Wednesday, April 27, 2016

UN Chief Calls for Burma to Investigate Military Rape Claims

http://m.irrawaddy.com/burma/un-chief-calls-burma-investigate-military-rape-claims.html#.U1jweCJ8yzc.facebook

 Myanmar, Burma, Rape, sexual violence, assault, tatmadaw, military, United Nations, UN, Ban Ki-Moon, Security Council,
Burma Army soldiers on parade in Naypyidaw on Armed Forces Day on March 27. (Photo: JPaing / The Irrawaddy)
The chief of the United Nations has officially called on the Burmese government to conduct full investigations into allegations of rape and sexual assault made against its soldiers, according to a document made public this week.
A report to the UN Security Council from Secretary-General Ban Ki-moon titled “Conflict-related Sexual Violence,” addressed the issue of sexual violence in 20 countries around the world, including Burma.
“I call on the Government of Myanmar to fully investigate and respond to current and historical human rights violations and abuses, including crimes of sexual violence,” Ban Ki-moon said in the report, which is dated March 13 but has only just been made public.
He urged the government “to work to develop a comprehensive protection and service response for survivors” of sexual violence, with the UN’s support.
Burmese women’s organizations and campaigners, who have long called for allegations of sexual violence by the military to be independently investigated, welcomed the secretary-general’s intervention.
The Thailand-based Women’s League of Burma (WLB) in January said in a report it had documented more than 100 cases of soldiers raping women and girls—the majority in war-torn Kachin and Shan states—since 2010. In a statement Thursday, the group said that it “welcomes this clear recognition of State failure to deal with past and present military sexual violence in Burma.”
WLB pointed out, however, that “previous government-led investigations into military rape have not only failed to deliver justice, but have led to further humiliation and intimidation of rape survivors and their communities.”
“We are still concerned about how the government would conduct [investigations] if they agreed to implement the UN secretary-general’s recommendation,” said Tin Tin Nyo, secretary of WLB, an umbrella organization representing 13 different ethnic women groups.
Ban Ki-moon’s report will be discussed at a Security Council debate on Friday on sexual violence. The United Kingdom-based Burma Campaign group issued a statement urging the British government to take a strong stance on the issue.
“Burma Campaign UK welcomes the fact that the UN Secretary General is focusing more on sexual violence in Burma, and has called for investigations,” said Zoya Phan, the group’s campaigns manager.
“However, the United Nations has made dozens of calls on the Burmese government to hold credible investigations into human rights violations, and all have been ignored. It is time the United Nations established its own investigation.”
Campaigners say the secretary general’s comments follow years of documenting the abuses of Burma Army soldiers, and the impunity that usually follows allegations. Soldiers accused of rape are regularly punished internally by the military rather than in the civilian courts, if they are held to account at all.
WLB’s report in January noted of rape allegations against the military that, “Their widespread and systematic nature indicates a structural pattern: rape is still used as an instrument of war and oppression.” It said allegations of rape by soldiers, which may constitute war crimes, should be independently investigated.
Shortly after their report in January, presidential spokesman Ye Htut in an interview with Reuters denied the group’s allegation that the military uses rape as a weapon, and asked for the group to share more detailed information about the allegations.
Jessica Nhkum, the joint-secretary of the Kachin Women Association Thailand, who documents rape cases by the Burma Army, told The Irrawaddy that the problem was not going away. In the first quarter of 2014, new allegations have continued to emerge, she said.
“Although we could not reach all areas in our war-torn Kachin State, even in the reachable areas—such as near Myitkyina, Laiza, Mai Ja Yang and in northern Shan State—we have documented several cases of rape by Burmese soldiers in 2014,” she said.
And with renewed fighting in Kachin State and northern Shan State breaking out during Burmese New Year last week, activists stressed that more rape cases may soon be reported.
Soldiers have been accused of raping girls as young as 7 in Kachin State, as in one case from November 2013. And a 13-year-old girl in Mon State was allegedly raped by a soldier in January 2014, just as the WLB’s report documenting rape allegations was published.
The government in the past has repeatedly denied claims of rape by its troops.
In 2002, the Shan Women Action Network, a member of WLB, published a report including such allegations, titled “License to Rape.” Following publication, women were allegedly forced to sign denials refuting the facts in the report, according to WLB’s Tin Tin Nyo.
“We don’t want the kind of reaction this time as we have examples of before,” said Tin Tin Nyo.
“As for the president’s spokesperson’s suggestion to release information to them for further investigation, it is impossible. We have to consider the safety of those women, who are already being victimized.”

Read more »

စစ်မှန်တဲ့ သာသနာပြုနည်းမဟုတ်


၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သမ္မာကျမ်းစာကို မဖတ်တတ်ရင် အင်္ဂလိပ်စာကို တကယ်မတတ်သေးဘူး တစ်ယောက်က ပြောလို့ ဧမာနွေလဘုရားရှိခိုးကျောင်းမြောက်ဘက်တံခါးမှာ သမ္မာကျမ်းစာတစ်အုပ်ကို ဝယ်ခဲ့တယ်။
"မနက်ဖြန် တရားပွဲ ရှိတယ်၊ လာနာပါလား"လို့ လူငယ်က ဖိတ်တယ်။ သန့်သန့်ပြန့်ပြန့်နဲ့ လှလှပပ ဝတ်ထားတဲ့ မိန်းကလေးသုံးလေးယောက်ကိုလည်း တွေ့ရတယ်။"တရားဟောမဲ့လူက ဓမ္မာစရိယ အောင်ထားတာ"လို့ သူက ပြောပြတယ်။
မိမိက "စာအုပ်ဝယ်တာက အင်္ဂလိပ်စာ လေ့လာဖို့ပါ"လို့ ပြောပြီး ထွက်လာခဲ့တယ်။
အခုတလော ဗုဒ္ဓဘာသာဝင်အာဏာရှင်အချို့က ခရစ်ယာန်တွေကို ပစ်မှတ်ထားလာတာကို တွေ့မြင်ရပါတယ်။ သတင်းစာမှာ ဗုဒ္ဓအဆုံးအမကို ပြန်ထည့်ပေးဖို့လည်း ပြောနေကြပါတယ်။
ဒီမှာ ခရစ်ယာန်တွေနဲ့ ဗုဒ္ဓဘာသာတွေရဲ့ လက်ရှိသာသနာပြုပုံပြုနည်းတွေဟာ
မတူကြကြောင်း လေ့လာတွေ့ရှိရပါတယ်။
ခရစ်ယာန်တွေက ဗုဒ္ဓနည်းကို သုံးပြီး ဗုဒ္ဓဘာသာတွေက အစွန်းရောက်အစ္စလမ်တွေရဲ့နည်းကို သုံးနေတာကို တွေ့မြင်ရလို့ပါပဲ။
အစွန်းရောက်အစ္စလမ်နည်းလို့ ပြောရတာက သာမန်အစ္စလာမ်တွေက ခရစ်ယာန်တွေလိုပဲ သာသနာပြုနေကြလို့ပါပဲ။
"သူတို့က အနုနည်းနဲ့ သာသနာပြုနေကြတာဗျ"
"သူတို့က တိတ်တဆိတ်နဲ့ သာသနာပြုနေကြတာလေ"
ပြောကြပုံတွေပါ။ သာသနာပြုတယ်ဆိုတာ သေနတ်သံတဒိုင်းဒိုင်း၊ ဗုံးသံတဂျိမ်းဂျိမ်းနဲ့မှ ထင်နေလို့လားမသိပါ။ ထိုးစစ်ဆင်တယ်။ တိုက်လို့ ရတဲ့နေရာမှာ စေတီတည်တယ်။
ချင်းမှာ သာသနာပြုတယ်။ လက်ဝါးကပ်တိုင်ကို ဖြုတ်ပြီး စေတီတည်တယ်။
ကရင်မှာ ခရစ်ယာန်မြေမှာ အတင်းအကြပ် စေတီသွားတည်တယ်။
သတင်းစာမှာ ဗုဒ္ဓအဆုံးအမကို အိမ်သာစက္ကူ ဖြစ်အောင် ထည့်ခိုင်းတယ်။
ဘာသာခြားတွေနဲ့ ဗုဒ္ဓဘာသာ ကွဲပြားတာကို ပြောတာပါ။
ဒီမှာ စေတီဆိုတာ ကိုးကွယ်စရာနေရာကို ပြောတာပါပဲ။ နတ်ကွန်းတွေကိုလည်း စေတီလို့ ခေါ်တာပဲ။ ရွာဦးမှာ ရှိတဲ့ ဘိုးဘိုးကြီးနတ်နန်းဆိုသဟာလည်းပဲ စေတီပါပဲ။ အခြားဘာသာဝင်တွေရဲ့ အမှတ်အသား လက်ဝါးကပ်တိုင်ဆိုတာဟာလည်းပဲ စေတီထိုက်တာပါပဲ။
လူတွေ နားလည်တာက ဗုဒ္ဓဘာသာမှာ ရှိတဲ့ ဘုရားကိုပဲ စေတီလို့ ထင်နေကြသကိုး။ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာမှာ ရှိတဲ့ စေတီကိုကျတော့ ဓာတုစေတီလို့ ခေါ်ဆိုရကြောင်း ရာမညဓမ္မာစရိယဆရာတော်တစ်ပါးက ဆုံးမသြဝါဒကို ပေးပါတယ်။ မွန်သမိုင်းကို ဖတ်ရင် သိပါတယ်။ စေတီတိုင်းကို ဓာတုစေတီလို့ ခေါ်တယ်။ မွန်တို့ရိုးရာနတ်ကွန်းတွေနဲ့ ရောကုန်မှာ စိုးလို့ပါ။ "မင်းတို့ ကိုးကွယ်နေတဲ့ နတ်ကွန်းကလည်း စေတီပါပဲ၊ ဒါပေမဲ့ ငါတို့စေတီက နည်းနည်းလေး ကွဲတယ်၊ ဘုရားဓာတ်တော် ရှိနေလို့ပဲ"ဆိုတဲ့ အမြင်ကလေး ထည့်ပေးရုံပဲ။ ဒီတော့ မွန်တွေက နတ်ကတဲ့အချိန်မှာ ကကြ၊ ဘုရားပွဲ ရှိတဲ့အခါ ပျော်ကြနဲ့ပေါ့။
မွန်တို့ဒေသမှာ ဗုဒ္ဓဘာသာကျောင်းကန်တွေ တိုးတိုးလာတာ မှန်ပေမဲ့ နတ်ကွန်းတွေလည်း လျှော့လျှော့ပြီး မသွားပါဘူး။ အရှင်သောဏ အရှင်ဥတ္တရမထေရ်တို့က မွန်တို့ယဉ်ကျေးမှုကို ဖျက်ဆီးဖို့ ရာမညတိုင်းကို ကြွရောက်လာကြတာမဟုတ်ဘူး။ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာကို ဖြန့်ဝေဖို့ ရောက်လာလို့ပါပဲ။
အမေရိကန်ပြည်ထောင်စုကို ရောက်တော့လည်း ခရစ်ယာန်အမြင် ပြင်းထန်တဲ့အချို့ကို တွေ့မြင်ရတာပါပဲ။ ဒါပေမဲ့ သူတို့လိုပုဂ္ဂိုလ်ကို လူများစုက မထောက်ခံလို့ မလှုပ်သာပါဘူး။ အတော်များများက ဗုဒ္ဓဘာသာကို သူတို့ပြိုင်ဘက်လို့ မမြင်ကြဘူး။ လုပ်ဖော်ကိုင်ဖက်လို့ မြင်ကြပါတယ်။
အတည်မဖြစ်သေးတဲ့ ဗုဒ္ဓဘာသာကျောင်းတွေ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကို ကူညီပေးကြတယ်။ သူတို့က လူများစုဖြစ်လို့ ဗုဒ္ဓဘာသာကျောင်းကန်တွေက သူတို့ကို ခစားရမယ်လို့ မပြောဘူး။ ပြောခဲ့ရင်လည်း မိမိတို့က သူတို့ကို အောက်ကျို့မှာမဟုတ်ဘူးဆိုတာ သိထားကြလို့ပါပဲ။ ဒီတော့ မိမိတို့က သူတို့ကို အကူအညီတောင်းရင် ဝမ်းပန်တသာနဲ့ ကြိုဆိုကြတယ်။ အကူအညီပေးခြင်းမှာ သာသနာပြုခြင်းပါပဲ။
ဘုရားရှိခိုးကျောင်းကို ဝင်ရင် ကြည့်တဲ့ မျက်လုံးတွေက စကားပြောတယ်။ သူတို့သင်ပြချက်မှာ အားလုံးဟာ ဘုရားသားတော်တွေပဲဆိုတော့ အမုန်းမျက်လုံးနဲ့ မဟုတ်ဘူး။ အချစ်မျက်လုံးတွေနဲ့။ ဝိပဿနာတရားသာ အားထုတ်မထားတာပါ၊ သူတို့က စိတ်ရှည်အောင် လေ့ကျင့်ထားတဲ့နေရာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ စာရင် အများကြီး သာတယ်။
နောက်ပြီး လူ့စိတ်ကို လေ့လာတယ်။
အကြိုက်ကို ပေးတယ်။
တရားကိုတော့ နည်းနည်းလေး လိုအပ်သလို ဟောတယ်။
ခေါင်းကိုက်လို့ မြန်မြန်ပျောက်အောင် ဘရာစီတမော်ကို အလုံးတစ်ရာ မတိုက်ကြဘူး။ ဒါပေမဲ့ အသင်းတော်ကို တာဝန်ခံမှုအပြည့်ရှိကြတယ်။ ဒီတော့ ခရစ်ယာန်ဘာသာဟာ ကမ္ဘာမှာ လူဦးရေးအများဆုံး ကိုးကွယ်တဲ့ ဘာသာတရားတစ်ခု ဖြစ်တယ်။ ခရစ်ယာန်တို့သာသနာပြုနည်းကို အတုယူသင့်ပါတယ်။
ဒီမှာ ပြောကြပါအုံးမယ်။ အရှင်ဘုရားက ခရစ်ယာန်တွေကို အဲ့လောက် ချီးမွမ်းခန်းဖွင့်နေခဲ့ရင် ဘုန်းကြီးဝတ်မနေပါနဲ့တော့လို့ပေါ့။ စနစ်ကျတဲ့နေရာမှာ ချီးကျူးရမှာပဲ။ ဗုဒ္ဓဘာသာရဟန်းတွေက စနစ်မရှိလို့ တိတ္ထိနည်းကိုတောင် ဘုရားက အသုံးပြုခဲ့ရသေးတာပဲ။ ဥပုသ်ပြုတာကို ပြောတာပါ။ ပက္ခတိုင်း၊ ပက္ခတိုင်းမှာ ဥပုသ်ပြုတဲ့ဓလေ့ပေါ့။
ဒီမှာ တိတ္ထိလို့ ပြောရင် အချို့က တစ်မျိုးမြင်ကြပါအုံးမယ်။ တိတ္ထိဆိုတာ ဘာသာခြားကို ပြောတာပါပဲ။ အမှန်မှာ အဲ့လိုအဓိပ္ပါယ်ထွက်တာပဲ။ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးကို သုံးမဲ့အစား တိတ္ထိဆိုတဲ့စကားလုံးကို ပိုသုံးတာ ကောင်းတယ်။
ဒီတော့ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက်-
၁။ ဘုန်းကြီးကျောင်းများဟာ မိမိကို ကိုးကွယ်နေတဲ့ ဒကာဒကာမတွေကို ဘယ်လောက်တာဝန်ခံမှုပေးနိုင်ပါသလဲ။
၂။ ပြည်သူ့အခွန်ကို စားနေတဲ့ အစိုးရကလည်း မိမိတို့ကို ရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူတွေကို ဘယ်လောက်တာဝန်ခံမှုပေးနိုင်သလဲ။
ဒီနှစ်ချက်က အဖြေပဲ။
ဒါပေမဲ့ မြန်မာပြည်မှာ စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ အစိုးရကို အသုံးချပြီး ဗမာမှု၊ ဗုဒ္ဓဘာသာမှုကို ပြုနေကြတော့ သာသနာပြုလုပ်ငန်းဆိုတာ လက်ကိုင်တုတ်အဆင့်ပဲ ရှိရပါတော့တယ်။
ဒီတော့ ဗမာမှုဝါဒ၊ ဗုဒ္ဓဘာသာမှုဝါဒကို အားပေးနေသရွေ့၊ မတရားတဲ့ စစ်တပ်ကို ထောက်ခံနေသရွေ့ စစ်မှန်တဲ့ သာသနာပြုနည်း ဖြစ်မှာမဟုတ်ဘူး။ အဖြေက အဲ့ဒါပဲ။
U Ravika April 25 at 7:57am

Read more »

ကမ္ဘာမှာ ဗုဒ္ဓ ဘာသာကို အငြိမ်းချမ်းဆုံးဘာသာလို့ဆိုပေမဲ့ မြန်မာပြည်ကတော့ မဟုတ်နိုင်


Moe Zaw ThuFollow
မြိုင်ကြီးငူကို အခါတော်ပေးတာ ဘယ်သူလည်း …?
ဝီရသူကို မြောက်စားတာဘယ်သူလည်း … ?
Seng Jaw and 2 others shared Moe Zaw Thu's post.
ကမ္ဘာမှာ ဗုဒ္ဓ ဘာသာကို အငြိမ်းချမ်းဆုံးဘာသာလို့ဆိုပေမဲ့ မြန်မာပြည်ကတော့ မဟုတ်နိုင်

Read more »

RFA သတင်းဌာနကမေးမြန်းထားတဲ့အပေါ် DKBA ဗိုလ်မှူးကြီးစောဆန်းအောင်ဖြေကြားထား

2 hrs
Saw William Kyaw added 2 new photos — with Saw Stylo and Saw Karen.
4 hrs
အမှန်တရားဘက်တော်သား DKBA ဗိုလ်မှူးကြီးစောဆန်းအောင် ကိုလေးစားပါတယ်
🌟💥🌟💥🌟💥🌟💥🌟💥🌟💥🌟💥🌟💥🌟💥
အခုလို ခရစ်ယာန်ဘုရားကျောင်းဝန်းနဲ့ အစ္စလာမ်ဘာသာ ဗလီလမ်းကြားတွေမှာ မြိုင်ကြီးငူဆရာတော် စေတီတည်နေတာနဲ့ပတ်သက်ပြီး
RFA သတင်းဌာနကမေးမြန်းထားတဲ့အပေါ် DKBA ဗိုလ်မှူးကြီးစောဆန်းအောင်ဖြေကြားထားတာက
# စေတီတည်ရာမှာ သူတို့အဖွဲ့ DKBA မပါဝင်ကြောင်း
# စစ်တပ်နဲ့ပေါင်းထားတဲ့ စောချစ်သူရဲ့ BGF နယ်ခြားစောင့်တပ်များဖြစ်နိုင်ကြောင်း
# လက်နက်ကိုင်နဲ့ ဘုရားတည်တဲ့အလုပ်က ဘာမှမသက်ဆိုင်ကြောင်း
# မြိုင်ကြီးငူအနေနဲ့ တခြားဘာသာဝင်တွေရဲ့ သာသနာ့ပိုင်နယ်မြေမှာ စေတီလိုက်တည်နေတာ သိရတော့ အရမ်းအံသြမိပါကြောင်း
# အစိုးရသစ် အပြောင်းအလဲစချိန်မှာ ဘာသာရေးပြဿနာဖြစ်ပွားအောင် အကြံရှိရှိလုပ်ဆောင်နေတယ်လို့ ထင်မြင်ယူဆကြောင်း
# အားလုံးနဲ့အတူ စိတ်မကောင်းဖြစ်မိပါကြောင်း
ဗိုလ်မှူးကြီးစောဆန်းအောင်ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုလိုအမှန်တရားပြောပေးဖော်ရတာကိုပဲ ကျေးဇူးတင်လှပါပြီ။
လေးစားပါတယ် ဗိုလ်မှူး 👍👍👍
# စောဖြိုးလေး

Read more »

နောက်ထပ် ၅နေရာ ထပ်တည်ဖို့ တည်နေရာတွေ ထပ်ပြီး သတ်မှတ်ထားပေးခဲ့ တယ်

  • ဦးခင်ညွှန့်နဲ့ဦးသိန်းစိန်ကြိုးကိုင်ပြီးတိုင်းပြည်မရှူပ်ရှုပ်အောင်လုပ်တဲ့ကိစ္စ(ကိုယ့်ကိုထိတဲ့ခဲလုံးကိုစိတ်မဆိုးကြပါနဲ့)-ဘယ်သူပစ်လိုက်တဲ့ခဲလုံးလဲဆိုတာကပိုအရေးကြီးပါတယ်...မြန်မာနိုင်ငံမှာကြံ့ဖွတ်ပါတီကလေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းထိအောင်ရွေးကောက်ပွဲတွင်အနိုင်ရတော့မည်မဟုတ်ပါ.....ရာဇဝင်လုလင်
    Sawkyawsan Sawkyawsan Sawkyawsan
    18 hrs
    ဒီမနက်တော့ ရွှေဂွန်း ကိုသွားခဲ့တယ်
    အများပိုင် လမ်းကြားလေးမှာ စေတီတည်လို့ ပြီးသွားပြီ
    ဒေသခံတွေကတော့ အားလုံးအေးဆေးဘဲ
    ကရင်ရော ဗမာရော မွတ်ဆလင် ကောအေးဆေးဘဲ
    ဒီလုပ်ရပ်အတွက်တော့ ရွှေဂွန်းတစ်မြို့လုံး စိတ်မကောင်းဖြစ်နေကြရတယ်
    ဌာနဆိုင်ရာ တာဝန်ရှိသူတွေလည်း ဘာမှ မပြောသာဘူး
    ဖြစ်စဉ်တွေ သူတို့ထက်ကြီးတဲ့သူတွေထံ တင်ပြတာကလွဲလို့
    ဘာမှ မကိုင်တွယ် မဖြေရှင်းရဲ ကြဘူး
    နောက်ထပ် ၅နေရာ ထပ်တည်ဖို့ တည်နေရာတွေ ထပ်ပြီး သတ်မှတ်ထားပေးခဲ့
    တယ် ဘာတွေ ထပ်ဖြစ်လာအုံးမလဲ
    ကရင်ပြည်နယ် အစိုးရအတွက်တော့ ပွဲဦးထွက် စိန်ခေါ် မှု့ဘဲ
    အခု ပွဲကို မြင်တွေ့ရတာကတော့
    ကရင့်အရေး ဆင်ဖမ်းမယ် ကျားဖမ်း မယ် ဆိုတဲ့ အဖွဲ့ပေါင်းစုံ
    ဘာမှ မတတ်နိုင်ကြပါဘူး မေတ္တာ ရပ်ခံစာတွေ ပို့ကြ ထုတ်ပြန်ချက်တွေ
    ပို့ကြတာကလွဲလို ဘာမှ မတတ်နိုင်ပါဘူး
    ထူးဆန်းတဲ့ ဥပမာ တစ်ခုက ကျွန်တော်ကို ဒီကနေ့ မှတ်သားစရာ ဖြစ်စေခဲ့တယ်
    ဘုန်းကြီးက ဓါတ်ဆီ ပုလင်း အဖုံးဖွင့် ဓါတ်ဆီတွေ သွန်ချပြီး
    ခရစ်ယန်တွေ မီးခြစ်ပေး လို့ ပြောရင် ခရစ်ယန်တွေက မီးခြစ်မပေးသရွေ
    မီးမလောင်းနိုင်ပါဘူး ထို့အတူ မွတ်ဆလင်တွေ မီးခြစ်ပေး လို့ပြောရင်လည်း
    မွတ်ဆလင်တွေ မီးခြစ်မပေးသရွေ မီးမလောင်နိုင်ပါဘူးတဲ့
    ဒီဥပမာပေးပြီး ကိုယ် ဘာသာအစုအဖွဲ့တွေကို ငြိမ်းချမ်းစွာ နေထိုင်
    ကြဖို့ လမိးညွန်ပါသတဲ့ ဒါကမှန်ကန်တဲ့ ဖြေရှင်းပုံတော့ မဟုတ်ပါဘူး
    မျက်ဖြေလင်္ကာ တစ်ပုဒ်ပါ
    ဥပဒေ စိုးမိုးမှု့ မရှိခြင်း ဥပဒေကဲ့သို အမိန့်အာဏာ မတည်တာ ကြောင့်
    အလွန်ပင်စိတ်မကောင်းဖြစ်ရပါတယ်
    ကျွန်တော်လည်း ရောက်အောင်သွားခဲ့တယ် အချိန်မရွေး အသက်အန္တရာယ်
    ကျရောက်နိုင်တဲ့နေရာပါ
    မနက်က တွေခဲ့ရတဲ့ လှိုင်ဘွဲ့မြို့နယ်လေးရဲ့ အစိုးရ အုပ်ချုပ်မှု့ ဌာနဆိုင်ရာ
    ယန္တရား တွေက စိတ်ပျက်စရာပါ ကိုယ့်ဌာနရဲ့ ရုံးလုပ်ငန်းတွေ ပုံမှန်
    လည်ပတ် ရုံမျှ အလုပ် လုပ်နေကြရတာကိုမြင်ပြီး ဒေသတွင်း လက်နက်ကိုင်
    နဲ့ ဘုန်းတော်ကြီးတွေရဲ့ မိန့် ဆို မှု့တွေကသာ အစိုးမိုးဆုံး ဒေသဖြစ်နေတာကို
    မြင်တွေ့ခွင့်ရခဲ့တာ အလွန်ဘဲ စိတ်မကောင်းဖြစ် မိတယ်ဗျာ
    မြို့ခံတွေက ပြောပါတယ် ဗုဒ္ဓဘာသာ ကရင်နဲ့ ဗမာတွေက
    ငါတို့ ဘုန်းကြီးကို လျှောက်တယ် စေတီတည်ခြင် ရင် မြေလှုမယ်
    အဲ့ ဘာသာခြားနေတဲ့ လမ်းသွယ်ထဲ မတည်ပါနဲ့ သူများဗလီ မြေနိမ့်
    ပိုင်းထဲမှာ ပြီးတော့ လမ်းအလည်မှာ မသင့်တော်ဘူးလို့ မြို့ခံ တွေ
    လျှောက်ပေမယိ့ အခုပြီးအောင် တည်ခဲ့ပြီ ငါတို့ ဘာသာခြားတွေ အတွက်
    စိတ်မကောင်းပါဘူးတဲ့
    နောက် မွတ်ဆလင် ဒေသခံတွေ ကို စကားပြောကြည့်တယ်
    သူတို့လည်း ဒီလို ဗလီဘေး လာတည်တော့ ဘယ်လိုမှ
    အမြင်မတော်ဘူးလေ ဗုဒ္ဓဘာသာဝင်တွေ ဘုရားကိစ္စ လုပ်ဖို့
    ဂွတီးဂွကြ ဖြစ်စေတာပေါ့
    အခုလိုလာတည် တာက ဘုန်းတော်ကြီးရဲ့ တပည့်တွေဘဲ
    လာတည်ကြတာ ရွှေဂွန်း က ဒေသခံ တွေ တစ်ယောက်မှ မပါပါဘူး
    ကျွန်တော်တို့ ရွှေဂွန်းမှာတော့ ပြသနာ ဖြစ်ဖို့ မရှိပါဘူး
    ဘာသာတာ ခြားနားတာပါ စီးပွားရေး လူမှု့ရေး သာရေးနာရေး
    လူမှု့ရေး တွေကတော့ အတူတူ အေးအေးဆေးဆေး ဆက်လက်
    နေထိုင်နေအုန်းမှာပါတဲ့
    ရဲဌာနကို အခုဖြစ်နေတဲ့အခြေအနေကိုမေး ကြည့်တော့
    လှိုင်းဘွဲ့ မြို့နယ်မှုးကို မေးကြည့်ပါ သူတို့ဖြေခွင့်မရှိပါဘူးတဲ
    ကြီးမှ လက်ပေးသင် ရမယ့် အဖြစ်သနစ်တွေ ကို ကြုံခဲ့ရတယ်
    အပြန်လမ်းမှာလည်း စဉ်းစားလာမိတယ်
    ဌာနဆိုင်ရာတွေရဲ့ လက်သုံးစကားတွေကိုပေါ့
    လုပ်ထုံးလုပ်နည်း အရ
    အထက်က ညွန်ကြားချက်
    ပြောခွင့်မရှိလို့ပါ
    ဟိုကို မေးပါ ဒီကိုသွားပါ
    ကျွန်တော်တို့ တာဝန်မဟုတ်ပါ တွေပေါ့
    ကိုယ်တွေ ဘက်ကြတော့
    ဘယ်ကလည်း ဘာလုပ်လည်း
    အဖေနာမည် ဘယ်မှာနေလည်း
    မှတ်ပုံတင်နံပတ် လူ ကား တွေ
    ဓါတ်ပုံ တောင် ရိုက်ယူတာ
    သွားလေရာ ဘယ်နားဘာပြော ဘာလုပ်
    ဘာစားပြီး ပြန်တာတာကအစ
    မိနစ်စက္ကန့် မလွဲအောင် အလုပ်လုပ်ကြတော
    တော်လွန်းလိုက်ကြတာ
    ရွှေကရင့်အရေး ရင်လေး မိလို့ ရေးလိုက်တယ်
    လွန်တာရှိက ဝန်တာမိပေါ့ ဗျာတို့ရေ
Saiga Brang and 5 others shared Sawkyawsan Sawkyawsan

Read more »

Who are Kachin ?

photo credit: khon ja

Read more »

လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဂျာဂရှင်တန်ရော် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုဆုတောင်းပွဲ

လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဂျာဂရှင်တန်ရော်မှ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ပြုလုပ်သော ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုဆုတောင်းပွဲတွင် ဖြတ်သန်းခဲ့သော ဘ၀အတွ့အကြုံ များကို သက်သေခံဝေမျှခြင်း။

Read more »

မြစ်ကြီးနားမှာ ကျင်ပတဲ့ Kachin Anti-Drug Day နေ့ မြင်ကွင်း

===================================== "Kachin Anti-Drug Day 2016" Activity short documentary! 25,April, 2016 Myitkyina. မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပပြုလုပ်သောကချင်အမျိုးသားများမူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ လူထုဆုတောင်းပွဲ အစီအစဉ် မှတ်တမ်းရုပ်သံ အကျဉ်း။ credit -Hkun Awng Nlam

Read more »

Friday, April 22, 2016

ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်

Zaw WinFollow
ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်မာနိုင်ငံမှ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်၊ ဒေါ်မြသီတာဆွေတင်၊ ဦးအေးဇော်ဝင်း၊ Asia World နှင့် ဆက်စပ်သော CNOOC ကုမ္ပဏီတို့၏ အမည်စာရင်းများ ပါဝင်
Written by : နေထွန်းနိုင်
အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးဆက်ဆံမှုများနှင့် ငွေကြေးခ၀ါချမှု အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ပနားမား စာရွက်စာတမ်းများ (Panama Papers) ကို ထုတ်ပြန်ခဲ့သော နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များအဖွဲ့ (ICIJ) ၏ အခြားမှတ်တမ်း တစ်ရပ်တွင် မြန်မာနိုင်ငံမှ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့်၊ ဒေါ်မြသီတာဆွေတင်၊ ဦးအေးဇော်ဝင်း၊ Asia World ကုမ္ပဏီနှင့်ဆက်စပ်သော CNOOC ကုမ္ပဏီတို့၏ အမည်စာရင်းများ ပါဝင်နေသည်။
■ ပမားနား စာရွက်စာတမ်းဖွင့်ချမှု
သမိုင်းတစ်လျှောက် အကြီးမားဆုံး ပေါက်ကြားမှု အနေဖြင့် ဧပြီ ၃ ရက်က ဖွင့်ချခဲ့သည့် ပနာမား စာရွက်စာတမ်းများသည် နိုင်ငံ ၅၀ ကျော်မှ နိုင်ငံရေးသမား ၁၄၀ ဦး (ထိုအထဲတွင် လက်ရှိ နှင့် ယခင် နိုင်ငံအကြီးအကဲ ၁၂ ဦးပါဝင်)၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများ၏ အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျှို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးခ၀ါချမှု ပြုလုပ်ခြင်းများ ပါဝင်သည့် စာရွက်စာတမ်းပေါင်း ၁၁ ဒသမ ၅ သန်းကျော်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဂျာမနီ သတင်းစာ Sueddeutsche Zeitungက အမည်မဖော်ပြသော ရင်းမြစ်တစ်ခုထံမှ ရရှိခဲ့သော မှတ်တမ်းများကို အခြေခံပြီး အပြည်ပြည်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်များအဖွဲ့ (ICIJ) က နိုင်ငံတကာ မီဒီယာအဖွဲ့ပေါင်း ၁၀၀ ကျော်၏ ပူး ပေါင်းပါဝင်မှုဖြင့် တစ်နှစ်ကျော်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အချက်အလက်အခြေခံ အထောက်အထားများကို ဖွင့်ချလိုက်ခြင်းဖြစ်သည်။
ဖွင့်ချမှုများအနက် ပြည်ပမှ သီးခြားစာရွက်စာတမ်း ၂၁၄၀၀၀ ခန့်မှ အထောက်အထားများသည် နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားသော ပနားမားနိုင်ငံ အခြေစိုက် ဥပဒေအကျိုးဆောင် အဖွဲ့ကြီးဖြစ်သည့် မော့ဆက်ဖွန်စီကာမှတစ်ဆင့် ပေါက်ကြားခဲ့ခြင်း ဖြစ်ပါသည်။
လက်ရှိထုတ်ပြန်ထားသော အချက်အလက်များသည် ကနဦးဖွင့်ချမှုဖြစ်ပြီး ကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်အမည် စာရင်းများ အပြည့်အစုံ ပါဝင်သော ဖွင့်ချမှုကို မေလဆန်းတွင် ICIJ က ထုတ်ပြန်မည် ဖြစ်သည်။
ပနားမား အရှုပ်တော်ပုံ၏ အခြေခံမှာ အခွန်တိမ်းရှောင်ရန် သို့မဟုတ် မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို ဖုံးကွယ်ရန် သို့မဟုတ် တရားမ၀င် နည်းလမ်းဖြင့် ရရှိသော ငွေကြေးများကို ခ၀ါချရန် (ပွဲစားဆန်သော) ဥပဒေ အကျိုးဆောင် လုပ်ငန်းများ၏ အကူအညီဖြင့် ဟန်ပြကုမ္ပဏီများ (Shell Companies)၊ လျှို့ဝှက်ကုမ္ပဏီများ တည်ထောင် လုပ်ကိုင်ခဲ့သူများကို ဖွင့်ချခြင်းဖြစ်ပါသည်။

■ မြန်မာနိုင်ငံနှင့် ဆက်စပ်မှု
ပနားမား အရှုပ်တော်ပုံ၏ ကနဦး ဖွင့်ချမှုများတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယ၊ ဒေသတွင်း မလေးရှားနှင့် ကမ္ဘောဒီးယားမှ နိုင်ငံရေး ခေါင်းဆောင်များ၊ ၎င်းတို့နှင့် ဆက်စပ်သူများ၏ ပြည်ပ၌ ရင်းနှီးမြှုပ်နှံထားသော လျှို့ဝှက်စီးပွားရေး လုပ်ငန်းများ၊ ငွေပေးငွေယူ ကိစ္စများနှင့် အခွန်တိမ်းရှောင်မှုများကို ဖော်ပြခဲ့သည်။
ကနဦးဖွင့်ချမှု၌ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အတိအကျ ညွှန်းဆိုခဲ့သည့် တရားဝင် ရည်ညွှန်းချက်များ တွေ့ရှိရခြင်း မရှိသေးသော်လည်း ၂၀၁၃ ခုနှစ်တွင် ICIJ က ထုတ်ပြန်ခဲ့သည့် သီးခြားမှတ်တမ်းတစ်ရပ်၌ မြန်မာမှ ပါဝင်ပတ်သက်သူများ ပါဝင်ခဲ့သည်။
ICIJ က ၂၀၁၃ ခုနှစ်၌ ထုတ်ပြန်ခဲ့သော မှတ်တမ်းများမှာ ပြည်ပတွင် ဟန်ပြကုမ္ပဏီ (Shell Companies) ထူထောင်လိုသူများ အသုံးပြုလေ့ရှိသည့် ကျွန်းနိုင်ငံငယ် British Virgin Islands (BVI) တွင် တည်ထောင်ထားသည့် Protcullis Trust Net (BVI) ၏ စင်ကာပူအခြေစိုက်ရုံးနှင့် BVI အခြေစိုက် Common wealth Trust Limited တို့မှ ပေါက်ကြားခဲ့သော အချက်အလက်များကို အခြေခံ၍ နိုင်ငံ ၅၈ နိုင်ငံမှ ဂျာနယ်လစ် ၁၁၂ ဦးက ၁၅ လကြာ အချိန်ယူပြီး ဖွင့်ချခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ ဖွင့်ချမှုတွင် British Virgin Islands (BVI)၊ Cook Islands၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှားတို့ အပါအ၀င် ဒေသ ၁၀ ခု၌ ပြည်ပတရားစီရင်ရေး စနစ်ကို အခွင့်ကောင်းယူပြီး ပြည်ပစီးပွားရေး လျှို့ဝှက်ကုမ္ပဏီ ထူထောင်ခဲ့သူများ၊ ဆက်စပ်ကုမ္ပဏီများ အကြောင်းကို ဖော်ပြခဲ့ပါသည်။
■ မြန်မာနိုင်ငံက ဘယ်သူတွေလဲ
ပနားမား အရှုပ်တော်ပုံ ဖွင့်ချမှုမတိုင်မီ ရှိခဲ့သော ICIJ ၏ သီးခြားမှတ်တမ်းမှ "Burma" ခေါင်းစဉ်အောက်ရှိ အရာရှိကြီးများနှင့် ပင်မဖောက်သည် (Officer and Master Clients) စာရင်း၌ အမည်စာရင်း ၁၇ ခု ပါဝင်ခဲ့သည်။
ထို ၁၇ ခုထဲတွင် ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြသီတာဆွေတင်၊ ဒေါ်မြမြစိုး၊ ဦးသုတ၊ ဦးဋ္ဌေးမြင့်၊ ဦးမိုးမြင့် (မိုက်ကယ်မိုးမြင့်)၊ ဦးမြင့်ဆွေနှင့် ဦးမျိုးတင်စသည့် မြန်မာအမည်များ ပါဝင်ခဲ့ပါသည်။
Burma ခေါင်းစဉ်အောက်၌ အင်္ဂလိပ် အမည်ဖြင့် ဖော်ပြခဲ့သော စာရင်းထဲတွင် Jonathan W.smith၊ Earnest Howard Bolton II၊ Quamruddin Ahmed၊ William Mark Hilsma နှင့် Financecorp Limited လုပ်ငန်းစုများ၊ ၎င်းတို့၏ ဆက်နွှယ်မှုများ၊ မြန်မာနိုင်ငံမှ တရားဝင်လိပ်စာ အချက်အလက်များကို ဖော်ပြခဲ့ပါသည်။
ထို့အပြင် "Myanmar" ခေါင်းစဉ်အောက်၌ ဖော်ပြခဲ့သော ကုမ္ပဏီများစာရင်း၌ Poscelin Myanmar Limited၊ Myanmar - Search Company Limited၊ CNOOC Myanmar Ltd. နှင်ည CNOOC Myanmar Holding Ltd တို့ ပါဝင်ခဲ့သည်။
အဆိုပါ ကုမ္ပဏီများအနက် CNOOC ကုမ္ပဏီ နှစ်ခုစလုံး၏ ဒါရိုက်တာအမည်တွင် Xiang Chen ဟု ဖော်ပြထားပြီး ကုမ္ပဏီ၏ တရားဝင်လိပ်စာကို BVI ကျွန်းနိုင်ငံငယ်မှ လိပ်စာအား ဖော်ပြခဲ့ပါသည်။
ပနားမား အရှုပ်တော်ပုံတွင် ပါဝင်ခဲ့သော တရုတ်သမ္မတ ရှီကျင်ပင်း၏ မိသားစုဝင်များ လုပ်ကိုင်ခဲ့သည့် လျှို့ဝှက်စီးပွားရေး ပြည်ပကုမ္ပဏီများ၏ လိပ်စာများမှာလည်း BVI ကျွန်းနိုင်ငံငယ်တွင် ရှိသောလိပ်စာများ ဖြစ်နေသည့်အတွက် CNOOC နှင့် ပနားမား အရှုပ်တော်ပုံတွင် ပါဝင်ခဲ့သော တရုတ်လုပ်ငန်းစုများအကြား ဆက်စပ်မှုများ ရှိလာနိုင်ပါသည်။
ထို့အတူ အခြားကုမ္ပဏီ တစ်ခုဖြစ်သည့် Myanmar - Search Company Limited ၏ တရားဝင် လိပ်စာမှာလည်း BVI ကျွန်းနိုင်ငံငယ်ပင် ဖြစ်နေပြီး Poscelin Myanmar Limited ၏ တရားဝင်လိပ်စာကို ဟောင်ကောင်မှ လိပ်စာအား ဖော်ပြခဲ့သည်။
. . . .
အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျို့ဝှက်စွာ ပြုလုပ်ထားသော စီးပွားရေးဆက်ဆံမှုများနှင့်…
NEWS-ELEVEN.COM

ပနားမား အရှုပ်တော်ပုံကို ဖွင့်ချခဲ့သော ICIJ ၏ နောက်ထပ် မှတ်တမ်းတစ်ရပ်တွင် မြန်

Read more »

ဒေါက်တိုင် ၅ ခုပေါ်က မြန်မာပြည်


ပုံမှန်အားဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ဒေါက်တိုင် ၃ ခုရှိသည်ဟု ဆိုကြ
သည်။ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုရေးအာဏာ တရာစီရင်ရေးအာဏာ
၃ ရပ်ပေါ်တွင် တိုင်းပြည်ကိုတည်ဆောက်ကာ အပြန်အလှန်ကြပ်မတ်ထိမ်း
ညှိကြသည်ဟုဆိုကြသည်။ သတင်းမီဒီယာများကိုတော့ တိုင်းပြည်၏စတုတ္ထ
ဒေါက်တိုင်ဟု ဆိုကြသည်။ လွတ်လပ်၍ သမာသမတ်ကျသော သတင်းများ
အမြင်များကို မည်သူမျက်နှာမှ မထောက်ဘဲ ဖေါ်ပြ၍ တိုင်းပြည်ဝန်ထမ်း၍
စတုတ္ထဒေါက်တိုင်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
ပဉ္စမဒေါက်တိုင်
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့သော မြန်မာ့နည်းမြန်
မာ့ဟန် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟု ခေါ်ဆိုရနိုင်သော သို့တည်းမ
ဟုတ် မြန်မာစစ်ဖက်နှင့် ညှိနှိုင်းနေရမှုကို မရှောင်လွှဲနိုင်သော သို့မဟုတ် မြန်
မာစစ်ဖက်အခန်းကို ပစ်ပယ်၍မရနိုင်သော သို့မဟုတ် အမျိုးသားရင်ကြား စေ့ရေးဟုဆိုနေကြသော မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကာလတွင် မြန်မာနိုင်ငံသည် ဒေါက်တိုင် ၅ ခု ပေါ်တွင်ရှိသည်ဟု ဆိုရမည်။ မြန်မာပြည်၏ ပဉ္စမမြောက်ဒေါက်တိုင်ကား မြန်မာစစ်ဖက်ဖြစ်သည်ဆိုခြင်းကိုတော့ အများထင်ရှားစွာ မြင်နိုင်ပေသည်။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောင်မှပြောင်းသည်ဖြစ်စေ
တဖြေးဖြေးပြောင်းသည်ဖြစ်စေ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ မြန်မာ
စစ်ဖက်သည် တိုင်းပြည်၏ဒေါက်တိုင်တခုအဖြစ် သီးခြားပါဝင်နေသည်ကို ငြင်းပယ်မရနိုင်ပေ။နှစ်ငါးဆယ်ကျော်ကြာ စစ်အာဏာရှစ်စနစ်ကျင့်သုံးရာမှ ဒီမိုကရေစီသို့ကူးပြောင်းသည်ဆိုရာတွင်လည်း စစ်ဗိုလ်ချုပ်ကြီးများ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေဖြစ်ရာ မြန်မာစစ်ဖက်
သည် အခြား နိုင်ငံများမှ စစ်တပ်များနှင့်မတု စစ်တပ်၏အခန်းကို ထူးခြားစွာဖေါ်ပြထားသော အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များပါသည်။ မြန်မာပြည်၏စစ်တပ်သည် အခြားနိုင်ငံများ၏ စစ်တပ်ကဲ့သို့ အုပ်ချုပ်ရေးဒေါက်တိုင်၏ အစိတ်အ ပိုင်း သက်သက် မဟုတ်ခဲ့ပေ။
၂၀၀၈ အခြေခံဥပဒေပါပြဌာန်းချက်များအရ ၂၀၀၈ အခြေခံဥပဒေ အခန်း ၇ ပုဒ်မ ၃၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက အကျဆုံးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟူ၍၎င်း ပုဒ်မ ၃၃၈ တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်အောက်တွင်ရှိရမည် ဟူ၍၎င်း ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်၏ ပြည်တွင်း ပြည်ပအန္တရယ်များကို ကာကွယ်ရန်တပ်မတော်က ဦးဆောင်ရမည် ဟူ၍၎င်း ဖေါ်ပြထားသော်လည်း တပ်မတော်အား မည်သူကဦးဆောင်ရမည်ဟု မဖေါ်ပြချေ။ တပ်မတော်သည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ သီးခြားကင်းလွတ်စွာတည်ရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ သည် တိုင်းပြည်၏အထွတ်အထိပ်ဖြစ် သည်ဟု ၂၀၀၈ အခြေခံဥပဒေတွင်ဖေါ်ပြထားသော်လည်း တပ်မတော်အားကား သီးခြားအဖွဲ့အစည်းကဲ့သို့ဖြစ်နေသည်။ အိမ်ကြီးထဲတွင် အိမ်ငယ်ဆောက် ထားသကဲ့သို့ဖြစ် နေသည်ဟုဆိုရပေမည်။
ထို့ကြောင့်လည်း မြန်မာပြည်တွင် မြန်မာစစ်ဖက်အား တိုင်းပြည်၏ ဒေါက်တိုင် တခုအဖြစ် ထည့်သွင်းတွက်ချက်ရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ပြင်မြန်မာစစ်ဖက်သည် တိုင်းပြည်၏သီးသန့်ဒေါက်တိုင်တခုအဖြစ် သီးသန့်ရှိနေသည်သာမက ကျန်ဒေါက်တိုင်များတွင်လည်း ပါဝင်ပတ်သက် နေသည်ကို တွေ့ရသည်။
အုပ်ချုပ်ရေး
အုပ်ချုပ်ရေးအာဏာတွင် ဒုသမတ ၁ ဦးနှင့် အရေးပါသော ဝန်ကြီး ၃ နေ
ရာအား တပ်မှခန့်အပ်ခွင့်ရထားသည်။ အဆိုပါဝန်ကြီးများအားသည် သမတ
၏ ခေါင်းဆောင်မှုအောက်တွင်ရှိရမည်ဆိုသော်လည်း ကာချုပ်နှင့်မြန်မာ
စစ်ဖက်၏သဘောထားများမှ ကင်းလွတ်မှုမည်မျှရှိမည်ကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ပြင်တိုင်းပြည်၏ ကက်ဘိနက်ဟု ဆိုရမည့်ကာ/လုံ အဖွဲ့ဝင် ၁၁ ယောက်တွင် ကာချုပ် ဒုကာချုပ်နှင့် စစ်တပ်မှခန့်အပ်ခွင့်ရှိသူ ဒုသမတ ၁ ဦး ဝန်ကြီး ၃ ဦး စုစုပေါင်း ၆ ဦးအထိ ပါဝင်ပြီး အရပ်ဖက်မှရွေးကောက်တင်မြှောက်ခွင့်ရသူ သမတအပါ ၅ ဦးသာရှိရာ မြန်မာစစ်ဖက်မှ အသာစီးရယူထားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။
အဆိုပါတိုင်းပြည်၏ထိပ်တန်းကက်ဘိနက်ဖြစ်သော ကာ/လုံတွင်အငြင်း
ပွါးဖွယ်ရာ ပြသနာများကိုမဲခွဲဆုံးဖြတ်မည်ဟုဆိုထားရာ မြန်မာစစ်ဖက်၏
သဘောမတူဘဲ ဆုံးဖြတ်ရန်ခက်ခဲပေသည်။ သို့ဖြစ်ရာ ၂၀၀၈ အခြေခံ ဥပဒေပြဌာန်းချက်များအရ အခန်း ၃ ပုဒ်မ ၅၈ အရ " နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာရရှိသည် " ဟုဆိုထားပေရာ ကာ/လုံ တွင်မည်သို့
ဆွေးနွေး သည်ဖြစ်စေ နိုင်ငံတော်သမတ၏ ဆုံးဖြတ်ချက်သည် အတည် သို့မဟုတ် သမတတွင် ဗီတိုအာဏာရရှိထားရန် လိုအပ်ပေသည်။ သို့မှသာ ၂၀၀၈ ခြေဥ ပုဒ်မ ၅၈ ပါပြဌာန်းချက်နှင့်ကိုက်ညီပေလိမ့်မည်။ ထိုသို့သော ဥပဒေပြဌာန်းချက်များ မချမှတ်နိုင်မှီသမတသည် ကာလုံတွင် သဘောတူ ညီချက်များရရန် ပါးနပ်စွာ ကျော်ဖြတ်ရပေလိမ့်မည်။ လက်ရှိအချိန်တွင် သမတသည် ကာချုပ်၏သဘောတူညီမှုမရရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပင် ကြေငြာခွင့်မရှိပေရာ အုပ်ချုပ်ရေးဒေါက်တိုင်တွင် မြန်မာစစ်ဖက်၏ ပါဝင်ပတ်သက်မှုကြီးမားကြောင်းဖေါ်ပြနေသည်ဟုဆိုရပေမည်။
ထို့ပြင် ရွေးကောက်ပွဲကတင်မြှောက်လိုက်သည့် ပြည်နယ်နှင့်တိုင်းဒေသ
ကြီးအစိုးရအဖွဲ့များ အနေနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအုပ်ချုပ်ခွင့်အတွက်
ပြည်နယ်နှင့်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်အား ညွှန်
ကြားနိုင်ခွင့်နှင့် စစ်တပ်မှအဆိုပြုခန့်အပ်ထားသော ပြည်ထဲရေးဝန်ကြီးလက်
အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနအဆင့်ဆင့်ညွှန်ကြားမှု ကြား ဆက်စပ်မှု
လည်း ထည့်သွင်းစဉ်းစားဖြေရှင်းရန်လိုပေလိမ့်မည်။
ထို့ပြင် မိုးကျရွှေကိုယ်များဟုခေါ်ဆိုကြသည့် စစ်ဖက်အရာရှိများစွာသည်
လည်း အရပ်ဖက်ဝန်ကြီးဌာနတိုင်းလိုလိုတွင်ရှိနေသည့်ပြင် အထူးသဖြင့်
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့
တွင် ထိပ်ဆုံးမှ အောက်ခြေအထိ စစ်တပ်မှ အရာရှိများစွာနေရာယူထား သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများဆိုလျင် စစ်တပ်၏ဆွေမျိုး များသာ နေရာယူထားသည်ကို တွေ့မြင်နေရသည်။
ဤသည်ကား မလွဲမသွေ မျက်မှောက်ပြုရမည့် တိုင်းပြည်၏ အုပ်ချုပ်ရေး
ဒေါက်တိုင်အတွင်း စစ်တပ်၏ပါဝင်ပတ်သက်နေမှုဖြစ်သည်။
ဥပဒေပြုရေး
ဥပဒေပြုရေးအာဏာ ဟုဆိုကြသည့် ဥပဒေပြုဒေါက်တိုင်အတွင်း၌လည်း
စစ်တပ်က ပါဝင်ပတ်သက်သည်။ လက်ရှိပြည်ထောင်စုအဆင့် လွှတ်တော်
၂ ရပ်စလုံးတွင် မြန်မာစစ်ဖက်မှ ကိုယ်စားလည် ၂၅% ရယူထားသည်။ တ
ပြည်လုံးကျင်းပပြုလုပ်သော မဲဆန္ဒပေးရွေးကောက်ပွဲတွင်လည်း မဲပေးခွင့်
ရရှိခဲ့သော မြန်မာစစ်ဖက်အတွက် ကာချုပ်ကရွေးချယ်သော ကိုယ်စားလည်
၂၅% အားလွှတ်တော်အားစေလွှတ်ခွင့်ရှိခြင်းသည် ဥပဒေပြုလွှတ်တော်တွင်
နှစ်ထပ်ကွမ်းအခွင့်အရေးရရှိထားသည်ဟုဆိုနိုင်သည်။ ထိုပြင် မြန်မာစစ်
ဖက် ကာချုပ်အနေနှင့် လွှတ်တော်သက်တမ်း ၅ နှစ် ၎င်းစေလွှတ်ထားသော
ကိုယ်စားလည်များနှင့်ပတ်သက်၍ အကြိမ်အရေအတွက် အကန့်အသတ်
မရှိ ကိုယ်စားလည်အရေအတွက် အကန့်အသတ်မရှိလဲလှယ်ခွင့်ရှိသည်ဆို
သည့် အထူးအခွင့်အရေးအားလည်း ရရှိထားသည်။
ရွေးကောက်ပွဲမှ တက်လာသော လွှတ်တော်ကိုယ်စားလည်များအတွက်
၎င်းအခွင့်အရေးမရှိပေ။ ကိုယ်စားလည်တစ်ဦးသည် လွှတ်တော်သက်တမ်း
၅ နှစ်ပြည့်တာဝန်ထမ်းဆောင်ရမည်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်စား
လည်လစ်လပ်ပါက ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ချိန်ထိ စောင့်ဆိုင်း
ပြီး ပြန်လည်ရွေးချယ်ရမည် ဖြစ်ပေသည်။
အဆိုပါ ဥပဒေပြုရေးလွှတ်တော်သည် ပုံမှန်အားဖြင့် ဥပဒေများပြင်ဆင်
ရေးဆွဲခြင်း ပယ်ဖျက်ခြင်း အသစ်ရေးဆွဲခြင်းတို့အား အနဲစုက အများစုကို
နာခံသည်မူအတိုင်း မဲခွဲဆုံးဖြတ်လေ့ရှိသည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေ
ပါပြဌာန်းချက်များအရ လွှတ်တော်ကိုယ်စားလည် ၇၅ % အထက်သဘော
တူရမည်ဖြစ်သည့်ပြင် လူထုဆန္ဒခံယူပွဲပြုလုပ်ပြီးမှ ပြင်၍ ရနိုင်သည့် ဥပဒေ
ပုဒ်မများစွာထည့်ထားပေသည်။ လွှတ်တော်ကိုယ်စားလည် ၇၅% အထက်
သဘောတူရမည်ဆိုသဖြင့် လွှတ်တော်တွင်း၌ ၂၅% ရယူထားသော တပ်ကိုယ်
စားလည်များ၏ သဘောတူညီချက်ရယူရန် လိုအပ်ပေသည်။ ယင်းအချက်ကို
၂၀၀၈ အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ အဖြစ်ပြဌာန်းထားသည့် လူသိများ
သော ပုဒ်မဟုဆိုရပေမည်။ ပုဒ်မ ၄၃၆ နှင့်ငြိ၍ မြန်မာစစ်ဖက်မှ သဘောတူ
မှ ပြင်၍ ရနိုင်သည့် ပုဒ်မများကားမနည်းလှပေ။
အရေးကြီးသောအခြေခံ ဥပဒေပြင်ဆင်ချက်များပြုလုပ်လုပ်ရာတွင် မြန်မာစစ်ဖက်၏ သဘောတူညီချက်မပါဘဲပြုလုပ်၍ မရစေရန် ပုဒ်မ ၄၃၆ (က) ကိုပြဌာန်းထားသည်ကိုတွေ့ရသည်။
ပုဒ်မ ၄၃၆( က) အရမြန်မာစစ်ဖက်မှ သဘော
တူမှ ပြင်ဆင်ခွင့်ရမည့်ပုဒ်မများမှာ
အခန်း ၁ နိုင်ငံတော်အခြေခံမူများတွင် ပါဝင်သည့်
ပုဒ်မ ၁ မှ ပုဒ်မ ၄၈ ထိ ( အခန်း ၁ ပါ ပုဒ်မ အားလုံး )
အခန်း ၂ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ တွင်
ပါဝင်သည့် ပုဒ်မ ၄၉ မှ ပုဒ်မ ၅၆ ထိ ( အခန်း ၂
ပါ ပုဒ်မအားလုံး )
အခန်း ၃ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများမှ
ပုဒ်မ ၅၉ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပုဒ်မ ၆၀ သမ္မတရွေးချယ်တင်မြှောက်ပုံ
အခန်း ၄ ဥပဒေပြုရေးမှ ပုဒ်မ ၇၄ ပုဒ်မ ၁၀၉
ပုဒ်မ ၁၄၁ အမျိုသားလွှတ်တော် ပြည်
သူ့လွှတ်တော် ပြည်ထောင်စုလွှတ်တော်များတွင်
မြန်မာစစ်ဖက်မှ ကိုယ်စားလည် ၂၅% ပါဝင်ခွင့် နှင့် ပုဒ်မ ၁၆၁ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များတွင် မြန်မာစစ်ဖက်မှကိုယ်စား လည် သုံးပုံတပုံပါဝင်ခွင့်ကိုဖေါ်ပြသည့် ပုဒ်မများ
အခန်း ၅ အုပ်ချုပ်ရေးတွင် ပါဝင်သည့် ပုဒ်မ ၂၀၀ ပြည်ထောင်စုအစိုးရဖွဲ့စည်းပုံ ပုဒ်မ ၂၀၁ ကာလုံ ဖွဲ့စည်းပုံ ပုဒ်မ ၂၄၈ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဖွဲ့စည်းပုံ ပုဒ်မ ၂၇၆ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်း ဒေသ ဦးစီးအဖွဲ့များဖွဲ့စည်းပုံ
အခန်း ၆ တရားစီရင်ရေးမှ ပုဒ်မ ၂၉၃ တရားရုံး
ဖွဲ့စည်းပုံ ပုဒ်မ ၂၉၄ တရားလွှတ်တော်ချုပ်ဖွဲ့စည်း
ခြင်း ပုဒ်မ ၃၀၅ တိုင်းဒေသကြီး ပြည်နယ် တရား
လွှတ်တော်ဖွဲ့စည်းခြင်း ပုဒ်မ ၃၁၄ တရားလွှတ်
တော်အောက်ရှိ အဆင့်ဆင့်တရားရုံးဖွဲ့စည်းခြင်း
ပုဒ်မ ၃၂၀ အခြေခံဥပဒေခုံရုံးဖွဲ့စည်းခြင်း
အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက် များတွင်ပါဝင်သည့် ပုဒ်မ ၄၁၀ မှ ပုဒ်မ ၄၃၂ ထိ ပုဒ်မအားလုံး
အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်းခြင်းပါ
ပုဒ်မ ၄၃၆ တို့ဖြစ်သည်။
ပုဒ်မ ပေါင်း ၄၅၇ ခုရှိသည့် ၂၀၀၈ အခြေခံဥပဒေတွင်ပါရှိသည့် အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေးတို့တွင်အချက်အခြာ ကျသော ပုဒ်မ ၉၅ ခုအား မြန်မာစစ်ဖက်၏ သဘောတူညီချက် မရဘဲ ပြုပြင်ပြောင်းလဲခွင့်မရှိဟူ၍ ပြဌာန်းထားပေသည်။ ထိုသို့ပြုပြင်ပြောင်းခွင့် မပြုသည့်ပုဒ်မများအနက် အချက်အခြာ ကျသည့်ပုဒ်မကတော့ ပုဒ်မ ၄၃၆ ဖြစ်ပေသည်။
သို့ဖြစ်ရာ ပုဒ်မ ၄၃၆ နှင့်မငြိသည့် ဥပဒေများ အသစ်ရေးဆွဲရာတွင်၎င်း
လွှတ်တော်ဆိုင်ရာဆုံးဖြတ်ချက်များ အတည်ပြုရာတွင်၎င်း သဲသဲလှုပ်ကန့်
ကွက်နေသော စစ်ဖက်ကိုယ်စားလည်များကို လက်ရှိကာလတွင် တွေ့မြင်
နေရပေရာ ပုဒ်မ ၄၃၆ နှင့်ငြိသည့်ပုဒ်မများဆိုလျင် ပြောဘွယ်ရာမရှိဟု ဆိုရ
ပေမည်။ ဤကား ဥပဒေပြုရေးဒေါက်တိုင်တွင် မြန်မာစစ်ဖက်၏ နက်နက်နဲနဲ
ပါဝင်ပတ်သက်မှုဟုဆိုရမည်။
တရာစီရင်ရေး
တိုင်းပြည်၏နောက်ဒေါက်တိုင်တခုမှာ တရားစီရင်ရေးဖြစ်သည်။ တရားသူကြီးချုပ်ခန့်အပ်ခြင်းမှာ သမတကတာဝန်ယူခန့်ပြီး လွှတ်တော်က
အတည်ပြုရသည်ဖြစ်သည်။ သို့သော် ပြည်ထောင်စုတရားသူကြီးချုပ်နှင့်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများသည် ၂၀၀၈ အခြေခံ
ဥပဒေ အခန်း၆ ပုဒ်မ ၃၀၃ အရ အသက် ၇၀ ထိတာဝန်ထမ်းဆောင်ခွင့်ရှိ
သည်။ ၎င်းတို့အနေနှင့် မိမိဖါသာနှုတ်ထွက်ခြင်း ကျန်းမာရေးချို့ယွင်းခြင်း
ကွယ်လွန်ခြင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နှင့်အညီ စွပ်စွဲပစ်
တင်ခံရပြီးရာထူးမှရပ်စဲခံရခြင်း စသည့် အကြောင်းအချက် ၄ ခုရှိမှသာ
အသက် ၇၀ မတိုင်မှီ အစားထိုးခန့်အပ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိအရပ်သားအစိုးရသည် ယခင် ဦးသိန်းစိန်အစိုးရ
ရွေးချယ်ထားခဲ့သည့် တရာသူကြီးချုပ်နှင့် တရားသူကြီးများနှင့်ဆက်လက်
အလုပ်လုပ်ရမည်ဖြစ်သည်။ လဘ်ပေးလဘ်ယူမှုများသည်ဟု အများပြည်သူ
က ထင်မြင်ယူဆခြင်းခံထားရသော တရားရေးမဏ္ဏိုင်နှင့်ပတ်သက်၍ အစိုးရ
သစ်သည် အစိုးရသစ် မည်သို့ရင်ဆိုင်သွားမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်
ဖြစ်ပေသည်။ မည်သို့ဆိုစေ တိုင်းပြည်၏ဒေါက်တိုင်တခုဖြစ်သော တရားစီ
ရင်ရေးသည် ယခင်အစိုးရဟောင်းလက်ထက်မှ ဖွဲ့စည်းထားသော ဗိုလ်ချုပ်
ဟောင်းတရားသူကြီးချုပ်တာဝန်ယူသည့် တရားစီရင်ရေးဒေါက်တိုင်အဖြစ်
ဆက်လက်ရှိနေပေဦးမည်။
စတုတ္ထဒေါက်တိုင်
တိုင်းပြည်၏စတုတ္ထဒေါက်တိုင်ဟု ခေါ်ဆိုလေ့ရှိသော သတင်းမီဒီယာ
နယ်ပယ်တွင်လည်း မြန်မာစစ်ဖက်မှ ရုပ်မြင်သံကြား အသံလွှင့်ဌာန သတင်း
ဂျာနယ်မကျန် ထုတ်လုပ်နေသည်ကို တွေ့မြင်နေကြပေသည်။ သို့သော် ဤ
ကဏ္ဏတွင် မြန်မာစစ်ဖက်၏ ပါဝင်ပတ်သက်မှုမှာ လွတ်လပ်စွာယှဉ်ပြိုင်ပါဝင်
မှုဟုဆို၍ ရပေသည်။
နိဂုံး
သို့ဖြစ်ရာ လက်ရှိမြန်မာနိုင်ငံအရွေ့တွင် တိုင်းပြည်၏ ဒေါက်တိုင် ၁ ခု
အဖြစ်သီးခြား မြန်မာစစ်ဖက်က ပါဝင်နေသည့်အပြင် အုပ်ချုပ်ရေး ဥပဒေ
ပြုရေးဒေါက်တိုင် ၂ ခုတွင်လည်း ထဲထဲဝင်ဝင် ပတ်သက်ပါဝင်နေသည်။ ထို့ပြင် တရားစီရင်ရေးဒေါက်တိုင်မှာ ယခင်အဟောင်းကို ဆက်ခံခြင်းဖြစ်
သည်။
ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေအရ လက်ရှိအခြေအနေတွင် တိုင်းပြည်
သည် ဒေါက်တိုင် ၅ ခုအပေါ်တွင်တည်ရှိနေသည်ကား တိုင်းပြည်၏ အခြေ
အနေမှန်ဟုဆိုရပါမည်။ နိုင်ငံရေးခေါင်းဆောင်များသည် ပကတိမျက်မှောက်
အခြေအနေများပေါ်မှ ပေါ်လစီခြေလှမ်းများကို ချလေ့ရှိသည်ဟုဆိုပါသည်။
လူထုသည်လည်း ပကတိအခြေအနေမှန်ကို မျက်ခြေပြုရန် လိုအပ်ပေသည်။
အခြားဒီမိုကရေစီတိုင်းပြည်များနှင့်ကွဲပြားစွာ မြန်မာစစ်ဖက်က ဒေါက်တိုင်
တခုအဖြစ် ထင်ထင်ရှားရှား ရပ်တည်နေသည်ကို မလွဲမရှောင်သာ အသိမှတ်
ပြုကြရမည်ဖြစ်ပေတော့သည်။
ထို့ကြောင့်လည်း NLD ၏ အမျိုးသားရင်ကြားစေ့ကြားရေးနှင့် ရှေ့ခြေ
လှမ်းများသည် မြန်မာစစ်ဖက်အား စည်းရုံးနိုင်ရေးအပေါ် ဇောင်းပေး အခြေ
ပြုပါက အံ့သြဘွယ်ရှိမည်မထင်ပေ။ ဤသည်ကား မြန်မာ့နိုင်ငံရေး၏
လက်ရှိ လက်တွေ့ မျက်တွေ့ဖြစ်သည်။ အမှားအမှန်ကား ပြသနာတခုဖြစ်
သည်။ ငြင်းပယ်မရသည်က လက်တွေ့ အခြေအနေနှင့် အဖြစ်အပျက်များ
ဖြစ်သည်။ ရွေးချယ်ကြသည်ကတော့ လွတ်လပ်ခွင့်ဖြစ်သည်။ လူမှုတော်
လှန်ရေးတရပ်သည် ဂဏန်းသင်္ချာတွက်သကဲ့သို့ သေသေသပ်သပ် စနစ်တကျ
ဖြစ်သည်တော့ မရှိခဲ့။ အမြဲတစေ ဝရုန်းသုန်းကား ချီတက်လေ့ရှိသည်။
ထို့ကြောင့်လည်း
နိုင်ငံအရေး ပေါက်နှင့်ကျေး
တိမ်တောင်သဖွယ် မင်းရေးကျယ် ဟု ဆိုကြသည်မဟုတ်ပါလော။
မည်သို့ဆိုစေ မြန်မာစစ်ဖက်က မြန်မာနိုင်ငံရေးတွင် နေရာတနေရာရယူ၍ ပန်းပန်နေဆဲဖြစ်သည်ဆိုသည်ကတော့မျက်ကွယ်ပြု၍ ရနိုင်မည် မဟုတ်ပေ။
Mg Mg Soe

Read more »