Wednesday, February 18, 2015

ဖုန်ကြားရှင်၏ ကိုးကန့်အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်စာ ပေးပို့


==============================================
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
ဖုန်ကြားရှင်၏ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ ဗဟိုကော်မ တီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) စစ်ရေးကော်မတီက က သမ္မတ ဦးသိန်းစိန်ထံသို့ စာမျက်နှာ ၃ ရွက်ပါသည့် အိတ်ဖွင့်ပေးစာ တစောင် ယမန်နေ့နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်းသိရသည်။ စာတွင် ကိုးကန့် လူမျိုး၏ အမျိုးသားရေး သမိုင်းပေးတာ ၀န်အရ MNDAA (ကိုးကန့်)သည် မိမိ၏ မွေးရာဇာတိမြေ သို့ ပြန် လှမ်း ခဲ့ရခြင်းဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်၊ မတ်လတွင် အစိုး ရနှင့် ငြိမ်းချမ်းရေးယူက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သဖြင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွှန် ကိုယ်တိုင်က နိုင်ငံတော် အခက်အခဲတွေ့နေချိန်တွင် ဦးဖုန်ကြားရှင်၏ လုပ်ဆောင်မှုသည် နိုင်ငံတော် ငြိမ်းချမ်းရေး အတွက် ကြီးမားသော စွမ်းဆောင်မှု များ ဖြစ်စေခဲ့ သည် ဟု ကြေညာခဲ့ကြောင်း၊ MNDAA သည် ဒေသတွင်း နှစ်ရာချီ ရှိခဲ့သော ဘိန်းစိုက်ပျိုးမှုကို ရပ်တန့်စေခဲ့သည်၊ သို့သော် ၂၀၀၉ ခုနှစ်တွင် ကိုးကန့်အရေးအခင်း ဖြစ်ပွားခဲ့သည်ကို နားမလည်နိုင်ဖြစ်ရကြောင်း၊ ကိုးကန့်တိုင်းရင်းသားမှာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးတွင် ပါဝင်သဖြင့် နိုင်ငံတော်မှ ပေးအပ်သော တာ ၀န်နှင့် ၀တ္ထရားများကို နိုင်ငံတော်၏ မိသားစု အဖွဲ့ဝင်အနေဖြင့် တာဝန် ထမ်းဆောင်ချင်ပါကြောင်းထို့ကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေး၍ တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေး တံခါးဖွင့်ပါဟု သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းထားသည်။