Sunday, September 7, 2014

ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခဲ့ကြတာ တိုင်းရင်းသားတို့ရဲ့ ခေါင်းဆောင် ဖြစ်တယ်။

Mon hpung gyi sara daw a ning mu re.Anhte Myu baw sang ni hpe madi shadaw ai lam re..Hti yu ga
 · 
ခေတ်သစ်လောက်ဖြား
လောလောဆယ်မှာ UNFC ရဲ့ ဥက္ကဋ္ဌက အင်ဘန်လ ဖြစ်တယ်။ သူက တိုင်းရင်းသားတို့ရဲ့ သမ္မတလို့ ပြောလို့ ရတယ်။ သူ့ကို တိုင်းရင်းသားကိုယ်စားလှယ်တွေက ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့် သူဟာ တိုင်းရင်းသားတို့ရဲ့ သမ္မတ ဖြစ်တယ်။
စင်ပြိုင်ထူထောင်တာ မဟုတ်ပေမဲ့ နိုင်ငံရေးအရ မပြေမလည်မချင်း သူဟာ သမ္မတသိန်းစိန်နဲ့ အဆင့်ချင်း ညီမျှတယ်လို့ မိမိတို့ ယူဆကြပါတယ်။ UNFC ဥက္ကဋ္ဌနဲ့ ကြံ့ဖွတ်သမ္မတ(၂)ဦးအနက် ဘယ်သူ့ကို သစ္စာစောင့်သိရမလဲ မေးခဲ့ရင် ဖြေဖို့ မခက်ပါဘူး။ သမ္မတသိန်းစိန်ဟာ မိမိတို့ခေါ်င်းဆောင်မဟုတ်ဘူး။ ဥက္ကဋ္ဌကြီး အင်ဘန်လပဲ မိမိတို့ခေါင်းဆောင် ဖြစ်တယ်။
ကိုယ့်ဥက္ကဋ္ဌကို ပစ်ပယ်ပြီး ကြံ့ဖွတ်သမ္မတကို ဘုန်းတော်ပွင့် ရွတ်ပြနေသူကို မလေးစားနိုင်ဘူး။ UNFC မှာ နေရာမရသင့်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက မိမိတို့ဥက္ကဋ္ဌကို မလေးစားနိုင်ဘဲ ရန်သူတို့ရဲ့ သမ္မတကို ကိုးကွယ်နေလို့ပါပဲ။ အမေကျော် ဒွေးတော်လွမ်းနေသူကို ခေတ်သစ်လောက်ဖြားလို့ပဲ သတ်မှတ်မယ်။