Thursday, April 4, 2013

www.google.com.mm အနေဖြင့် “မြန်မာဘာသာ” ပြောင်းလဲ အသုံးပြုနိုင်ပြီ

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် unicode font ကို install လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။
Google.com.mm တွင် မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ မြန်မာဒိုမိန်းနှင့်ဖြစ်သော www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် အသုံးပြုနိုင်ရန် Google က ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ www.google.com.mm ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စတင်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိချေ။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် unicode font ကို install လုပ်ထားရန် လိုအပ်မည်ဖြစ်သည်။ Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံတွင် စတင် အသုံးပြုလာနိုင်ခဲ့သည်။