Sunday, April 10, 2016

မစ်ဆုံပြသနာ ( အကျဉ်း)


၁။ မြစ်ရေအားစီမံကိန်းဟာ ၂၀၀၆ ခုနှစ်က နအဖ စစ်ဗိုလ်ချုပ်ကြီး
များနဲ့ တရုတ်ကုမ္မဏီ CPI တို့သဘောတူစတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၎င်း သက်တမ်းကုန်သည်အထိ ရပ်ဆိုင်း
ခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများအနေနှင့် ကိုယ်လုပ်သည့်ကိစ္စကို ပြီးပြတ်အောင်တာဝန်ယူမသွားသည့်ကိစ္စဖြစ်သည်။
၂။ ဤမြစ်ဆုံစီမံကိန်းသည် NLD အစိုးရသစ်၌ တာဝန်မရှိသည်ကို တရုတ်
တို့သိထားသည်အလျောက် ၎င်းကိစ္စနှင့်ပတ်သက်၍ တရုတ်တို့ NLD အစိုးရ
အား ဖိအားပေးနိုင်မည်မထင်ပါ။
၃။ ၎င်းမြစ်ဆုံစီမံကိန်းစာချုပ်တွင် တရုတ်အတွက် အားနဲချက် ဟာကွက်များ
ရှိပုံရသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် တချက်မှာ သမတဟောင်း
ဦးသိန်းစိန် သူ့သမတကာလတွင် ရပ်တန့်ရန်ပြောကြားသည်ကို တရုတ်တို့
မဟန့်တားနိုင် လိုက်နာခဲ့ရ၍ဖြစ်သည်။ နောက်တချက်မှ ၂၀၁၄/၂၀၁၅ အတွင်း မြစ်ဆုံအတွက် လျော်ကြေးတောင်းမည် တရားစွဲမည်ဟု တရုတ် CPI ကသတင်းစာရှင်းပွဲတခုတွင်ပြောဆိုလာရာ ထိုစဉ် သမတရုံးညွှန်မှူး ဦးဇော်
ဌေးက နိုင်ငံတကာတရားနည်းလမ်းများနှင့်ရင်ဆိုင်သွားမည်ဟု ဆိုပြီးနောက်
တရုတ် CPI ကုမ္မဏီ အသံတိတ်သွားပါသည်။ ထို့ကြောင့် မြစ်ဆုံစီမံကိန်းစာ
ချုပ်တွင် တရုတ်တို့အတွက် ဟာကွက်ဖြစ်စေသည့် အချက်များ ပါပုံရသည်ဟု
တွက်ဆရပါသည်။
၎။ ၂၀၁၄/၂၀၁၅ အတွင်း CPI အရာရှိတစ်ဦး၏ အင်တာဗျူးတခုတွင် မြစ်ဆုံ
ဆည်အတွက် ကုန်ကျစားရိတ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့်ရှိပြီဟုဆို
ပါသည်။ ၂၀၁၅ အောက်တိုဘာ ၁၇ ရက် နံနက် တရုတ်ပြည် ယူနန်ပြည်နယ်
CPI YN China Power Investment Yunan ရုံး၌ မြန်မာသတင်းသမား
အချို့ နှင့်တွေ့ဆုံရာတွင် CPI YN ဒုဥက္ကဌ Cao Junhua က ၎င်းတို့ အနေနှင့်
မြစ်ဆုံစီမံကိန်းတွင် ကုန်ကျခဲ့မှာ တရုတ်ငွေ 7.2 ဘီလီယံ RMB ရှိပြီဟုဆို
ပါသည်။ ( အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ခန့်).
၅။ အဆိုပါကုန်ကျစားရိတ်တွင် ချီဗွေမြို့အနီး မေခမြစ်အတွင်းစီဝင်သည့်
ချီဗွေချောင်းပေါ်တွင်တည်ဆောက်သည့် ရေအား လျှပ်စစ်ငယ်တခု ( ၂၀၁၃
စက်တင်ဘာအတွင်းပြီးစီး) မြစ်ဆုံ ရေမြုပ်ဧရိယာတွင်ရှိသည့် ကျေးရွာ
များအား လျော်ကြေး နှင့် ကျန်သည်များမှာ တိုင်းထွာလေ့လာရေးစားရိတ်များ
သာဖြစ်သည်။အခြားအခိုင်အမာဆောက်လုပ်ထားသည်မရှိပါ။
သို့ဖြစ်ရာ CPI ကုန်ကျသည်ဆိုသည်များမှာ သူတို့၏အပြောသာဖြစ်ပြီး မြန်မာဖက်မှစီစစ်ရန်လိုပါသေးသည်။
၆။ မြစ်ဆုံစီမံကိန်းပြန်စရေးနှင့်ပတ်သက်ပြီး၎င်း ပြန်မစဖြစ်ပါက ပေးရ
မည့်လျော်ကြေးငွေနှင့်ပတ်၍၎င်း အမေရိကန်အခြေစိုက် Stimson
သုတေသနဌာန တရုတ်နိုင်ငံခြားဆက်ဆံရေးသုတေသီ Ms Yun Sun ၏
VOA သတင်းဌာနအားဖြေကြားချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
Ms. Yun Sun ။ ။ တရုတ်ဟာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ စိတ်ဝင်စားတာ သေချာပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတော်ကြာအတွင်းက တရုတ်သံအမတ်ကြီး ပြောတာကိုကြည့်မယ်ဆိုရင် သတိထားပြီး သုံးနှုန်းသွားတာကို တွေ့ရပါတယ်။ Proper resolution ကောင်းမွန်တဲ့ ပြေလည်မှု လိုချင်တယ်လို့ ဆိုပါတယ်။ ဒီ စီမံကိန်းကို ပြန်စမယ်။ NLD အစိုးရက ပူးပေါင်းဆောင်ရွက်မယ်လို့တော့ မဆိုလိုပါဘူး။ မြန်မာအကြောင်း နုားလည်တဲ့ တရုတ်မူဝါဒ ချမှတ်သူတွေကတော့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ သိပ်မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ကြပါတယ်။ ဆိုတော့ မြန်မာတွေ ဒီလောက် ခါးသီးနေတာကို တရုတ်က ဘာကြောင့်တွန်းနေရသလဲလို့ မေးစရာရှိပါတယ်။ NLD အစိုးရသစ် တက်လာလို့ ဒါကို စူးစမ်းတဲ့သဘော ဖြစ်ပါလိမ့်မယ်။ မဖြစ်နိုင်ဘူးဆိုရင်လဲ တရုတ်တို့ဘက်က လက်ခံဖို့ အဆင်သင့်ပဲလို့ ထင်ပါတယ်။
Ms Yun Sun ။ ။ ကျမကတော့ ပေးရမယ်လို့ ထင်ပါတယ်။ ၂၀၁၅ မှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဦးသိန်းစိန်အစိုးရတို့ သဘောတူညီခဲ့တာ ရှိပါတယ်။ စီမံကိန်းကို ဖျက်သိမ်းမယ်ဆိုရင် အနည်းဆုံး သုံးပြီးသားကုန်ကျစရိတ်တွေကို ပြန်လျော်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတော့ တရုတ်ဘက်က ကုန်ကျသမျှ ပြန်ရမယ်ဆိုတာ စိတ်ချပြီးသာပါ။ ဘယ်လောက် သုံးထားပြီလဲဆိုတာတော့ အတိအကျ မသိပါဘူး။ တော်တော်တော့များပါတယ်။ ဒီအတွက် တရုတ် CPI ကုမ္ပဏီဟာ ဘဏ်တွေ တခြားအဖွဲ့အစည်းတွေဆီက ငွေသားနဲ့ယူတာ၊ စိတ်ယန္တရားတွေ ယူတာကိုတော့ ငွေသားနဲ့ အမေရိကန်ဒေါ်လာနဲ့ ပြန်ပေးရလိမ့်မယ်လို့ ထင်ပါတယ်။ မြစ်ဆုံတမံအတွက် သက်သက်ကုန်ကျတာကိုတော့ တခြားစီမံကိန်းတွေထဲ ပြောင်းထည့်နိုင်ပါတယ်။
၇။ မြစ်ဆုံကိစ္စသည် NLD အစိုးရအတွက် အကြပ်အတည်းမဟုတ်ပါ။တရုတ်
တို့အတွက်သာ အကြပ်အတည်းဖြစ်သည်။ ၂၀၀၆ မှစ၍ စစ်ဗိုလ်ချုပ်ကြီးများ
နှင့် လုပ်ခဲ့သော၎င်းစီမံကိန်းကို တရုတ်တို့အနေနှင့် ထိုစစ်ဗိုလ်ချုပ်ကြီးများနှင့်
အပြီးမသတ်နိုင်သည်မှာပင် တရုတ်တို့၏ အားနဲချက်ဖြစ်ပါသည်။
၈။ မြစ်ဆုံသည် NLD အစိုးရသစ်အတွက် ပြသနာကြီးမဟုတ်ပါ။ တရုတ်တို့
အတွက်သာ ခက်ခဲနေသောပြသနာကြီးဖြစ်ပါသည်။
မှတ်ချက်။ ။ သင်္ကြန်အပြီးနောက်ပိုင်းတွင် မြစ်ဆုံ နှင့်တရုတ်မြန်မာဆက်ဆံ
ရေးအခြေအနေ သုံးသပ်ချက် အပြည့်အစုံရေးသားဖေါ်ပြပါမည်။
Mg Mg Soe