Wednesday, February 11, 2015

ဖားကန့် ဒုက္ခများ ၏ဆန်အိတ်(၄၀၀) စစ်တပ် မှ သိမ်းယူ (၈၈)ကျောင်းသားအဖွဲ့ မှ လှူခဲ့ သော ဆန်အိတ်များ ဖြစ်သည်


(Lachid Kachin)
ကိုမင်းကို နိုင် ဦးဆောင်သော(၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့မှ
ဖားကန့်ဒေသရှိ စစ်ပြေးဒုက္ခသည်များအတွက် ယခုရက်ပိုင်း အတွင်း
လာရောက် ကူညီ ထောက်ပံ့ပစ္စည်းများ အား စစ်ပြေးဒုက္ခသည်များ
ထံမှ မြန်မာ အစိုးရ စစ်တပ် မှ ပြန်လည်သိမ်းယူလိုက်ကြောင်း
သတင်းရရှိပါသည်။
ကချင် ပြည် နယ် ဖားကန့် မြို့နယ်၊ ကံဆီးကျေးရွာ၌ ခိုလှုံနေ ကြ သော
စစ်ပြေး ဒုက္ခသည်များအတွက် ယခင် အပတ်က ကိုမင်း ကိုနိုင် ဦးဆောင်
သော (၈၈) မျိုးဆက်ကျောင်းသားအဖွဲ့မှ လာရောက် ကူညီထောက်ပံ့ပေး
ထားသော ဆန်အိတ် (၅၀၀) အနက် ဆန်အိတ်(၄၀၀) အိတ်နှင့် အခြား
ထောက်ပံ့ ပစ္စည်းများကို မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ
တပ်များ မှ ယနေ့ (၁၀.၂.၂၀၁၅) ရက်နေ့ တွင် ပြန်လည်သိမ်းယူ လိုက်
ပြီဖြစ်ကြောင်း ဖါးကန့် ဒေသခံများ ထံ မှ သတင်းရရှိပါသည်။
ထို့ အပြင် မြန်မာ စစ်တပ် သည် ဖါးကန့် ဂင်ဆီရွာ တွင် လာရောက်ခိုလုံ
နေကြ သော စစ်ပြေးဒုက္ခသည်များ အား အောင်ဘာလေကျေးရွာ သို့
(စစ်မျက်နှာ)အတင်း ပြောင်းရွေ့ခိုင်း ကြောင်း သိရှိရပါသည်။
၎င်းအောင်ဘာလေ ကျေးရွာသည် ယခင်က ကေအိုင်အေ တပ်ရင်း(၆)၏
စခန်းငယ်တည်ရှိရာ နေရာ ဖြစ်ပြီး မြန်မာ စစ်တပ် မှ ယခင်လ (၁၅.၁.၂၀၁၅)
ရက်နေ့ ကသိမ်းပိုက် ထားသော နေရာဖြစ်ပြီး ကေအိုင်အေ တပ် များမှ
၎င်းတို့ ၏ အောင်ဘာလေ စခန်းအား ပြန်လည် သိမ်းပိုက် နိုင် ရန် အတွက်
လာရောက် တိုက်ခိုက်စဉ် မြန်မာ စစ်တပ် မှ ရွာသားများအားလူသားတံတိုင်း
အဖြစ် အသုံးပြုကာ ရွာသားများအား ကာဗာယူကာတိုက်ခိုက်ခြင်းကြောင့်
ကေအိုင်အေ မှ ၄င်းတို့ အနေနှင့် အောင်ဘာလေ စခန်းအား ဆက်လက်
သိမ်းပိုက် ပါက မိမိတို့ ၏ ရွာသားများ ထိခိုက် မည် ဖြစ်ခြင်းကြောင့် ယခုချိန်
အထိ ကေအိုင်အေမှ ၄င်းအောင်ဘာလေရွာအားပြန်လည် သိမ်းပိုက်မှု မပြု
ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထို့ ကြောင့် မြန်မာ စစ်တပ်မှ ဂင်ဆီရှိစစ်ပြေးဒုက္ခသည်များ အား အောင်ဘာလေ
ကျေးရွသို့ အတင်း အဓမ္မပြောင်းရွှေ့ခိုင်းခြင်းမှာ ကေအိုင်အေမှ ၄င်းတို့ ၏ အောင်ဘာလေ ကျေးရွာအား ပြန်လည်လာရောက် သိမ်းပိုက်ခြင်းမပြု အောင် ရွာသားများအား ဓါးစာခံ ၊လူသားတံတိုင်း အဖြစ် အသုံးပြုရန်အတွက် ဖြစ်ကြောင်း
ရွာသားများထံမှ သိရှိရပါသည်။
မြန်မာ စစ်တပ် မှ အတင်း ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဂင်ဆီ တွင်ခိုလုံနေ ကြသော
စစ်ပြေးဒုက္ခ သည်အချို့ သည် မြန်မာ စစ်တပ်၏ဆန္ဒအတိုင်း အောင်ဘာလေ သို့
ပြောင်းမည်ဟုဆိုကာ ဂင်ဆီရွာမှ ထွက်ခွာ လာပြီး အောင်ဘာလေသို့ မသွားဘဲ တောလမ်းအတိုင်း ဖါးကန့် ၊လောင်ခန် ဘက်သို့ အသောက် (၄၅၀) ကျော် ထွက်ပြေး
လာကြကြောင်း သိရှိရပါသည်။ ယခု အခါ ဖားကန့် ရှိဘုရားကျောင်းများ တွင် နေရာ ပြည့် ကြပ်နေ ပြီဖြစ်ပြီး ဆိုင်းတောင် ဘက်သို့ ပြန်လည် နေရာခြထားရန် အတွက်စီစဉ်နေ ကြ ကြောင်း ဒုက္ခသည်များ အား ကူညီ ဆောင်ရွက်ပေးနေ
သူများထံမှ သတင်းရရှိပါသည်။
Like ·  · 
==================================== =======================================