Friday, February 27, 2015

ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း



•••••••••••••••••••••••••••••••••••••••••••••••

၁ ။ ၁၉၄၅ ခု ၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည် ။
၂ ။ ၁၉၄၉ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ ၊ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည် ။
၃ ။ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။
၎ ။ ၁၉၆၀ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လိုက်ပါခဲ့သည် ။
၅ ။ ၁၉၆၀-၆၁ ခုနှစ်များတွင် ဒေလီမြို့ ၊ ဂျီးဇက် နှင့် မေရီကွန်ဗင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ကြားခဲ့သည် ။
၆ ။ ၁၉၆၂-၆၃ ခုနှစ်များတွင် ဒေလီတက္ကသိုလ် လေဒီရှရီရမ် ကောလိပ်၌ နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကို လေ့လာဆည်းပူးခဲ့သည် ။
၇ ။ ၁၉၆၄-၆၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ်ရှိ စိန့်ဟူးခ်ျကောလိပ်၌ ဒဿနိကဗေဒ ၊ နိုင်ငံရေး သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည် ။
၈ ။ ၁၉၆၈ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့သည် ။
၉ ။ ၁၉၆၉-၇၁ ခုနှစ်များတွင် နယူးယောက် ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရုံး ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီ တွင် လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၀ ။ ၁-၁-၁၉၇၂ ရက်နေ့တွင် ဒေါက်တာမိုက်ကယ်အဲရစ် နှင့် လက်ထပ်ခဲ့သည် ။ ဒေါက်တာမိုက်ကယ်အဲရစ် သည် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်၍ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သည် ။ မြောက်ပိုင်း ဗုဒ္ဓဘာသာ(မဟာယန) ၏ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းကို အထူးပြုလေ့လာနေသော သုတေသန ပညာရှင်ဖြစ်ပြီး ယင်းပညာရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစု ထုတ်ဝေခဲ့သည် ။ သားနှစ်ယောက်ထွန်းကားခဲ့ရာ ယင်းတို့မှာ အလက်ဇန္ဒား (ခေါ်) မြင့်ဆန်းအောင် နှင့် ကင် (ခေါ်) မောင်ထိန်လင်း တို့ဖြစ်သည် ။
၁၁ ။ ၁၉၇၂-၇၃ ခုနှစ်များတွင် ဘူတန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် သုတေသနအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် ။
၁၂ ။ ၁၉၇၅-၇၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာအုပ်နှင့်ပေစာ ၊ ပုရပိုက်များကို ကတ်တလောက်ပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။
၁၃ ။ ၁၉၈၅-၈၆ ခုနှစ်များတွင် ဂျပန်နိုင်ငံ ၊ကျိုတိုတက္ကသိုလ် ၊ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေး ဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည် ။
၁၄ ။ ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ ဆင်းမလားမြို့ရှိ အထူးလေ့လာသုတေသနပြုရေး ၊ အိန္ဒိယသိပ္ပံဌာနတွင် သုတေသနပညာရှင်အဖြစ် သုတေသန ပြုခဲ့သည် ။
၁၅ ။ ၁၉၈၇ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် ၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် တင်သွင်းရန် ဘွဲ့လွန်စာတမ်းတစ်စောင်ကို ပြုစုခဲ့သည် ။ ယင်းစာတမ်းအမည်မှာ “၁၉၁၀-၁၉၄၀ ခုနှစ်အတွင်း မြန်မာစာပေတွင် ရိုးရာအစဉ်အလာမသစ် ဖြစ်ပေါ်ထွန်းကားမှုများနှင့် အမျိုးသားရေးဝါဒ”ဟူ၍ ဖြစ်သည် ။
၁၆ ။ ၁၉၈၈ ခုနှစ်တွင် မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြုစုရင်း နိုင်ငံရေးလောကအတွင်းသို့ရောက်လာသည် ။
၁၇ ။ ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထူထောင်ပြီး ရွေးကောက်ပွဲဝင်သည် ။ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည် ။
၁၈ ။ ၂၀၁၁ခုနှစ်တွင် အရပ်သားအစိုးရသစ်မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ အကျယ်ချုပ်မှ လွတ်ခဲ့သည် ။
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
24-02-2015