Friday, February 27, 2015

Ten Years-Old Kid Mine-Bombed at Home in Sino-Burma Border Guogan 2015-02-25 by 缅华都市报

ကိုးကန့်ဒေသမှာ မိစ္ဆာ တွေ သောင်းကျန်းနေပြန်ပြီ

Wednesday morning, Luo and his family woke up as usual, ready to prepare breakfast. His ten years-old son woke up first to get some firewood in the hunt. However, in this very room where he goes to fetch firewood for his family's breakfast every day, nobody would suspect it was mined!
After hearing the loud noise, Luo and his family run out to the hunt and saw the boy grabbing his leg and crying. Severely wounded, the kid was sent to Nansan hospital China. Unfortunately, the doctor were not able to save the kid due to loosing too much blood beforehand.
Few last glimpses of the kid left for the world: As above
According to Luo, yesterday (Tuesday), the February 24th , Burmese junta came to 'search' their village, and Luo's family was able to escaped beforehand. Moreover, two civilians' home were set on fire and burned down during the 'search'.
Wednesday morning, Luo and his family woke up as usual, ready to prepare breakfast. His ten years-old son woke up first to get some firewood in the hunt. However, in this very room where he goes to fetch firewood for his family's breakfast every day, nobody would suspect it was mined! After hearing the loud noise, Luo and his family run out to the hunt and saw the boy grabbing his leg and crying. Severely wounded, the kid was sent to Nansan hospital China. Unfortunately, the doctor were not able to save the kid due to loosing too much blood beforehand. Few last glimpses of the kid left for the world: As above According to Luo, yesterday (Tuesday), the February 24th , Burmese junta came to 'search' their village, and Luo's family was able to escaped beforehand. Moreover, two civilians' home were set on fire and burned down during the 'search'.

Read more »

ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း



•••••••••••••••••••••••••••••••••••••••••••••••

၁ ။ ၁၉၄၅ ခု ၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည် ။
၂ ။ ၁၉၄၉ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ ၊ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည် ။
၃ ။ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။
၎ ။ ၁၉၆၀ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လိုက်ပါခဲ့သည် ။
၅ ။ ၁၉၆၀-၆၁ ခုနှစ်များတွင် ဒေလီမြို့ ၊ ဂျီးဇက် နှင့် မေရီကွန်ဗင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ကြားခဲ့သည် ။
၆ ။ ၁၉၆၂-၆၃ ခုနှစ်များတွင် ဒေလီတက္ကသိုလ် လေဒီရှရီရမ် ကောလိပ်၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို လေ့လာဆည်းပူးခဲ့သည် ။
၇ ။ ၁၉၆၄-၆၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ်ရှိ စိန့်ဟူးခ်ျကောလိပ်၌ ဒဿနိကဗေဒ ၊ နိုင်ငံရေး သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည် ။
၈ ။ ၁၉၆၈ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့သည် ။
၉ ။ ၁၉၆၉-၇၁ ခုနှစ်များတွင် နယူးယောက် ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရုံး ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီ တွင် လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၀ ။ ၁-၁-၁၉၇၂ ရက်နေ့တွင် ဒေါက်တာမိုက်ကယ်အဲရစ် နှင့် လက်ထပ်ခဲ့သည် ။ ဒေါက်တာမိုက်ကယ်အဲရစ် သည် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်၍ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သည် ။ မြောက်ပိုင်း ဗုဒ္ဓဘာသာ(မဟာယန) ၏ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းကို အထူးပြုလေ့လာနေသော သုတေသန ပညာရှင်ဖြစ်ပြီး ယင်းပညာရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစု ထုတ်ဝေခဲ့သည် ။ သားနှစ်ယောက်ထွန်းကားခဲ့ရာ ယင်းတို့မှာ အလက်ဇန္ဒား (ခေါ်) မြင့်ဆန်းအောင် နှင့် ကင် (ခေါ်) မောင်ထိန်လင်း တို့ဖြစ်သည် ။
၁၁ ။ ၁၉၇၂-၇၃ ခုနှစ်များတွင် ဘူတန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် သုတေသနအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၂ ။ ၁၉၇၅-၇၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာအုပ်နှင့်ပေစာ ၊ ပုရပိုက်များကို ကတ်တလောက်ပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။
၁၃ ။ ၁၉၈၅-၈၆ ခုနှစ်များတွင် ဂျပန်နိုင်ငံ ၊ကျိုတိုတက္ကသိုလ် ၊ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေး ဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည် ။
၁၄ ။ ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ ဆင်းမလားမြို့ရှိ အထူးလေ့လာသုတေသနပြုရေး ၊ အိန္ဒိယသိပ္ပံဌာနတွင် သုတေသနပညာရှင်အဖြစ် သုတေသန ပြုခဲ့သည် ။
၁၅ ။ ၁၉၈၇ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် ၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် တင်သွင်းရန် ဘွဲ့လွန်စာတမ်းတစ်စောင်ကို ပြုစုခဲ့သည် ။ ယင်းစာတမ်းအမည်မှာ “၁၉၁၀-၁၉၄၀ ခုနှစ်အတွင်း မြန်မာစာပေတွင် ရိုးရာအစဉ်အလာမသစ် ဖြစ်ပေါ်ထွန်းကားမှုများနှင့် အမျိုးသားရေးဝါဒ”ဟူ၍ ဖြစ်သည် ။
၁၆ ။ ၁၉၈၈ ခုနှစ်တွင် မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြုစုရင်း နိုင်ငံရေးလောကအတွင်းသို့ရောက်လာသည် ။
၁၇ ။ ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထူထောင်ပြီး ရွေးကောက်ပွဲဝင်သည် ။ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည် ။
၁၈ ။ ၂၀၁၁ခုနှစ်တွင် အရပ်သားအစိုးရသစ်မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ အကျယ်ချုပ်မှ လွတ်ခဲ့သည် ။
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
24-02-2015

Read more »

''ဒီအစိုးရ Burmar"သူတို့က မဆွေးနွေးဘူးဆိုလည်း တိုက်တဲ့လမ်းပဲ ရွေးကြတာပေါ့။ (ရခိုင့်တပ်မတော် AA )

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခန်း
February 25, 2015 
နိရဉ္စရာ သတင်းဌာန
ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့နဲ့အတူ ရက္ခိုင်တပ်မတော် ( Arakan Army) ပါဝင်နေတယ်။ ရခိုင်ဒေသမှာ ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ဘဲ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဘာကြောင့် ပါဝင်နေရပါသလဲ ဆိုတာကို ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို မေးမြန်းပြီး တင်ပြ ပေးလိုက်ပါတယ်။
မေး – အခု ဖြစ်နေတဲ့ လောက်ကိုင်တိုက်ပွဲမှာ ရခိုင့်တပ်မတော်က ဘာကြောင့် ပါဝင်နေရတာပါလဲ။
ဖြေ – ဒါက ကျွန်တော်တို့က ကိုးကန့်အဖွဲ့နဲ့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ပေါ့။ ကိုးကန့်အဖွဲ့အစည်းက လည်း ဒီ UNFC အဖွဲ့ဝင်ဖြစ်တယ်။ MCDC အဖွဲ့ဝင်ဖြစ်တယ်။ ကျွန်တော်တို့က အခုပေါ့နော် မြန်မာနိုင် ငံမြောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ အခြေစိုက်ပြီးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ် တယ်။ ဒါကြောင့် ကျွန်တော်တို့က မိတ်ဆွေရဲ့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို မိတ်ဆွေဝတ္တရားနဲ့အညီ ကူညီဆောင်ရွက်တာဖြစ်တယ်။ တပြိုင်တည်းမှာလည်း ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို အမျိုးမျိုးနဲ့ပေါ့ မလိမ့်တပတ် ဒီမိုကရေစီတို့ ဘာတို့နဲ့ အုပ်ချုပ်နေတဲ့ ဘုံရန်သူကို ပူးပေါင်း တော်လှန်တဲ့ သဘောပါပဲ။
မေး – အခု ကိုးကန့်မှာဖြစ်တဲ့ စစ်ပွဲကို ငြိမ်းငြိမ်းချမ်းဖြေရှင်းပြီး စစ်ပွဲကို ရပ်နိုင်တဲ့ အခြေအနေမျိုးကော မြင်မိပါသလား။
ဖြေ – ဒါကတော့ နည်းနည်းတော့ ခက်တယ်ဗျ။ အဓိက ကတော့ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာဆိုတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းတာတော့ အကောင်းဆုံးပဲပေါ့။ သို့သော် ဒီတိုင်းပြည်မှာ က စားပွဲဝိုင်း နိုင်ငံရေး ယဉ်ကျေးမှုပေါ့ Political Culture ပေါ့၊ အဲဒါကို မျိုးစေ့ချပြီးမှ မှန်မှန်ကန်ကန် ဆောင်ရွက်တဲ့ ယဉ်ကျေးမှုကို ထူထောင်ရဦးမှာဖြစ်တယ်။ ဒါကြောင့်နိုင်ငံရေးအရ ဖြေရှင်းဖို့ ကြိုးစားမှု တွေတိုင်းမှာ အပျက်ပျက်နဲ့ နာခေါင်း သွေးထွက်ပေါ့၊ အဖြေတစ်စုံတစ်ရာ တိုင်းပြည်အတွက် ကောင်း မွန်တဲ့ရလဒ်တွေ မရှိပဲနဲ့ ဒါမျိုး တ၀ဲဝဲလည်လည်ဖြစ်နေတာများတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ က ငြိမ်းချမ်းစွာပြေလည်သွားဖို့ပဲ ပြောချင်ပါတယ်။
မေး – ဟုတ်ကဲ့ အခုကနေပြီးတော့ Arakan Army ကနေပြီးတော့ အဲဒီဒေသမှာ ပါဝင်ပတ်သက်တာက ရခိုင့်တပ်မတော်ကို ဒီအစိုးရက အသိအမှတ်မပြုဘူး၊ အသိအမှတ်ပြုလိုတဲ့အနေအထားမရှိ ဘူး ။ အဲဒါကြောင့် အသိအမှတ်ပြုမှုရနိုင်အောင် ဒီလို စစ်ပွဲတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောဆို နေသံတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်ပါလဲ။
ဖြေ – သူတို့ အသိအမှတ်ပြုတယ် မပြုဘူးဆိုတာကတော့ သိပ်ပြီးမှ အဆုံးအဖြတ်မဟုတ်ပါဘူး။ အဓိ ကတော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နေဖို့ကပဲ ပိုအရေးကြီးပါတယ်။ သူတို့က ကျွန်တော်တို့ကို အသိအမှတ် မပြုဘူး ပြောလို့ရသလို ကျွန်တော်တို့လည်း သူတို့ကို အသိအမှတ်မပြု လို့ လက်နက်ကိုင်တော်လှန်တာပေါ့။ သြော် သူတို့ပြောပြောနေတဲ့ ဥပဒေအရဆိုတဲ့ စကားလုံးကိုသာ ကျွန်တော်တို့ဘက်က ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။ ဥပဒေဆိုတာ တရားဝင်ရဲ့လားပေါ့။ ခင်ဗျား တို့ ပြောနေတဲ့ ဥပဒေဆိုတာ။ အဲဒီလိုမျိုးလည်း ပြန်မေးရင် မေးလို့ရပါတယ်။ တစ်ခုတော့ ကျွန်တော် တို့ သတိထားမိတာ မှန်ပါတယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အပေါ် မှာ လူတွေကလည်း အများကြီး ကျွန်တော်တို့ ရခိုင်ပြည်သူလူထုကလည်း ထောက်ခံမှုတွေ အများ ကြီးရှိတယ်။ အဲဒါတွေအပေါ်မှာ ကျွန်တော်တို့ လူထုနဲ့ဆက်စပ်ပြီးမှ တခြား အမျိုးသားရေးလုပ်ငန်း တွေ ပိုပြီးဆောင်ရွက်လာမှာ စိုးရိမ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ အရမ်းနေရာရပြီးဖြစ်လာရင် သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဖြစ်တော့ဘူးပေါ့။ အဲဒါတွေအပေါ်မှာ စိုး ရိမ်မှုတွေကြောင့် ကြိုတင်ကာကွယ်နေတာလည်းဖြစ်မယ်။ ကျွန်တော်တို့ ရခိုင့်တပ်မတော် အနေနဲ့က တော့ ဒီကချင်ပြည်တစ်ခုတည်းတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ တိုင်းရင်းသားမဟာမိတ်ဒေသတွေ နေရာအမျိုးမျိုးမှာ ကျွန်တော်တို့ လှုပ်ရှားပါတယ်။ တခြားလုပ်လို့ရသေးတဲ့ဟာတွေ လည်း အများကြီးတော့ရှိပါသေးတယ်။ ဒါကြောင့် လူတွေထင်သလိုမျိုး ဘာမှမဆီမဆိုင် ကိုးကန့်ဒေ သမှာ ၀င်ပါတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင့်တပ်မတော်ဟာ တိုင်းရင်းသား မဟာမိတ်ဒေသ အသီးသီးမှာ အခြေပြုလှုပ်ရှားနေတာတွေတော့ အများကြီး ရှိပါတယ်။
မေး- အခုဖြစ်လာတဲ့ တိုက်ပွဲက ရေရှိန်မြင့်လာနိုင်ပါလား၊ ရေရှိန်နည်းသွားနိုင်ပါလား။ တိုက်ပွဲက ပြင်း ထန်လာနိုင်ပါလား၊ မပြင်းထန်လာပဲနဲ့ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားနိုင်တဲ့ အနေထားမျိုး ရှိလာ နိုင်ပါသလား။ အခု ဖြစ်နေတဲ့ စစ်ပွဲကို ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ – ရေရှိန်မြင့်လာဖို့၊ မမြင့်လာဖို့ဆိုတာက သူတို့အပေါ်မှာ အများကြီးမူတည်ပါတယ်။ သူတို့က ဆက်ပြီးမှ တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ရေရှိန်မြင့်လာမှာပဲ။ အခုတော့ တပ်တွေအ များကြီး ပို့လွတ်နေတယ်။ နေရာအသီးသီးမှာ မြန်မာအစိုးရရဲ့ တပ်မတွေ အများကြီးဝင်လာတယ်။ ၀င် လာတဲ့ တပ်မတွေကလည်း ဒီရှမ်းပြည်မြောက်ပိုင်း တစ်ခွင်တည်းမဟုတ်ဘူး။ ဒီမြောက်ပိုင်း KIA နယ်တွေမှာရော မနေ့ကညပိုင်းဆိုလည်း ဒီတပ်မဟာ (၃) ဘက်မှာလည်း တိုက်ပွဲတွေပေါ့ အင်အား အလုံးအရင်းသုံးပြီးမှ တပ်ရင်း (၁၅)ဘက်မှာ စခန်းတွေကို ၀င်တိုက်တာတို့ ပြီးရင် KIA မဟာမိတ် တစ်ခွင်မှာလည်း စစ်ကြောင်းတွေအများကြီးထိုးပြီးမှ စစ်ရေးအရခြိမ်းခြောက်တာတို့၊ ပြီးရင် အခု စစ် ဖြစ်နေတဲ့ ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာဆိုရင် ပိုပြီးမှ အရုပ်ဆိုးတဲ့ တိုက်ပွဲပုံသဏ္ဍာန် တွေ ပြန်ဖြစ်လာတယ်။ မနေ့က ရက်မှာဆိုရင် တော်တော်လေး တိုက်ပွဲလည်း ပြင်းထန်တယ်။ ရွာတွေ မီးလောင်တာ တပြိုင်တည်းမှာပဲ ၊ ဒီကြားထဲမှာ လေကြောင်းအရ စစ်ဆင်ရေးတွေလည်း အများကြီး ၀င်တာပေါ့။ လေကြောင်းအရ တိုက်ခိုက်မှု အများကြီး လုပ်တယ်။ ဒါကြောင့် စစ်ရေးအရ အခြေအနေ က ပိုဆိုးလာတယ်လို့ ပြောလို့ရတယ်။ စစ်ရှိန်မြင့်လာမလားဆိုတာက ဒီအစိုးရ ဘာဆက်လုပ်မလဲအ ပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။
မေး – ရခိုင့်တပ်မတော်အနေနဲ့ရော ဒီအစိုးရနဲ့ ငြိမ်းချမ်းရေးတွေဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲဖို့ အစီအစဉ်တွေ မရှိဘူးလား။
ဖြေ – ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးလိုလားပါတယ်။ နိုင်ငံရေးပြဿနာကို ကျွန်တော်တို့က ငြိမ်းချမ်း စွာ စားပွဲပေါ်မှာ ဖြေရှင်းဖို့အတွက် အမြဲတမ်း စိတ်ဝင်စားတယ်။ ဒါကတော့ ငြိမ်းချမ်းရေးဆို တာလည်း နှစ်ဦးနှစ်ဖက်က နားလည်မှ ရမယ်လို့၊ တစ်ဦးကိုတစ်ဦးအသိအမှတ်ပြုပြီးမှ အဲလိုမျိုး စကားပြောလာရမယ်၊ အဖြေရှာရမယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က အိုးမပူပဲ ခွက်ပူနေလို့မရဘူးလေ။ ကျွန်တော်တို့က တော်လှန်တဲ့ လက်နက်ကိုင်တပ်မတော်ပဲ။ သူတို့က မဆွေးနွေးဘူးဆိုလည်း တိုက်တဲ့လမ်းပဲ ရွေးကြတာပေါ့။
(ပြီး)



ဒီအစိုးရ

Read more »

Burmese Army Troops Removed A Cross from RCM Prayer Mountain

Burmese army’s 261 Light Infantry Battalion (LIB) troops seized a Roman Catholic Mission’s prayer mountain located at Tanggau Bum in Awng Bar Le in Hpakant Township.
Local sources said Burmese troops launched an attack beginning Feb 20. The soldiers removed a giant cross which symbolizes Christian faith from top of the mountain after they seized the mountain.

About 2000 villagers were trapped inside Awng Bar Le village as fighting intensified between Kachin Independence Army and Burmese Army troops in Hpakant area. Burmese army troops refused to allow a group of Christian ministers, Buddhist monks, and Civil Society Organizations who came to rescue trapped villagers to enter into Awng Bar Le village.
by http://kachinlandnews.com/?p=25486

Read more »

Thursday, February 26, 2015

Ku Gang kaw Myen ni Miwa (100) jan sat kau ya ai majaw Ya Miwa Asuya grai pawt taw nga sai

Ku Gang kaw Myen ni Miwa (100) jan sat kau ya ai majaw Ya Miwa Asuya grai pawt taw nga sai da....Feb 24, 2015 ya shani Miwa Commmunist Rapdaw kaw bawng ban nna sa wa ai re da...


Read more »

Marit ai ni a matu

Read more »

မြောက်ပိုင်းရှမ်းပြည်ရောက်နေသော မြန်မာစစ်တပ်များအကြောင်း




source: မူးရ သူးမွဲ
ယခု ဒီစာရေးသားတင်ပြလာတဲ့ကျနော်က
ဗမာပြည်အထက်ပိုင်းတစ်နေရာကနေ သိန္နီမြို့ကို
တာဝန်နဲ့ အလုပ်လာလုပ်နေသူတစ်ဦးပါ။ကျနော့် လုံခြုံရေးအရ ဘယ်ဋ္ဌာနမှာ အလုပ်လုပ်နေတယ်ဆိုတာကို
ကျနော်မပြောပြတော့ပါဘူး။သို့ပေမယ့် ကျနော်က
မြေပြန့်သား ဗမာလူမျိုး၊ဗုဒ္ဓဘာသာဝင်တစ်ဦးစစ်စစ်ဖြစ်
တ်ာဆိုတာကို သိစေအပ်ပါတယ်။ကျနော့်နည်းတူ ဗမာ
လူမျိုးတွေအားလုံး မသိ၊နားမလည်ရတဲ့ တောင်ပေါ်ဒေသ ရှမ်းပြည်မြောက်ပိုင်းက သိန္နီမြို့လေးအကြောင်းနဲ့
မြန်မာစစ်အစိုးရရဲ့ လူထုအပေါ်ပြုမူ ဆောင်ရွက်သွားပုံ
တွေကို ဗမာမြေပြန့်လူထုအားလုံးနဲ့ တိုင်းရင်းသားညီနောင်တောင်ပေါ်အားလုံး သိရှိရအောင် ဖော်ပြပေးစေ
လိုပါတယ်။
ယခု ကျနော်တာဝန်ကျရာ သိန္နီမြို့လေးရဲ့
အခြေအနေနဲ့ အနေအထားကတော့ စိုးရိမ်ဖွယ်အကောင်းဆုံးအချိန်ကို ရောက်ရှိလို့နေပါပြီ။မင်းအောင်လှိုင်ရဲ့စစ်တပ်တွေက ဘာအကြောင်းမှမရှိဘဲ အခု
သိန္နီ၊ဟိုပန်နဲ့ လောက်ကိုင်သွားရာလမ်းတလျှောက်ကို
မရှုပ်တာကို ရှုပ်အောင်လုပ်၊ဘာတိုက်ခိုက်မှုမှ မရှိတာကို စစ်ဆင်ဆေးနွှဲနေသယောင် လူထုအာရုံကို
လွှဲနေတယ်လို့ မြင်ရတယ်။နေ့ခင်းဆို သူတို့စစ်ကြောင်း
သွားရာလမ်းမှာ သေနတ်တွေနဲ့ ခြုံထူတဲ့နေရာ၊ကြံခင်း
တောတွေမှာ အလကားကျည်ဖြုန်းပြီး လိုက်ပစ်နေကြ
တယ်။ဒါကို ကျနော်မကြိုက်တာဘဲ။သူ့ဆန်စားပြီး သူ့
မကောင်းကြောင်းပြန်ပြောရတာ ကျေးစွပ်ရာ ကျချင်
ကျမယ်။ဗမာပြည်က ကျနော့်လူထုတွေဖတ်မိရင်လည်း
ကျနော့်ကို ဆဲချင် ဆဲနေပါလိမ့်မယ်။ကျနော် စိတ်မကောင်းပါဘူး။အဓိက က လူကိုလူလိုသိပြီး လူ့အခွင့်အရေးတွေ မချိုးဖောက်ဖို့ ပြောပြချင်တာပါ။
ဒီလိုသေနတ်တွေနဲ့ ရမ်းပစ်လို့ ပန်နားရွာ
သားတစ်ဦးကို ကျည်မှန်သွားခဲ့တယ်။အဲဒီရွာတွေဆက်
နေတာက ကွန်ကော့ရွာ၊ပန်နားရွာနဲ့ စယ်အူရွာတို့ပေါ့။
ပစ်မိတဲ့ရွာသားက ဝပ်ရှော့လုပ်သားတစ်ဦးပါ။ဒါကို
မင်းအောင်လှိုင် ဘာလုပ်နေသလဲ။သူကိုယ်တိုင်က
ဒီလိုမဖြစ်ဖြစ်အောင် တမင်ဖန်တီးခိုင်းနေတာလား။
ဒါမှမဟုတ် သူမသိရဘဲ သူ့လက်အောက်တပ်မမှူးတွေ
က ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာလုပ်၊ဘယ်သူသေ
သေ ငတေမာရင် ပြီးရော ဆိုတဲ့သဘောနဲ့ လွှတ်ပေး
ထားတာလား။ဒါပဲဗျ။တိုင်းရင်းသားတပ်တွေနဲ့ စစ်တိုက်
နေတယ်၊ချောင်းပစ်ခံရတယ်ဆိုရင် တမျိုး၊လက်ခံနိုင်
သေးတယ်။ခုဟာက တမင်သက်သက် စော်ကားနေတာ။မျိုးသုဉ်းသတ်ဖြတ်နေတယ်လို့တော့ ဒေသခံ
ပြည်သူတွေက ခံစားမိမှာအမှန်ပဲ။တာဝန်အရှိဆုံးက
မင်းအောင်လှိုင်ပါ။ကြားထဲက တိုင်းရင်းသားညီနောင်
တွေ ကျနော်တို့ဗမာပြည်မကလူတွေကို ရောပြီးမုန်း
ရော။ကျနော် ဒီဒေသမှာ တာဝန်ကျလာတာ ဒီနှစ်ထဲဆို
၅ နှစ်ပြည့်တော့မယ်။ညီနောင်တွေက စိတ်ထားနူးညံ့
ပြီး ရိုးသားသလောက် ကျနော်တို့ပြည်မကလူတွေနဲ့
နှိုင်းယှဉ်ရမယ်ဆို စိတ်ဓာတ်က လုံးလုံးကိုကွာခြားပါ
တယ်။ဒါတွေ ထားလိုက်မယ်ဗျာ။
ဒီစစ်သားတွေက မှောင်ရီမပျိုးခင်မှာ အိန္ဒြ
တွေရသေးတယ်။မှောင်ချိန်ရောက်တော့မယ်ဆိုရင်
လမ်းမှာတွေ့တဲ့ ယောင်္ကျား၊မိန်းမ ပျိုပျိုအိုအိုတွေကိုစပြီး
လူချောဆွဲပေါ်တာယူတော့တာပဲ။လမ်းမှာတွေ့သမျှလူကို ပြသာနာအမျိုးမျိုးရှာနေတာ တွေ့မြင်နေ
ရတယ်ဗျာ။အဆိုးဆုံးကတော့ လမ်းမှာတွေ့တဲ့ဈေးဆိုင်
ကပစ္စည်းတွေကို ငွေမရှင်းဘဲယူကြတာ တွေ့ရမြင်ရ
တော့ ကျနော်သာ သက်ဆိုင်သူလူမျိုးဖြစ်နေခဲ့ရင် ရရာ
လက်နက်နဲ့ ကိုင်ပေါက်မိမှာပဲ။သြော်..မြေပြန့်ကလူကို
တိုင်းရင်းသားတွေအမြင်မကြည်၊မုန်းတာကို ကျနော်
အခုမှ သဘောပေါက်လာရတယ်။ဒီလောက်တောင်
ငတ်ပြတ်နေတာကို မင်းအောင်လှိုင်တို့က ဘာလို့လှည့်
မကြည့်ခဲ့သလဲ၊တပ်မမှူးတွေကကော ဘာမှမကျွေးဘဲ
ခွေးနဲ့တကိုင်းထဲထား ကိုယ့်လူကို ဒီတိုင်းပဲပစ်ထားရ
သလားလို့ပေါ့။
အခုထပ်ပြောပြမယ့်အကြောင်းကတော့
ပိုလို့တောင်ဆိုးပါသေးတယ်။ကွန်ကော့ရွာ၊ပန်နားရွာနဲ့
စယ်အူရွာနားတဝိုက်မှာရှိတဲ့ ပြည်သူတွေရဲ့ကြံခင်းတွေ
ကို လုပ်ဇာတ်ခင်းပြီး သေနတ်နဲ့ပစ်၊ဒီရွာကြောတဝိုက်
မှာရှိတဲ့ လမ်းဘေးကြံခင်းတွေကို အားလုံးဖျက်စီးပြီး
မီးရှို့ပစ်တာမြင်ရတော့ ဗမာဖြစ်ရတဲ့ကျနော့်ကို ကျနော်
တောင် ပြန်သနားမိပါတယ်။ဘယ်လက်နက်ကိုင်အဖွဲ့မှ
ပုန်းခိုနေတာ မဟုတ်ပါဘဲနဲ့ ဘာ့ကြောင့်ပြည်သူတွေရဲ့
စီးပွားဖြစ်လုပ်ငန်းကို သွားဖျက်ဆီးပစ်ရသလဲ။အခု အကုန်မီးရှို့ပစ်ပြီးပြီ။ဒါကို ဒီကိစ္စက မင်းအောင်လှိုင်
တာဝန်ယူဖြေရှင်းပေးပါ။ချစ်စကို အရှည်သဖြင့်ဆွဲဆန့်
နိုင်အောင်ပြန်တာဝန်ယူပေးပါ။
သိန္နီမြို့နားကရွာသူရွာသားတွေ မြို့ထဲကို
အားကိုးရာမဲ့မျက်နှာနဲ့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့
ပုံပန်းသဏ္ဍန်တွေကို ကျနော်ဖြင့်တော်တော်ခံပြင်း
ဒေါသဖြစ်မိပါတယ်။အကြောင်းက ကျနော်ကအထက်ကပြောခဲ့သလိုဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မရှိဘဲနဲ့ သေနတ်တွေနဲ့ ရမ်းရမ်းပစ်နေလို့ ထွက်
ပြေးလာကြတာတဲ့။သူတို့ရွာက အိမ်ရှစ်အိမ်နဲ့ ကားတစ်
စီး ပျက်စီးသွားရတာတဲ့။အခု သူတို့ထွက်ပြေးလာကြတာ
က ရွာကလူလေးဦးကို ပေါ်တာချောဆွဲခေါ်သွားကြ
တယ်လို့ပြောပါတယ်။ကျနော်သိရတာက နှစ်ဦးကို
ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို ပြန်မလွှတ်ပေးသေးဘူး
လို့ သိရတယ်။ဒီအခြေအနေက မင်းမဲ့တိုင်းပြည်ပုံစံ
ပေါက်နေပါပြီ။ရောက်တော့မယ်ဆိုတဲ့အရိပ်အယောင်
ကို မီးမောင်းထိုးပြနေလိုက်တာ ပြန်ထိန်းပေးပါ သမ္မတ
ဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့။
ကျနော် ဒီစာရေးပို့နေချိန်ကတော့ ခုနက
ပြောတဲ့ရွာသားတွေကတော့ မနေ့ကပဲ အိမ်ပြန်သွား
ခဲ့ကြပါပြီ။စစ်သားတချို့က ကျနော့်မိတ်ဆွေအသိတွေ
ပါဝင်ပါတယ်။သူတို့ပြောတာကတော့ လောက်ကိုင်
ကို မသွားချင်ဘူးလို့ လွန်ခဲ့တဲ့ ၁၉ ရက်နေ့က ပြောပါ
တယ်။မသွားချင်ဘူးဆိုတော့ မသေချင်ဘူးဆိုတဲ့
သဘောပေါ့။သူတို့ကိုလည်း ကိုယ်ချင်းစာနာပါတယ်။
ဒါဆို မရှိတဲ့တိုက်ပွဲကို အတင်းဖန်တီး၊နေစရာတစ်ခု
ခြေကုတ်ယူလိုက်တဲ့သဘောပေါ့။နေမယ်ဆို စည်းကမ်း
ရှိရှိနဲ့ တပ်စည်းကမ်းအတိုင်းပြစ်ဒဏ်ပြန်ပေးပေါ့။
လောက်ကိုင်ဒုက္ခသည်တွေကို လားရှိုးမြို့မန်ဆူဘုရား
ကို ကာချုပ်နဲ့ သမ္မတကြီးတွေလာကြည့်ကြတော့
ကျနော်တောင် ဂုဏ်ယူမိသေးတယ်။ဒါပေမယ့် လောက်
ကိုင်မြို့အပြီး မဆိုင်တဲ့ သိန္နီမြို့ကို ဘာ့ကြောင့်စစ်မီးကို
လာမွေးနေကြပါသလဲ။ပြည်သူရဲ့ အသက်အိုးအိမ်ကို
အသစ် အသစ်ဖြစ်အောင် ဘာလို့ဖန်တီးယူနေအုံးမလဲ
ခင်ဗျား။ကျနော် နိဂုံးချုပ်စာကြောင်းမှာ ပြောကြည့်ပါမယ်။
မင်းအောင်လှိုင် စစ်အုပ်စုသည် ရှမ်းပြည်
မြောက်ပိုင်းကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နိုင်ရန်
စာမျက်နှာအသစ်ဖြစ်တဲ့ အရင်စာမျက်နှာဟောင်း
အတိုင်း ဆက်လက်လုပ်ဆောင်ရန် ကြံရွယ်နေပါသည်။
အားလုံးကို လေးစားလျှက်
ပြည်သူ့ဝန်ထမ်းတစ်ဦး
(၂၅.၂.၂၀၁၅)(၇း၂၃)pm

Read more »

ကျုံးသွင်းအသတ်ခံရတော့မယ့် KNU


========================
၁၉၈၈ ကျောင်းသားအရေးအခင်းအပြီး ဒီမိုကရေစီအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ တောခိုကာ အစိုးရ အားတော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုအချိန်တွင် နိုင်ငံတကာဒီမိုကရေစီအစိုးရများက အတိုက်အခံဘက်မှ နေ၍ သံတမန်အရ၊ အသိပညာအရ၊ ငွေကြေးအရ အထောက်အကူပြုခဲ့သည်။ ဤသို့အထောက်အကူပြုရန် နိုင် ငံတကာရောက် မြန်မာအမျိုးသားများကလည်း ကြိုးစားလုပ်ဆောင်ခဲ့သည်။ ၎င်းပုဂိုလ်များအနက် အအောင်မြင် ဆုံး ပုဂိုလ်မှာ စပ်ရွှေသိုက်၏သား ဟန်ယောင်ဝေဟူသော ပုဂိုလ်ဖြစ်သည်။ ၎င်းသည် စီးပွားရေးပညာရှင်ဖြစ်ပြီး မည်သို့ ရံပုံငွေရှာရမည်ကို နားလည်ပြီး ပထမဦးဆုံး ယူရိုဘားမား (Euro Barma)အဖွဲ့ကို ဖွဲ့စည်းကာ ဥရောပ နိုင် ငံများမှ အကူအညီကို ရယူကာ နယ်စပ်ရှိ အတိုက်အခံအင်အားစုများအား ငွေကြေးအထောက်အကူ ရှာကြံပေး ခဲ့သည်။ ဤကဲ့သို့ ရှာကြံပေးရာတွင် NCGUB ၀န်ကြီးများကို ငွေကြေးအထောက်အပံ့ လစဉ်ပေးလာနိုင်သည်အ ထိ၊ ထို့အပြင် NCUB တွင် KNU မှ ပို့ထားသော KNU မှ ကိုယ်စားလှယ် ကွယ်လွန်သူ ပဒိုဒေးဗစ်ထောလည်း အ ပါအ၀င်ဖြစ်သည်။
ဦးဟန်ယောင်ဝေသည် ဤသို့ရံပုံငွေရှာကြံကာ အတိုက်အခံခေါင်းဆောင်များ၊ တော်လှန်ရေး ခေါင်းဆောင်များကို ရင်းနီးမှုမှတဆင့် သြဇာသက်ရောက်လာအောင် လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားတော် လှန်ရေးအင်အားစုခေါင်းဆောင်များထဲတွင် မိမိသြဇာသက်ရောက်မှုကို တည်ဆောက်ခဲ့သည်။ KNU တွင် ပဒို ဒေးဗစ်ထောသည် သူနှင့်အရင်းနီးဆုံးဖြစ်သည်။ ဟန်ယောင်ဝေ၏ အယူအဆများ ပဒိုဒေးဗစ်ထောထံ ၀င် ရောက်သောကြောင့် ပဒိုဒေးဗစ်ထော၏ အင်တာဗျူးများ၊ သုံးသပ်ချက်များသည် KNU မှ ချမှတ်ထားသော ရပ် တည်ချက်များအတိုင်း ပြောဆိုခြင်းမဟုတ်မူဘဲ၊ အင်တာဗျူးတခုတွင် အစိုးရက KNU ကို အပြုတ်မတိုက်လို၍ မွေးထားခြင်းဖြစ်သည်။ KNU တပ်အင်အား (၃၀၀၀)တောင်မပြည့်၊ အစိုးရတိုက်လျှင် ခဏလေးဖြင့်ပြုတ်မှာ၊ သက်သက်မွေးထားတာက စစ်အာဏာရှင်ရှိနေခြင်း၏ အကြောင်းပြချက် ခိုင်လုံမှုဖြစ်တယ် ဟူ၍ ပြောဆိုခဲ့ သည်။ ဤသို့ KNU ရပ်တည်မှုမဟုတ်ဘဲ၊ ဟန်ယောင်ဝေ၏ သဘောထားလွှမ်းမိုးမှုအမှားများကြောင့် KNU ဗဟိုမှ ပဒိုဒေးဗစ်ထောအား (၃)ကြိမ်တိုင်တိုင် သတိပေးခံခဲ့ရသည်။
KNU ခေါင်းဆောင်မှုအတွင်း ပဒိုဒေးဗစ်ထောနှင့် အရင်းနီးဆုံးမည်သူများနည်း။ KNU (၁၃)ကြိမ်ကွန်က ရက်မှ ရွေးချယ်ခံရသော ဗဟိုကော်မတီများထဲတွင် ပဒိုထူးထူးလေးခေါ် ဖူးတာသီး ခေါ် KNU ကျေးရွာသား၊ ပဒို ကွယ်ထူးဝင်း (ယခင် ဗဟိုကော်မတီအဖွဲ့ဝင်၊ ယခု KNU အတွင်းရေးမှူးချုပ်)နှင့် အခြား ဗဟိုကော်မတီအဖွဲ့ဝင် တချို့ဖြစ်သည်။
KNU အနေဖြင့်၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) နေ့တွင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုကာ ယခု၃နှစ်ကျော် ရှိပြီဖြစ်သော်လည်း KNU မှ တောင်းဆိုသော Code of Conduct တပ်နေရာချထားရေး၊ တပ်သားများလိုက်နာရမည့်စည်းကမ်းများ ဆွေး နွေးရန် ယခုတိုင် မဆွေးနွေးရသေးပေ။ ဤ ကာလအတွင်း ကရင့်တော်လှန်ရေးဒေသ (၇)ခရိုင်တွင် ဘာတွေ တိုးတက်မှုဖြစ်လာကြသနည်း။
(၁) စစ်တပ်မှ လူအင်အား၊ လက်နက်အင်အားနှင့် ခံကတုတ်များကို ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက် လာခြင်း။
(၂) လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အကြောင်းပြ၍ ကားလမ်းများဖေါက်လုပ်ကာ စစ်ဆက် သွယ်ရေးလမ်းကြောင်း ချောမွေ့ရေးကို အစီအစဉ်အရှိရှိ တည်ဆောက်ခြင်း။
(၃) ငြိမ်ဝပ်ပိပြားရေး၊ ဥပဒေစိုးမိုးရေးကို အကြောင်းပြု၍ စစ်စခန်းများတိုးချဲ့ခြင်း၊ ရဲစခန်းများ တိုးချဲ့ခြင်း။
(၄) အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ကရင်ဒေသတွင် သွပ်သွင်းခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ရဲစခန်းများ စသည်။
(၅) ကရင်ပြည်နယ်ရှိ မြေပေါ်ရှိသစ်ဝါးများ၊ မြေအောက်ရှိသယံဇာတများကို ထုတ်လုပ်ရန် ကုမ္ပဏီပေါင်း (၈၀) ကျော်ကို အစိုးရက လိုင်စင်ထုတ်ပေး ထုတ်လုပ်စေခြင်း။
(၆) ကရင်ပြည်နယ်ရှိ မြစ်များကို ဆည်တမံဆောက်ကာ လျှပ်စစ်ဓါတ်အားရောင်းချရန် လုပ်ဆောင်လာခြင်း။ ဤဆည်တမံများကြောင့် ကရင်ကျေးရွာများနှင့် ကရင်ဒေသများ ရေလွှမ်းမိုးပျက်စီးခံရ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်လာခြင်း။
(၇) ကရင်ကျေးရွာများ ဘိုးဘွားဘီဘင်လက်ထက်မှ လုပ်ကိုင်စားသောက်လာသော လယ်မြေယာမြေများ နေ့ ချင်းညချင်း စည်းရိုးဝိုင်းပတ်ပြီး ပုဂလိကများ ရာဘာစိုက်ရန် အသိမ်းခံရခြင်း စသည့်ဆိုးကျိုးများကို ဌာနေပြည် သူများ၊ လူမှုအဖွဲ့အစည်းများထံမှ နေ့စဉ်ကြားနေရသည်။
၃နှစ်အတွင်း ပြည်သူများအကျိုးခံစားရသည်မှာ ပြေးလွှားပုန်းအောင်းမနေရခြင်း၊ ကျေးရွာမီးရှိုး ခြင်းနှင့် သတ်ဖြတ်မခံရခြင်း၊ တနေရာနှင့် တနေရာသွားလာရာတွင် အစစ်အဆေးနည်းလာခြင်းတို့ဖြစ်သည်။
ဤအပစ်အခတ်ရပ်စဲရေး၏ ကောင်းကျိုးဆိုးကျိုးတို့ကို ချိန်ခွင်ပေါ်တင်၍ ချိန်ကြည့်ပါက ကရင်များအ တွက် အကောင်းဘက်ကများသလား အဆိုးဘက်ကများသလားဆိုသည်ကို စာဖတ်သူများ မိမိအသိဥာဏ်ဖြင့် ဆုံးဖြတ်ပေးရန် တိုက်တွန်းပါသည်။
______
ဖူးတာမူး

Read more »

Wednesday, February 25, 2015

အချုပ်အချာအာဏာကို အထိပါးမခံ မြန်မာ့မြေကို တလက္မအထိမခံ ဆိုသူများ အတွက်

Myint Soe Thein's timeline.
· 
အချုပ်အချာအာဏာကို အထိပါးမခံ
မြန်မာ့မြေကို တလက္မအထိမခံ
ဆိုသူများ အတွက်
လောက်ကိုင်တိုက်ပွဲ မစမီ တရက်အလိုမှာ 
အစီအစဉ်မရှိဘဲ
ဝအထူးဒေသ ပန်ဆန်းကို
အလုပ်တခုနဲ့ ရောက်သွားပါတယ်
လားရှိုး တန့်ယန်း လမ်းကနေ
သံလွင်မြစ်တံတားကျော်ပြီး မကြာခင်
မြန်မာစစ်တပ်ဂိတ်ကိုရောက်တယ်
ဘာမှ သိပ်မစစ်ဘူး
အလှူငွေထည့်ပါဆိုလို့ ငါးထောင် ပေးခဲ့တယ်
ခဏဆက်သွားတော့
မြန်မာရဲဂိတ် ရောက်တယ်
ပြတ်ပြတ်ဘဲ ငါးထောင်ပေးပါတဲ့
ဘယ်ရမလဲ ပေးလိုက်တာပေါ့
နဲနဲဆက်သွားတော့
ဝလုံခြုံရေးဂိတ်
ကားပေါ်က တယောက်မကျန် အောက်ဆင်းခိုင်းတယ်
ဂိတ်နောက်မှာ ဘန်ကာထဲက
စက်သေနတ်ကြီးက အသင့်ချိန်ထားတယ်
ဝလိုမေးတယ် ဘယ်ဖြေတတိမှာလဲ
တရုတ်လိုမေးတယ် အတူပါသူတွေက ဖြေပေးတယ်
မရဘူး မဝင်ရဘူးတဲ့
တော်သေးတယ်
ပန်းဆန်းက ဖုန်းဆက်ပြီး ကားနံပါတ်ပေးထားလို့
အရာရှိ တယောက်လာပြီး ဝင်ခွင့်ပေးလိုက်တယ်
အော် နယ်စပ်ဝင်ကထဲက
MPT Oredoo ဘာမှမရတော့ဘူး
တရုတ်ဖုန်းရတယ်
Telenol တချက်တချက် ရတယ်
ဒါပေမယ့် Oversea charge
ဝနယ်ထဲ ဝင်ကာစ
မြေလမ်းကြီး ဖုန်တထောင်းထောင်းနဲ့
ဆက်သွားတော့ ကျောက်လမ်း ပြီးတော့ ကွန်ကရိလမ်း
ပြီးတော့ နိုင်လွန် ကတ္တရာလမ်း
တောင်ပေါ်လမ်းတွေက
နေပြည်တော်လမ်းထင် ပိုကျယ် ပိုကောင်းနေတယ်
မေးကြည့်တော့
တရုတ်က လာဖောက်တာတဲ့
နေရာတိုင်းမှာ လျပ်စစ်မီးနဲ့
မေးကြည့်တော့ စစ်သားအငယ်တွေက
ရေအားလျပ်စစ် ကိုယ်ပိုင်ထုတ်တာတဲ့
နောက်တော့ အဲဒီ
ရေအားလျပ်စစ်နေရာကို ဖြတ်သွားတယ်
သိပ်လဲ မကြီးဘူး တကယ် အလုပ်လုပ်ပုံလဲ မရဘူး
သူ့တို့အရာရှိတွေကို ထပ်မေးတော့
ရီပြီး တရုတ်ပြည်က လိုသလောက်ပေးတယ်တဲ့
လမ်းဘေးတလျောက် ရော်ဘာခြံတွေ မျက်စိတဆုံး
အပင်တွေကြီးပြီ
အသေအချာ ကြည့်တော့ တပင်မှ အစေးမခြစ်ထားဘူး
လဘက်ခြံတွေလဲရှိတယ်
အားလုံး For show တွေ
ပန်ဆန်းမရောက်မီ
မြင်ကွင်းထဲမှာ
ဘာမှ မသုံးတဲ့ ကွန်ကရိ ကွင်းကျယ်ကြီးတွေ တွေ့တယ်
တိုက်လေယာဉ်တွေ ကောင်းကောင်း ဆင်းလို့ရတယ်
ဘာအတွက်လဲမေးတော့
ပုခုန်းတွန့်ပြတယ်
တောင်တွေကို ဧရာမစက်ကြီးတွေနဲ့ ဖြိုပြီး
Tipper ကားအကြီးစားတွေနဲ့
မြေကြီးတွေတင်ပြီး တရုတ်ပြည်ဘက်
တတန်းကြီး မောင်းထွက်နေတယ်
ဘာပါလို့လဲ မေးတော့ ခဲသတ္တုလို့ ပြောတယ်
ခဲလောက်နဲ့ မြေရိုင်းတွေကို သယ်ရတာ ကိုက်သလား?
Geologists တွေတော့သိမှာ
နောက် ကျွန်းသစ်တင်တဲ့ကားတွေ
သစ်လုံးမဟုတ်ဘူး လေးထောင့် ပါးပုတ်ထားပြီးသား
လမ်းဘေးမှာ တန်းစီရပ်ထားတာ
အစီး ၄၂ နောက်ပိုင်း ဆက်မရေဖြစ်တော့ဘူး
ပန်ဆန်းရောက်ပြီ
မြန်မာ ရဲ စစ်သား ရဲစခန်း စစ်တပ်
လဝက ထွေအုပ်ရုံး အခွန်ဦးစီး ဆေးရုံ ကျောင်း
ဘာမှမတွေ့
မြန်မာပြည်လို့ ပြောနိုင်တဲ့ အထောက်အထား တခုမှ မရှိ
တရုတ်စာဆိုင်းဘုတ် တရုတ်စကား
တရုတ်ငွေ တရုတ် TV လိုင်း
မေးကြည့်တော့
မြန်မာမှတ်ပုံတင်မသုံး
ဝကိုယ်ပိုင် မှတ်ပုံတင်တဲ့
လူငယ်အားလုံး စစ်ဝတ်စုံနဲ့ Pistol ခါးချိတ်လို့်
ဝတ်စုံ လက်နက်အားလုံး သစ်သစ်လွင်လွင်ဘဲ
ရာထူးအဆင့် တံဆိပ်မရှိဘူး
မြို့ထဲမှာ
ကားအများစုက
Lexus 570 တွေ Hummer တွေများတယ်
စက်သေနတ်တင်ထားတဲ့
4x4 pickup တွေလဲ တွေ့တယ်
ဓာတ်ဆီထည့်တုံး
ဘေးကဆိုင် ဆိုင်းဘုတ်ကိုကြည့်ပြီး
တရုတ်စာတတ်သူတွေ ရီနေလို့
မေးကြည့်တော့
ကျည်ဆန် ယမ်း လက်ပစ်ဗုံး
မိုင်း လက္ကားရောင်းတာတဲ့
နှစ်ညအိပ်နေခဲ့တယ်
မြန်မာ့ အချုပ်အချာအာဏာကို
တစိမှ မတွေ့ခဲ့ဘူး
ထပ်သိချင်လို
Googling လုပ်တော့
ဝအထူးအုပ်ချုပ်ခွင့်ရဒေသက
17,000 sq. km. တဲ့
Singapore က 718 sq. km.
Singapore ထက်
၂၃ ဆပိုကျယ်တဲ့
ဘာသယံဇာတတွေရှိနေမှန်းမသိတဲ့
နယ်မြေတခုကို
တရုတ်က သေနတ်တချက်မဖောက်ဘဲ
ယူသွားပါပြီ
လောက်ကိုင်ကို
ဘာကြောင့်ထိုးကျွေးလဲ ဆိုတာ
အောက်က မြေပုံကြည့်ရင် သဘောပေါက်မှာပါ
အစိမ်းရောင်က ကိုးကန့်
လိမ္မော်ရောင်က ဝအထူးဒေသ
ဖုန်ကြားရှင်ရယ် တရုတ်နဲ့ မြန်မာအာဏာရှင်တို့ရဲ့
ထိုးဇာတ်လေး ထဲမှာ
မျောပါသူတွေက အများသား
ကိုးကန့်ကို မီးမောင်းစွတ်ထိုးထားတော့
ဝအထူးဒေသ
လက်ပံတောင်းတောင်နဲ့ တခြား သယံဖာတတွေ
စစ်ရေး စီးပွားရေး အရ အရမ်းအရေးပါတဲ့
India Ocean ထွက်ပေါကိ
ကျောက်ဖြူရေနက်ဆိပ်ကမ်း
မြန်မာပြည်ကို ခါးဖြတ်တဲ့ ရေနံ ဓာတ်ငွေ့ပိုက်လိုင်း
ဒါတွေအားလုံး မှေးမှိနိသွားရပြီပေါ့
အပိုဆုအနေနဲ့
စစ်အုပ်ချုပ်ရေးနယ်မြေတခု
စပေါ်လာပြီ
ရွေးကောက်ပွဲ မတိုငိမီ
ဘယ်နှစ်ခု ထပ်ဖေါ်ဦးမှာလဲ
အားလုံးရဲ့ Master Mind က
China ပါ
အာဏာရှင်တွေကတော့
ကိုယ်ကျိုးစီးပွားပေါ့
အားလုံးမြင်ကြဘို့
ဘက်တဘက်ထဲမှာ ရပ်ကြဘို့
အရေးတကြီး လိုနေပါပြီ
အချုပ်အချာအာဏာကို အထိပါးမခံ မြန်မာ့မြေကို တလက္မအထိမခံ ဆိုသူများ အတွက်

Read more »

ဗမာ ရဲမင်းဦး က သူ့ ရည်းစားကို သူ့ ရဲ့မွေးနေ့မှာ အတင်းအဓမ္မခေါ်ယူပြီး သူ့ သူငယ်ချင်းတွေနဲ့  အုပ်လိုက် ဝိုင်းပြီးမုဒိန်းကျငိ့်ကြတယ် ကျင့်ပြီးတော့ သတ်လိုက်တယ်


Myit Machyi Hpa Kayin "Karen" Num Sha A Mabyin / Myen La Hte
Sumtsaw Tsaw Ai Wunpawng Num Ni Sadi Ga Law....
ငါက ဖွတ်နဲ့ တိုင်းရင်းသားကိုဘဲ ခွဲခြားတာပါ ဗမာလူမျိုးအားလုံးကို မခွဲခြားပါဘူး အခုလဲ မခွဲခြားပါဘူး ဒါပေမဲ့ အမှန်အတိုင်းကို ရေးရမှာဆိုတော့ နား လည်ပေးပါ။

ဗမာလူမျိုး ရဲမင်းဦးနဲ့  ရည်းစားထားမိတဲ့ ကရင်မိန်းခလေးဆရာဝန်လောင်း နော်မေသူဇော် တယောက်ရဲ့ ဖြစ်ရပ်ဟာ အင်မတန် ရင်နာဖို့ ကောင်းပါတယ် ယုတ်မာပြီးအောက်တန်းကျတဲ့ ဒီဗမာ ရဲမင်းဦး က သူ့ ရည်းစားကို သူ့ ရဲ့မွေးနေ့မှာ အတင်းအဓမ္မခေါ်ယူပြီး သူ့ သူငယ်ချင်းတွေနဲ့  အုပ်လိုက် ဝိုင်းပြီးမုဒိန်းကျငိ့်ကြတယ် ကျင့်ပြီးတော့ သတ်လိုက်တယ် ပြီးတော့ ရေထဲပစ်ချလိုက်တယ် အလောင်းပေါ်လာတော့ ဗမာမှုခင်းဆရာဝန်က သေဆုံးသူဟာ အပျိုစစ်စစ်ပါလို့  ပြောပြီး အမှုမှန်ပေါ်လာမှာဆိုးလို့  ဗမာပုလိပ်က အလောင်းကို ဖျောက်ဖျက်ပစ်လိုက်တယ် ဒီကိစ္စကို နော်မေသူဇော်ရဲ့ မိဖတွေက ဗမာအစိုးရနဲ့  ဗမာတာဝန်ရှိသူတွေကို တိုင်းကြားလဲဘဲ ဘာမှ အရေး.ယူဆောင်ရွက်ခြင်းမရှိပါဘူး ဒါကြောင့်မို့ လို့  ယုံကြည်သူအားလုံး ဒီပို့ ကို ဖတ်ပြီးရင်အမှုမှန်ပေါ်အောင် နေ့ တိုင်းဆုတောင်းပေးပါလို့  မေတ္တာရပ်ခံပါတယ် တကယ်ယုံကြည်တဲ့လူက တကယ်ဆုတောင်းရင် တကယ်ရမှာပါ ။
နောက်တခုက လိုင်းပေါ်မှာ တချို့ ဗမာလူမျိုးတွေက စကားချိုချိုနဲ့  ကရင်မလေးတွေကို မြူဆွယ်ပြီး အဆင်ပြေတော့ အပြင်မှာ ချိန်းတွေကြသလို လူမုန်းများတဲ့ ဗမာတွေကို တချို့  တိုင်းရင်းသူတွေက ဂရုမစိုက်မှန်းသိလို့  သူတို့ က တိုင်းရင်းသားပါလို့  လိမ်ညာဟန်ဆောင်ပြီး တိုင်းရင်းသူတွေကို အကြံနဲ့  လာရောတာလဲ ရှိပါတယ် ခံခဲ့ရတဲ့ ကရင်မလေးတွေလဲ မနဲပါဘူး သတိပေးမယ် နင်တို့  ကရင်လူမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ်သိပါ နာမည်တော့ မခေါ်တော့ဘူး
Shiga : Sit Ko Naing

Read more »

ကဲ မိတ်ဆွေတို့ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ ဆုံးဖြတ်ကြပါတော့

ကဲ မိတ်ဆွေတို့ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ ဆုံးဖြတ်ကြပါတော့။ တိုင်းရင်းမေကတော့ ဘာမှမပြောလိုတော့ဘူး။

Read more »

Tuesday, February 24, 2015

ဘယ်ကစခဲ့သလဲ ဘယ်မှာ အဆုံးသတ်မလဲ အရိပ်တစ္ဆေလို ခြောက်လှန့်နေသော စစ်ဝါဒီများ နှင့် ကိုးကန့် လောက်ကိုင် သုံးသပ်ချက်

ရက္ခ ဘီလူး's photo.
Like ·  · 
ကိုယ့်ကိုသတ်ဖို့လာတဲ့ သူကို ပိန်းဥလေးနဲ့ကြိုလိုက်တာပါ။
ဂါမဏိ(ရေးသားသည်) – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
၂၀၀၉ ခုနှစ်မှာ BGF နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြိမ်းချမ်းရေးအထူးဒေသ (၁) လို့ ၁၉၈၉ ခုကတည်းက နာမယ်ပေးထားတဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ MNDAA (မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်) က လက်မခံ လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖုံကျားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်အပစ်ရပ်အဖွဲ့ကို အပြုတ်ချေမှုန်းခိုင်းခဲ့ပါ တယ်။
ဖုံကျားရှင်း ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ၈ လေးလုံးအရေးအခင်းအပြီး နဝတ အာဏာသိမ်းပြီးစ ၁၉၈၉ ခုမှာ စစ်အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး ပထမဆုံးလုပ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အဲဒီအချိန်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတဲ့အတွက် မကြာခင်မှာ စစ်အစိုးရက တရားဝင်ငြိမ်းအဖွဲ့ ၁၇ ဖွဲ့ကို စာရင်းပြ ထုတ်ကြွားနိုင်ခဲ့ပါတယ်။ MNDAA ဟာ အပစ်အခတ်ရပ်စဲကာစမှာ အဲ့ဒီတုံးက အပစ်မရပ်သေးတဲ့ KIA ကို နဝတ စစ်အစိုးရကခိုင်းလို့ လိုက်တိုက် ပေးခဲ့ရသေးတယ်။ ဒါပေမဲ့ သိတ်မကြာခင်မှာဘဲ မတိုက်သင့်ဘူးလို့မြင်ပြီး ကိုယ့်ဒေသ ကိုယ်ပြန်နေခဲ့တယ်။
ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့ကြတဲ့ အထူးဒေသ-၁ ကိုးကန့်အဖွဲ့ MNDAA ၊ အထူးဒေသ-၂ ဝ အဖွဲ့ UWSA ၊ အထူးဒေသ-၄ မိုင်းလားအဖွဲ့ NDAA-ESS နဲ့ ကချင် အထူးဒေသ-၁ NDA-K တို့ဟာ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ဦး PDF ဆိုတာကို ၁၉၈၉ နိုဝင်ဘာလမှာ တည်ထောင်ပြီး နိုင်ငံရေး-စစ်ရေးမဟာမိတ်ပြုခဲ့ကြတယ်။ နောင်မှာ ဆေထင် ခေါင်းဆောင်တဲ့ အထူးဒေသ-၃ ရှမ်းအဖွဲ့ SSA (အခု SSA-မြောက်ပိုင်းအဖွဲ့လို့ ခေါ်ခံရ) နဲ့ ရှမ်းပြည်တောင်ပိုင်းက တာကလယ် ခေါင်းဆောင်တဲ့ အထူးဒေ သ-၁၃ ပအိုဝ်းအနီအဖွဲ့ (ရလလဖ) လဲ PDF ထဲပါခဲ့တယ်။ ဒီတပ်ဦးရဲ့မူတခုက ကိုယ့်ဘက်က သေနတ်သံစ,မပေါက်ရေး ဖြစ်တယ်။
အဲဒီကာလတွေတုံးက ငြိမ်းအဖွဲ့တွေထဲမှာ ကိုးကန့် အထူးဒေသ-၁ ဟာ ဖွံ့ဖြိုးရေးလုပ်ငန်း အအောင်မြင်ဆုံးဒေသ၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး အအောင်မြင်ဆုံးဒေသလို့ နတလဝန်ထမ်းတွေက ပြောခဲ့ကြတယ်။
အဖွဲ့အားလုံးဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားအခွင့်အရေးအတွက် နိုင်ငံရေးစကားပြောချင်ကြတာဖြစ်တော့ ညောင်နှစ်ပင်အမျိုးသားညီလာခံကို တက်ခဲ့တယ်။ ညောင်နှစ်ပင် သွားတက်တဲ့အထဲမှာ အခု MNDAA ပြောခွင့်ရ ပုဂ္ဂိုလ် ကိုထွန်းမြတ်လင်းလဲ ပါခဲ့သေးတယ်။ ဒါပေမဲ့ ညောင်နှစ်ပင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆိုပြု ချက်တွေကို ပယ်ချခဲ့ပြီး “ဒါတွေလိုချင်ရင် ပြန်တိုက်ယူ” လို့ မိုက်မိုက်ရိုင်းရိုင်းပြောတာကိုဘဲ ခံခဲ့ရတယ်။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေ မူကြမ်းကို တဖက်သတ်အတည်ပြုလိုက်လို့ တိုင်းရင်းသားအဖွဲ့တွေ လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတယ်။
ဒီနောက်မှာ ကိုယ်သဘောမတူခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်တခုတည်းရှိရမယ်ဆိုပြီး နိုင်ငံရေးအခွင့် အရေး ဘာမှအာမခံချက်မရှိဘဲ BGF နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်တွေအဖြစ် အတင်းဖိအားပေး အသွင်ပြောင်း ခိုင်းခဲ့တယ်။ အဲဒီမှာ MNDAA နဲ့ သန်းရွှေစစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့တော့တယ်။
ဒါပေမဲ့ ၂၀၀၉ မတိုင်ခင်ကတည်းက MNDAA အပေါ် စပါးကြီးမြွေလို တရစ်ချင်းညှစ်လာခဲ့တာတွေကလဲ သက်သေ အထင် အရှားရှိနေတယ်။ ၁၉၉၇ နှစ်လယ်မှာ MNDAA အဖွဲ့အတွင်း သပ်သျှိုမှုကြောင့် အချင်းချင်းတိုက်ကြတဲ့အချိန်မှာ နအဖ တပ်တွေက အခွင့်ကောင်းယူပြီး ကိုးကန့်ဒေသမြို့တော် လောက်ကိုင်းမြို့နဲ့ တခြားနေရာတွေကို အမြန်ဝင်လာပြီး တပ်စွဲလိုက်တယ်။ ဒါပေမဲ့ MNDAA က ပြန်မတိုက်ဘဲ သည်းခံပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တယ်။ နအဖ စစ်တပ်ဟာ မကြာခင်မှာဘဲ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် လို့ခေါ်တဲ့ ဒကစ(လောက်ကိုင်း)ကို ဖွင့်လိုက်ပြီး၊ ၁၉၆၉ ခုနှစ်ကစလို့ ဗမာစစ်တပ် လုံးဝမရှိတော့ဘဲလွတ်မြောက်နေခဲ့တဲ့ ကိုးကန့်ဒေသအတွင်း ကုန်းကြမ်း၊ ပါစင်ကျော်၊ ညံခွမ်း၊ လောက်ကိုင်း၊ စီအော တို့မှာ ခလရ ၁၂၅၊ ၁၂၈၊ ၁၂၉၊ ၂၃၉ နဲ့ ခမရ ၃၂၂ ဆိုတဲ့ တပ်ရင်းအသစ်တွေ လာထိုင်လိုက်တယ်။ အမြောက်တပ်ရင်း ၅၀၆ ကိုလဲ လောက်ကိုင်းမှာ အသစ်ဖွင့်လိုက်တယ်။
ဒီမတိုင်ခင်ကလဲ ၁၉၉၂ ခုနှစ်အကုန်တုံးက MNDAA ထိန်းချုပ်ထားတဲ့ သံလွင်အနောက်ခြမ်း တရုတ်နယ်စပ်က မုံးကိုး ဒေသကို MNDAA လက်အောက်ကခွဲထွက်ပြီး သီးခြားရပ်တည်အောင် သပ်သျှိုပေးခဲ့သေးတယ်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာလကျ တော့ မုံးကိုးဒေသကို နအဖ စစ်တပ်က အပြီးအပိုင်သိမ်းပိုက်လိုက်ပြီး ဒေသခံအပစ်ရပ်တပ်ဖွဲ့ဝင် ၂၅၀ လောက်ကို ပစ်သတ်ခဲ့တယ်။
၂၀၀၉ ခု သြဂုတ်လမှာ BGF ပြဿနာပေါ်လာတဲ့အခါ လောက်ကိုင်းမှာအသင့်ရှိနေတဲ့ နအဖ စစ်တပ်တွေဟာ မူးယစ် ဆေး အကြောင်းပြပြီး MNDAA ကို အလွယ်တကူဘဲ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့တယ်။ ဖုံကျားရှင်းတို့အနေနဲ့ အခုလို စစ်ရေးနည်းလမ်းအရ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ပြင်ဆင်မှု ရှိမထားတော့ အချိန်တိုအတွင်း စစ်ရှုံး သွားခဲ့တယ်။ အဲဒီအချိန်တုံးက ကစထမှူးဖြစ်နေတဲ့ မင်းအောင်လှိုင်နဲ့ တပ်မ ၃၃ ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်း ဆောင်ချက် အဖြစ် ကြွားလုံးထုတ်နေပေမဲ့ တကယ့်အခြေအနေက ဖုံကျားရှင်းတို့ဘက်က စစ်အစိုးရကိုယုံပြီး ပြင်ဆင်မှု မရှိတာကြောင့် သာ ဖြစ်တယ်။
စစ်ရှုံးတာမှာ အရေးပါတဲ့အကြောင်းရင်း နောက်တချက်က တရုတ်နိုင်ငံဟာ ဖုံကျားရှင်းဘက်ကမရပ်ဘဲ သန်းရွှေဘက် က ရပ်လိုက်တာလဲပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကိုးကန့်တပ်ကိုကိုင်တဲ့ ဖုံကျားဖူးကို တရုတ်ပြည်ဘက် ခြမ်းမှာ နှစ်ရက်နီးပါးချုပ်ထားလို့ ကိုးကန့်တပ်ကို ဦးစီးမယ့်လူ သေချာမရှိဖြစ်ခဲ့ရတယ်။ UWSA က ဖုံကျားရှင်းဘက်က ဝင်တိုက်ဖို့ လုပ်တာကိုလဲ တရုတ်ကတားခဲ့တယ်။ အဲဒီကာလက တရုတ်အစိုးရဟာ သန်းရွှေနဲ့လုံးပြီး မြစ်ဆုံ၊ ကျောက်ဖြူ၊ လက်ပန် တောင်းတို့ လက်ထဲရောက်ဖို့ဘဲ ခေါင်းထဲရှိတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် တရုတ်က တရားဝင် ပေါ်လစီဖြစ်တဲ့ သူများပြည် တွင်းရေး မစွက်ဖက်ရေးမူကို ဖောက်ဖျက်ပြီး ဖုံကျားရှင်းနဲ့ UWSA ကို ဖိအားပေးခဲ့တာ ဖြစ်တယ်။ တရုတ်ရဲ့စွက်ဖက်မှုကြောင့်ဘဲ PDF တပ်ပေါင်းစုဖွဲ့ထားပေမဲ့ လက်တွေ့ ဘာမှမလုပ်နိုင်ဘဲ သားလျှောခဲ့ရတာ ဖြစ်တယ်။
ဒီလိုနဲ့ ဖုံကျားရှင်းရဲ့လက်ထောက် ပိုင်စောက်ချဉ်ဟာ နအဖ စစ်တပ်အကူအညီနဲ့ အာဏာရသွားပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံခဲ့ရတယ်။
၂၀၀၉ ခုမှာ စစ်အစိုးရလက်အောက် လုံးလုံးလျားလျားကျရောက်သွားပြီးတဲ့နောက် ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး လုပ်ငန်း အရင်ထက်ပိုပျံ့နှံ့ကြီးထွားလာတယ်။ ကိုးကန့်လူငယ်လူကြီးတွေထဲမှာ ဘိန်းစွဲသူတွေ တအားများလာတယ်။ ပိုင်စောက်ချဉ်ဟာ ဗမာစစ်တပ်နဲ့ပေါင်းပြီး ဘိန်းလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်းတွေကို အထိန်းအကွပ်မရှိ လုပ်နေလို့ ထိပ်ပိုင်းက ကြံ့ဖွတ်ပါတီဝင်ကိုးကန့်ခေါင်းဆောင်တွေနဲ့ ဗမာတပ်မှူးတွေ ချမ်းသာကြပေမဲ့ အောက်ခြေ ကိုးကန့်လူထု ထဲမှာတော့ ဆင်းရဲတွင်းထဲပိုနစ်ပြီး ဆေးစွဲ ဘိန်းစွဲသူတွေ များသထက်များလာတယ်။ ဖုံကျားရှင်းလက်ထက်က မူးယစ်ဆေး လုပ်ငန်းက အထိန်းအချုပ်တစုံတရာရှိလို့ ဒေသခံတွေ ဒါလောက်ဒုက္ခမရောက်ခဲ့တာကို ကိုးကန့်လူထုက ပြန်တမ်းတနေ တယ်။ ကိုးကန့်နယ်မှာတော့ ဖုံကျားရှင်းဟာ အစဉ်အလာသြဇာလဲရှိတဲ့အပြင် ပိုင်စောက်ချဉ်နဲ့ယှဉ်ရင် လူထုအကျိုးပိုကြည့်တဲ့ ခေါင်းဆောင်အဖြစ် ကိုးကန့်လူထုက ထောက်ခံကြတယ်။ ဖုံကျားရှင်းကို ပြန်လာစေချင် ကြတယ်။
MNDAA စစ်ရှုံးပျောက်ကွယ်သွားတဲ့ ၂၀၀၉ နောက်ပိုင်းကာလ ကိုးကန့်ဒေသဟာ PSLA ပလောင်အပစ်ရပ်အဖွဲ့ လက် နက် ဖြုတ် ဖျက်သိမ်းခံရတဲ့ ၂၀၀၅ ခုနောက်ပိုင်းကာလ ပလောင်ဒေသနဲ့ သွားတူနေတယ်။ ကိုယ့်အမျိုးသား လက်နက်ကိုင်အဖွဲ့ အစည်းမရှိတော့တဲ့အခါ ဒီဒေသနှစ်ခုစလုံးမှာ ဘိန်းလုပ်ငန်း အဆီးအတားမရှိ ကြီးထွားသွားတယ်။ လူထုတွေထဲမှာ ဘိန်း စားတွေ မတရားများလာတယ်။ ဒါကို လူထုတွေ၊ အထူးသဖြင့် စဉ်းစားဥာဏ်ရှိတဲ့လူငယ်ပိုင်းတွေက မကျေမနပ်ဖြစ်လာပြီး လက်နက်ကိုင်အဖွဲ့အစည်း ပြန်ထူထောင်မှရမယ်၊ အမျိုးသားမာန် ပြန်ထူထောင်မှရမယ်လို့ သဘောပေါက်လာကြတယ်။ ဒီလိုနဲ့ TNLA ပလောင်တပ်ဖွဲ့ ပြန်ပေါ်လာသလို MNDAA ကိုးကန့်တပ်ဖွဲ့လဲ ပြန်ထ လာတာ ဖြစ်တယ်။
ဖုံကျားရှင်းဟာ ဘိန်းဘုရင်ဖြစ်တာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။ ဘိန်းလုပ်ငန်း လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ပုန်ကန်ခွဲထွက်ခဲ့တာဖြစ်ပြီး အဲဒါကို စောမောင်-သန်းရွှေ-မောင်အေး-ခင်ညွန့်တို့က အပစ်အခတ် ရပ်စဲရေးနာမယ်နဲ့ လိုက်လျောခဲ့တာ နှစ်ဆယ်နဲ့ချီ ကြာခဲ့တယ်။ ဒါပေမဲ့ သန်းရွှေရဲ့ ၂၀၀၈ အခြေခံဥပဒေ စစ်ကျွန် စီမံကိန်း အောက်မှာ ရာနှုန်းပြည့်လက်အောက်ခံလုပ်ဖို့ ဖိအားပေးလာတော့ ဖုံကျားရှင်းအနေနဲ့ နိုင်ငံရေး၊ အမျိုးသားရေးကို အပြီးအပြတ် မစွန့်လွှတ်နိုင်ဘဲ ပြန်တိုက်ခဲ့တာဖြစ်တယ်။
ဒီလိုနဲ့ ဖုံကျားရှင်းဟာ အာဏာလက်မဲ့ နယ်မြေလက်မဲ့ဖြစ်သွားတော့ စီးပွားရေးလက်မဲ့လဲ ဖြစ်သွားပြီး ဖုံကျားရှင်း တပည့် ဟောင်းတွေကတော့ သန်းရွှေစစ်အစိုးရဆီ ဒူးထောက်လိုက်လို့ ကြံ့ဖွတ်ပါတီဝင် ဘိန်းဘုရင်အသစ်တွေ ဖြစ်လာတယ်။ နိုင်ငံရေး၊ အမျိုးသားရေးကို လုံးဝစွန့်လွှတ်လိုက်တဲ့ ပိုင်စောက်ချဉ်၊ ဝေ့ချောက်ယင်၊ လူကိုးရှိ၊ ဟိုရှောက်ချန်း၊ ဝေဆန်းတို့ဟာ ဗမာစစ်တပ်နဲ့ပေါင်းပြီး ဖုံကျားရှင်းလုပ်တုံးကထက် ပိုကြီးကျယ်တဲ့ မူးယစ်ဆေး အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့ကြတယ်။ အဆင့်မြင့်မူးယစ်ဆေးဖြစ်တဲ့ Ecstasy ဆေးပြားကိုပါ ထုတ်လိုက်နိုင်ပြီး ဗမာစစ်တပ်နဲ့စရဖ၊ လားဟူ BGF ၊ ကရင် BGF တို့နဲ့တွဲပြီး နိုင်ငံတကာကို ဖြန့်နိုင်ခဲ့တယ်။
အခုအချိန်မှာတော့ ဗမာစစ်တပ်ရဲ့ ရာနှုန်းပြည့်လက်အောက်ခံတွေဖြစ်ကြတဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ ကောင်ခါး၊ တာမိုးညဲ၊ မုံးစီး၊ မန်ပန်ပြည်သူ့စစ်တွေ၊ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်ပြည်သူ့စစ်နဲ့ BGF တွေ၊ ရှမ်းပြည်တောင်ပိုင်းက မိုင်းကိုင်၊ မိုင်းစစ်၊ နောင်တရား-ကျောက်တလုံး၊ ဟိုမိန်း ပြည်သူ့စစ်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပေါ်ပေါက်လာတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေါင်းဆောင်တွေ နဲ့အတူ ဗမာပြည်ရဲ့ နောက်ဆုံး ပေါ် ဘိန်းဘုရင်တွေ ဖြစ်နေတာကို ရှမ်းပြည်မှာ ဒေသခံလူထုတွေနဲ့ နယ်မြေခံ ဗမာ စစ်တပ်တွေ ကောင်းကောင်းသိကြပါတယ်။
ကိုးကန့်ဒေသထဲက ဒေသခံကိုးကန့်နဲ့ ဒေသခံပလောင်လူထုထောက်ခံမှုရှိတဲ့ ဖုံကျားရှင်းရဲ့ MNDAA နဲ့ TNLA အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတပ် FUA ကို ကိုးကန့်ဒေသမှာ မင်းအောင်လှိုင်က တပ်မ ၃၃၊ စကခ-၁၆၊ စကခ-၁ နဲ့ ရမခ တိုင်းတပ တွေသုံးပြီး တပ်ရင်း ၂၀ ကျော်သုံးလို့ အသဲအသန်တိုက်နေရတယ်။ ဒါပေမဲ့ ဗမာစစ်တပ်ဘက်က အကျအဆုံးများနေတဲ့အပြင် ကိုးကန့်ဒေသ မှာရှိတဲ့ တပ်မိသားစု၊ ရဲမိသားစု၊ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေကို လုံခြုံရေးမပေးနိုင်တော့လို့ လားရှိုးရွှေ့ရတဲ့အထိ ပတ်တုပ်လို့မရအောင် အခြေအနေဆိုးနေတယ်။ ဗမာစစ်တပ် ထုံးစံအတိုင်း မြေနေရာသိမ်းပိုက်ရေးကိုဘဲ အဓိက ထားနေတော့ FUA အဖွဲ့ဝင် ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကချင်နဲ့ ရှမ်းတော်လှန်ရေးအဖွဲ့တွေရဲ့ ပျောက်ကျားစစ်ကို တပန်းရှုံးနေတယ်။ FUA ရဲ့ စစ်ဦးစီးကွပ်ကဲမှုကြောင့် မေမြို့ကနေ လောက်ကိုင်းအထိ ဆက်သွယ်ရေး-ထောက်ပံ့ရေး လမ်းကြောင်းရှည်ကြီးဟာ ဘယ်လိုမှ မလုံမခြုံဖြစ်နေတယ်။
ခမရ ၅၂၂ တပ်ပျက်သွားအောင်ခံလိုက်ရတဲ့ မော်ထိုက်/ဖုံကျည်စန်းကုန်းကို လေကြောင်းပစ်ကူနဲ့ ပေါင်းတိုက်တာ တောင် တပတ်ကြာပေမဲ့ မရသေးဘဲဖြစ်နေတယ်။ တပ်မ ၃၃ အောက်က ခလရ ၄၂ နဲ့ ထပ်ထိုးတော့လဲ ထပ်ခံရပြန် တယ်။ ဗမာ့တပ်မတော်ရဲ့ လက်အောက်ခံအဖြစ် ယူနီဖောင်းဆင်၊ ဘက်တံဆိပ်တပ်၊ လခနဲ့ ရာရှင်ပေးထားတဲ့ BGF နယ်ခြား စောင့်တပ်ရင်း အမှတ် ၁၀၀၆ ကစစ်သည်အများအပြား သေနတ်ချန်ပြီး ထွက်ပြေးသွားသလို တပ်ရင်းမှူး ဗိုလ်မှူးအဆင့် ပေးထားတဲ့ ယန်ရှောက်ကျင်းက ကျန်တဲ့တပ်ရင်းတရင်းလုံးမပြီး MNDAA ကို ကူးပြောင်းသွားလိုက် တယ်။ BGF တပ်ပြေး တွေ ချန်ထားတဲ့သေနတ်တွေကို MNDAA နဲ့တိုက်ပြီး သိမ်းရတဲ့သေနတ်တွေအဖြစ် တိုင်းပြည်နဲ့ တပ်ကို လိမ်ပြသေးတယ်။
လောက်ကိုင်ကိုချုပ်ကိုင်နိုင်ပြီပြောပေမဲ့ MNDAA ရဲ့သေနတ်သံ ညတိုင်းကြားနေရတယ်။ နေ့ဘက်မှာတော့ ဗမာစစ် တပ်ရဲ့သေနတ်သံတွေကို နေ့တိုင်းကြားနေရတယ်။ အဲဒါကတော့ တွေ့သမျှ သက်ကြီးရွယ်အို ကျား-မ ဘုစုခရု ကလေးမကျန် ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့သေနတ်သံတွေဖြစ်တယ်။
မင်းအောင်လှိုင်ဟာ တပ်အင်အားသုံးပြီး စစ်ရေးအသာစီးရအောင် မထိန်းနိုင်တဲ့အခါ terror tactics လို့ခေါ်တဲ့ အကြမ်းဖက် နည်းဗျူဟာ ကျင့်သုံးပြီး လူထုတွေခြောက်ခြား ကြောက်လန့်သွားအောင် လူတအားသတ်တဲ့နည်းကို အကြီးအကျယ်ကျင့် သုံးနေတယ်။ ၂ ရက်အတွင်း အရပ်သား ၈၀ သေတဲ့အထိ အကြမ်းဖက်ခဲ့တယ်။ တကယ်တော့ ဒီနည်းဟာ ဒုတိယကမ္ဘာ စစ်တုံးက ဟစ်တလာရဲ့နာဇီဂျာမဏီ နဲ့ ဖက်ဆစ်ဂျပန်တို့ကျင့်သုံးခဲ့တဲ့နည်းဖြစ်သလို ဒီဘက် ခေတ်မှာလဲ ကမ္ဘောဒီးယားက ပေါလ်ပေါ့၊ အရှေ့အလယ်ပိုင်းက IS တို့ သုံးတဲ့လမ်းစဉ်ဖြစ်တယ်။ ဘယ်လိုမှ ရေရှည် မထိန်းနိုင်တာကို သမိုင်းမှာ သက် သေပြပြီးဖြစ်တယ်။
တပ်အရည်အချင်းကို အားကိုးလို့မရတော့ မင်းအောင်လှိုင်ဟာ တပ်ရင်း ၂၀-၃၀ ဆိုတဲ့ အရေအတွက်နဲ့ ဖိဖို့ ကြိုးစား ပေမဲ့လဲ ဒီကနေ့ကာလမှာ တပ်ရင်းတရင်းကို လူ ၁၀၀ မပြည့်၊ အရာရှိနဲ့အခြားအဆင့် အချိုးအစားမှာလဲ အရာရှိက မတန်တဆများနေ တော့ ရဲဘော်တွေအဖို့ အဖေများနေတဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် ကွပ်ကဲအုပ်ချုပ်မှု ရှုပ်ထွေးပြီး ဖွာထွက် လျော့လျဲနေတယ်။
မင်းအောင်လှိုင်နဲ့ တပ်မ ၃၃ ဟာ ၂၀၀၉ ခုတုံးကလို လွယ်လွယ်လေးနိုင်ပြီး စစ်ကိုင်းကို ခိုးရာပါပစ္စည်းတွေ အမြန်ပြန် သယ်သွားနိုင်တဲ့ အခြေအနေ မရှိတော့ ဗမာပြည်လူထုရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အသုံးချပြီး ကျောင်းသား အရေးကိုလဲ အာရုံလွှဲဖို့၊ ဗမာစစ်တပ်ကိုလဲ ဗမာလူထုထောက်ခံမှုရဖို့ လုပ်နေတယ်။ ဒါကိုလဲ ဗြောင်လုပ်ရဲတာ မဟုတ်ဘဲ စစ်လော်ဘီတွေကတဆင့် မယားငယ်ဂျီကျသလို ဂျီကျနေတာဖြစ်တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ထုတ်ပြန် ထားတဲ့သတင်း မြေပုံမှာတော့ သံလွင်အနောက်ဖက်ကမ်းက ကူးလာတဲ့ကူးတို့ဆိပ်တွေနဲ့ ဝင်လာတဲ့လမ်းကြောင်း တွေကို မျှားထိုးပြထား တယ်။ တကယ်တော့ သန်းရွှေ၊ အောင်သောင်း၊ ရွှေမန်း၊ လော်စစ်ဟန်၊ တေဇတို့က တရုတ်ဆီက ကော်မရှင် တနင့်တပိုးစားပြီး လုပ်ငန်းတွေခွင့်ပြုထားတာကို မထိရဲပါဘူး။
သိန်းစိန်-အောင်မင်းတို့ဟာ PSLO နဲ့ PSLA တို့ကို ၂၀၀၅ ခုမှာ ဖျက်သိမ်းပြီးဖြစ်တဲ့အတွက် အသစ်ပြန်ပေါ်လာတဲ့ TNLA ကို အသိအမှတ်မပြုနိုင်ဘူး၊ အပစ်ရပ်ကိစ္စ ငြိမ်းချမ်းရေးကိစ္စ မဆွေးနွေးနိုင်ဘူး၊ အားလုံးလက်နက်ချတဲ့လမ်း တခုတည်းရှိတယ်လို့ အစောပိုင်းက တင်းတင်းမာမာတောင်းဆိုခဲ့သေးတယ်။ ဒါပေမဲ့ TNLA ကို တပ်မ ၁၁ တပ်မ ၇၇ တပ်မ ၈၈ တပ်မ ၉၉ စကခ-၁ စကခ-၁၆ တွေသုံးပြီး ၃ နှစ်ကျော်အောင်တိုက်ခဲ့တာ ပလောင်လူထုက TNLA ကို ပိုထောက်ခံလာ၊ အင်အားပိုကြီးလာပြီး ဗမာတပ်မတွေကိုတောင် အထိနာအောင် ပြန်တိုက်နိုင်လို့ အခုတော့ အပစ်ရပ် ဆွေးနွေးရ၊ လွတ်လပ်ရေးနေ့ဖိတ်ရ၊ ပြည် ထောင်စုနေ့ဖိတ်ရ ဖြစ်လာတယ်။
အလားတူဘဲ BGF ဖြစ်ပြီးမှ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ ပြန်ပေါင်းပြီး DKBA အဖြစ် ပြန်လည်ခံယူလိုက်တဲ့ ဗိုလ်ဘိတို့ကိုလဲ အစပိုင်းမှာ အသိအမှတ်မပြုနိုင်ဘူး၊ ဗမာ့တပ်မတော်က တပ်ပြေးတွေ ဖြစ်သွားပြီ၊ တပ်မတော်အက်ဥပဒေအတိုင်း အရေးယူခံရမယ်၊ ဒါကြောင့် ပြန်လက်နက်ချမှရမယ်လို့ တောင်းဆိုခဲ့ပေမဲ့ တိုက်လို့လဲမနိုင်၊ ကရင်လူထုကလဲ ဗိုလ်ဘိတို့ကို တခဲနက်ထောက် ခံတော့ DKBA ကို KKO လို့ ကိုယ့်ဟာကိုယ် အရှက်ပြေနာမယ်ပြောင်းပြီး ပြန်လက်ခံလိုက်ရတယ်၊ အပစ်ရပ်စကား ပြောလာရတယ်။
အခုလဲ သိန်းစိန်-အောင်မင်းတို့ဟာ MNDAA ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ်၊ အမျိုးသားရေးအဖွဲ့အဖြစ် အသိ အမှတ်မပြုနိုင်ဘူး၊ အားလုံးလက်နက်ချရမယ်လို့ဘဲ တောင်းဆိုပြီး အပြုတ်ချေမှုန်းရေးလမ်းကြောင်းကို လိုက်နေ ကြတယ်။ ဒါပေမဲ့ စစ်မြေပြင်အခြေအနေတွေ၊ ဒေသခံလူထုအခြေအနေတွေက ဗမာစစ်တပ်ဘက်မှာ မရှိတာကို ပြနေတယ်။
တိုင်းရင်းသားလူထုအကျိုးနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို သစ္စာမဖောက်ဘဲ မဟာလူမျိုးကြီးစစ်ဝါဒီတွေကို အထိ နာ အောင်တိုက်နိုင်သရွေ့ လူထုထောက်ခံမှုရပြီး အင်အားကြီးထွားလာမှာ ဖြစ်ပါတယ်။
သိန်းစိန်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သဘောတူတယ်၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လိုချင်တယ်လို့ လူကြားကောင်းအောင် ပါးစပ်ကပြောနေပေမဲ့ လက်တွေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ စစ်တပ်အပေါ် ဘာမှ သြဇာမသက်ရောက်နိုင်ဘဲ အရုပ်တရုပ်ဘဲ ဖြစ်နေတာကို KIA TNLA AA MNDAA တို့နဲ့ စစ်ပွဲအနေအထားကို ကြည့်ရင် သိသာတယ်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIB ကို ပြန်အသက်သွင်းမယ့် သမတလက်အောက်ခံ လုံခြုံရေးနှင့်သတင်း ဌာန OSI တည်ထောင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ SB နဲ့ စသုံးလုံး BSI ကို သမတရုံး လွှဲပေးဖို့ ညွှန်ကြားခဲ့တာကိုတောင် မင်းအောင်လှိုင်ခန့်ထားတဲ့ ဗိုလ်ချုပ်ကိုကိုက အရေးမလုပ်ခဲ့တာ ကျော်မကောင်း ကြား မကောင်း ဖြစ်နေတယ်။
အာချောင်ထားပြီးသားဖြစ်လို့ ပြည်ထောင်စုနေ့မှာ စာရွက်တခုခု မဖြစ်မနေ လက်မှတ်ထိုးဖို့လိုလာတော့ ဟိုမရောက် ဒီမ ရောက် ကတိပြုချက်ဆိုတာကို ကရင်တသိုက်၊ ရှမ်းတခြမ်းနဲ့ဘဲ ထိုးလိုက်ရတယ်။ မင်းအောင်လှိုင်တောင် လက်မှတ်ဝင် မထိုးခဲ့ဘူး။
ဒါတွေကိုကြည့်ရင် စာဖတ်နေသူကြီးချပေးခဲ့တဲ့ အတွေးလိုင်းအတိုင်း လှုပ်ရှားနေတဲ့ သမတသိန်းစိန်ရဲ့ အပေါ်ယံ ဟန်ပြ နိုင်ငံရေး-ငြိမ်းချမ်းရေးလိုင်းလဲ အလုပ်မဖြစ်၊ ကာချုပ် မင်းအောင်လှိုင်ရဲ့ အပြုတ်တိုက်ရေး စစ်ရေးလိုင်းလဲ အလုပ်မဖြစ်လို့ ဗမာပြည်စစ်အုပ်စု ဘေးကြပ်နံကြပ်ဖြစ်နေတာ တွေ့နေရပါတယ်။ တိုင်းရင်းသားတွေတောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်မခံမချင်း ဗမာပြည်ရဲ့အကျပ်အတည်းဟာ ပြေလည်နိုင်မယ့် အလားအလာ မရှိပါ။

ဂါမဏိ

Read more »