Thursday, July 18, 2019

Building a relationship for networking at Ministerial Conference at Department of State

July 16-17-2019 Washigton DC
By-Ning Gawn Mungmasa page
https://www.facebook.com/ninggawn/posts/1232504493576486
Myu sha yawng a gawng malai tai ya ai Ning baw ning la sara /sara num ni yawng hpe hkung ga mai nga ai.
Makam nbung, masa nbung, u hpung u hpawng nbung tim
Ahkyak ai ten ya na zawn rai hkrum lu ai gaw Kabu hpa kumla kaja re.
Nbung ai hpe bung hkra mung shakut yu ga law.
Nkau mi gaw bung taw sai hpe n bung hkra,ga garan hkra shakut ma ai re.
Yawng rau ngu hpe galoi mung jawm shakut yang awng dang lam de rai wa sai.

Religion Freedom zahpawng 
US state department kaw sadu lawm ai 
Kachin Allince(KA)
Kachin National Organisation(KNO ),Kachin Baptist Convention (KBC)na 
Ningbaw hpa awn ni yawng hpe an hte Mung shawa hku na yu n gun lu ai.
Kabu Madi shadaw nga ga ai law..


 Right to Left- : Dr.Layang seng Ja, Sara Langjaw Gam Seng, Slg Nsang Gumsan, Rev .Dr. Hka Lam Sam Sun, Slg Ndayu Sut Nau,yuYu Sut Nau


Read more »

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဘာသာရေးနှိပ်ကွပ်ခံရသူတွေထဲ မြန်မာနိုင်ငံက ၄ဦး ပါဝင်

https://burmese.voanews.com/a/president-trump-met-27-survivors-of-religius-persecution-in-17-different-countries/5005158.html?fbclid=IwAR2NNjWjAEkLg1eJ84rXuq0kJrXYWPO9n6Pi1peqjR2NJPko35EOOP4ezt8

နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ၀ါရှင်တန်ဒီစီမှာ ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိသုံးရက်ကြာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ၀န်ကြီးများအဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်ခံရမှုမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူပေါင်း ၂၇ ဦးကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Donald Trump က အိမ်ဖြူတော်ကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။
အခုလို တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ သမ္မ Trump က- ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး အခြေခံအချက်ဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးပေးကြိုးပမ်းဆောင်ရွက်နေတာကို ပြသတဲ့အနေနဲ့ ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
“လူတွေအနေနဲ့ နိုင်ငံတွင်းမှာ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရဘူးဆိုရင် ကျန်ရှိတဲ့ အခွင့်အရေးတွေ ဆုံးရှုံးရဖို့ အန္တရာယ်ရှိပြီး၊ လွတ်လပ်မှုဆိုတာလည်း အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံအားပေးဖို့ မနားမနေ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီနေ့ လာရောက်ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုက္ခတွေ အများကြီး ဖြတ်ကျော်ခံရသူတွေဖြစ်တဲ့အတွက် ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ ကျနော့်အနေနဲ့ အမြဲရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။”
ကမ္ဘာတ၀ှမ်းက ဘာသာရေးဖိနှိပ်ခံရသူတွေကို အိမ်ဖြူတော် ဖိတ်ခေါ်တွေ့ဆုံရာမှာလည်း သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို သမ္မတ Trump က မေးမြန်းခဲ့သလို သူတို့ဘက်ကလည်း ပြန်လည် ပြောကြားခွင့်ရခဲ့ပါတယ်။ အဲဒီထဲမှာ- သမ္မတနဲ့ အနီးဆုံးရှိနေပြီး ပထမဆုံးပြောခွင့်ရတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး၊မြန်မာစစ်တပ်ကနေ ခရစ်ယာန်တွေကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။
“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင် Baptist ခရစ်ယာန်ကျောင်းကပါ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်အရေးလည်း သိပ်မရကြပါဘူး။ ဒါ့အပြင် တိုင်းရင်း လက်နက်ကိုင် တပ်တွေက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ တိုင်းရင် လူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကိုဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေးအတွက် အကူအညီပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။”
Dr. Samson Hkalam နဲ့အတူ သမ္မတ Trump ဖိတ်ကြားခဲ့သူတွေထဲ- ကချင်ပြည်နယ်မှာရှိတဲ့ Baptist ဘုရားရှစ်ခိုးကျောင်းတွေကို မြန်မာစစ်တပ်က ဗုံးခွဲဖျက်စီးခဲ့တာတွေကို သတင်းထောက်တွေကို လိုက်လံပြသခဲ့တဲ့အတွက် စစ်တပ်က ဖမ်းဆီး ထောင်ချခဲ့တဲ့ ကချင် Baptist သင်းအုပ်ဆရာ နှစ်ဦးထဲက တဦးဖြစ်သူ လန်ဂျော်ဂမ်ဆိုင်းလည်းပါဝင်ပါတယ်။
နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်မသေ လွတ်မြောက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်နေသူလည်းဖြစ်၊ ဒုက္ခသည်တွေအရေးဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဌ Mohib Ullah လည်း သမ္မတ Trump နဲ့ တွေ့ဆုံသူတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ မတ်လ (၁၉)ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ Mohib Ullah ဟာ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် ရုက္ခဗေဒ ဘွဲ့ရ၊ အထက်တန်းကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။
Mohib Ullah က သမ္မတ Trump နဲ့တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အမေရိကန်အစိုးရရဲ့ ကူညီဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်းအခုလို မေးခဲ့ပါတယ်။
“ကျနော်က Bangladesh ဒုက္ခသယ်စခန်းက Rohingya တဦးပါ။ Rohingya ဒုက္ခသည် အများစုဟာ ဌါနေကို အမြန်ဆုံးပြန်ချင်ကြပါတယ်။ ဒါ့ကြောင့်ကျနော်တို့ကို ကူညီဖို့အမေရိကန်ရဲ့ အစီအစဉ်ကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။”
သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့သူတွေထဲမှာ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအ၀ိုင်းအတွက် နိုင်ငံတကာက အာရုံစိုက်လာအောင် စည်းရုံးလှုပ်ရှားနေသူလည်းဖြစ် အင်းစိန်အကျဉ်းထောင်မှာ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့သူလည်းဖြစ်ပြီး Women’s Peace Arakan နဲ့ Justice for Women အဖွဲ့တွေကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ မဝေေ၀နုလည်း ပါဝင်ပါတယ်။
မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ သိရီလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ ဆူဒန်၊ ရီမင်၊ အီရီထရီးယား၊ တူရကီ စသဖြင့် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကြောင့် အသက်မသေပဲ လွတ်မြောက်လာသူပေါင်း ၂၇ ဦးကို သမ္မတ ထရမ့် ဖိတ်ခေါ်တွေ့ဆုံသူတွေထဲ- အီရတ် နိုင်ငံက IS စစ်သွေးကြတွေရဲ့ နှိပ်ကွက်မှုကိုခံခဲ့ရပြီး အသက်မသေလွတ်မြောက်လာတဲ့ ၂၀၁၈ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Yezidi အမျိုးသမီး Nadia Murad လည်းပါဝင်ခဲ့ပြီး Yezidi တွေ နေရပ်ပြန်ရေး အမေရိကန်က အကူအညီပေးဖို့လည်း သမ္မတ Trump ကိုတောင်းဆိုခဲ့ပါတယ်။

Read more »

Israel to bar Myanmar military representatives from arms expos

http://www.mizzima.com/article/israel-bar-myanmar-military-representatives-arms-expos?fbclid=IwAR0m-V48n83c7u3a3pqruqaA2KCXgFYJQsyBurBYONB-7YrA6aUoa-tN9WQ

ISDEF Expo 2019. Photo: ISDEF Expo/Facebook
ISDEF Expo 2019. Photo: ISDEF Expo/Facebook
The Israeli government will bar military representatives from Myanmar from attending arms expositions held in Israel as long as Myanmar remains under an international arms embargo, Haaretz reported quoting the Israeli Foreign Ministry.
The decision followed a Haaretz report that army officers from Myanmar had attended the Israel Defence and Homeland Security expo in Tel Aviv last month. From now on, the ministry said, requests for visas to attend arms expositions coming from the nationals of countries to which Israel refuses to sell arms will be rejected.
Last month, Haaretz also reported that the official visitors to the ISDEF expo in Tel Aviv included military representatives from several countries that don’t have official relations with Israel.

Read more »