Tuesday, September 23, 2014

သတင်းဆောင်းပါး ကို ဒီလို လွယ်လွယ် ရေး နိုင်တာ မြန်မာပြည်ပဲ ရှိမယ်။


ပထမ ဦးစွာ စောင်းပါးထဲက အချက်အလက်တွေ တချို့ ဝေဖန် စရာ ရှိနေတယ်။

(၁) ပြည်ပ သတင်းစာ တစ်စောင် ဆိုတာ အတိအကျ ရေး လို့ ရပါတယ်။ ဘာဖြစ်လို့ မရေးသလဲ။ Myanmar Express လဲ ဖြစ်နိုင်တာပဲ။
(၂) အင်ဘန်လ က ကေအိုင်အေ ဥက္ကဌ မဟုတ်ဘူး။
(၃) ဂျိမ်းလွမ်းဒေါင် က နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံ ဖြစ်တဲ့ အတွက် သူ့ ဟာသူ မည်သူနဲ့ မဆို လွတ်လွတ်လပ်လပ်တွေ့ ခွင့် ရှိတယ်။
(၄) သတင်း သမား တွေက သတင်း မတိကျ တဲ့ အရာတွေကို ထင်မြင်ပြီး ရေးလို့ မရဘူး။ သူ ကိုးကား တဲ့ အတည်မပြု ရသေးတဲ့ သတင်း ဆိုတာ Myanmar Express မှာ ထင်သလို ရေးထားတဲ့ သတင်း ကို ဆိုလိုတာ ဖြစ်ပါတယ်။
(၅) Propaganda နဲ့ သတင်း စောင်းပါး ဆိုတာ ကွာပါတယ်။ ဒါကတော့ အရှင်းကြီးပါ Propaganda အစစ် ပါပဲ။

၂၀၁၅ မှာ အခြေမလှ ရင် ကေအိုင်အေ ကို ရိုဟင်ဂျာ နဲ့ တွဲပြီး ဆော်ဖို့ ကြိုတင် ပြင်ဆင်ထားပုံ ရပါတယ်။ ဒါပေမယ့်လေ.... ကေအိုင်အေ ဆိုတာ နှစ် ၅၀ ကျော် ကြာ ခုခံ လာတာ တရုတ် တောင် ဂရုစိုက်တာ မဟုတ်ဘူးနော်။ မြန်မာပြည်မှာ အာဏာရှင် နောက် တစ်ယောက် လိုချင်သေးတယ် ဆိုရင်တော့ ကေအိုင်အေ ကို တိုက်ဖို့ လော်ကြပေါ့။

Messenger မှာ ဒီလိုဟာတွေ ပါလာမယ် ဆိုတာ မထင်မိဘူး။