Thursday, October 12, 2023

29 Killed in Myanmar Junta Strike on Kachin Displaced Persons Camp

October 10, 2023 Irrawaddy 


YANGON—Twenty-nine people were killed and dozens wounded in a military strike on a camp for displaced people in northern Myanmar, a spokesman for an ethnic rebel group that controls the area told AFP on Tuesday.

The attack happened around 11:30 p.m. Monday, Colonel Naw Bu of the Kachin Independence Army (KIA) told AFP.


“We found 29 dead bodies including children and older people… 56 people were wounded,” he said, adding they were investigating what kind of strike had hit the camp.


“We did not hear any aircraft,” he noted, saying they were looking at whether the military had used a drone to target the camp near Laiza town on the Chinese border.


The KIA has clashed regularly with the military for decades, with heavy fighting erupting in the wake of the military’s latest coup in 2021.


Myanmar military air strikes on a concert held by the KIA in October last year killed around 50 people and wounded 70.














Read more »

Israel-Hamas war GAZA HTE ISAEL NI A MANG HKANG

NDAI NI A MANG HKANG MANGUT GAW YA SHA BYIN AI NRAI,SHANING NANA RAI WA SAI.YA DAI NI NA TEN HITECHNOLOGY MADANG HTE SHAKRIP HKAT SAI RE MAJAW GRAU SAWNG WA NGA SAI

Read more »

Tuesday, October 10, 2023

Hukawng history WW II (1942-1949)

"ဟူးကောင်း‌နယ်(ပယင်းတွင်း)ဒေသ၏ 
 နယ်ချဲ့ဆန့်ကျင်ရေးကြိုးပမ်းမှုသမိုင်း"

   ၁၉၄၂ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ ဖက်ဆစ်
ဂျပန်တပ်မှူး မူဟာရာ တပ်ခွဲတခွဲနှင့် ကချင်၊ မြန်မာ
တပ်ဖွဲ့များသည် ဟူးကောင်းနယ်သို့ဝင်ရောက်လာခဲ့
ပါသည်။   ၎င်းတို့သည်  အစပိုင်းတွင် ကောင်းမွန်စွာဆက်ဆံခဲ့ကြသော်လည်း  နောက်ပိုင်းတွင် ရက်စက်
ကြမ်းကြုတ် ခက်ထန်လာခြင်း ၊ ရှေ့တန်းများ၌ စစ်
သလင်းဖြစ်လာပြီး ချွေးတပ်များစွာခေါ်ခြင်းကြောင့်
ဂျပန်များကို  ရွံရှာ  မုန်းတီးလာကြပြီး   သက်ဆိုင်ရာ ကချင်ဒူဝါများသည်လည်း အင်္ဂလိပ် မဟာမိတ်ရှိရာ
အရပ်သို့ လူကြီး၊ လူငယ် ယောက်ကျား၊ မိန်းမ ပါမကျန် ထွက်ပြေး သိမ်းရှောင်လာကြပါသည်။    
   အင်္ဂလိပ် အမေရိကန်မဟာမိတ်တပ်များရှိရာ ဆွမ်ပရာဘွမ်မြို့နယ်သို့ ဦးအင်ဝမ်ခန်းဇော်အောင်ခေါင်း
ဆောင်သောတပ်ဖွဲ့က၎င်း၊ဟူးကောင်း တောင်ကြား
လီဒိုလမ်း ( အိန္ဒိယပြည်ဘက် ) တဂါမ် နန်းယွန်းသို့၊
ရှင်ဗွေယန်တူးခေါင်းဆောင်သောအဖွဲ့က၎င်း မဟာ
မိတ်များနှင့်ပူးပေါင်းပြီး ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့
စည်း၍ ဂျပန်ကို ပြောက်ကျားနည်းဖြင့် ရွပ်ရွပ် ချွန်ချွန်တန်ပြန်တော်လှန်တိုက်ခိုက်ခဲ့ကြပါသည်။ 
     ၁၉၄၃ ခုနှစ်စ၍ ရှင်ဗွေယန်တူးခေါင်အား ဂျမ်ပသာအဆင့်ဖြင့်လည်းကောင်း ၊  ဦးအင်ဝမ်ခန်းဇော်
အောင်အား   ထောက်လှမ်းရေးအရာရှိ အဆင့်ဖြင့်လည်းကောင်း   ရာထူးတိုးမြှင့်ပေးခဲ့ကြပါသည် ။
ယင်းအဖွဲ့တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့သူများ
မှာ (၁) ဦးအင်ဒိန်တောင်ဦး ဂျီ-စီ-အို၊ (၂) ဦးကဒုံးလ
တပ်ကြပ်ကြီး  (ကြေးနန်း) ၊ (၃)။  ဦးအင်ဒဲ့တန် တပ် ကြပ်  (လမ်းပြ)၊  (၄)  ဦးအင်ဒိန်ဇော်အောင် တောင်အုပ်၊ (၅) ဦးအင်ဒေါင်ဘောမ် တပ်ကြပ်ကြီး တို့ဖြစ်
ကြပါသည် ။  စစ်ကြီးပြီးသွားသောအခါ  ဦးရှင်ဗွေယန်တူးခေါင် နှင့်  ဦးအင်ဝမ်ခန်းဇော်အောင်တို့အား
အေ - တီ- အမ်   ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း ခံခဲ့ရပါ သည်။  
     ၁၉၄၆ ခုနှစ် ၊ နိုဝင်ဘာလသည် ဟူးကောင်းနယ်အကြီးအကဲဒူဝါများ နှင့် နယ်သူနယ်သားများ လွတ် လပ်ရေး တိုက်ပွဲဝင်ရန် မကောကျေးရွာတွင် အောင် ပွဲခံ  "ပဒန်မနောပွဲ"  တရပ်ကို ကျင်းပပြုလုပ်ခဲ့ကြပါ သည်။  ယင်းမနောပွဲတွင် ပ-ဃ-က-ဖ  ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနော် ၊ ဒုတိယဥက္ကဌဖြစ်သူ  ဦးစိန် ထုံးနော် ၊  ကချင်လူငယ်အသင်း ဥက္ကဌ  ဦးဝါ့ဘော်ဇော်ရစ် နှင့် လူငယ်အဖွဲ့ဝင်များ ၊  ကားမိုင်းတောင် တန်းဝန်ထောက် ဦးလဖိုင်ဇော်ဂျွန်းတို့ တက်ရောက်ခဲ့ကြပါသည်။  အင်္ဂလိပ်အရာရှိ စစ်ကိုင်းတိုင်း မင်း ကြီး ဝိလ်းတီးယား၊မြစ်ကြီးနားခရိုင်ဝန်ထောက်တို့
ကလည်းလေ့လာစုံစမ်းရေးအတွက် တက်ရောက်ခဲ့ကြပါသည်။  
     မနောပွဲကြီးတွင်ဟူးကောင်းနယ်အကြီးအကဲများ
အားလုံးက လွတ်လပ်ရေးအောင်ပွဲခံနိုင်ရေးအတွက်
နယ်ချဲ့ အင်္ဂလိပ်ကိုတိုက်ထုတ်ချေမှုန်းပစ်ရန် တညီ
တညွတ်ထဲ  ဆုံးဖြတ်ခဲ့ကြပါသည်။   ယင်းဆုံးဖြတ်
ချက်လက်မှတ်  ရေးထိုးကြသော  ပုဂ္ဂိုလ်များမှာ -
၁ - ဦးဒိုင်ဖါအင်ဂျိုင်းနော် - တရုံရွာ
၂ - ဦးအင်ဘရောင်းဇော်ရာ - တရုံရွာ
၃ - ဦးရှရော့တန်ခမ်း - ရှရော့ဂါး
၄ - ဦးရှင်ဗွေယန်တူး - ရှင်ဗွေယန်
၅ - ဦးအင်ဝမ်ခန်းဇော်အောင် - အင်ဝမ်ခန်းဂါး
၆ - ဦးအင်ဒိန်ဇော်အောင် - နိမ်ဗျင်ရွာ
၇ - ဦးဇော်ဂျာနော်ခွမ် - တနိုင်း
၈ - ဦးအင်ရီးတူတူး
၉ - ဦးအင်ရန်ယော်ဘောမ်
၁၀ - ဦးနောင်ခူးဇော်ဒင်
၁၁ - ဦးဆနာဇော်ဖန်
၁၂ - ဦးအာနိုင်းဂမ်
၁၃ - ဦးမြတ်မွှေး - မိုင်းခွန်း
၁၄ - ဦးသာငြိမ်း - မိုင်းခွန်း
၁၅ - ဦးကွမ်ဝမ်းဆင်ဝါး - မဂျီဘွမ်
၁၆ - ဦးထိန်နန်နော်အွတ် - ဝေလောဘွမ်
၁၇ - ဦးဒွမ်ဆာဂျာနော် - မဂျီဘွမ်
၁၈ - ဦးမဂွေတောင်ဇော်ရမ် တို့ဖြစ်ကြပါသည်။
   ယင်းနောက်ပိုင်းတွင် အဆိုပါပုဂ္ဂိုလ်များ၏ နိုင်ငံ
ရေးအသိစိတ်ဓါတ်နိုးကြားတက်ကြွမှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေး  ဖက်ဆစ်ဂျပန်တော်လှန်ရေး  နှင့်လွတ်လပ်ရေး အောင်ပွဲခံနိုင်ရေးအတွက်  လှုပ်ရှားစည်းရုံးခဲ့ပါသည်။    ၁၉၄၆   ခုနှစ်တွင်  ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်
ရေးကိုရယူရန်အတွက်  မြစ်ကြီးနားမြို့၊  မန်ခိန်ရွာ
တွင်ရောက်ခဲ့စဉ်အခါကလည်း အဆိုပါပုဂ္ဂိုလ်များ
ထဲကအချို့ ပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့ကြပါ
သည်။ 
     ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီ(၁၂)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ၊  ပင်လုံမြို့တွင်ကျင်းပပြုလုပ်
သော တိုင်းရင်းသားလူမျိုးအားလုံး၏စည်းလုံးညီ
ညွတ်မှုကို မှတ်ကျောက်တင်လက်မှတ်ရေးထိုးသော
ပင်လုံစာချုပ်  ချုပ်ဆိုရာသို့လည်း  ဟူးကောင်းနယ်
မိုင်းခွန်းရွာမှ ရှမ်းအမျိုးသားဦးမောင်လယ်ဂမ်(ခေါ်)
ဦးသာငြိမ်းပါဝင်   တက်ရောက်ခဲ့ကြောင်း  ပြောပြ ချက်အရသိရှိရပါသည်။   သို့သော်စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးရာတွင်မူ ပါဝင်ခြင်းမရှိခဲ့ကြောင်း
သိရှိရပါသည်။

                                            ကျော်မျိုးလှိုင်
                                            ၂၀၂၂ စက်တင်ဘာ ၁၂

-----------------------------------------------------------------------
ဟူးကောင်းတနိုင်း(ပယင်းတွင်း) မြို့နယ်၏သမိုင်း
မှတ်တမ်းစာအုပ်ပါ     လက်နှိပ်စက်စာလုံးများအား  ဒီဂျစ်တယ်စာလုံးများအဖြစ်ပြန်လည်မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်ပါသည်။
----------------------------------------------------------------------------

Read more »