Sunday, September 28, 2014

KACHIN NATIONAL ALLIANCE PARTY FOR DEMOCRACY



(JINGHPAW WUNPAWNG AMYU SHA DEMOKRESI GINRUN PATI)

           Kachin National Alliance Party for Democracy ( Jinghpaw Wunpawng Myu sha Demokresi Ginrun Pati ) gaw 2008 ning, Myen mung ning pawt ning hpang gaw da tara hpe ning hkap ai pati langai rai nga ai, hta n-ga 2008 ning, ning pawt ning hpang gaw da tara kata hta paw pru wa ai asuya hpe mung nhkap la ga ai. Dai hte maren tara shang mung masa pati mung nrai nga ai. Dai majaw Wunpawng mung dan shang lawt asuya woi awn nga ai mung masa hkrun lam hpe madi shadaw n-gun jaw ai rai nga mali ai. 

1.       Wunpawng mung dan shang lawt asuya hpe madi shadaw ai ngu ai lachyum gaw; Wunpawng mung dan shang lawt asuya woi awn nga ai mung masa hkrun lam hpe kam ai ngu ai lachyum rai nga ai. 

2.       Wunpawng mung dan shang lawt asuya hpe myit mada ai ngu ai lachyum gaw; wunpawng mung dan shang lawt asuya gaw, wunpawng sha ni a myu sha gam maka hte mung dan lam hpe teng teng man man tsap nna, gaw gap woi awn nga ai ngu ai lachyum re. 

3.       Wun pawng mung dan shang lawt asuya a lakung lakap tai na ga ai ngu ai lachyum gaw; Wunpawng pawng myu sha ni rai nga ga ai marang e tinang dingdi dang dep ai lam hta myu sha a matu shakut garum na lit nga ai ngu ai lachyum rai nga ai. 

4.      Tai hpyen ngu ai lachyum gaw; anhte wunpawng myu sha ni a myit hkrum gahkin gum din lam hpe je hpre ai hpyen ni hpe tsun ai rai nga ai, hta n-ga anhte myu sha ni rawt jat kung hpang wa na lam hpe nra sharawng ai, dip rip ai hpyen wa hpe tsun ai rai nga ai. 

5.      Myu sha ni myit mang shabawn ra ai ngu ai lachyum gaw; myu sha kaji kaba, matsan lu su n-ging hka, shada da hkungga lara nna, myu sha lam hta yawng gaw lit nga ai ngu ai lam hpe madung tawng nna myu sha ni a lawt lam hpe Karai Kasang kaw na n-gun hte jawm gaw gap ra ai ngu ai lachyum rai nga mali ai. 

By KNADP

Read more »

Mungdan shagu na Wunpong Myusha ni ni madat la nna hpa baw galaw ra ai lam shajin nga saga law

Mungkan Mungdan shagu na Wunpong myu sha myit su, ji nban ni e Ndai video link hpe atsawm Madat yu ga law. Ya ten na mung masa hku nga yang an hte maigan mungdan shagu du taw nga sai myu sha ni yawng hpa baw galaw sa wa na ngu hpe lawan myit shajin tawn ga law, Myen asu ya gaw Lekmat n htu htu hkra galaw nna shan hte a myat htuk na lam sha re hpe asan sha mu lu nga sai. Lani myi na nhtoi hta lekmat htu ra na masa mung rai nga ai,Lek mat nhtu jang mung an hte Kachin hpe sha mahta nna myen asu ya gaw grau adawt na masa re.. Rai yang an hte Maigan mung dan shagu du nga sai myu sha ni mung majoi zim nga gaw nmai na sai, Dai ni Myen hpyen asu ya hpe adawt ai uhpung uhpawng ni law malawng dawm kau sai re.Moi de myen asuya hpe adawt ai http://uscampaignforburma.org( us campaign for burma) mung dawm kau sai re.Myen jawng ma ning baw ni mung Myen asu ya kaw e shang lawm mugun ai madang de du mat sai re. Sin na dan asu ya ni mung Myen asu ya hpe law law garum na matu jin jin rai nga sai,garum mung garum nga sai, Dai majaw an hte a lam an hte tsun la ra ai tsang kaw du taw sai re.USA na Kachin alliance Zawn re uhpung uhpawng hpe Mungdan shagu na Wunpong myu sha ni hpaw ning htan nna Tinang du nga ai mung dan kawn An hte hpe dip sha nga ai myen asu ya a maw lanyet hpe ladat myu myu shaw let ning hkpa adawt na hku di ga law... Part I
Part II

Read more »

Saturday, September 27, 2014

မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ပြည်ထောင်စုစနစ် (၁၇)


UNFC နှင့် UPWC တို့ အခက်တွေ့နေသည့် အပစ်ရပ်စဲရေးဆွေးနွေးချက်များတွင် တပ်နေရာချထားရေးလည်း ပါဝင်သည်ဟု ဆိုသည်။ တပ်နေရာချထားရေးကို ဆွေးနွေးသဖြင့် နယ်မြေကို ညှိသကဲ့သို့ ထင်မှတ်ကာ အစိုးရက ဤအချက်သည် တော်လှန်ရေးအဖွဲ့အစည်းများက အစိုးရနှင့် ပါဝါညှိချင်၍ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
တော်လှန်ရေးအဖွဲ့အစည်းများသည် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းရန် တာစူထားကြောင်း အများအသိပင် ဖြစ်သည်။ ဤသဘောတရားကို အစိုးရ၊ လွှတ်တော်နှင့် အဓိကအတိုက်အခံပါတီ NLD ကလည်း မူအရ သဘောတူထားပြီး ဖြစ်သည်။ သို့သော် မြန်မာ့တပ်မတော်အနေဖြင့် ယနေ့အထိပင် ဇဝေဇဝါ ဖြစ်နေတုန်းပင် ဖြစ်သည်။
ဤကဲ့သို့ဆိုလျှင် လက်ရှိအပစ်ရပ်ရေးသည် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်စေမည်ဟု ယုံကြည်ရန် ခက်သည်။ နိုင်ငံတကာ၏ ပြည်တွင်းစစ်ပြဿနာဖြေရှင်းနည်းနှင့်လည်း ကွဲပြားသည်။ ယင်းသို့ ကွဲပြားရခြင်းမှာ တိုင်းရင်းသားတော်လှန်ရေးသမားများ၏ လက်ဝယ် နယ်မြေ ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ နယ်မြေအသာစီးရရန်လည်း မြန်မာ့တပ်မတော်က ဆယ်နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ထားနှင့်ပြီဖြစ်သည်။
ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရာမှာ ကုလသမဂ္ဂ အသုံးများသည့် နည်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အရင်ပေးခြင်းဖြစ်သည်။ ယခု ယူကရိန်းအစိုးရနှင့် ရုရှားအားပေးယူကရိန်းသူပုန်တို့အပစ်ရပ်ရေးကို လေ့လာကြည့်လျှင် သူပုန်တို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးကြောင်း၊ သူပုန်ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း၊ တပ်နှစ်ဖက်စလုံး ဆုတ်ခွာကြရကြောင်း တွေ့ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပစ်ရပ်ဆွေးနွေးပွဲများကို လေ့လာကြည့်လျှင် ဤအချက်များ မတွေ့ရပေ။ ပြည်နယ်(၇)ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ဝေးစွ၊ တပ်မတော်မူ(၆)ချက်ဖြင့်ပင် ဖိနှိပ်ထားရန် ကြံရွယ်နေသေးသည်။
အမှန်တွင် တိုင်းရင်းသားတို့ဒေသကို တိုင်းရင်းသားတို့ကိုယ်တိုင် အုပ်ချုပ်ခွင့် ရှိရမည်ဟု ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ပါရှိပြီဖြစ်သည်။ Internal Autonomy ကို အရင်ပေးရမည်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးအပ်ပြီး သက်ဆိုင်ရာလူမျိုးတို့က သူတို့၏ ပြည်နယ်များတွင် စာပေယဉ်ကျေးမှုအပါအဝင် အရေးပေါင်းများစွာကို လွတ်လွတ်လပ်လပ် ကျင့်သုံးအုပ်ချုပ်၍ ရသည်။ ဤအချက်သည် ယုံကြည်မှုတည်ဆောက်ရာ၌ များစွာ အထောက်အကူ ပြုသည်။ သို့သော် မြန်မာနိုင်ငံအပစ်ရပ်ဆွေးနွေးပွဲများ၌ ဤအချက်ကို ဖွင့်ဟရဲသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးတလေမျှပင် မပေါ်သေးပေ။
တိုင်းရင်းသားတို့ တောင်းဆိုချက်သည် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ပြည်နယ်များ ဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ဤပြည်ထောင်စုမှ ခွဲထွက်နိုင်သည်၊ လုံးဝလွတ်လပ်ရေး ရယူနိုင်သည်၊ သို့သော် ခွဲမထွက်ဘဲ၊ လုံးဝလွတ်လပ်ရေးမယူဘဲ မိမိတို့ပြည်နယ်၌ မိမိတို့ကံကြမ္မာကို မိမိတို့ဆန္ဒအတိုင်း အုပ်ချုပ်လိုခြင်း၊ ဥပဒေပြုလိုခြင်း၊ တရားစီရင်လိုခြင်းဖြစ်သည်။ ဒါကို Self-determination ဟု ခေါ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အမြုတေ ပင်လုံစာချုပ်သည် ခွဲထွက်ခွင့်စာပုဒ်ကို ထည့်သွင်းထားသဖြင့် ပြည်နယ်များအနေဖြင့် ခွဲထွက်လိုလျှင် ခွဲထွက်လိုသော်လည်း ခွဲမထွက်ကြဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ တောင်းဆိုကြခြင်းဖြစ်သည်။ ဤအချက်ကို သဘောတူရန် မြန်မာ့တပ်မတော်၌ အဆင်သင့် မဖြစ်သေးကြောင်း နောက်ဆုံးဆွေးနွေးပွဲရလာဒ်ကို ကြည့်လျှင် သိနိုင်သည်။
ဤသို့ဆိုလျှင် စစ်မှန်သည့် ပြည်ထောင်စု ဖြစ်မည်၊ သို့သော် မြန်မာပြည်နှင့် လိုက်လျော်ညီထွေရှိသော ပြည်ထောင်စုဖြစ်ရမည်ဟု ပြောပြောနေကြခြင်းမှာ မြန်မာ့တပ်မတော် လက်ခံနိုင်သည့် ပြည်ထောင်စုကို ဆိုလိုသလား၊ နေဝင်း ပုံဖော်ခဲ့သည့် တိုင်းနှင့်ပြည်နယ်(၁၄)ခုအုပ်ချုပ်ရေးစနစ်ကို ဆိုလိုသလား၊ (၈)ပြည်ထောင်မူကို လက်ခံသလားဆိုတာ မကွဲပြားသေးချေ။ မြန်မာအစိုးရဘက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို လက်မခံကြောင်း ငြင်းဆိုလိုက်သဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သည့် ပြည်ထောင်စုတစ်ခုကို တွေ့မြင်ရဖွယ် မရှိပါ။
စစ်မှန်သည့် ပြည်ထောင်စုကို ထူထောင်မည်ဟု ဆိုခဲ့လျှင် "အမျိုးသားဥပဒေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာခံစားခွင့်ရှိခြင်း မရှိခြင်း၊ အလားတူ ကိုယ်ပိုင်ပြဌာန်းခွင့်အတိုင်းအတာကို ကန့်သတ်ခြင်းများ ရှိခြင်း မရှိခြင်းတို့သည် ညှိနှိုင်းရေးစားပွဲပေါ်၌ အရေးပါအရာရောက်သည့် အချက်များဖြစ်ကြောင်း" နိုင်ငံရေးသုခမိန်တို့ ဆိုကြသည်။ ဤအချက်များအပေါ် မူတည်၍ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ အဆင့်အတန်းကို အကဲဖြတ်၍ ရသည်။
ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အစည်းများနှင့် လက်ရှိအပစ်ရပ်ရေးဆွေးနွေးနေသည့် အဖွဲ့အစည်းအချို့သည် မြန်မာ့တပ်မတော်ကို အလိုလိုက်အကြိုက်ဆောင်သည့်အနေဖြင့် လက်ရှိတိုင်းနှင့်ပြည်နယ်(၁၄)ခုကို ပြည်နယ်(၁၄)ခုများအဖြစ် ပြောင်းလဲကျင့်သုံးမှသာ လက်ရှိအခြေအနေအရ အကျိုးများဖွယ်ရှိသည်ဟု မြင်ကြကြောင်း သိရှိရသည်။ ဤသို့ဆိုလျှင် -
(၁) ဧရာဝတီပြည်နယ်
(၂) ကချင်ပြည်နယ်
(၃) ကယားပြည်နယ်
(၄) ကရင်ပြည်နယ်
(၅) ချင်းပြည်နယ်
(၆) စစ်ကိုင်းပြည်နယ်
(၇) တနသာင်္ရီပြည်နယ်
(၈) ဗဂိုးပြည်နယ်
(၉) မကွေးပြည်နယ်
(၁၀) မန္တလေးပြည်နယ်
(၁၁) မွန်ပြည်နယ်
(၁၂) ရခိုင်ပြည်နယ်
(၁၃) ရန်ကုန်ပြည်နယ်
(၁၄) ရှမ်းပြည်နယ်
ဟူ၍ ဖြစ်သည်။ ပြည်နယ်(၁၄)ခု ထား၍ ကျန်လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ်သာ ထားရှိခြင်းသည် အကျိုးများကြောင်း သုံးသပ်ကြသည့် တိုင်းရင်းသားနိုင်ငံရေးသမားများ ပေါ်ထွက်လာသည်။ အထူးသဖြင့် စစ်အုပ်စုနှင့် နီးစပ်ပြီး သမ္မတသိန်းစိန်ကို endorsement ပေးသည့် အုပ်စုများ ဖြစ်ကြသည်။ နော်ဝေးအခြေဆိုက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေးတော်ပုံ၌ အထင်ကရ ပါဝင်ခဲ့သည့် ခေါင်းဆောင်အချို့ပင် ဤစိတ်ကူးကို သဘောကျကြသည်ဟု ဆိုသည်။ သူတို့က ဘာကြောင့် ပြည်နယ်(၁၄)ခုမူကို သဘောကျကြသနည်း။
မြန်မာနိုင်ငံနှင့် သင့်လျှော်သည့် ပြည်ထောင်စုစနစ် (၁၈)ကို ဆက်လက်ဖတ်ရှုကြပါရန်။

Read more »

Dip da Hkrum ai kaw na lawt hkra galaw ra ai lam

Lawt lu hkra

From: "Jame Alex" Read more click on link http://www.scribd.com/doc/241139124/Lawt-lu-hkra

Read more »

ယခုလ မြန်မာ့အရေးများထဲမှ အကြီးမားဆုံးသင်ခန်းစာများ

By: Khon Ja ၁. Nothing is agreed until everything is agreed. ယခင်သဘောတူညီမှုအားလုံးကိုပင် သင်္ကြန်ယိမ်းအကမှ ခြေထိုးကွက်ကဲ့သို့ ရှေ့၊ ဘေး၊ နောက်၊ ကော့ လုပ်နိုင်သည်။ ၂. စတုတ္ထအကြိမ်မြှောက် အစည်းအဝေးတွင် စတုတ္တမူကြမ်း ကို အတည်ပြုနိုင်၍ ထိုနေ့တွင်ပင် ကချင်၊ ပလောင်နှင့် မွန် ဒေသတွင် တိုက်ပွဲဖြစ်သည်။ ၃. Reporters များအား Off the Record ဟု ဆိုပြီး နားမုဒိန်း မကျင့်ရ ၄.. KNU ဟူသော ကရင်အဖွဲ့ အကြောင်းကို တင်ပြမှုများထဲမှ လူသိအများဆုံး၊ အကျော်ကြားဆုံး video clip မှာ RCSS ဟုခေါ်သော ရှမ်းတိုက်ပုံကိုယ်စားလှယ် ဟန်ညောင်ဝေက ကိုယ်စားပြု တင်ပြမှုဖြစ်သည်။ ၅. မြန်မာနိုင်ငံတွင် သမ္မအကြိုက် ဆန္ဒဖော်ထုတ်မှုသည် စနစ်အကျဆုံး၊ သပ်ရပ်မှုအရှိဆုံးဖြစ်သည်။ LikeLike · · Share Ah Phu Phu, U Ravika, Htu Ing and 40 others like this. 2 shares Chan Nyein Aung (၆)ငါးစာချရာ ငါးပွက်စေဆိုသောနည်းအရ ပြည်သူများအား အာရုံလွဲသော အောက်လည်းအပေါ်လမ်းနည်းပေါင်းစုံနှင့် ခေါင်းလောင်းမရ။ တောင်တက်သမားပျောက်။စီမံကိန်းအာပလာစသောနည်းလမ်းများလည်းမကြာခဏ အသုံးတော်ခံလေ့ရှိသည်။ 3 hrs · Like · 7 Khon Ja ဟီး... ဟုတ်ပါ့။ တောင်တက်သမားများအား ၄င်းတို့ကိုယ်တိုင်များ လုပ်ကြံလိုက်သလား ဟုပင် မသင်္ကာဖြစ်မိ၏။ ယခင်က ကြားဖူးနားဝရှိသော၊ ဖတ်ဖူးသော လုပ်ကြံမှုများနှင့်ပင် ဆင်တူ၏။ 3 hrs · Like · 5 Nan Lwin နံပါတ်၃ ကဘူ့ ကိုပြောတာလဲ 3 hrs · Like Khon Ja အစည်းအဝေးတိုင်းမှာ လိုပါဘဲ။ အကြီးအကျယ် ခေါ်ဆွေးနွေးပြီး Record လုပ်တာပြီ ဆိုရင် အတင်းအုပ်ချင်ရင် Off the record တဲ့။ 3 hrs · Like · 3 Khon Ja ၇။ အမျိုးသမီးများလျှင် အရည်အသွေးကျသည်ဟု နိုင်ကျဉ်း ပညာယှိက ပြောသည်။ ထိုလို လူမျိုးကို ထောင်ထဲတွင် နောက်ထပ် အနှစ် ၁၀၀၀ ထဲ့ထားသင့်သည်။ https://www.facebook.com/photo.php?fbid=392195777599673... 3 hrs · Like · 4 Nan Lwin သီးခံစွမ်းရည်တွေမြှင့်လာတယ် ကြီးတော် အထဲကိုသိချင်တော့ သီးခံကွေ့ပက်ပြီး စကားတွေက အရက်သမား လောက်တောင် အဆင့်မရှိပေမယ့် ပေကပ်ထိုင်ဆက်ပြီးစကားပြောနေရတာပဲ 3 hrs · Like · 2 Khon Ja အရက်သမားလောက်တောင် အဆင့်မရှိသူတွေကိုဘဲ ဗဟိုကော်မတီမှာ ဖိတ်ခေါ်ထဲ့ထားတော့ ဒီမို ခရေဇီ လမ်းကြောင်းဖြစ်သွားတာပေါ့၊ ဒီအချိန်မှာ ဘယ်လောက် အနစ်နာခံခဲ့တယ်၊ ဘာလုပ်ခဲ့တယ် နဲ့ လာအော်နေရမဲ့ နေရာမဟုတ်ဘူး။ အကြံပေးရမဲ့ နေရာ။ သူ့တို့ ခရေဇီ ဖြစ်တာ ငါတို့ တတိုင်းပြည်လုံးရဲ့ အနာဂတ်နဲ့ ဆိုင်နေလို့ အရေးလုပ်ပြီး ဝေဖန်နေရတာ။ 2 hrs · Like · 2 Nan Lwin စိတ်လျော့လိုက်ပါပြီ ကြီးတော်ကသာစိတ်မလျော့ ပဲ keep support လုပ်နေတာ လူငယ်တစ်ယောက်အနေနဲ့အဲလိုလူတွေလက်ထဲ အနာဂတ်မထည့်နိုင်ဘူး ပြောစရာမရှိအောင်စိတ်ကုန်ပြီ 2 hrs · Like · 2 Khon Ja အေး... မှန်တယ်။ အနာဂတ်ကို ညီးတို့လူငယ်တွေ လက်ထဲ အပ်လိုက်တော့မယ်။ သွေးဆုံး၊ ပန်းသေပြီးသူများ မထိရ လို့ စာချုပ် ထဲမှာ ထဲ့ချုပ်ခိုင်းမယ်။ 2 hrs · Like · 5 Nickey Diamond ဘယ်က နိုင်းကျဉ်း ပညာယှိလဲ မသိဝူး။ ၀င်ကြည့်လို့ မရတော့ဝူး။ ဆရာတင်ချင်လို့ ပါဗျာ။ မြန်မာပြည်မှာတကယ် ပညာယှိက၀ိတွေ တယ်ပေါသကို။ ငိငိ 2 hrs · Like

Read more »

စစ်လိုလားလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လိုမယ်။

Mon amyu baw sang Hpung gyi wa a ya ten na mung masa maram yu ai lam By:U Ravika မကြိုက်ရင် အခုကတည်းက ပြောထားပါ ဗိုက်ထွက်မှ ကလေးဖျက်ချရင် အန္တရာယ်များတယ် (ရှည်တယ် ဒါပေမဲ့ ဖတ်ကြည့်စေချင်တယ်) စစ်လိုလားလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ လိုမယ်။ တိုင်းရင်းသားတွေဘက်မှာလည်း သဘောထားပျော့ပျောင်းသူ ရှိမယ်၊ သဘောထားတင်းမာသူ ရှိမယ်။ စစ်တပ်တပိုင်းအစိုးရမှာလည်း သဘောထားပျော့ပျောင်းသူ ရှိမယ်၊ သဘောထားတင်းမာသူ ရှိမယ်။ ဒါပေမဲ့ မိမိတို့သေချာတာတစ်ခု ရှိတယ်။ မြန်မာအစိုးရတိုင်းဟာ တိုင်းရင်းသားရေးရာပေါ်လစီနဲ့ပတ်သက်ပြီး ရိုးသားမှု နည်းခဲ့ပါတယ်။ အခု ဘာတွေ ဖြစ်နေသလဲဆိုရင် သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်တို့က သန်းရွှေလမ်းညွှန်ချက်နဲ့အညီ စည်းချက်ညီညီ ကလိမ်ညာဏ် ဆင်နေကြတယ်လို့ ဆိုချင်ပါတယ်။ မိမိတွက်ဆချက်အရ သန်းရွှေက ဒီကနေ့အထိ ကြိုးကိုင်ထားတုန်းပဲ။ သန်းရွှေက ကြိုးမကိုင်ခဲ့ရင်လည်း သူ့လို အရူးတစ်ကောင်ကိုတော့ လက်နက်တပ်ဆင်ပေးခဲ့ပါပြီ။ အဲဒါကတော့ မင်းအောင်လှိုင်ပါပဲ။ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းခြင်းမှာ မြန်မာတို့ပယောဂ ပါဝင်ခဲ့ဖွယ် ရှိတယ်။ ဒါဟာ အမေရိကန်မဟာမိတ်ကို အမေရိကန်တို့နဲ့ ရန်တိုက်ပေးခြင်းဖြစ်တယ်။ မိမိလည်း ရေးခဲ့တာပါပဲ။ လူ့အခွင့်အရေး ဒီလောက် ချိုးဖောက်နေတဲ့ မြန်မာ့တပ်မတော်ကို ဒီလောက်အလိုလိုက်နေမှတော့ သူခိုးအားပေးရာရောက်တယ်၊ လူမိုက်အားပေးရာရောက်တယ်ဆိုတာ။ အခု သိန်းစိန်အစိုးရက သူ့မှာ အစွမ်းအစရှိသလောက် ပုံမှန်လှုပ်ရှားနေကြတယ်။ နိုင်ငံရေးအရ ရည်မှန်းချက်ကြီး ထားရှိနေတယ်။ မိမိအမြင်မှာ နိုင်ငံရေးအရ ဆက်ဆံစေချင်သလို စီးပွားရေးအရလည်း ခရိုနီနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆက်သွယ်စေချင်တယ်။ ဒီနေ့ နယူးယောက်မြို့မှာ Myanmar: Asia's last frontier ဆိုပြီး စီ်းပွားရေးဖော်ရမ်တစ်ခု လုပ်ခဲ့တယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှေု့တိုးဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်။ အမေရိကန်တို့ရဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံသားများအတွက် နည်းနည်းလေးပဲ အကျိုးရှိမှာ ဖြစ်တယ်။ ခရိုနီနဲ့ စစ်တပ်အတွက်သာ အကျိုးများပါလိမ့်မယ်။ ခရိုနီများကို အရင်းရှင်တွေအဖြစ် မွေးဖွားစေပြီး ပြုပြင်ပြောင်းလဲစေဖို့ ခြေလှမ်းအစ ဖြစ်တယ်။ ဒါပေမဲ့ ခရိုနီတွေက အခု သိန်းစိန်နဲ့ ရွှေမန်းတွေလိုပဲ စစ်တပ်ကို တော်လှန်ဝံ့မှာ မဟုတ်ဘူး။ အာဏာရှိသူရှိရင် ဆရာတော်က ကပ္ပိယကို ကြောက်ရမဲ့ခေတ်ကြီးဖြစ်တယ်။ အလားတူ သမ္မတသိန်းစိန်ထောက်ခံပွဲ မန်းလေးမှာ ဖြစ်တယ်။ တိုင်းဝန်ကြီးချုပ်ကမ္မကထပြုတဲ့ ထောက်ခံမှုပါ။ ကြည့်ရတာ ဖွတ်တို့က မန်းလေးကို ပြစ်မှတ်ထားစည်းရုံးဖို့ စိတ်ကူးထားပုံ ရတယ်။ ဒါဟာလည်း သံဃာတွေထဲမှာ စွမ်းအားရှင်လို ဖြစ်လာတဲ့ မဘသဗဟိုက မန်းလေးမှာ ရှိနေလို့ပါပဲ။ အလားတူအဖြစ်အပျက်မျိုးကို UNFC မှာလည်း ဖြစ်တယ်။ သိန်းစိန်ကို သမ္မတအဖြစ် ထောက်ခံလိုတဲ့ KNU ဗဟိုကော်မတီဝင်တွေ ရှိလာတယ်။ မင်းအောင်လှိုင်သြဝါဒကို KNU က နှစ်ခြိုက်လာတယ်။ ဒါဟာလည်း KNU ကို နိုင်ငံရေးအရ လုပ်ကြံချင်လို့ မဟုတ်ဘူး။ အဖြစ်မှန်ကို ပြောနေတာ ဖြစ်တယ်။ ဒီထက် ထူးဆန်းတာက NLD လို ပါတီကြီးမှာတောင် စစ်အုပ်စုနဲ့ အပေးအယူ ရှိနေပုံရတယ်။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့အရေးအတွက် သမ္မတရာထူးကို ငါးစာချချင်တဲ့ သဘောကို တွေ့ရတယ်။ ဦးညာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့စကားကို ကုတ်လုပ်ပြီး ရိုက်တာမှ ပေါလ် မူနီ (Paul Mooney)က သတင်းတစ်ပုဒ်ကို မနေ့ကပဲ ရေးခဲ့တယ်။ အဲဒီသတင်းမှာ NLD က ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတရာထူးကို မရခဲ့ရင် သူတို့ပါတီက နောက်ကိုယ်စားလှယ်လောင်းတစ်ဦးကို မရွေးချယ်တော့ဘဲ သူရရွှေမန်းကိုသာ သမ္မတလောင်းအဖြစ် သဘောတူတဲ့သဘောကို ပြောသွားတယ်။ ဒါဟာ နောက်စရာ မဟုတ်ဘူး။ NLD က ရိုက်တာဖော်ပြချက်ကို ငြင်းဆိုနေပေမဲ့ ရိုက်တာလို သတင်းဌာနကြီးဟာ မခိုင်လုံရင် မရေးဘူး။ မခိုင်လုံဘဲ ရေးခဲ့ရင်လည်း တရားစွဲလို့ ရတယ်။ မပြောဘဲနဲ့ ပြောတယ်လို့ မရေးဘူး။ ဖြတ်ညှပ်ကပ်လုပ်ပြီး ဖော်ပြခဲ့ရင်လည်း ဒါကို NLD က ထိထိရောက်ရောက် ချေပရမှာဖြစ်တယ်။ အဲဒီလိုချေပတဲ့နေရာမှာလည်းပဲ စကားကျွံထားတဲ့ ဦးညာဏ်ဝင်းက နှုတ်ဆိတ်နေလို့ မဖြစ်ဘူး။ ဘာပဲပြောပြော ဒီမိုကရေစီ မရသေးဘဲနဲ့၊ လူမျိုးတန်းတူရေးလည်း မရသေးဘဲနဲ့၊ လူ့အခွင့်အရေးအခြေအနေလည်း ကောင်းမွန်လာခြင်း မရှိသေးဘဲနဲ့ အတိုက်အခံအုပ်စုများနဲ့ တိုင်းရင်းသားအုပ်စုများမှာ စစ်အုပ်စုအတွက် အကျိုးများစေမဲ့ အပြုအမူများကို တွေ့မြင်နေရပြီဖြစ်တယ်။ သူတို့မသိတာက သူတို့လက်ထဲမှာ ဘာမှမရှိသေးဘူးဆိုတာပါပဲ။ စစ်အုပ်စုကို ဒီမိုကရေစီရန်သူ၊ ပြည်ထောင်စုရန်သူလို့ ပြောချင်တယ်။ ဒီရန်သူကို အနုနည်းနဲ့ ချည်းကပ်ဖို့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ရှိသမျှကို ပေးပြီး ရွှေပြည်အေးလုပ်လိုက်ရင် ပြည်သူတို့ရဲ့ ယုံကြည်မှုကို အကြီးအကျယ်ဆုံးရှုံးရမှာ ဖြစ်တယ်။ ပြည်သူတို့ထောက်ခံမှု ရှိနေလို့သာ ရပ်တည်လို့ ရနေတာကို မမေ့သင့်ဘူး။ စစ်အုပ်စုထောက်ခံလို့ နေနေတာ မဟုတ်ဘူးဆိုတာ အမြဲတမ်း သတိရနေဖို့ပါပဲ။ တိုင်းရင်းသားများအနေနဲ့ မိမိတို့မှာ အင်အားမမွေးဘဲ ရန်သူကို ဖားပြီး အသက်ရှုချင်တဲ့ အဖွဲ့တွေ ရှိလာတယ်။ ရန်သူမှာ အဆင်သင့် ဖြစ်ပြီသားပါ။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အရေးပေါင်းများစွာ အဆင်သင့် လုပ်ဆောင်ထားပြီသား ဖြစ်တယ်။ အခု သူတို့လိုနေတာက စီးပွားရေးတစ်ခုထဲပါ။ အဲဒီစီးပွားရေးတံခါးကို ဖွင့်နိုင်တာနဲ့ သူတို့ ရပ်တည်လို့ ရသွားပြီ။ ဒီအချိန်မှာမှ သူတို့ခရိုနီတွေက တိုင်းရင်းသားဒေသကို သိမ်းပိုက်မယ်၊ တိုင်းရင်းသူတွေကို အလုပ်သမအဖြစ် ငှားမယ်၊ ပြီးမှ မယားအဖြစ်သိမ်းသွင်းမယ်၊ တော်လှန်ရေးလည်း ပျောက်သွားမယ်၊ ကိုယ့်လူထုကိုယ်နှိုက်က ကိုယ့်ကို မထောက်ခံတော့ရင် တိုင်းရင်းသားတွေက မျိုးပြုတ်သွားမှာ အသေအချာပါပဲ။ အခုလည်း အတိုက်အခံများနဲ့ နည်းနည်းလေး ရောရောနှောနှော နေဖူးတာနဲ့ အိမ်ထောင်ကျပြီး အမျိုးပျောက်နေတာ အများကြီးပါပဲ။ ဒါပေမဲ့ အစိုးရဘက်မှာလည်း မဘသလိုအဖွဲ့ကို မွေးထားတာကို မမေ့ကြပါနဲ့။ တိုင်းရင်းသားတွေကို အမျိုးမချစ်ကြဖို့၊ လူမျိုးချင်းလက်ထပ်ကြဖို့ ပြောနေချိန်မှာ သူတို့ဘက်မှာ မျိုးချစ်အကြောင်း တသွင်သွင်ဟောပြောနေကြပါတယ်။ ဒီတော့ လုံးဝမဟန်တော့တဲ့အချိန်ကျမှ ခရိုနီနဲ့ တည့်အောင် ပေါင်းနေတဲ့၊ မြန်မာစစ်တပ်နဲ့ ပေါင်းနေတဲ့ အမေရိကန်ကို ရန်သွားမရှာနဲ့။ အခုလို IS ခံရသလိုမျိုး ခံရမှာ သေချာတယ်။ အကြမ်းဖက်သမားလို့ နာမည်တပ်လိုက်ရုံပဲ။ သီရိလကာင်္က ကျားသူပုန်တွေလို ဖြစ်ကုန်မှာပဲ။ နိုင်ငံရေးအရ ရှုံးသွားလို့ကတော့ စစ်ရေးအရလည်း သွားလို့ မရဘူးဆိုတာ မမေ့ကြဖို့ပါပဲ။ ဒါကြောင့် အင်အားကို မွေးပါ။ စစ်ကို မလိုလားဘူး။ ဒါပေမဲ့ စစ်အင်အားကို မွေးထားပါ။ စစ်အုပ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မဆက်ဆံပါနဲ့။ တရုတ်အပါအဝင် ဘယ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကို မဆို တိုင်းရင်းသားတို့ပြည်နယ်တွေမှာ လာရောက်ရင်းနှီးမြှပ်နှံချင်တယ်ဆိုရင် တိုင်းရင်းသားတို့ရဲ့ သဘောတူညီချက်ကို အရင်ရယူရမှာဖြစ်တယ်။ ခရိုနီတွေမဟုတ်ဘဲ တကယ့်ဒေသခံတိုင်းရင်းသားတွေ ဖြစ်နေဖို့ လိုတယ်။ မကြိုက်ရင် အခုကတည်းက ပြောထား။ ဗိုက်ထွက်မှ ကလေးဖျက်ချဖို့ မလုပ်နဲ့။ အန္တရာယ်များတယ်။

Read more »

Friday, September 26, 2014

လီယိုနာဒိုရဲ့ ကမ္ဘာ့ကုလသမဂ္ဂ မိန့်ခွန်း

လီယိုနာဒိုရဲ့ ကမ္ဘာ့ကုလသမဂ္ဂ မိန့်ခွန်းမှာ ဘာပြောထားလဲ ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုဟာ ကုလသမဂ္ဂအနေနဲ့ ရာသီ ဥတု ပြောင်းလဲမှု ကိစ္စအပေါ် အရေးတယူ လုပ်ဆောင်ဖို့ သူ့ရဲ့ ကုလသမဂ္ဂမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့် သွင်း တောင်းဆိုသွားပါတယ်။ http://blog.irrawaddy.org/2014/09/blog-post_807.html

Read more »

Thursday, September 25, 2014

San seng kum hpa( မြို့ နယ် အသီးသီး မှ အသင်းတော် ကိုယ်စားပြု ဘောလုံးအသင်း (၁၄)သင်း )

ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ( KBC ) မှ ကြီးမှုး ကျင်းပနေတဲ့ ဇုံနယ် ၊ မြို့ နယ် အသီးသီး မှ အသင်းတော် ကိုယ်စားပြု ဘောလုံးအသင်း (၁၄)သင်း ပါဝင် ယှဉ်ပြိုင် ကစားပြီး သိန်း (၂၀၀) တန်ကြေးရှိတဲ့ ကျောက်စိမ်း ကျောက်သားစစ်စစ် ဖြင့် ပြုလုပ်ထားတဲ့ ဒိုင်းဆု အားပေးအပ် ချီးမြှင့် မည့် ဘောလုံးပြိုင်ပွဲကြီး အား ယနေ့ ညနေ နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ကစားကြရာ မြစ်ကြီးနား ဇုံနယ် အသင်းတော် ကိုယ်စားပြု ဘောလုံး အသင်းမှ အနိုင်ရ ဗိုလ်စွဲ သွားကြောင်း သိရပါတယ် ။ ဒုတိယ ရရှိသွားတဲ့ အသင်းကတော့ ဖားကန့် ဇုံနယ် ကိုယ်စားပြု အသင်း ဖြစ်ပါတယ်။ မိုးထဲ လေထဲ အကြိတ် အနယ် ယှဉ်ပြိုင် ကစားကြပြီး ပွဲကြည့် ပရိတ်သတ် ထောင် နဲ့ ချီ ပြီး လာရောက် အားပေးကြည့်ရှု ခဲ့ကြပါတယ် ။
( KBC )
By Jadeland

Read more »

ဆက်စပ်ကြည့်ရင် သံသယဝင်စရာတွေကို မြင်နေရပြီ။


အနော်ရထာက သထုံကို ပိဋကတ်တောင်းသလိုမျိုး
အနော်ရထာက သထုံကို ပိဋကတ်တော်တောင်းတယ်။ သထုံက ပိဋကတ်တော်ကို မပေးဘူး။ အရည်းကြီးသာသနာကို အရိုင်းသာသနာလို့ မွန်တို့မြင်တယ်။ ဒါကြောင့် ပိဋကတ်တော်က အရိုင်းတို့နဲ့တန်သလော ဆိုသတဲ့။
မနုဟာက ဒီလို ပြောချင်မှ ပြောမယ်။ လာတောင်းတဲ့ကောင်တွေကလည်း မပေးအောင် တောင်းပြီး သထုံကို တိုက်ဖို့အကြောင်းပြချက် ရအောင် လုပ်ယူခဲ့ရင်ကော မဖြစ်နိုင်ဘူးလား။ ပိဋကတ်တော်ကို မပေးလို့ သထုံကို သွားတိုက်ရတာပါလို့ ပြောရင် အကြောင်းပြချက်က သိပ်လှတယ်လေ။ မွန်တို့အချင်းချင်းမှာတောင်သွေးကွဲစေမဲ့စကားပါ။ ဗုဒ္ဓဘာသာကို အင်မတန်ကိုင်းရှိုင်းကြတဲ့ မွန်လူမျိုးတို့က မနုဟာမင်းကို တစ်မျိုးမြင်ကြမှာပေါ့။ မြန်မာတို့ဘက်မှာ မွန်ရဟန်းတော် ရှင်အရဟံတောင် ပါလာသေးတယ်ဆိုတော့ မြန်မာတို့ကို ခုခံချင်တဲ့ မွန်တွေ နည်းသွားချင်မှာပေါ့။ ပိဋကတ်တော်ကို ရပြီရင် အညာကို ပြန်သွားမယ်လို့ ထင်ခဲ့မှာပေါ့။ ပြီးမှ နိုင်ငံကိုသာမက လူရော ရဟန်းပါ ဖမ်းသွားတော့မှ အလိမ်မိမှန်း သိကြရပါတော့တယ်။
အခု မင်းအောင်လှိုင်က တိုင်းရင်းသားတို့ကို သွေးခွဲပြီ။ KNU ကို အမြီးတပ်ပြီး ကခိုင်းနေပြီ။ မြန်မာအစိုးရက တိုင်းရင်းသားတွေမှာ ကိန်းအောင်နေတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို နည်း(၂)မျိုးနဲ့ တိုက်နေတယ်။
(၁) စစ်တပ်အင်အားကို သုံးပြီး ဖိနှိပ်ဖို့
(၂) အနှိပ်အစက်မခံလိုတဲ့ တိုင်းရင်းသားလူဿမျိုးများက မြန်မာအစိုးရကို အောက်ကျို့လာဖို့
(၃) မြန်မာအစိုးရကို ကြောက်ရွံ့ရိုကျိုးလာတဲ့ တိုင်းရင်းသူတွေ၊ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ မြန်မာများကို စေတနာထားတဲ့ တိုင်းရင်းသူတွေကို သွေးနှောပြီး မျိုဖို့
(၄) တိုင်းရင်းသားအချင်းချင်း သံသယတွေ ဖြစ်ကာ ဝါးအစည်းပြေသလို သွေးကွဲစေဖို့
ဆိုတဲ့ ရည်မှန်းချက် (၃)မျိုး ရှိတယ်။ မယုံရင် ထိပ်သီးအရာရှိကြီးတွေကို မေးကြည့်ပါလေ။ အခုတလော ပုဒ်မပြင်ဆင်ရေးရူး ရူးနေလို့၊ ငြိမ်းချမ်းရေးရူး ရူးနေလို့ စာရေးသူတို့စကားကို ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ အမှန်တရားပါ။
ပင်လုံစာချုပ်ချုပ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံလိုက်တယ်။ ပြီးတော့ ပင်လုံစာချုပ်ကို လိုသလို အဓိပ္ပါယ်ဖွင့်ဆိုခဲ့တယ်။ လွတ်လပ်ရေး ရခါနီးကျတော့ ပြဿနာတွေကို လုပ်တယ်။ ပြီးတော့ မွန်တို့ ကရင်တို့ ရခိုင်တို့ကို ဖြောင်ထားလိုက်တယ်။ အခုလည်း ကရင်နဲ့ကချင်ကို ရန်တိုက်ပေးနေပြီ။
မင်းအောင်လှိုင်စကားဟာ သူ့စကားချည်းသာ မဟုတ်ဘူး။ ကာလုံထဲမှာ ပါတဲ့ သိန်းစိန်၊ ရွှေမန်းတို့စကားလည်း ဟုတ်တယ်ဆိုတာ မမေ့ကြဖို့လိုတယ်။ ဒါကြောင့် သတိကြပ်ကြပ် ထားကြပါ။ ခင်ဗျားတို့ အလိမ်ခံကြရတော့မယ်ဆိုတာ ကြိုမြင်နေတယ်။
မင်းအောင်လှိုင်က UNFC ကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောခြင်းမှာ ပိဋကတ်တော်ကို လိုချင်လို့ မဟုတ်ဘူးဆိုတာ မမေ့ကြဖို့လိုတယ်။ တိုင်းရင်းသားတို့ဆီက ငြိမ်းချမ်းရေးကို လိုချင်လို့ မဟုတ်ဘူး။ တိုင်းရင်းသားတို့နယ်မြေကို လိုချင်တာ ဖြစ်တယ်။ အခုလည်း ငြိမ်းချမ်းရေးကို အကြောင်းပြပြီး တိုင်းရင်းသားတွေကြားကို သွေးခွဲနေပြီပေါ့။ ကရင်က ကွဲချင်နေပြီ။ UNFC ကနေ ထွက်ခဲ့ပြီ။ ဖဒိုမန်းငြိမ်းမောင်စကားနဲ့ မင်းအောင်လှိုင်တို့စကားကို ဆက်စပ်ကြည့်ရင် သံသယဝင်စရာတွေပေါ့။ ဒုက္ခရောက်စကို မြင်နေရပြီ။

Read more »

"No matter who you are, or where you come from, or what you look like, or what God you pray to,

"No matter who you are, or where you come from, or what you look like, or what God you pray to, or who you love, there is something fundamental that we all share." —President Obama in his address to the United Nations General Assembly:http://wh.gov/ilHh2 ‪#‎UNGA2014‬

Read more »

Tuesday, September 23, 2014

သတင်းဆောင်းပါး ကို ဒီလို လွယ်လွယ် ရေး နိုင်တာ မြန်မာပြည်ပဲ ရှိမယ်။


ပထမ ဦးစွာ စောင်းပါးထဲက အချက်အလက်တွေ တချို့ ဝေဖန် စရာ ရှိနေတယ်။

(၁) ပြည်ပ သတင်းစာ တစ်စောင် ဆိုတာ အတိအကျ ရေး လို့ ရပါတယ်။ ဘာဖြစ်လို့ မရေးသလဲ။ Myanmar Express လဲ ဖြစ်နိုင်တာပဲ။
(၂) အင်ဘန်လ က ကေအိုင်အေ ဥက္ကဌ မဟုတ်ဘူး။
(၃) ဂျိမ်းလွမ်းဒေါင် က နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံ ဖြစ်တဲ့ အတွက် သူ့ ဟာသူ မည်သူနဲ့ မဆို လွတ်လွတ်လပ်လပ်တွေ့ ခွင့် ရှိတယ်။
(၄) သတင်း သမား တွေက သတင်း မတိကျ တဲ့ အရာတွေကို ထင်မြင်ပြီး ရေးလို့ မရဘူး။ သူ ကိုးကား တဲ့ အတည်မပြု ရသေးတဲ့ သတင်း ဆိုတာ Myanmar Express မှာ ထင်သလို ရေးထားတဲ့ သတင်း ကို ဆိုလိုတာ ဖြစ်ပါတယ်။
(၅) Propaganda နဲ့ သတင်း စောင်းပါး ဆိုတာ ကွာပါတယ်။ ဒါကတော့ အရှင်းကြီးပါ Propaganda အစစ် ပါပဲ။

၂၀၁၅ မှာ အခြေမလှ ရင် ကေအိုင်အေ ကို ရိုဟင်ဂျာ နဲ့ တွဲပြီး ဆော်ဖို့ ကြိုတင် ပြင်ဆင်ထားပုံ ရပါတယ်။ ဒါပေမယ့်လေ.... ကေအိုင်အေ ဆိုတာ နှစ် ၅၀ ကျော် ကြာ ခုခံ လာတာ တရုတ် တောင် ဂရုစိုက်တာ မဟုတ်ဘူးနော်။ မြန်မာပြည်မှာ အာဏာရှင် နောက် တစ်ယောက် လိုချင်သေးတယ် ဆိုရင်တော့ ကေအိုင်အေ ကို တိုက်ဖို့ လော်ကြပေါ့။

Messenger မှာ ဒီလိုဟာတွေ ပါလာမယ် ဆိုတာ မထင်မိဘူး။

Read more »

https://www.facebook.com/aungla.nsang.3?fref=photo

Read more »

Sunday, September 21, 2014

School of Technology Pre College (Maija Yang ,Kachin Land )

MaiJa Yang hta Pre College hpaw sai.


LikeLike ·  · 

Read more »

Saturday, September 20, 2014

Love Our Land

United North West (OUR LAND)

Read more »

Myen asuya hpe ninghkap ai Jinghpaw jawngma ni

Labau shang, Myen hte Shanglawt simsa lam la tawn ai ten, Myen asuya hpe ninghkap ai Jinghpaw jawngma ni a sumla. August 8, 2002. 

Dai hpang maigan mungdan shagu Myen dat kasa rung hkan matut manoi Kachin a issue hta hkan nna ninghkap mat wa na matu galaw lai wa ai hta, dai ni du hkra matut manoi ra ai hta hkan nna galaw wa nga saga ai.
By Kachin land

Read more »

ပန်း တိုင် ကို ရောက် ဖို့ ငါ တို့ တွေ ညီ ညွတ် စို .

UnlikeUnlike ·  · 

Khun Kan Hein added 11 new photos.
11 hrs · 
လက် တ ကမ်း မှာ ပန်း တိုင် ကို ရောက် ဖို့ ငါ တို့ တွေ ညီ ညွတ် စို ဘယ် သု ခွဲ ခွဲ ဒို့ တွေ ကွဲ မ သွာ ဖို့ က အ ချိန်တန် ပြီ ငါ လေ စစ် ကို မုန်းတီး ပေ မယ် လဲ ဒီအချိန် မှာ စစ် ကို နွဲနေ ဆဲ ကိုယ် လူမျိုး အနိမ်ခံ ဘဝ ကြီးမှ လွတ်ငြိမ်း ဖို့ လေ အနေ ဆင်းရဲ နေ ပါစေ အစား ဆင်းရဲ နေ ပါစေး ဖိနိပ် ချုပ်ချယ် ဘဝ ကြီး က ရုန်း ထွက် ဖို့ လေ.........။

Read more »

Read more »

သိန်း၂၀၀ ကျော်တန် ကျောက်စိမ်းဒိုင်း ဘော်လုံးပြိုင်ပွဲ KBC ကျင်းပ


19 September 2014 by KNG News
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှကြီးမှူး၍ ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထောက်ခံကာ ကျမ်းမာသန်းစွမ်းသောဖခင် ဟူသောခေါင်းစဉ်ဖြင့် ကျောက်စိမ်းဒိုင်းဆု ဘော်လုံးအားကစားပွဲတော်ကို ပထမအကြိမ် အသင်းတော် ဇုံနယ် ၁၅ ခုပါဝင်ကာ စက်တင်ဘာလ ၁၅ ရက်မှ စ၍ယှဉ်ပြိုင်မှုပြုလုပ်နေသည်။
...See More

Read more »

ဗမာလူဦးရည်က တိုင်းပြည်ရဲ့ ၆၀ % ကျော်ရှိတယ်တာပြောတာ စစ်ပြေးဒုက္ခသည်ဆိုလို တိုင်းရင်းသားတွေချည်းဘဲ

By: Munglai Hkyet ·
 ဗမာ စစ်ပြေးဒုက္ခ သည် ဘယ် နှစ်ဦးရှိသလဲ။
 ကောင်းကောင်းဆိုးဆိုး ရုံးတိုင်း ဗမာ အများဆုံး စစ်ရေး အုပ်ချုပ်ရေး အရေးကြီးနေရာတိုင်းမှာ ဗမာ/ ဗမာ စာ ပဲသင်ခွင့်ရှိ /ဗုဒ္ဓ ဘာသာ ပဲ လော်စပီကာ သံကြီးနဲ့ လူထူတဲ့ အော်ဟစ်နိုင်တာ လဲ တိုင်းရင်းသား နဲ့ဖိနှိပ်ခံတန်းတူ ဆိုတာ ပြ ချင်တာ က လည်း အဆိုး/ လူမိုက်ဗမာစစ်တပ် ပဲ ရှိပြီး ဗမာ့တော်လှန်ရေးတပ်မတော် မရှိတာ လည်း အံ့သြစရာ/ လူများပြီးတာ ဝန်မကျေတာလည်း ပြောမကုန်/

 တိုင်းရင်းသားနယ် လာ ပြီး ခိုးဆိုးလုယက်တာ လဲဗမာ/ မနက်မိုးလင်းတာ နဲ့ မကြားဖူးတဲ့ အသံ နှမ/မအေ တွေ နားမလည် ဆဲဆို တာ လည်း တိုင်းရင်းသားနယ်မှာ ဗမာတွေပဲ /တိုင်းရင်းသားနယ် မှာ တိုင်းရင်းသားတွေ ရဲ့ ရွာကိုမီးရှို့ မဒိမ်းကျင့် သတ်ဖြတ် လုယက် တာလဲဗမာ စစ်တပ်/ ဘယ်လိုလဲ //

တူသေးသလား/ရန်ကုန် မန္တလေး မှာ သေနတ်သံနေ့တိုင်းကြားရရဲ့လား/မဒိမ်းနေ့တိုင်း ဗမာတပ်က ဗမာမ တွေကိုမဒိမ်းကျင့်နေရဲ့လား/ကချင် လူဦးရေ တကမ္ဘာ လုံး မှာ ရှိတာ ပေါင်းလိုက်မှ ၁၂သိန်းလောက် ရှိမယ်/ဒီ့ထက်နည်းမယ် စစ်ပြေးဒုက္ခ သည် က ၂ သိန်းကျော်/ကျန်တဲ့လူတွေကလည်း အမြဲစောင့်ကြည့်ခံနေရသူတွေ /ဗမာ လူဦးရေနဲ့တွက်ကြည့်/

ကချင် ဝတ်စုံဝတ်ပြီး ဗမာသီချင်းကြီးဆိုနေကာ ကချင့်ယဉ်ကျေးမှု့ ဆိုတာလဲ ဒေါကန်စရာ/ ပြောလျှင် ဒီည မပြီးဘူး/

ဗမာ တွေ က ပြောတတ်ကြတယ် စစ်ဗိုလ်လူဆိုးတစ်စုက ကြီးစိုးတာ ကို တိုင်းရင်းသားတွေနားမလည်ဘူး ဗမာ လည်း ခံရတာ ပဲ ပြော နေတယ်/

လူများစု က အဲဒီ လက်တစ်ဆုပ်စာ ဆိုတဲ့လူဆိုးကို မရှင်းပြစ်နိုင် လောက်အောင် ညံ့နေမှတော့ လေမကျယ်ကြပါနဲ့တော့။

 ခွဲလည်း ဗမာ အပူ မဟုတ်ဘူးဆိုတာ မှတ်ထား လိုက်ပါ။

MLH UnlikeUnlike · · Share You, Sai Htwe, Hubren Lamai, Pri Htam and 3 others like this.

 Naw Kareng ဟုတ်ပါ့ ဗမာလူဦးရည်က တိုင်းပြည်ရဲ့ ၆၀ % ကျော်ရှိတယ်တာပြောတာ စစ်ပြေးဒုက္ခသည်ဆိုလို တိုင်းရင်းသားတွေချည်းဘဲ

Read more »

Friday, September 19, 2014

ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်

Ah Zau share
Lahpai Seng added 2 new photos.
မိတ်ဆွေ တစ်ဦးပြောတာက
စ ကော့တလန်ခွဲထွက်ရေး ကို အကြောင်းပြုလို့၊ တွေးခေါ်မျှော်မြင်သူတွေက အဆုံးထိတွေးပြီး၊ မြန်မာပြည်ထဲက ကချင်၊ ချင်း၊ ရှမ်းတို့ ခွဲထွက်မှာကို စိုးကြကြောင်း၊
ခွဲထွက်ကြမယ် ဆို ငိုမိမယ် လို့တောင် ရေးတာတွေ ဖတ်ရတယ်။
ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်၊ ၄၇ ပင်လုံ မချုပ်ဆိုမီအထိ၊ ဗြိတိသျှ တို့က လွတ်လပ်ရေးကို ပြည်မ သက်သက်ပဲ ပေးမယ်၊ တောင်တန်းဒေသတွေမပါ လို့ ပြောခဲ့
ပြီးသား၊ ဒီတော့ ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။
ကချင် ကို ဗိုလ်ချုပ်အောင်ဆန်း တို့ ဗမာခေါင်းဆောင်တွေ သွား၊ ရှမ်းကို သွား၊ ချင်းကို သွားလို့၊
သဘောတူညီမှု ယူ၊ ပြည်ထောင်စု ဖြစ်ခဲ့တယ်။
ကချင်က သူပိုင်တဲ့ မြေနဲ့ တန်းတူညီမျှ အကျိုးခံစားခွင့်ရှိမယ် ယုံကြည်ချက်နဲ့ ပေါင်းခဲ့တာ။
ရှမ်းကလဲ ပေါင်းခဲ့တာ။ ချင်းကလဲ ပေါင်းခဲ့တာ။
ပင်လုံထဲမှာ မပါတဲ့ ရခိုင်၊ မွန် နဲ့ တခြား တိုင်းရင်းသားဒေသတွေကိုတော့ ဗြိတိသျှ က တရားဝင်
ဗမာလက်အောက်ခံနယ်မြေတွေအနေနဲ့ သတ်မှတ်ခဲ့ဟန်တူတယ်။ ဒါ အငြင်းပွားဖို့ ကျနော်ရေးတာ မဟုတ်ပါ။ ဗြိတိသျှ မူ ကို ဆိုလိုပါတယ်။
ပင်လုံ ကို ချုပ်ဆိုတာ ပြည်ထောင်စု တရပ် ရုပ်လုံးပေါ်လာဖို့ တန်းတူညီမျှမူ ကို အခြေခံတယ်။
ကချင်ဟာ အဲဒီတုန်းက ငြင်းခဲ့ရင်၊ ကချင်နိုင်ငံအနေနဲ့ သို့တည်းမဟုတ်၊ ဗြိတိသျှ ဒိုမီနီယန်နိုင်ငံအနေနဲ့ ကျန်ခဲ့နိုင်သလို၊ ရှမ်း၊ ချင်း၊ ကရင်နီ တို့လဲ ထို့အတူ ကျန်ခဲ့နိုင်တယ်။
သူတို့ကိုယ်တိုင်က လိုလိုလားလား နဲ့ ဗမာနဲ့ပေါင်းမယ် ဆိုပြီး၊ သူတို့ပိုင်တဲ့ မြေကို ထည့်ဝင်ပြီး၊ ပေါင်းခဲ့တာ။ အင်မတန် အနှစ်သာရ ကွာတယ်။
ဆိုပါတော့ ဒါသွေးခွဲနှိမ့်ချလိုပြီးပြောတာမဟုတ်ပါ။ ပဋိဉာဉ်သဘောကို ပြောတာပါ။ ရခိုင်၊ မွန် တို့ဟာ အောက်မြန်မာပြည် ကို သိမ်းတဲ့ ၁၈၂၄ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးကတည်းက
အင်္ဂလိပ်လက်အောက်ကျခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်က လွတ်လပ်ရေး ပေးတဲ့အခါမှာ ဗမာပိုင်
အနေနဲ့ပဲ ပေးသွားတယ်။ ဒါ ဘာဖြစ်လို့လဲ ဆို၊ ပဒေသရာဇ်သဘောတရားပါမယ်။ သမိုင်းမှာ
မွန်နဲ့ဗမာဟာ အပြန်အလှန်သိမ်းပိုက်၊ စစ်ခင်းခဲ့တယ်။ ဒုတိယမြန်မာနိုင်ငံ အင်းဝ ဟာ ၁၇၅၀ မှာ
မွန်တို့သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ပျက်စီးခဲ့တယ်။
ဦးအောင်ဇေယျ က မုဆိုးဘို ကို အခြေပြုပြီး၊ တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကို ပြန်ထူထောင်တယ်။ မွန်တွေကို ပြန်အနိုင်ယူနိုင်တယ်။ မွန်ကို သိမ်းပိုက်ပြီး ကတည်းက
မွန်တို့ အကြိမ်ကြိမ် မြန်မာကို ပြန်တိုက်ဖို့၊ အားထုတ်တယ်။ ဗြိတိသျှတို့နဲ့ လည်း ပူးပေါင်း
ပြီး၊ ပြန်လှန်ခဲ့တယ်။ ၁၇၅၈ လောက်မှာ ဟိုင်းကြီးကျွန်းအရေးတော်ပုံ ဟာ မွန်တို့နဲ့ တိုက်ရိုက်ပါတ်သက်တယ်။ မွန်တို့ ပုန်ကန်ထကြွမှုကို အင်္ဂလိပ်က လက်နက်ကူညီ၊ ထောက်ပံ့ခဲ့တဲ့အတွက် ဦးအောင်ဇေယျ က ဟိုင်းကြီးကျွန်းက ဗြိတိသျှတွေကိုပါ
တပ်လုံးပြုတ်ချေမှုန်းခဲ့တယ်။
ပဒေသရာဇ်စနစ်ရဲ့ နိုင်ငံစည်းရုံးရေးဟာ လက်နက်နဲ့စစ်မက်ရေးရာပေါ်မှာသာ မူတည်တယ်။
ဒီတော့ မွန်က သာရင် မွန်က သိမ်းတယ်။ ဗမာက သာရင် ဗမာ က သိမ်းတယ်။
မွန်တွေက ပက်ပက်စက်စက် သတ်ခဲ့တာတွေ လဲ အများကြီး။ ဗမာတွေက သတ်ခဲ့တာတွေလဲ
အများကြီး။ ဒီတော့ သမိုင်းကို လှန်ပြီး၊ ဘယ်သူ့သမိုင်း၊ ဘယ်ဝ့ါသမိုင်း၊ ဘယ်သူက တရားတာ၊ ဘယ်သူက မတရားခံရတာလို့ ပဒေသရာဇ်စနစ်ကို ဝေဖန်ဖို့ခက်လှတယ်။ ဘယ်သူမှ မကောင်း၊
စနစ်ကိုက မကောင်းတဲ့ ခေတ်ကြီး၊ စနစ်ကြီးပါ။ လက်နက်နဲ့ စစ်မက်နဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့
စနစ်ကြီးမှာ အင်အားကြီးသူ က ၀ါးမြိုအနိုင်ယူခဲ့တာ မဆန်းပါ။
ဒီတော့ ဗမာပြည်လွတ်လပ်ရေး ပေးတဲ့အချိန်မှာ မွန်ကို၊ ရခိုင်ကို တသီးတခြား မပေးဘဲ ဗမာလက်အောက်ခံအနေနဲ့ ပေးတာဟာ ဒီလို ပဒေသရာဇ်က ဆင်းသက်လာတာကို ဗြိတိသျှတို့ ယူဟန် လို့ မြင်ပါတယ်။ ဗြိတိသျှ တို့ လုပ်ပုံကို ပြောတာပါ။ အဲဒီနိုင်ငံတွေဟာလဲ သူ့ထီးသူ့နန်း
သူ့ကြငှန်းနဲ့ သူ့သမိုင်း၊ သူ့အစဉ်အလာနဲ့ သူ ရပ်တည်ခဲ့တဲ့ အင်အားကြီးနိုင်ငံတွေပါပဲ။
ရခိုင်နဲ့ မွန်ကို အဲသလို ဆက်ဆံခဲ့ပေမဲ့ ကချင် ကို၊ ရှမ်းကို၊ ကရင်နီကို၊ ချင်း ကိုတော့ ဗြိတိသျှတို့က ဗမာဘုရင် ရဲ့ အချုပ်အခြာအာဏာပိုင်တွေ အနေနဲ့ အသိအမှတ်ပြုခဲ့ဟန်မတူပါ။
ကိုလိုနီ ခေတ်တလျှောက်လုံးမှာလဲ ရှမ်းစော်ဘွားတွေဟာ သူတို့အရိုက်အရာမပျက် ထီးနန်းဆက်ခံတယ်။ သူတို့ဒေသတွင်းက ဓါတ်သတ္တုထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေအတွက် ဗြိတိသျှ ကုမ္ပဏီတွေက ပေးတဲ့ အခကြေးငွေတွေ ရရှိ ခံစားခဲ့ရတယ်။ ဒီတော့ သူတို့က လွတ်လပ်ရေးဆုံးရှုံးတယ် လို့ မဆိုသာဘူး။
ဒီ့အတွက် ဗမာနဲ့ ပေါင်းပြီး၊ လွတ်လပ်ရေး ကို ယူတာဟာ တကယ့်ကို လှိုက်လှဲတဲ့ စိတ်၊
ပေါင်းချင်လွန်းလို့ ပေါင်းခဲ့တာ။
စဉ်းစားရမှာက
အဲဒီလို ပေါင်းခဲ့တဲ့အတွက် သူတို့ ဘာတွေ ရ ခဲ့သလဲ။
သူတို့ဒေသတွေဟာ လွန်ခဲ့တဲ့ လွတ်လပ်ရေးယူစဉ်တုန်းကထက် ဘာများ သိသာတိုးတက်သွားခဲ့သလဲ။ နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေ သိန်းချီပြီး ပေါ်ခဲ့ရတယ်။
ဒေသခံတိုင်းရင်းသူလေးတွေဟာ စစ်သားတွေ ရဲ့ ခြေတော်တင် မုဒိန်းကျင့်စရာဖြစ်ခဲ့ရတယ်။
ယောက်ျားမှန်သမျှ စစ်သားတွေ ခေါ်ခိုင်းစရာ ကျွန်ဘ၀၊ ပေါ်တာဆွဲခံပြီး နေခဲ့ရတယ်။
ဒေသတွင်းထွက်သမျှ ကျောက်သံပတ္တမြား၊ ဓါတ်သတ္တု၊ လျှပ်စစ်မီးက အစ၊ ခံစားခွင့် ဘာမှ
မရခဲ့ဘူး။ ဗမာတွေ နေတဲ့ ပြည်မ မှာဘဲ ဒီလို ထုတ်လုပ်မှုတွေကို အကျိုးခံစားခွင့် ရခဲ့တယ်။
ဒါဟာ ပြောရမယ် ဆို ဗြိတိသျှ ကိုလိုနီတုန်းကထက်ကို ဆိုးရွားတဲ့ ဗမာကိုလိုနီပြုခြင်း ကို
ခံနေရတာပါပဲ။
ဘယ်လောက်ပဲ ပြည်ထောင်စု လို့ ပြောပြော
ဘယ်မှာမှ ပြည်ထောင်စု နဲ့ မတူ၊
ပြည်ထောင်စု အဆင့်အတန်း မရှိ တဲ့ ကိုလိုနီနိုင်ငံကြီးတခု၊ ပဒေသရာဇ် ရဲ့ လက်နက်နိုင်ငံ
ကြီးတခု ပဲ ဖြစ်နေခဲ့တယ်။
ဒီ့အတွက် အဲဒီတိုင်းရင်းသားတွေက မနေချင်တော့ဘူး ခွဲထွက်မယ် လို့ ပြောလာခဲ့ရင်၊
ဒါ အမျိုးသားရေး အစွန်းရောက်တာ လို့ စွပ်စွဲတယ် ဆိုရင်၊ စွပ်စွဲတဲ့လူလောက် ရိုင်းပျတာ
မရှိဘူး။ စာနာစိတ်ကင်းမဲ့ တာ မရှိဘူး လို့ပဲ မြင်တယ်။
သူတို့ကို တန်းတူရည်မျှ ချစ်စိတ် အမှန်တကယ်ရှိတယ် ဆိုရင်၊
ခင်ဗျားတို့ ကျနော်တို့ဟာသံယောဇဉ် နဲ့ မသွားပါနဲ့၊ ငါတို့နဲ့ပဲ အတူနေပါ လို့ တောင်းဆိုတာဟာ မေတ္တာရပ်ခံ၊ တောင်းပန်ဖို့ အဆင့်ပဲ ရှိတယ်။
တားမြစ်ပိုင်ခွင့် မရှိသလို၊ ခွဲထွက်ရေး ကို ကန့်ကွက် ဆန္ဒပြမယ် ဆိုတာ လဲ ဆိုးသဗျာ လို့ပဲ မြင်တယ်။ ဆိုပါတော့ ဒီနေ့ထိ မြန်မာပြည် က အင်္ဂလိပ်လက်အောက် ကျနေတယ်။
ကျနော်တို့က လွတ်လပ်ရေးအတွက် ကြိုးပမ်းမယ်။ အဲဒါကို အင်္ဂလိပ်ကြီးတွေက ခုလို
ဗြိတိသျှ ဓနသဟာယ ထဲက ခွဲထွက်မှာ ကို ဆန္ဒပြတယ် ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားမလဲ။
နင့်မေကလွှား၊
ပြည်နယ်ထဲ ထွက်သမျှလဲ သူတို့ချည်း ထုတ်၊ ရောင်းချ၊ ကြွယ်ဝ၊
လူတွေလဲ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ ဖိနှိပ်၊
တမျိုးလုံး တောထဲ ခိုရ၊ ပုန်းရ၊ အစာရည်စာ မ၀ တ၀၊ နဲ့ နေရ။ ကလေးတွေ စာတတ်ဖို့ ဆိုတာ ဝေလာ ဝေး၊ အဲသလို ဘ၀ နဲ့ နေရ လို့ ခွဲထွက်မယ် လို့ ပြောတာကို
ခွဲမထွက်ဖို့ ဆန္ဒပြတယ် ဆိုတော့ ဘာအတွက်လဲ လို့ တောင် မေးချင်စရာ မကောင်းတော့ဘူး။
ခင်ဗျားတို့ ဘယ်လောက် ဖိနှိပ်ခံရပါတယ် ပြောပြော၊ အဲဒီ နယ်စပ်က တိုင်းရင်းသားတွေလောက် မဆိုးဘူး။
ကျနော့်သဘောသာဆို ခွဲထွက်မယ် လို့ ဆိုခဲ့ရင်၊ မခွဲထွက်စေချင် ဘယ်လို မျိုးတွေ ရမှ မခွဲထွက်မှာလဲ လို့ ညှိကြည့်ပေါ့။ ညှိမရရင် ခွဲထွက်ပါစေလေ။ ခင်ဗျားတို့ နှစ် ၆၀ ကျော် မဟုတ်တာတွေ လုပ်ခဲ့ပြီးမှပဲ။ ခွဲထွက်ပါစေတော့။
၁။ ခွဲထွက်ချင်သပ ဆို ခွဲထွက်ခွင့်ပြု
၂။ ခွဲထွက်ပြီး လိုအပ်သမျှ ကူညီ
၃။ နိုင်ငံသစ်ထူထောင်ခါစမှာ ဘာတွေ ဖြည့်ဆည်းပေးရမလဲ အကောင်းဆုံး အိမ်နီးနားချင်းအနေနဲ့ ဖြည့်ဆည်းပေး၊ အနာခံပြီး ကူညီမှ အတိတ်က ဆိုးရွားခဲ့တဲ့ သမိုင်းကို
ဖြည်းဖြည်းချင်း ပြန်ခြေဖျက်နိုင်ပြီး၊ နောင်အစဉ်အဆက် အပြန်အလှန်ချစ်ခင်ယုံကြည်မှုတွေ
ပြန်တည်ဆောက်နိုင်တော့မပေါ့။
ကိုယ်နဲ့နေရလို့ စိတ်ဆင်းရဲ နေရတဲ့ မိန်းကလေး ကို ဇွတ်အတင်းကြီး ချုပ်နှောင်ပြီး၊ ချစ်လွန်းလို့ ဆိုတာ ဒဿဂီရိ လို အကြမ်းဖက်သမား ရဲ့ ချစ်ခြင်းမေတ္တာမျိုးပါလေ။ သူ့ကို ချစ်တာလား၊
ကိုယ့်ကိုယ်ကိုယ် ချစ်တာလား သေချာ မေးကြည့်ပါဦး။
သားမယားပြုကျင့်ခံထားရလို့ ဖွတ်ဖွတ်ညက်ညက်ကြေ နေတဲ့မိန်းကလေးက ကျမကို အမေ့အိမ်ပြန်ခွင့်ပေးပါတော့ ဆိုပြီး၊ ခွင့်တောင်းတာကို မျက်ရည်ကျဦးမယ် ဆို ဘီလူးငို ငိုတာပဲဖြစ်မယ်။ အဲဒီမိန်းကလေး ကို ချစ်တာမဟုတ်ဘူး။ ကိုယ့်အတ္တ ကိုယ် ချစ်တာဗျ။
သူမှ မပျော်တာ သွားပါစေ၊
သူပျော်အောင်၊ သူအဆင်ပြေအောင် ကိုယ်က ဘာတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့
ပေးဆပ်ခြင်းနဲ့ ချစ်ကြည့်ပါဦး။
ကျနော်ကတော့ ဒုက္ခသည်စခန်းက ဒုက္ခအတိနဲ့ အဲဒီ လူတွေကို မြင်ရတိုင်း ရင်နာလွန်းလို့၊
သူတို့ဖါသာ နေခဲ့ရင် ခုလောက်ဆို အတော် ချမ်းသာ၊ အေးချမ်းနေမှာ၊ အမျိုးယုတ်တွေ(ငါတို့အမျိုးထဲက) နဲ့ ပေါင်းမိလို့ လို့၊ အတော့်ကို စိတ်ထဲ နေမထိ၊ ထိုင်မသာ
ဖြစ်ရတယ်။ သူတို့ခွဲထွက်သွားရင် မျက်ရည်ကျဖို့လဲ မကျန်တော့ဘူး။ သူတို့တွေ ကို ခွဲမထွက်ရ ဆိုပြီး နှိပ်စက်ထားတာကို မြင်ရတာနဲ့ ကျ ခဲ့ရတဲ့ မျက်ရည်တွေ မနည်းတော့ဘူး။
ကျနော်တို့အမျိုးထဲက ယုတ်ကန်းသူတွေကို ကျနော်တို့ ရ အောင်၊ နိုင်အောင် မတိုက်နိုင်တာ
ကျနော်တို့ကံ။ ခင်ဗျားတို့သာ လွတ်မယ် ဆိုရင်၊ ပြေး လွတ်အောင်ပြေး၊ တော်ရာမှာ ပျော်ရှာပါလေလို့ ချစ်တဲ့စိတ်၊ သနားကရုဏာသက်ရတဲ့ စိတ် ထပ်တူ စာနာရတဲ့ စိတ်တွေနဲ့
သူတို့ကို လွတ်မြောက်စေချင်တယ်။
ပြည်ထောင်စုကြီး ပြိုကွဲ မခံနိုင်ဘူး လို့
မျက်စိမှိတ်အော် မနေနဲ့။
မဆလ က ပြည်ထောင်စု လို့ ဇွတ်ရိုက်သွင်းခဲ့ပေမဲ့၊
ပြည်ထောင်စု မှ မဟုတ်ဘဲ၊ ၀မ်းနည်းစရာ အကြောင်းမရှိ။
ကျနော် ဗမာပါ။
ချိုတူးဇော်

Read more »