Sunday, February 1, 2015

စစ်တပ် မှ ကချင် အရပ်သား (4) ဦးကို ထပ်မံ နှိပ်စက်၊ မီးရှို့ သတ်ဖြတ်

Kachin Ramma (4) Hpe Myen Ni Zingri Sat Kau.
===================================
(Lachid Kachin)
ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာ စစ်တပ် မှ အပြစ်မဲ့ ကချင် ရွာ သား (4)ဦး အား ယခု ရက်ပိုင်း အတွင်း ထပ်မံ ရက်စက် စွာ နှိပ်စက် သတ်ဖြတ် ပြီး မီးရှို့ သတ် ဖြတ် ခဲ့ ကြောင်း သတင်းရရှိပါသည်။
ရှမ်း ပြည် နယ်မြောက်ပိုင်း "မလွန်ဘွမ်ခါး ကျေးရွာ" မှ ရွာ သားများ သည် ၄င်းတို့
၏မီးသွေးတွင်း သို့ မီးသွေး သွား ဖုတ် နေကြစဉ် (၂၅.၁.၂၀၁၅) ရက်နေ့ ၌ မြန်မာ စစ်ကြောင်း မှ ၄င်းတို့ အား ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ ခြင်း ဖြစ်ပြီး ၄င်း တို့ အား ထမင်းသွားပို့ သော ရွာသား (၁) ဦးမှာ ကံကောင်းထောက်မစွာ ထွက်ပြေး လွတ်မြောက် လာခဲ့ ကြောင်း သိရှိရပါသည်။
၎င်း ဖမ်းဆီးသတ်ဖြတ် ခြင်းခံရသော ရွာသားများမှာ
(၁) ဦးဟော်လ +ဒေါ်နန်မိုင် တို့ ၏သား မောင် မဟော်လဂျာ ၊ အသက် (၂၁) နှစ်။
(၂) ဦးလထော်ဘရန်လီ + ဇခုန်ခေါင်နန်း တို့ ၏ သား မောင်လထော်ခွန် ဖုန်း ၊ (၁၈) နှစ်။
(၃)ဟူဖြတ် ကျေးရွာမှ မောင်မရန်ယောဟန် ၊ အသက်(၂၀) နှစ်။
(၄)......
တို့ ဖြစ် ကြောင်း သိရှိရပါသည်။
ထို (၂၅.၁.၂၀၁၅) ရက်နေ့ ၌ မြန်မာ စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင်သွား သော
အပြစ်မဲ့ ကချင် လူငယ် အရပ်သား များ အား မြန်မာ စစ်တပ် မှ ရက်စက်စွာ ညှင်း
ပမ်းနှိပ်စက်သတ်ဖြတ် မီးရှို့ ထားခဲ့ ကြကြောင်း သိရှိရပါသည်။
မြန်မာ စစ်တပ် မှ နှိပ်စက်သတ်ဖြတ်မီးရှို့ ထားခဲ့ သော ထို လူ ငယ်များ ၏ အလောင်း များကို (၃၁.၁.၂၀၁၅) ရက်နေ့ ညနေ ပိုင်းတွင် ဒေသခံ များမှ သွားရောက် ကောက် ယူနေ ပြီ ဖြစ် ကြောင်း သို့ သော်လည်း မီးရှို့ ခံ ထားရ ခြင်း ကြောင့် အလောင်းများ မှာ ခွဲ ခြားရ ပင်ခက်နေ ကြောင်း ဒေသခံ များ ထံ မှ Lachid Kachin ထံ သို့ သတင်းပေးပို့ လာပါသည်။
Lahta sam mung Dung (9), n pu na kung (2) ginra majan hta, Malun Ban Hkan buga ramma mung shawa (4)
Mahaw La + Lahpai Nang Mai a kasha
Mahaw La Ja 21 ning
Zahkung Hkawng Nan + Lahtaw Brang Li a kasha
Lahtaw Hkun Hpung 18 ning
hte Huhpyet mare na Maran Yaw Han n dai (4)
hpe myen hpyen ni zing zi sat kau n htawm moi mang ni hpe wan nat kau da ai lam na chye lu ai.
Ndai ni hpe myen ni gaw (25.1.2015) ya sha ni rim mat wa ai re.
Dai ni hpe kung (2) hpyen dap hte hpawn nat shalawm kau sai lam chye lu ai.Ya moi mang sa hta nga ai.
Marai (4) re da. Langai gaw shat wa sa ai kaw rim katut ai re lam chye lu ai.. Shi na manang (1) gaw lu hprawng mat ai re lam .Tsam mari lu hprawng lawt wa ai wa gaw Rup Ra mare kaw na Slg. Doi Ring ngu ai wa re lam matut chye lu ai.
မြန်မာ စစ်တပ်မှ ကချင်ရွာ သား (၄)ဦး အားရက်စက်စွာ
===================================
သတ်ဖြတ်ထားသည့်ပုံများ
==================
(25,1,2015) Ya sha ni la hta sam mung , Dung (9) gin ra Malun Bum Hka mare na Kachin ramma marai (4) hpe Myen hpyen ni Zingri Sat na moi mang hpe n dai zawn wan nat kau da
(Lachid Kachin)
မြန်မာ စစ်တပ် (ခ.မ.ရ-၅၀၂) စစ်ကြောင်းမှ (၂၅.၁.၂၀၁၅) ရက်နေ့ တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက်စက် စွာ ညှင်းပမ်း နှိပ်စက် သတ်ဖြတ်
မီး ရှို့ ထားခဲ့ သော ရှမ်း ပြည် နယ်မြောက်ပိုင်း ၊ "မလွန်ဘွမ်ခါး ကျေးရွာ"
မှ ရွာ အပြစ်မဲ့ ကချင် ရွာသား အရပ် သား
(၁) ဦးဟော်လ +ဒေါ်နန်မိုင် တို့ ၏သား မောင် မဟော်လဂျာ ၊ အသက် (၂၁) နှစ်။
(၂) ဦးလထော်ဘရန်လီ + ဇခုန်ခေါင်နန်း တို့ ၏ သား မောင်လထော်ခွန် ဖုန်း ၊ (၁၈) နှစ်။
(၃)ဟူဖြတ် ကျေးရွာမှ မောင်မရန်ယောဟန် ၊ အသက်(၂၀) နှစ်။
(၄)......
တို့ ၏ ရုပ် အလောင်း များအား(၃၁.၁.၂၀၁၅) ရက်နေ့ ၌ဤ သို့ တွေ့ရစဉ်။