေရပ် ကချင်ပြည်နယ်မှာ နိုင်ငံတော်ကို တော်လှန်နေချိန်၊ ကမ္ဘာတလွှားက ကချင်တွေဟာလည်း ကချင်အမျိုးသား အလံကိုတလူလူလွှင့်ထူပြီး တိုင်းရင်းသား အခွင့်အရေးရဖို့ တောင်းဆိုနေချိန်မှာ နိုင်ငံ (nation) နဲ့ အမျိုးသာနို်င်ငံ (nation-state) ဆိုတဲ့ အဓိပ္ဗယ်တွေကို ကချင်တွေဘယ်လို ခံယူသလဲဆိုတာ လေ့လာကြည့်ရအောင်။

Deterritorialization  ဆိုတာလူတွေ တနိုင်ငံကနေတနိုင်ငံကို ကူးလူးသွားလာ၊ ရွေ့ပြောင်းနေထိုင်ခြင်းအား ဖြင့် မိမိရဲ့မိခင် အမျိုးသားနိုင်ငံ (nation-state) ရဲ့အချုပ်အခြာအာဏာနဲ့  ဝေးရာကို ရောက်ရှိသွားကြတယ်။ Deterritorialization ဖြစ်စဉ်ဟာ အမျိုးသားနိုင်ငံ (nation-state) တွေရဲ့ အချုပ်အခြာကို ကန့် သတ်ပေးတဲ့ ဖြစ်စဉ်လို့  မှတ်ယူနိုင်ပါတယ်။ အပါဒူရိုင်း (Appadurai) ရဲ့ အဆိုအရ အမျိုးသားနိုင်ငံတွေရဲ့ တရားဝင်မှုဟာ နယ်နမိတ်သတ်မှတ်ထားတဲ့ နယ်မြေအတွင်း သူတို့ ရဲ့ သြဇာ ဘယ်လောက်သက်ရောက်သလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။ ဒါပေမယ့် အဲ့ဒီနယ်မြေတွေဟာလဲ နိုင်ငံပြောင်းနေထို်င်တဲ့ နိုင်ငံသားတွေ၊ နယ်နမိတ် စည်းခြားထားခြင်းမရှိတဲ့ မီဒီယာ (အင်တာနက်၊ ရေဒီယို၊ တီဗွီ စသည်...) တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။
စစ်အေးခေတ်နှောင်းပိုင်းမှာ အရင်ကတန်ခိုးထွားခဲ့ကြတဲ့ နိုင်ငံကြီးတွေကြီးစိုးတဲ့ စီးပွားရေး မိုနိုပိုလီဟာ ကမ္ဘာလုံးချီ စီးပွားရေးပုံစံကို ပြောင်းလဲသွားခဲ့ပြီး အမျိုးသားနိုင်ငံတွေရဲ့ အရှိန်အဝါကို ယုတ်လျော့စေဖို့ အကြောင်းဖန်လာပါတယ်။ မနုဿဗေဒ လေ့လာမှုမှာ အမျိုးသားနိုင်ငံတွေရဲ့ အရှိန်အဝါကို ဘာက ယုတ်လျော့စေတာလဲဆိုကို အခြေခံရှုထောင့် နှစ်ခုက လေ့လာပါတယ်။ ပထမတစ်ခုက အမျိုးသားနိုင်ငံတွေရဲ့ နီတိဆိုင်ရာ (ethical) ပြဿနာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုနဲ့ လူနည်းစု (minority) တွေကို ကာကွယ်ပေးနိုင်ခြင်း မရှိ (ကာကွယ်လိုခြင်း မရို) တာတွေကြောင့် လူနည်းစုတွေရဲ့ တော်လှန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒုတိယရှုထောင့်ကတော့ အမျိုးသားနိုင်ငံတွေဟာ နယ်စပ်ဒေသစစ်ပွဲများ၊ လူမှု တော်လှန်ရေးများ၊ ဒုက္ခသည်ပြဿနာ၊ လူဝင်မှုပြဿနာ (immigration) နဲ့ နိုင်ငံထဲကအရင်းအဖြစ် (capital) တွေပြည်ပကို ထွက်သွားခြင်း စတဲ့ အတွင်းရေး ပြဿနာ တွေကို ရင်ဆိုင်လာရပါတယ်။ အရှေ့ တောင်အာရှမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ် decolonization ကာလမှာ အသစ်ဖြစ်ပေါ်လာတဲ့ အမျိုးသားနိုင်ငံတွေဟာလည်း နိုင်ငံထဲက ပြည်မယဉ်ကျေးမှု  (lowland civilization) တည်ရှိရာ နေရာတွေဟာ အမျိုးသားနိုင်ငံတွေရဲ့ အုပ်ချုပ်ရေး ဗဟိုချက်မတွေ ဖြစ်လာခဲ့ပြီး အဖိုးတန်သစ်တောနဲ့ သဘာဝသယံဇာတွေရှိတဲ့ တောင်ပေါ်ဒေသ (upland societies) တွေကို သိမ်းသွင်းဖို့  ကြိုးစားခဲ့ကြလို့  တောင်ပေါ်ဒေသရဲ့ ရွေ့ ပြောင်းတောင်ယာ လုပ်ငန်းတွေ ဆိတ်သုဉ်းလု နီးပါးဖြစ်ခဲ့ရပြီး၊ တောင်ပေါ်နေ လူ့ အဖွဲ့ အစည်းတွေရဲ့ လူနေမှုစနစ်တွေဟာ အနှောင့်အယှက်တွေနဲ့ ကြုံခဲ့ရပါတယ်။ တကယ်တော့ ဒီတောင်ပေါ်ပြည်မပြဿနာဟာ အရှေ့တောင်အာရှမှာ ရာစုနဲ့ ချီပြီး ရှိခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ယေးလ် တက္ကသိုလ်ပါမောက္ခ James Scott ရဲ့စာတွေမှာ အကျယ်တဝင့် လေ့လာနိုင်ပါတယ်။
မနုဿဗေဒမှာ တိုင်းရင်းသားဖြစ်မှု (ethnicity) နဲ့ အမျိုးသားနိုင်ငံတွေရဲ့ အမျိုးသားရေးဝါဒ (state-nationalism) နဲ့ ဆိုင်တဲ့ဘုံအယူအဆတစ်ခုကတော့ အဲဒီ့နှစ်ခုဟာ တစ်ဆက်တည်းဖြစ်နို်င်သော်လည်း၊ တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတဲ့ အယူပဲဖြစ်ပါတယ်။ ဥပမာ - မြန်မာနို်င်ငံရဲ့ တို်င်းရင်းသားတွေဖြစ်တဲ့ ကချင် (သို့ ) ကရင် စသူတွေဟာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မြန်မာနိုင်ငံသားဖြစ်သော်ငြားလည်း နိုင်ငံရဲ့ state-nationalism ကို တော်လှန်ဆန့်ကျင် နေသူတွေ ဖြစ်နေတတ်တာပါ။ တချို့ ပညာရှင်တွေကတော့ တိုင်းရင်းသားပေါင်းစုံ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို အားလုံးကို ကိုယ်စားပြုတဲ့အမျိုးသားဝါဒ အသစ်ကို ဖော်ဆောင်ဖို့ အကြံပေးပါတယ်။
ခေတ်သစ်ကချင်အမျိုးသားနိုင်ငံရေးလေ့လာမှု
တချို့ပညာရှင်တွေ ဟောကိန်း ထုတ်သလို အမျိုးသားရေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း ဇတ်ခုံပေါ်က ပျောက်ကွယ်မသွားပါ။ ပို့လိုတောင်အားပြင်း လာပါသေးတယ်လို့ Cohen ပြောခဲ့ပါတယ်။ ဒီအပ်စပိုရာတွေဟာ မိမိတို့ရဲ့ ဒေသအတွင်း အမျိုးသားရေးကို နိုင်ငံသစ်ဆီ သယ်ဆောင် လာကြသူတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ဇွန်လဆန်းကနေ စဖြစ်ခဲ့တဲ့ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့စစ်ပွဲဟာ ခေတ်သစ် ကချင်အမျိုးသား နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတုန်းက စခဲ့တဲ့စစ်ပွဲဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံတစ်ကာမှာ ရှိနေတဲ့ ကချင်တွေရဲ့နိုင်ငံရေးအသိကို လှုပ်နှိုးခဲ့ပြီး ကချင်နိုင်ငံရေး လှုပ်ရှားမှုကိုလည်း အရှိန်အဟုန် မြှင့်တင်စေခဲ့ပါတယ်။ ဒီအခြင်းအရာကိုကြည့်ပြီး စောစောက မေးခွန်းဖြစ်စေတဲ့ (nation) ဆိုတဲ့အပေါ် ကချင်တွေ ဘယ်လိုမြင်သလဲ ဆိုတာလေ့လာကြည့်ရအောင်။
ဒီနေရာမှာ ကချင်တွေရဲ့အကြောင်း သုတေသနပြုတဲ့ ပထဝီိနိုင်ငံရေးပညာရှင် Karin Dean နဲ့ ကချင်လူမျိုး မနုဿဗေဒပါမောက္ခ La Raw Maran တို့ရဲ့လေ့လာချက်တွေကို အကျဉ်းချုံး တင်ပြလိုပါတယ်။
Dean ကတော့ ပထဝီဝင်နဲ့ တရားဝင်ဖြစ်မှု (geography  and legitimacy) အကြောင်းပြောဆိုခဲ့ပါတယ်။ Dean ရဲ့အဆိုအရ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နယ်နမိတ်တွေဟာ ပြင်သစ်၊ အင်္ဂလိပ် စတဲ့ကိုလိုနီနိုင်ငံတွေက ကိုလိုနီခေတ်ရောက်မှ ရေးဆွဲထားတာဖြစ်လို့ လူတွေအမှန်တကယ် နေထို်င်တဲ့ဒေသနဲ့ (နယ်စပ်ကလူတွေရဲ့ နိုင်ငံအချုပ်အခြာအပေါ် အသိအမှတ်ပြုမှု) ကွဲလွဲမှုတွေ ရှိပါတယ်။ (ဥပမာအနေနဲ့ပြရရင် ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ရှိ ရွာတွေဟာ ငါးရက်တစ်ဈေး ပုံစံကျင့်သုံးတာဟာ နှစ်ရာချီကြာနေပြီဖြစ်တဲ့ ဓလေ့ တစ်ခုဖြစ်ပါတယ်။ ရွာတွေစုပေါင်းပြီး ငါးရက်တစ်ဈေးကျကို တစ်ရွာရွာက အိမ်ရှင်လုပ်လက်ခံတဲ့ စနစ်ဖြစ်ပါတယ်။ အရင်က လွတ်လပ်စွာကူးလူး သွားလာနေခဲ့ကြတဲ့ ဒီဓလေ့ဟာ နယ်နိမိတ်တွေ သတ်မှတ်ပြီးနောက်ပိုင်းမှာတော့ နယ်စပ်ဂိတ်တွေကို ရင်ဆိုင်လာရပြီး အရင်လိုလွတ်လပ်စွာ သွားလာခွင့် မရကြတော့ပါ။) ကချင်တွေရဲ့   homeland ဘယ်မှာလဲမေးရင် ကချင်လူမျိုးတွေ သတ်မှတ်တဲ့ homeland territories ဟာ နိုင်ငံတကာနယ်နိမိတ် သတ်မှတ်ချက်အရ တရုတ်နိုင်ငံ ယူနန် ပြည်နယ်၊ အိန္ဒိယနိုင်ငံ Anurachal Pradesh ပြည်နယ်၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေ ဖြစ်ကြပါတယ်။
ဒီသုံးနိုင်ငံမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေဟာ ယဉ်ကျေးမှု၊ ကုန်သွယ်မှု၊ ဆွေမျိုးတော်စပ်မှု စသည့် အရာများဖြင့်ဆက်နွယ်ကြပါတယ်။ သုံးနိုင်ငံက ကချင်တွေနေထိုင်တဲ့ မြို့တွေမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိတဲ့ မနောပွဲတွေဟာ ဒီသုံးနိုင်ငံက ကချင်တွေ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ ဒီမနောပွဲတွေဟာ သုံးနို်င်ငံက ကချင်တွေ ယဉ်ကျေးမှုအားဖြင့် ဆက်နွယ်နေတာကိုပြသတာဖြစ်ပါတယ်။ nation ဆိုတာတိုတိုပြောရရင် အချုပ်အခြာအာဏာ မလိုတဲ့  ဆန္ဒတူသူတွေရဲ့ ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး၊ အမျိုးသားနိုင်ငံ (nation-state)  ကတော့ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်ရှိတဲ့ နိုင်ငံတော်တွေ ဖြစ်ကြပါတယ်။ ဒီတော့ သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံတော် တည်ထောင်ခွင့် ဆုံးရှုံးခဲ့တဲ့ ကချင်တွေဟာ အမျိုးသားရေးဝါဒ တည်မြဲရေး အတွက် အခြားနည်းလမ်းများကို အားကိုးခဲ့ရတယ်လို့ Karin Dean ကဆိုခဲ့ပါတယ်။
ကချင်နိုင်ငံရေး ဓလေ့ (Kachin Political Culture)
LaRaw Maran ရဲ့လေလာမှုမှာ ကချင်လူ့အဖွဲ့အစည်းရဲ့ ၁၉၆ဝ နောက်ပိုင်း နိုင်ငံရေးရုန်းကန်မှု  ဒဏ်ကြောင့် ပြောင်းလဲလာတဲ့လူ့အဖွဲ့အစည်းပုစံကို အဓိကထားပါတယ်။ သူက ၁၉၆ဝ နောက်ပိုင်း ကချင်လူ့အဖွဲ့အစည်းကို စနစ်ကျတဲ့ နိုင်ငံရေးပန်းတိုင်နဲ့ လှုပ်ရှားနေတဲ့ နိုင်ငံရေး လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုအပေါ် ကချင်တွေရဲ့ တုန့်ပြန်မှုမှာ အခြေခံအကြောင်းအရာ နှစ်ခုရှိပါတယ်။ အဲဒါကတော့ ပဋိပက္ခကို ရင်ဆိုင်ပတ်သက်ခြင်းကို  ကြံ့ကြံ့ခံခြင်း (conflict engagement)နဲ့ ရင်ဆိုင်ပတ်သက်ခြင်းကို ကြံ့ကြံ့ခံခြင်း (enduring engagement) တို့ဖြစ်ပါတယ်။ ပဋိပက္ခကိုရင်ဆိုင် ပတ်သက်နိုင်ဖို့ အတွက် လုံလောက်တဲ့ လူဦးရေကဒီ နိုင်ငံရေးပြဿနာကို သိရှိနားလည်းရပါမယ်။ ရင်ဆိုင်ပတ်သက်ခြင်းကို ကြံ့ကြံ့ခံဖို့အတွက် နိုင်ငံရေး ပြဿနာကိုဖြေရှင်းလိုစိတ်ပြင်းပြရပါမယ်။ ဒီအရာတွေကပဲ ခေတ်သစ်ကချင်နိုင်ငံရေးဓလေ့ကို ဖြစ်ပေါ်စေပါတယ်။ ကချင်လူမျိုးတွေ အမျိုးသားနိုင်ငံအပေါ် ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် LaRaw Maran ရဲ့အဆိုအရ ကချင်အမျိုးသားရေးဝါဒဟာ ကျဉ်းမြောင်းတဲ့ မိမိအမျိုးသား ကောင်းစားရေးကို အဓိကမထားဘဲ ပင်လုံကနေ သွေဖည်နေတဲ့ စစ်အစိုးရရဲ့ကိုယ်စား ပင်လုံနိုင်ငံတော်ကို မီးမောင်းထိုး ပြနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်လူမျိုးတွေ ယုံကြည်တာက သူတို့ရဲ့ နိုင်ငံရေးပန်းတိုင်ဟာ ပင်လုံစိတ်ဓာတ်ကို ကာကွယ်ခြင်းဖြစ်ပြီး၊ ပင်လုံကို အကောင်အထည်ဖော်မှသာလျှင် အမျိုးသားနိုင်ငံတစ်ခုထဲမှာ ပါဝင်ခြင်းဆိုတဲ့ စစ်မှန်တဲ့အဓိပ္ဗာယ်ကို  ဖော်ဆောင်တယ်လို့ ဆိုထားပါတယ်။ ကချင်တွေရဲ့ ဒီနိုင်ငံရေး၊ ပန်းတိုင်ကို ကချင်လူ့အဖွဲ့အစည်းပုံစံထဲက လူမှုအဆောက်အအုံတွေ (institution inside Kachin social system)  ကလည်းသဘာဝ အလျောက်ကူညီပံ့ပိုးနေကြောင်းကိုလည်း LaRaw Maran က ရှင်းပြခဲ့ပါတယ်။ ကချင်လူမှုအဖွဲ့အစည်းပုံစံအကြောင်းကို နောက်လမှာ ဆက်လျက်ရှင်းပြပါမယ်။

စာညွှန်း။ ။
Appadurai, Arjun (1996). Modernity At Large: Cultural Dimensions of Globalization.Minneapolis: University of Minnesota Press.
Basch, Linda G et.al (1994) Nations unbound :transnational projects, postcolonial predicaments, and deterritorialized nation-states. Basel, Switzerland : Gordon and Breach.

Cohen, Robin. (1997) Global diasporas :An introduction. London : UCL Press.

Dean, Karin - (2005) "Spaces, and territorialities on the Sino-Burmese boundary: China.

Read more »

ဦးသိန်းစိန်အစိုးရအဖွဲ့အား နယူးရောက်မြို့ရောက် မြန်မာများ ကြိုဆို

USA ni ndai zawn hkap tau la ဦးသိန်းစိန်အစိုးရအဖွဲ့အား နယူးရောက်မြို့ရောက် မြန်မာများ ကြိုဆို ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်တွေ နယူးရောက်မြို့မှာ ဆန္ဒပြခံရ မြန်မာ အစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း နဲ့  ဦးခင်ရီ ကို နယူးယောက် မြို့  မှာ လူ လိမ် လူ ညာ တွေ လို့  ကြွေးကျော် ပြီး ဆန္ဒ ပြ ။

Read more »

3 rai tim 1 ( Video Music click on link )

Masum Rai Tim Langai Ningbaw shara hta ningbaw langai sha an nau ni myit hkrum nga ga oi..

Read more »

ကချင်ငြိမ်းချမ်းရေးအပေါ် ဒေါက်တာတူးဂျာအမြင် ကချင်ငြိမ်းချမ်းရေးအပေါ် ဒေါက်တာတူးဂျာအမြင်

========================= ကချင်နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတူးဂျာကို ဗွီအိုအေ က တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကချင်ဒေသ ငြိမ်းချမ်းရေးအပေါ်သဘောထားတွေကို မေးမြန်းထားပါတယ်။ (VOA)

Read more »

Monday, April 22, 2013

Sunday, April 21, 2013

Friday, April 19, 2013

DICTIONARY

KACHIN TODAY ENGLISH - KACHIN DICTIONARY & THESAURUS

Kachin Today (Wunpawng Daini) hpung kaw na lit hkam let, Dr Kha Lum ka ai, Inglik - Jinghpaw Ga Htai Chyum & Ga Bung Lak chyoi hpe shapraw mat wa na lam Wunpawng Dai ni hpung kaw na shana wa ai. Ndai Ga Htai Chyum hte Ga Bung Lakchyoi hpe Dr Kha Lum lahkawng ning ah hkying jaw nna shakut da ai re hpe chye lu ai. 

Ndai lang na shapraw ai hta  gasi ni 200,000 entries lawm ai rai  nna anhte Inglik- Jinghpaw dictionary ni hta hkrum tsup htum rai sai. Jinghpaw laika hka ja taw ai ni hte Inglik laika sharin taw ai ai yawng ai matu akyu rawng na laika buk re.

Matut nna ndai hte seng ai gasan ni nga jang Wunpawng Dai Ni Hpung (Kachin Today Group) edita Ba Awng (lagwibawm@gmail.com) de matut mai ai lam chye shangun dat nngai.
Read more+++click on++N gun Ja wa Blog+++
******************************

I- DICTIONARY ( 5 Language to myanmar )

English ,  Japan , Korea , Thai , Russia n dai mungdan 5 na language ni hpe myen hku galai ya ai I-Dictionary ngu ai software hpe bai mara dat ya ai hku re..n dai software hpe gaw myen ni galaw da ai hku re.

tinang a computer kaw n dai software hpe gara hku jai lang na hte myen font ni n rawng taw jang kalang dat mai download la na hku myen font mung bang da ya ai hpe mu lu na re..

lang ai ladat hpe mung PDF hte sang lang dan da ai majaw yawng ni chye na na re..laika hpaji shakut ai ni a matu gaw a kyu nga na re ngu myit mada let..

  Divshare
  CLICK HERE 
 Sharebeast
  CLICK HEREBy+++jinghpawtingsan blog Click on

Read more »

မသိတာ ကိုးချက်ရှိတဲ့ Twitter

https://twitter.com/Hugawng

   Twitter ဆိုတဲ့ လူမှုကွန်ရက်ကို အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော် ရှိတယ်။ သုံးစွဲရ ရိုးရှင်းလွယ်ကူတယ်လို့ အမည်ရနေပါတယ်။ သူ့ဆီကို အက္ခရာပေါင်း ၁၄၀ ဒါမှမဟုတ် (နည်းရင်လည်း နည်းလို့ရ) သုံးပြီး မက်ဆေ့ခ်ျ ရေးသားပေးပို့နိုင်တယ်။ အခြားနေရာများနဲ့လည်း ဆက်သွယ်နိုင်တယ်။ တစ်ဦးနဲ့ တစ်ဦး ပုဂ္ဂိုလ်ရေး မှာချင်တာတွေကိုလည်း မှာနိုင်တယ်။

     သေချာစွာကြည့်ရင် တွေ့မြင်နိုင်တာက twitter ဟာ တိုးပွားလာနေတယ်၊ များပြား လာနေတယ်။ ဒါကလည်း ကုမ္ပဏီနဲ့ အခြား အင်တာနက်ကိရိယာ ပြုလုပ်သူများက လက်တွေ့အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ရိုးရိုးလေးနဲ့ လက်တွေ့အသုံးချနိုင်တဲ့ အရာများ အဖြစ် ဖန်တီးထားတော့ အသုံးပြုသူတွေအဖို့ စိတ်ဝင်စားစရာ နေရာတွေကို တွေ့ရှိရမှာ ဖြစ်တယ်။ ဓာတ်ပုံအယ်လ်ဘမ် ဖန်တီးမယ် ဒါမှမဟုတ် ပိုပြီးပြည့်စုံတဲ့ twitter ကို ရှာနိုင် တယ်။ Facebook သို့မဟုတ် Microsoft Office နဲ့ မတူတာက twitter ရဲ့ အားကောင်းတဲ့ ကိရိယာတွေကို လွယ်ကူစွာ ရှာဖွေနိုင်တယ်။ လွယ်လွယ်နဲ့ နားလည်နိုင်တယ်။ ဒါပါပဲ။

1.     Upload Photos
    အခြား site ရဲ့ ရှည်လျားတဲ့ စာရင်းထဲက ဓာတ်ပုံ တစ်ပုံကို ဆက်သွယ်ပြီး ပို့ရင် twitter က ပုံကို အလိုအလျောက် ပြသပေးနိုင်ပြီး သင့်ရဲ့ post ကို အခြား သုံးစွဲသူ တစ်ဦးက ကြည့်လိုက်ရင် လက်ယာဘက်နေရာမှာ အသေးစိတ် ပြသပေးမှာ ဖြစ်တယ်။ ဒီ sites များဟာ ရုပ်ပုံတွေကို upload လုပ်ပေးနိုင်တဲ့ post-to-twitter ပါရှိတယ်။ အထောက်အကူပေးတဲ့ site ပေါင်း ၁၆ ခု ရှိ တယ်။ အဲဒါတွေက Daily Booth, DeviantArt, Etsy, Flickr, Justin.tv, Kickstarter, Kiva, Photozou, Plixi, Twitgoo TwitPic, Twitvid, Ustream, Vimeo, Yfrog နဲ့ YouTube တွေ ဖြစ်တယ်။

2.     Make A Gallery
    Twitter ဟာ ဓာတ်ပုံပြသပေးနိုင်တဲ့ page ကိုလည်း ဖန်တီးပေးနိုင်တယ်။ အသုံးပြုသူ တစ်ဦးချင်းစီရဲ့ နောက်ဆုံး upload လုပ်ထားတဲ့ ပုံပေါင်း ၁ဝဝ လောက်ကို ပြသပေးနိုင်တယ်။ ဗီဒီယိုမှာ ဒါနဲ့ဆင်တူတဲ့အရာမျိုး မရှိ ဘူး။ လွတ်လပ်စွာ လုပ်နိုင်တဲ့ site ပဲ။ Hashalbum ဆိုရင် twitter သုံးစွဲသူရဲ့ ပုံများစွာကို အလိုအလျောက် အုပ်စုတွေ နဲ့ သီးခြား albums အဖြစ် twitter ဆီပို့တဲ့ hashtags ကို အခြေခံပြီး ပြုလုပ်ပေးနိုင်တယ်။ ဥပမာ- hashalbum.com/ aquapets ဆိုရင် URLs ကနေ twitter ဆီပို့တဲ့ hashtag # aquapets နဲ့ အတူ ပုံတွေကို ပြသပေးနိုင် တယ်။

3.     Save Your Favourite Tweets
    ကိုယ့်ရဲ့အနှစ်သက်ဆုံး twitter များကို ဘယ် လို သိမ်းထားမလဲဆိုတော့ ကိုယ့်မှာရှိတဲ့ account ပေါ် မူတည်ပြီး အခြားသူများရဲ့ twitter post ကို ပြန်ပြီး ret-weet လုပ်နိုင်တယ်ဆိုတာ လူတိုင်းလောက်နီးနီး နားလည် ကြတယ်။ ဒါပေမဲ့လည်း သုံးစွဲသူအများအပြား twitter ရဲ့ Retweet  ခလုတ်နဲ့ ကပ်လျက်မှာရှိတဲ့ ကြယ်ပွင်ပုံ Favourite ခလုတ်ကို အသုံးမပြုတတ်ကြဘူး။ Favourite ခလုတ် ကို နှိပ်လိုက်ရင် twitter ရဲ့ အနေအထား update ဟာ ကိုယ်ပိုင် Favourites စာရင်းထဲ ပါဝင်လာမယ်။ Browser မှာရှိတဲ့ webpage ကို မှတ်သားထားသလိုမျိုး ဖြစ်တယ်။ Favourite တွေကို ကြည့်ချင်ရင် twitter web interface ရဲ့ အထက်မှာရှိတဲ့ profile ကိုနှိပ် နောက် porfile page ရဲ့ လက်ဝဲဘက်ရှိ favourites ခလုတ်ကို နှိပ်လိုက်ရုံပါပဲ။
    Favourites စာရင်းများဟာ ပထမတော့ ပိုပြီး အသုံး ကျတဲ့ပုံ ရတယ်။ Google မှာရှိတဲ့ web page နဲ့ မတူတာက twitter တစ်ခုရဲ့ ရပ်တည်ချက် update ကိုရှာရင် ရက် အနည်းငယ်နဲ့ ရှာတွေ့ဖို့ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် twitter ဆီကို အသစ်ဝင်လာတာတွေက သန်းပေါင်း ၃ဝဝ နီးပါးရှိလို့ပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က ကိုယ်တိုင်ပို့ ထားတာကို ရှာတာတောင် အချိန်ကုန်လူပန်း ဖြစ်ရတယ်။ အချိန်ကြာစွာ ထိန်းသိမ်းဖို့ တစ်ခုခုများပို့ရင် ကိုယ်တိုင် favourite ခလုတ်ကိုသာ နှိပ်လိုက်ပါ။

4.     Do Power Searches
    Twitter ရဲ့ လုပ်ဆောင်မှု ပျက်ကွက်တာကို ရှာဖွေပေးတဲ့ box က ရလဒ်တွေကို များစွာထုတ်ပေးလေ့ ရှိတယ်။ ထင်ရှားတဲ့ keyboard တွေ အတွက် လွန်ခဲ့တဲ့ နာရီအနည်းငယ်က ရရှိထားတာတွေ ဖြစ်တယ်။ တိကျတဲ့ အဝင်တွေကို မှန်ကန်စွာရရှိနိုင်ဖို့ twitter ရဲ့ ရှာဖွေရလဒ် page ထိပ်ဘက်အလယ်မှာ ရှိတဲ့ refine results ခလုတ်ကို နှိပ်ရုံပဲ။ သူကမှ twitter ရဲ့ ဆန်းသစ်တဲ့ ရှာဖွေ page ဆီ ပို့ပေးလိမ့်မယ်။ အဲဒီမှာ ရှာဖွေတဲ့ filter တွေနဲ့ တိကျတဲ့ twitter သုံးစွဲသူ အမည် သို့မဟုတ် hashtag တွေကို ပိုပြီး ပြုလုပ် နိုင်မယ်။
    သီးခြား website တစ်ခုဖြစ်တဲ့ Topsy က အဲဒီထက် ပိုပြီးလုပ်နိုင်တယ်။ ဒါကြောင့် လည်း သတင်းစာဆရာများအတွက် တရားဝင်လမ်းညွှန်နိုင်ဖို့ twitter က topsy ကို တောင်းဆိုပေးခြင်း ဖြစ်တယ်။ Twitter ရဲ့ updates တွေနဲ့အတူ နောက်ထပ်ရရှိထားတဲ့ သတင်းအချက်အလက်များကို topsy က အညွှန်းပြုတယ်။ ဒါမှ ရှာဖွေနိုင်မယ်။ ဘယ် လောက်ပဲ ဟောင်းနေပြီဖြစ်တဲ့ posts ဖြစ်ပါစေ ရက်စွဲအလိုက် ရနိုင်တယ်။ နောက် topsy မှာ တိကျတဲ့ keywords တွေ ရှာဖွေနိုင်တယ်။ ဥပမာ- posts ထဲမှာ‘lady’ ပါရင်ရပြီ။ Gaga လို စကားလုံးမျိုးတော့ မရနိုင်ဘူး။

https://twitter.com/Hugawng

By: http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1603445&xgs=1&xg_source=msg_share_post

Read more »

Thursday, April 18, 2013

Shat di hte galaw ai Bawm

Pressure Cooker ဗုံးအကြောင်းသိကောင်းစရာ (ဓာတ်ပုံ)

တနေ့က ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုဟာ ခက်ခက်ခဲခဲ စက်ရုံမလိုဘဲ ပေါင်းအိုးနဲ့ လူတိုင်းမိမိအိမ်မှာ လုပ်နိုင်တဲ့ I.E.D (improvised explosive device) ဖြစ်ကြောင်းသိရတယ်။ ဒီ Pressure Cooker I.E.D ကို အခုမှ စ သုံးတာမဟုတ်ပါ။ အာဖဂန်နဲ့ အီရတ် တွေမှာလည်း သုံးခဲ့တာပါ။ အားလုံး ဗဟုသုတအတွက် တင်ပေးထားပါတယ်။

 ပေါက်ကွဲစေမယ့် ယမ်းတွေထည့်ထားပြီး ပိုမိုအထိနာစေဖို့ သံတိုသံစ၊ သံလုံး၊ အပ်တွေ ထည့်ထားတာပါ
ဒီလိုသံတိုသံစ သံလုံးတွေကို အထဲမှာ ထည့်တယ်
                                           
                                 pressure cooker I.E.D. အတွင်းပိုင်းကို အခုလိုမြင်ရတာပါ

အာဖဂန်ရှိ အမေရိကန်မရိန်းများ pressure cooker I.E.D ဗုံးနဲ့ပတ်သက်ပြီး ရင်းနှီးစေဖို့ လက်တွေ့လေ့လာနေကြတယ်။
ဘော်စတွန် မာရသွန် ပထမဗုံး မပေါက်ကွဲမီ ပုံ
ပေါက်ကွဲပြီး အကြွင်းအကျန်
By: n gun ja Blog

Read more »