Sunday, February 22, 2015

Kokang Army (sh) MNDAA, Myanmar National Democratic Alliance Army



1989 hta Myen mung Communist Party kawn garan pru nhtawm simsa lam la ai MNDAA ginra de 1997 e Myen dap ni shang wa hpang sai. BGF mang hkang hte 2009 August 27 kawn 30 du hkra byin ai majan a hpang Kokang ginra yawng hpe Myen ni zing madu sha mat wa ai re. 
၁၉၉၇ နှစ်လယ်မှာ MNDAA အဖွဲ့အတွင်း သပ်သျှိုမှုကြောင့် အချင်းချင်းတိုက်ကြတဲ့အချိန်မှာ နအဖ တပ်တွေက အခွင့်ကောင်းယူပြီး ကိုးကန့်ဒေသမြို့တော် လောက်ကိုင်းမြို့နဲ့ တခြားနေရာတွေကို အမြန်ဝင်လာပြီး တပ်စွဲလိုက်တယ်။ ဒါပေမဲ့ MNDAA က ပြန်မတိုက်ဘဲ သည်းခံပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တယ်။ နအဖ စစ်တပ်ဟာ မကြာခင်မှာဘဲ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် လို့ခေါ်တဲ့ ဒကစ(လောက်ကိုင်း)ကို ဖွင့်လိုက်ပြီး၊ ၁၉၆၉ ခုနှစ်ကစလို့ ဗမာစစ်တပ် လုံးဝမရှိတော့ဘဲလွတ်မြောက်နေခဲ့တဲ့ ကိုးကန့်ဒေသအတွင်း ကုန်းကြမ်း၊ ပါစင်ကျော်၊ ညံခွမ်း၊ လောက်ကိုင်း၊ စီအော တို့မှာ ခလရ ၁၂၅၊ ၁၂၈၊ ၁၂၉၊ ၂၃၉ နဲ့ ခမရ ၃၂၂ ဆိုတဲ့ တပ်ရင်းအသစ်တွေ လာထိုင်လိုက်တယ်။ အမြောက်တပ်ရင်း ၅၀၆ ကိုလဲ လောက်ကိုင်းမှာ အသစ်ဖွင့်လိုက်တယ်။
၂၀၀၉ ခု သြဂုတ်လမှာ BGF ပြဿနာပေါ်လာတဲ့အခါ လောက်ကိုင်းမှာအသင့်ရှိနေတဲ့ နအဖ စစ်တပ်တွေဟာ မူးယစ် ဆေး အကြောင်းပြပြီး MNDAA ကို အလွယ်တကူဘဲ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့တယ်။ ဖုံကျားရှင်းတို့အနေနဲ့ အခုလို စစ်ရေးနည်းလမ်းအရ ဖြေရှင်းလိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ပြင်ဆင်မှု ရှိမထားတော့ အချိန်တိုအတွင်း စစ်ရှုံး သွားခဲ့တယ်။ အဲဒီအချိန်တုံးက ကစထမှူးဖြစ်နေတဲ့ မင်းအောင်လှိုင်နဲ့ တပ်မ ၃၃ ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်း ဆောင်ချက် အဖြစ် ကြွားလုံးထုတ်နေပေမဲ့ တကယ့်အခြေအနေက ဖုံကျားရှင်းတို့ဘက်က စစ်အစိုးရကိုယုံပြီး ပြင်ဆင်မှု မရှိတာကြောင့် သာ ဖြစ်တယ်။
Text: ဂါမဏိ – သန်းရွှေ၏အတွေး သိန်းစိန်၏နိုင်ငံရေးနဲ့ မင်းအောင်လှိုင်၏စစ်ရေး (သို့မဟုတ်) ကိုးကန့်အရေးတော်ပုံ
February 18, 2015
Photo: Women soldier from the Kokang Army aka MNDAA