ကချင်ဒီအပ်စပိုရာနှင့် နိုင်ငံရေးလှုပ်ရှားမှု - Ja Maran (၂)
(ကချင်မနုဿဗေဒပညာရှင်
ဂျာမရန် (Ja Maran) ရေးပြီး ခေတ်မောင်းဂျာနယ် တွဲ ၁၊ မှတ် ၂ မှာ
ဖော်ပြခဲ့တဲ့ ပညာပေးဆောင်းပါးဖြစ်ပါတယ်။ ယခင် အင်ဂွန်ဂျာဝါ
မျှဝေပြီးဖြစ်တဲ့ ကချင်ဒီအပ်စပိုရာနှင့် ခေတ်သစ် မနုဿဗေဒအမြင် (၁) ကို ဖတ်လိုသူများ ဤ နေရာမှာဖတ်နိုင်ပါတယ်။)
ဒီအပ်စပိုရာတွေဟာ မိမိရင်းမြစ်မိခင်နိုင်ငံရဲ့ နိုင်ငံရေးရာ အားဖြင့်
ဆက်နွယ်မှုရှိရုံသာမက မိမိအခြေချရာနိုင်ငံရဲ့ နိုင်ငံရေးမှာလည်း စိတ်ဝင်စားမှု ရှိကြပါတယ်။
Basch က နိုင်ငံပြောင်း အခြေချကြသူတွေဟာ မိမိရဲ့ မိခင်နိုင်ငံနဲ့ မိမိအခြေချရာ နိုင်ငံနှစ်နိုင်ငံရဲ့
နိုင်ငံတည်ထောင်ရေး၊ လုပ်ငန်းမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုဆိုရင် နိုင်ငံသစ်ကို
ရောက်ရှိအခြေချခဲ့ကြတဲ့ ကချင်ဒီအပ်စပိုရာဟာ မိမိရဲ့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံနဲ
့မိမိ အခြေချရာနိုင်ငံ နှစ်နို်င်ငံရဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ရမှာဖြစ်တယ်။
အမေရိကားက ကချင်တွေကတော့ အခွန်ဆောင်ခြင်း၊ မဲပေးခြင်းအားဖြင့် အမေရိကန် နိုင်ငံရေးကို
ပံ့ပိုးပါတယ်။ ဒါပေမယ့် မိမိရဲ့ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနို်င်ငံအပေါ်မှာ ဘယ်လောက်သစ္စာခံပါသေးသလဲ။
မိမိရဲ့သွေးချင်း ကချင်ညီအစ်ကို မောင်နှမတွေက မိခင်နေရပ် ကချင်ပြည်နယ်မှာ နိုင်ငံတော်ကို
တော်လှန်နေချိန်၊ ကမ္ဘာတလွှားက ကချင်တွေဟာလည်း ကချင်အမျိုးသား အလံကိုတလူလူလွှင့်ထူပြီး
တိုင်းရင်းသား အခွင့်အရေးရဖို့ တောင်းဆိုနေချိန်မှာ နိုင်ငံ (nation) နဲ့ အမျိုးသာနို်င်ငံ
(nation-state) ဆိုတဲ့ အဓိပ္ဗယ်တွေကို ကချင်တွေဘယ်လို ခံယူသလဲဆိုတာ လေ့လာကြည့်ရအောင်။
Deterritorialization ဆိုတာလူတွေ
တနိုင်ငံကနေတနိုင်ငံကို ကူးလူးသွားလာ၊ ရွေ့ပြောင်းနေထိုင်ခြင်းအား ဖြင့် မိမိရဲ့မိခင်
အမျိုးသားနိုင်ငံ (nation-state) ရဲ့အချုပ်အခြာအာဏာနဲ့  ဝေးရာကို ရောက်ရှိသွားကြတယ်။
Deterritorialization ဖြစ်စဉ်ဟာ အမျိုးသားနိုင်ငံ (nation-state) တွေရဲ့ အချုပ်အခြာကို
ကန့် သတ်ပေးတဲ့ ဖြစ်စဉ်လို့  မှတ်ယူနိုင်ပါတယ်။ အပါဒူရိုင်း (Appadurai) ရဲ့ အဆိုအရ
အမျိုးသားနိုင်ငံတွေရဲ့ တရားဝင်မှုဟာ နယ်နမိတ်သတ်မှတ်ထားတဲ့ နယ်မြေအတွင်း သူတို့ ရဲ့
သြဇာ ဘယ်လောက်သက်ရောက်သလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။ ဒါပေမယ့် အဲ့ဒီနယ်မြေတွေဟာလဲ နိုင်ငံပြောင်းနေထို်င်တဲ့
နိုင်ငံသားတွေ၊ နယ်နမိတ် စည်းခြားထားခြင်းမရှိတဲ့ မီဒီယာ (အင်တာနက်၊ ရေဒီယို၊ တီဗွီ
စသည်...) တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။
စစ်အေးခေတ်နှောင်းပိုင်းမှာ အရင်ကတန်ခိုးထွားခဲ့ကြတဲ့ နိုင်ငံကြီးတွေကြီးစိုးတဲ့
စီးပွားရေး မိုနိုပိုလီဟာ ကမ္ဘာလုံးချီ စီးပွားရေးပုံစံကို ပြောင်းလဲသွားခဲ့ပြီး
အမျိုးသားနိုင်ငံတွေရဲ့ အရှိန်အဝါကို ယုတ်လျော့စေဖို့ အကြောင်းဖန်လာပါတယ်။ မနုဿဗေဒ လေ့လာမှုမှာ အမျိုးသားနိုင်ငံတွေရဲ့
အရှိန်အဝါကို ဘာက ယုတ်လျော့စေတာလဲဆိုကို အခြေခံရှုထောင့် နှစ်ခုက လေ့လာပါတယ်။ ပထမတစ်ခုက
အမျိုးသားနိုင်ငံတွေရဲ့ နီတိဆိုင်ရာ (ethical) ပြဿနာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊
အကြမ်းဖက်မှုနဲ့ လူနည်းစု (minority) တွေကို ကာကွယ်ပေးနိုင်ခြင်း မရှိ (ကာကွယ်လိုခြင်း
မရို) တာတွေကြောင့် လူနည်းစုတွေရဲ့ တော်လှန်မှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒုတိယရှုထောင့်ကတော့
အမျိုးသားနိုင်ငံတွေဟာ နယ်စပ်ဒေသစစ်ပွဲများ၊ လူမှု တော်လှန်ရေးများ၊ ဒုက္ခသည်ပြဿနာ၊
လူဝင်မှုပြဿနာ (immigration) နဲ့ နိုင်ငံထဲကအရင်းအဖြစ် (capital) တွေပြည်ပကို ထွက်သွားခြင်း
စတဲ့ အတွင်းရေး ပြဿနာ တွေကို ရင်ဆိုင်လာရပါတယ်။ အရှေ့ တောင်အာရှမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်
decolonization ကာလမှာ အသစ်ဖြစ်ပေါ်လာတဲ့ အမျိုးသားနိုင်ငံတွေဟာလည်း နိုင်ငံထဲက
ပြည်မယဉ်ကျေးမှု (lowland civilization) တည်ရှိရာ
နေရာတွေဟာ အမျိုးသားနိုင်ငံတွေရဲ့ အုပ်ချုပ်ရေး ဗဟိုချက်မတွေ ဖြစ်လာခဲ့ပြီး အဖိုးတန်သစ်တောနဲ
့သဘာဝသယံဇာတွေရှိတဲ့ တောင်ပေါ်ဒေသ (upland societies) တွေကို သိမ်းသွင်းဖို့  ကြိုးစားခဲ့ကြလို
့ တောင်ပေါ်ဒေသရဲ့ ရွေ့ ပြောင်းတောင်ယာ လုပ်ငန်းတွေ ဆိတ်သုဉ်းလု နီးပါးဖြစ်ခဲ့ရပြီး၊
တောင်ပေါ်နေ လူ့ အဖွဲ့ အစည်းတွေရဲ့ လူနေမှုစနစ်တွေဟာ အနှောင့်အယှက်တွေနဲ့ ကြုံခဲ့ရပါတယ်။
တကယ်တော့ ဒီတောင်ပေါ်ပြည်မပြဿနာဟာ အရှေ့တောင်အာရှမှာ ရာစုနဲ့ ချီပြီး ရှိခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းကို ယေးလ် တက္ကသိုလ်ပါမောက္ခ James Scott ရဲ့စာတွေမှာ အကျယ်တဝင့် လေ့လာနိုင်ပါတယ်။
မနုဿဗေဒမှာ တိုင်းရင်းသားဖြစ်မှု (ethnicity) နဲ့ အမျိုးသားနိုင်ငံတွေရဲ့
အမျိုးသားရေးဝါဒ (state-nationalism) နဲ့ ဆိုင်တဲ့ဘုံအယူအဆတစ်ခုကတော့ အဲဒီ့နှစ်ခုဟာ
တစ်ဆက်တည်းဖြစ်နို်င်သော်လည်း၊ တကယ်တော့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတဲ့ အယူပဲဖြစ်ပါတယ်။
ဥပမာ - မြန်မာနို်င်ငံရဲ့ တို်င်းရင်းသားတွေဖြစ်တဲ့ ကချင် (သို့ ) ကရင် စသူတွေဟာ
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မြန်မာနိုင်ငံသားဖြစ်သော်ငြားလည်း နိုင်ငံရဲ့
state-nationalism ကို တော်လှန်ဆန့်ကျင် နေသူတွေ ဖြစ်နေတတ်တာပါ။ တချို့ ပညာရှင်တွေကတော့
တိုင်းရင်းသားပေါင်းစုံ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို အားလုံးကို ကိုယ်စားပြုတဲ့အမျိုးသားဝါဒ
အသစ်ကို ဖော်ဆောင်ဖို့ အကြံပေးပါတယ်။
ခေတ်သစ်ကချင်အမျိုးသားနိုင်ငံရေးလေ့လာမှု
တချို့ပညာရှင်တွေ ဟောကိန်း ထုတ်သလို အမျိုးသားရေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း
ဇတ်ခုံပေါ်က ပျောက်ကွယ်မသွားပါ။ ပို့လိုတောင်အားပြင်း လာပါသေးတယ်လို့ Cohen ပြောခဲ့ပါတယ်။
ဒီအပ်စပိုရာတွေဟာ မိမိတို့ရဲ့ ဒေသအတွင်း အမျိုးသားရေးကို နိုင်ငံသစ်ဆီ သယ်ဆောင်
လာကြသူတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ဇွန်လဆန်းကနေ စဖြစ်ခဲ့တဲ့ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်
(KIA) ရဲ့စစ်ပွဲဟာ ခေတ်သစ် ကချင်အမျိုးသား နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍတစ်ခုကို
ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတုန်းက စခဲ့တဲ့စစ်ပွဲဟာ ပြည်တွင်းမှာသာမက၊ နိုင်ငံတစ်ကာမှာ
ရှိနေတဲ့ ကချင်တွေရဲ့နိုင်ငံရေးအသိကို လှုပ်နှိုးခဲ့ပြီး ကချင်နိုင်ငံရေး လှုပ်ရှားမှုကိုလည်း
အရှိန်အဟုန် မြှင့်တင်စေခဲ့ပါတယ်။ ဒီအခြင်းအရာကိုကြည့်ပြီး စောစောက မေးခွန်းဖြစ်စေတဲ့
(nation) ဆိုတဲ့အပေါ် ကချင်တွေ ဘယ်လိုမြင်သလဲ ဆိုတာလေ့လာကြည့်ရအောင်။
ဒီနေရာမှာ ကချင်တွေရဲ့အကြောင်း သုတေသနပြုတဲ့ ပထဝီိနိုင်ငံရေးပညာရှင်
Karin Dean နဲ့ ကချင်လူမျိုး မနုဿဗေဒပါမောက္ခ La Raw Maran တို့ရဲ့လေ့လာချက်တွေကို
အကျဉ်းချုံး တင်ပြလိုပါတယ်။
Dean ကတော့ ပထဝီဝင်နဲ့ တရားဝင်ဖြစ်မှု (geography and legitimacy) အကြောင်းပြောဆိုခဲ့ပါတယ်။
Dean ရဲ့အဆိုအရ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နယ်နမိတ်တွေဟာ ပြင်သစ်၊ အင်္ဂလိပ် စတဲ့ကိုလိုနီနိုင်ငံတွေက
ကိုလိုနီခေတ်ရောက်မှ ရေးဆွဲထားတာဖြစ်လို့ လူတွေအမှန်တကယ် နေထို်င်တဲ့ဒေသနဲ့ (နယ်စပ်ကလူတွေရဲ့
နိုင်ငံအချုပ်အခြာအပေါ် အသိအမှတ်ပြုမှု) ကွဲလွဲမှုတွေ ရှိပါတယ်။ (ဥပမာအနေနဲ့ပြရရင် ကချင်ပြည်နယ်နဲ့
တရုတ်နယ်စပ်ရှိ ရွာတွေဟာ ငါးရက်တစ်ဈေး ပုံစံကျင့်သုံးတာဟာ နှစ်ရာချီကြာနေပြီဖြစ်တဲ့
ဓလေ့ တစ်ခုဖြစ်ပါတယ်။ ရွာတွေစုပေါင်းပြီး ငါးရက်တစ်ဈေးကျကို တစ်ရွာရွာက အိမ်ရှင်လုပ်လက်ခံတဲ့
စနစ်ဖြစ်ပါတယ်။ အရင်က လွတ်လပ်စွာကူးလူး သွားလာနေခဲ့ကြတဲ့ ဒီဓလေ့ဟာ နယ်နိမိတ်တွေ သတ်မှတ်ပြီးနောက်ပိုင်းမှာတော့
နယ်စပ်ဂိတ်တွေကို ရင်ဆိုင်လာရပြီး အရင်လိုလွတ်လပ်စွာ သွားလာခွင့် မရကြတော့ပါ။) ကချင်တွေရဲ့
homeland ဘယ်မှာလဲမေးရင် ကချင်လူမျိုးတွေ
သတ်မှတ်တဲ့ homeland territories ဟာ နိုင်ငံတကာနယ်နိမိတ် သတ်မှတ်ချက်အရ တရုတ်နိုင်ငံ
ယူနန် ပြည်နယ်၊ အိန္ဒိယနိုင်ငံ Anurachal Pradesh ပြည်နယ်၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့
ရှမ်းပြည်မြောက်ပိုင်းတွေ ဖြစ်ကြပါတယ်။
ဒီသုံးနိုင်ငံမှာ
နေထိုင်ကြတဲ့ ကချင်လူမျိုးတွေဟာ ယဉ်ကျေးမှု၊ ကုန်သွယ်မှု၊
ဆွေမျိုးတော်စပ်မှု စသည့် အရာများဖြင့်ဆက်နွယ်ကြပါတယ်။ သုံးနိုင်ငံက
ကချင်တွေနေထိုင်တဲ့
မြို့တွေမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိတဲ့ မနောပွဲတွေဟာ
ဒီသုံးနိုင်ငံက ကချင်တွေ
တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ ဒီမနောပွဲတွေဟာ သုံးနို်င်ငံက ကချင်တွေ
ယဉ်ကျေးမှုအားဖြင့်
ဆက်နွယ်နေတာကိုပြသတာဖြစ်ပါတယ်။ nation ဆိုတာတိုတိုပြောရရင်
အချုပ်အခြာအာဏာ မလိုတဲ့ ဆန္ဒတူသူတွေရဲ့ ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး၊
အမျိုးသားနိုင်ငံ
(nation-state) ကတော့ အချုပ်အခြာအာဏာပိုင်
နယ်နိမိတ်ရှိတဲ့ နိုင်ငံတော်တွေ ဖြစ်ကြပါတယ်။ ဒီတော့ သမိုင်းကြောင်းအရ
အမျိုးသားနိုင်ငံတော်
တည်ထောင်ခွင့် ဆုံးရှုံးခဲ့တဲ့ ကချင်တွေဟာ အမျိုးသားရေးဝါဒ တည်မြဲရေး အတွက်
အခြားနည်းလမ်းများကို
အားကိုးခဲ့ရတယ်လို့ Karin Dean ကဆိုခဲ့ပါတယ်။
ကချင်နိုင်ငံရေး ဓလေ့ (Kachin Political Culture)
LaRaw
Maran ရဲ့လေလာမှုမှာ ကချင်လူ့အဖွဲ့အစည်းရဲ့ ၁၉၆ဝ နောက်ပိုင်း
နိုင်ငံရေးရုန်းကန်မှု ဒဏ်ကြောင့် ပြောင်းလဲလာတဲ့လူ့အဖွဲ့အစည်းပုစံကို
အဓိကထားပါတယ်။ သူက ၁၉၆ဝ နောက်ပိုင်း ကချင်လူ့အဖွဲ့အစည်းကို စနစ်ကျတဲ့
နိုင်ငံရေးပန်းတိုင်နဲ့
လှုပ်ရှားနေတဲ့ နိုင်ငံရေး လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ပါတယ်။
နိုင်ငံရေးအရ ဖိနှိပ်မှုအပေါ်
ကချင်တွေရဲ့ တုန့်ပြန်မှုမှာ အခြေခံအကြောင်းအရာ နှစ်ခုရှိပါတယ်။ အဲဒါကတော့
ပဋိပက္ခကို
ရင်ဆိုင်ပတ်သက်ခြင်းကို ကြံ့ကြံ့ခံခြင်း
(conflict engagement)နဲ့ ရင်ဆိုင်ပတ်သက်ခြင်းကို ကြံ့ကြံ့ခံခြင်း
(enduring
engagement) တို့ဖြစ်ပါတယ်။ ပဋိပက္ခကိုရင်ဆိုင် ပတ်သက်နိုင်ဖို့ အတွက်
လုံလောက်တဲ့
လူဦးရေကဒီ နိုင်ငံရေးပြဿနာကို သိရှိနားလည်းရပါမယ်။
ရင်ဆိုင်ပတ်သက်ခြင်းကို ကြံ့ကြံ့ခံဖို့အတွက်
နိုင်ငံရေး ပြဿနာကိုဖြေရှင်းလိုစိတ်ပြင်းပြရပါမယ်။ ဒီအရာတွေကပဲ
ခေတ်သစ်ကချင်နိုင်ငံရေးဓလေ့ကို
ဖြစ်ပေါ်စေပါတယ်။ ကချင်လူမျိုးတွေ အမျိုးသားနိုင်ငံအပေါ်
ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းကို
ဖြေရမယ်ဆိုရင် LaRaw Maran ရဲ့အဆိုအရ ကချင်အမျိုးသားရေးဝါဒဟာ
ကျဉ်းမြောင်းတဲ့ မိမိအမျိုးသား
ကောင်းစားရေးကို အဓိကမထားဘဲ ပင်လုံကနေ သွေဖည်နေတဲ့
စစ်အစိုးရရဲ့ကိုယ်စား ပင်လုံနိုင်ငံတော်ကို
မီးမောင်းထိုး ပြနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကချင်လူမျိုးတွေ
ယုံကြည်တာက သူတို့ရဲ့
နိုင်ငံရေးပန်းတိုင်ဟာ ပင်လုံစိတ်ဓာတ်ကို ကာကွယ်ခြင်းဖြစ်ပြီး၊
ပင်လုံကို အကောင်အထည်ဖော်မှသာလျှင်
အမျိုးသားနိုင်ငံတစ်ခုထဲမှာ ပါဝင်ခြင်းဆိုတဲ့ စစ်မှန်တဲ့အဓိပ္ဗာယ်ကို
ဖော်ဆောင်တယ်လို့ ဆိုထားပါတယ်။ ကချင်တွေရဲ့ ဒီနိုင်ငံရေး၊
ပန်းတိုင်ကို ကချင်လူ့အဖွဲ့အစည်းပုံစံထဲက လူမှုအဆောက်အအုံတွေ
(institution
inside Kachin social system) ကလည်းသဘာဝ
အလျောက်ကူညီပံ့ပိုးနေကြောင်းကိုလည်း
LaRaw Maran က ရှင်းပြခဲ့ပါတယ်။ ကချင်လူမှုအဖွဲ့အစည်းပုံစံအကြောင်းကို
နောက်လမှာ ဆက်လျက်ရှင်းပြပါမယ်။
စာညွှန်း။ ။
Appadurai, Arjun (1996). Modernity At Large: Cultural Dimensions of
Globalization.Minneapolis: University of Minnesota Press.
Basch, Linda G et.al (1994) Nations unbound :transnational projects,
postcolonial predicaments, and deterritorialized nation-states. Basel,
Switzerland : Gordon and Breach.
Cohen, Robin. (1997) Global diasporas :An introduction. London : UCL
Press.
Dean, Karin - (2005) "Spaces, and territorialities on the
Sino-Burmese boundary: China.