Sunday, September 7, 2014

အစိုးရနဲ့ အပစ်ရပ်ပြီးရင် တိုင်းရင်းသားအချင်းချင်း ပစ်ကြမှာလား

5 hrs · Edited · 

UNFC ပထမအကြိမ်ညီလာခံ ကျင်းပနေဆဲအချိန်မှာ သံသယဝင်စရာ (၂)ခု ရှိပါတယ်။ အဲဒါကတော့ အများသိပြီဖြစ်တဲ့အတိုင်း
၁။ RCSS က PNLO ကို စတင်တိုက်ခိုက်ခြင်းနဲ့
၂။ KNU က UNFC ကနေ ယာယီနုတ်ထွက်ခြင်းတို့ ဖြစ်တယ်။
နော်ဝေးအခြေစိုက်အလှူရှင်များကို ခါးပိုက်ထဲထည့်ထားတဲ့ ဟန်ညောင်ဝေဟာ သူ့ပရိုဂျက်နိုင်ငံရေးအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံထဲကို ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ ကြိုးစားခဲ့ရာ မအောင်မြင်ဘဲ ကြံ့ဖွတ်အစိုးရနဲ့ ပတ်သက်ရာပတ်သက်ကြောင်းပုဂ္ဂိုလ်များနဲ့သာ တွေ့ဆုံခဲ့ပြီး ပြန်သွားခဲ့ပါတယ်။
သူက သူ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် RCSS နဲ့ KNU ကို UNFC ထဲ မပါအောင် စည်းရုံးခဲ့ရာ လူမျိုးချင်းတူတဲ့ RCSS ကို စည်းရုံးနိုင်ခဲ့ပြီး KNU ကိုတော့ အဲဒီတုန်းက လက်လွှတ်ခဲ့ရပါတယ်။ အခု အကဲခတ်မိသလောက်မှာ RCSS နဲ့ KNU တို့ဟာ ပိုမိုနီးကပ်သွားမှာ ဖြစ်ပြီး ဥရောပအလှူရှင်များနဲ့ ချိတ်ဆက်နိုင်တဲ့ ဟန်ညောင်ဝေနဲ့ လက်ပွန်းတတီး အလုပ်လုပ်ကြမယ်လို့ ခန့်မှန်းရပါတယ်။
အခု သမ္မတသိန်းစိန်ကလည်း ဥရောပတလွှားကို သွားပြီး သူတောင်းစားဘဝကို ဂုဏ်ရှိရှိနဲ့ ခံယူနေပုံကို ကြည့်ပြီး အဆိုပါအဖွဲ့တို့ သရေကျနေမှာလည်း အသေအချာပါပဲ။ RCSS နဲ့ KNU တို့ရဲ့ ခြေလှမ်းကို စောင့်ကြည့်မယ်ဆိုရင် မိမိစကား မမှားကြောင်း တွေ့ရှိနိုင်မှာ ဖြစ်တယ်။
နော်ဝေးလုပ်တဲ့ ငြိမ်းချမ်းရေးဟာ တောင်အမေရိကမှာ အောင်မြင်မှုအချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သီရိလကာင်္အပါအဝင် နိုင်ငံအချို့မှာ အစိုးရကို အားသာစေခဲ့ပြီး တော်လှန်ရေးသမားများကို ကျရှုံးစေခဲ့ဖူးကြောင်း လေ့လာသူများက ဆိုကြပါတယ်။
အခု နော်ဝေးနဲ့ ဥရောပက လှုလိုက်တဲ့ ငွေတွေဟာ MPC အတွက်ပဲ အကျိုးရှိစေမှာ ဖြစ်တယ်။ မြန်မာ့တပ်မတော်က တိုင်းရင်းသားတို့နဲ့ အပစ်ကို ရပ်နိုင်တာနဲ့ အစိုးရအဆက်ဆက်က နယ်မြေထပ်အောင် ဖန်တီးခဲ့တာကို ချိန်ကိုက်ဗုံးအဖြစ် အသုံးချပြီး တိုင်းရင်းသားအချင်းချင်း စစ်ခင်းကြအောင် ဖန်တီးနိုင်တယ်ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ဒါကို UNFC ခေါင်းဆောင်တို့က အချိန်မီ မတားဆီးနိုင်ခဲ့ရင် အလားအလာ သိပ်မကောင်းပါဘူး။