Friday, February 13, 2015

တရုတ်နဲ့ ကင်းတာ ဘာကျန်သေးလို့လဲ။

 · 
တရုတ်အစိုးရရဲ့ တရားဝင် အကြံပေးတွေကို အင်တာဗျူးထားတာ ”တရုတ်အစိုးရက မကူပါဘူး၊ စီးပွားရေးလုပ်ငန်းရှင်တွေက ကူကောင်း ကူမယ်” လို့ ပြောထားတယ်။
တရုတ်အစိုးရက လည်း မြန်မာကို သူတို့ရဲ့ အနောက်ထွက်ပေါက် အနောက် ၀င်ပေါက်၊ ဈေးရောင်းပေါက် အဖြစ် စိတ်ဝင်စားပြီး နယ်စပ်က လက်နက်ကိုင်တွေကို ပြည်ထောင်စု အစိုးရလောက် အာရုံမရှိ။
တကယ်လို့များ တရုတ်ကသာ လက်နက်နဲ့ နယ်မြေချဲ့ထွင်ချင်ရင် တိုင်းရင်းသားတော်လှန်ရေး နှစ်ပေါင်း ၆၀ ကျော် အချိန်ကြာစရာ မမြင်။
တကယ်တန်းတရုတ်က လက်နက်နဲ့ မြန်မာပြည်က သယံဇာတကို လဲလှယ်သွားတာက မြန်မာနိုင်ငံတော် အစိုးရ။
မြန်မာနိုင်ငံသားတွေ မပြောတဲ့ တချက်က တရုတ်ဟာ မြန်မာပြည်ကို ကျည်တတောင့် မဖြုန်းဘဲ ဖင်ချသွားပြီ ဆိုတာဘဲ။
စဉ်းစားကြည့်လေ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး တရုတ်ကိုရောင်း၊ တရုတ်က ငွေချေး လုပ်လိုက်တာ ကမ်းရိုးတန်း၊ လီဒိုလမ်း၊ ပူတာအို၊ မချမ်းဘော့ က အစ လက်ပန်းတောင်းမကျန်၊ ပုဂံဘုရားကအစ၊ ... တရုတ်နဲ့ ကင်းတာ ဘာကျန်သေးလို့လဲ။
တရုတ်နဲ့ ကင်းတာ ဘာကျန်သေးလို့လဲ။