Wednesday, April 3, 2013

Racism အကြောင်း တမိနစ်တာ သိကောင်းစရာ



မာဒီ
ခေတ်မောင်းဂျာနယ် တွဲ ၁၊ အမှတ် ၂ 

Racism ဆိုတာ....
လူရဲ့ အသားအရောင်၊ အမျိုး၊ ဇတ်၊ ကိုးကွယ်ယုံကြည်တဲ့ ဘာသာ၊ ဖွားမြင်ရာဒေသကို  လိုက်ပြီး နှိမ်ပြီး ဆက်ဆံတာကို racism ဗမာလိုတော့ လူမျိုးရေး ခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုလို့ ခေါ်ပါတယ်။
ဥပမာ...
သိပ်မကြာသေးခင် အချိန်တချိန်ထိ တောင်အာဖရိ ကမှာ လူမဲတွေဟာ သူတို့ အသားအရောင်ကြောင့် လူဖြူတွေစားတဲ့ စားသောက်ဆိုင်တွေမှာ စားခွင့်မရ ကြဘူး။ အလားတူပဲ အင်္ဂလန်မှာလည်း ၁၉၆ဝ ဝန်းကျင်လောက်ထိ ' အိုင်းရစ် မဝင်ရ၊ ခွေး မဝင်ရ ' ဆိုပြီး ပြောင်ပြောင်တင်းတင်း စာတန်းချိတ်ထားတဲ့ အရက် ဆိုင်တွေ ရှိခဲ့တယ်။ ဒါဟာ racism ပါပဲ။ မြန်မာနို်င်ငံမှာ ခရစ်ယာန်မို့ ၊ အစ္စလာမ်ဘာသာဝင်မို့ ရာထူးတိုးမပေးတာဟာလည်း racism ပဲ။ ဘောလုံးကွင်းထဲမှာ လူမဲဘောလုံးသမားတွေကို monkey chant မျောက်အော်အော်ပြီး လှောင်ပြောင် တာလည်း racism ပဲ။
အသားအရောင်ခွဲခြားမှုကို နိုင်ငံတော်တော်များများက ဘယ်လိုတိုက်ဖျက်သလဲဆိုတော့...

ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး အာမခံချက်တွေ ပေးတဲ့နိုင်ငံတွေမှာ racism ကို ဥပဒေနဲ့ မညီတဲ့လုပ်ရပ် အဖြစ်သတ်မှတ်ထားတယ်။ ဒီတော့ ဒီနိုင်ငံတွေမှာ ပြောခဲ့သလို ခွဲခြား ဆက်ဆံတာကို တရားစွဲလို့ ရတယ်။ အလုပ်ခွင်တွေမှာ အသားအရောင်ခွဲခြား ဆက်ဆံမှုကို တစက်မှ သည်းမခံဘဲ zero  tolerance  ပေါ်လစီကျင့်သုံးပြီး အလုပ်ထုတ်တဲ့ အထိ အရေးယူတယ်။
အသားအရောင်ခွဲခြားမှုကို ဘာ့ကြောင့် အရေးတယူ လုပ်ပြိး တိုက်ဖျက်ရသလဲဆိုတော့...
လူ့ အဖွဲ့ အစည်းတခုထဲတခုမှာ မွေးဖွားကြီးပြင်းလာသူတိုင်းဟာ အားလုံးလက်ခံနိုင်တဲ့ အခြေအနေ တခုကို ဖန်တီးပေးဖို့  ကိုယ်စီကိုယ် တာဝန်ရှိတယ်။ ဒါမှသာ တိုင်းသူပြည်သားတွေက သူတို့ နေထိုင်ရာ အဖွဲ့ အစည်းနဲ့ လူသားအချင်းချင်း တန်ဖိုးထား လေးစားပြီး တိုင်းပြည်အတွက် အားရှိမှာ၊ စည်းလုံးညီညွတ်မှုရှိပြီး ဖွံ့ ဖြိုးတိုးတက်နိုင်မှာ ဖြစ်တယ်။ racism ထင်ထင်ရှားရှား ရှိနေရင် နိုင်ငံသူ နိုင်ငံသားအချင်းချင်းကြား ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု ရဖို့ အဖြစ်နို်င်ဘူး။ ဒီတော့ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေး လမ်းကြောင်းပိတ်မယ်။ နောက် ကိုယ့်နှိမ်တာ မကြိုက်ရင် ကိုယ်လည်း သူများကို မနှိမ်သင့်ဘူးပေါ့။ နောက်တခါ သမိုင်းပြန်ကြည့်ရင် racism ကို အကြောင်းခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လူပေါင်းသိန်းသန်းချီ သေဆုံးခဲ့ရတယ်။
ထပ်သိချင်တယ်ဆိုရင်

by/http://ngunjawa2011.blogspot.com/2013/04/racism.html