Wednesday, November 30, 2016

UNFC အနေနဲ့ အင်အားကို ပြန်စုစည်းသင့်


၁။ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သင့်
အခု NLD အစိုးရနဲ့ မြန်မာလက်နက်ကိုင်တို့ ပူးပေါင်းသွားကြတယ်။ လွှတ်တော်မှာလည်းပဲ အထူးအဆိုအနေနဲ့ တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ လွှတ်တော်က လက်ခံလိုက်ပါတယ်။ ဒါဟာ စစ်ရေးအရမဟုတ်တော့ဘူး၊ နိုင်ငံရေးအရလည်း မြောက်ပိုင်းမဟာမိတ်တွေကို ဖိအားပေးနေခြင်းဖြစ်တယ်။ ဒါကို သိရှိရင် UNFC အနေနဲ့ စစ်ရေးအရနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမှာ ဖြစ်တယ်။ အဖွဲ့ငယ်များ၊ အဖွဲ့ကြီးများဆိုပြီး မခွဲခြားပေမဲ့ အဖွဲ့အစည်းအားလုံးဟာ မြောက်ပိုင်းမှာ ဖြစ်ပျက်နေတာကို တာဝန်ခံသင့်ပါတယ်။ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ကို အထီးကျန်ဆန်စွာနဲ့ ပစ်ထားလို့ မရပါ။ MNDAA, AA, TNLA တို့လည်းပဲ UNFC ကနေ နုတ်ထွက်ဖို့ တင်ခဲ့တဲ့ လျှောက်လွှာကို ပြန်ရုပ်သိမ်းသင့်ပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့နဲ့အတူ KIA လည်း ဝင်တိုက်ခဲ့ပါပြီ။ အဲ့လိုပဲ AA နဲ့ ANC ဟာ မဖြစ်မနေ ပူးပေါင်းရမှာ ဖြစ်ပြီး UNFC မှာ FUA အနေဖြင့် ရပ်တည်သင့်ပါတယ်။ တကယ်လို့ ပေါ်လစီပိုင်းအရ ပြုပြင်ပြောင်းလဲလိုက်လို့ UWSP က ဝင်လာဖို့ရှိရင် ညှိရမှာပဲ။ WNO နဲ့ ပေါင်းလိုက်ရုံပဲ။
၂။ ထိုးစစ်မရပ်ပါက နိုင်ငံရေးဆွေးနွေးပွဲကို ရပ်ဆိုင်းသင့်
NCCT လက်ထက်တုန်းက မြန်မာလက်နက်ကိုင်များက ထိုးစစ်ဆင်တိုင်း NCA ဆွေးနွေးမှုကို ရပ်တန့်ခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဒီတစ်ခါ မြန်မာလက်နက်ကိုင်များက တကယ်လို့ ထိုးစစ်ကို မရပ်တန့်ရင် DPN အနေနဲ့ NPRC နဲ့ ဆွေးနွေးနေခြင်းကို ယာယီဆိုင်းငံ့ထားသင့်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေကို စစ်ရေးအရ မကူညီနိုင်ခဲ့ရင် မြန်မာလွှတ်တော်က နိုင်ငံရေးအရ မြန်မာလက်နက်ကိုင်များကို အကူအညီပေးနေသလို DPN ကလည်း မြောက်ပိုင်းမဟာမိတ်တွေကို နိုင်ငံရေးအရ အထောက်အကူ ပေးသင့်ပါတယ်။ တပ်ပေါင်းစုအနေနဲ့ ဘုံရပ်တည်ချက်တစ်ခုခု ရှိကိုရှိရပါ့မယ်။ စစ်ရေးမှာ အကြပ်အတည်း ဖြစ်နေလို့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အချိန်မပေးနိုင်သေးကြောင်း၊ မိမိတို့အရေးကို လွှတ်တော်မှာ ဆွေးနွေးနေဆဲဖြစ်တာမို့လို့ လွှတ်တော်ရဲ့ သဘောထားကို အခြေခံပြီးမှ တစ်စုံတစ်ရာကို အကြောင်းပြန်မှာ ဖြစ်ကြောင်း NRPC ကို အကြောင်းကြားသင့်ပါတယ်။
၃။ ပြည်တွင်းမှာ မဆွေးနွေးသင့်တော့
DPN အနေနဲ့ UNFC ကို ဦးထိပ်ထားပြီး နိုင်ငံရေးမူဘောင်ကို ပြန်လည်ညှိနှိုင်းနေရတာ ဖြစ်တယ်။ ဒီညှိနှိုင်းမှုကို ဇင်းမယ်မှာပဲ လုပ်သင့်ပါတယ်။ နောက်ပြီး UPDJC ကနေ ပြည်ထောင်စုညီလာခံကို ကျင်းပရတာ ဖြစ်လို့ NLD အစိုးရက လုပ်ပေးသလို မဖြစ်စေသင့်တော့ပါဘူး။ စာတမ်းဖတ်ကြားတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ကို ဗမာတွေ ပြက်ရယ်ပြုခဲ့ကြတယ်။ ဒီအဖြစ်မျိုးကို နောက် လက်သင့်ခံလို့ မရတော့ပါဘူး။ ဒါကြောင့် ကမ္ဘောဒီယားမှာပဲ ဖြစ်ဖြစ်၊ လာအိုနိုင်ငံမှာပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ကြားခံနိုင်ငံရှိရသလို ကြားခံပုဂ္ဂိုလ်လည်း ထားရှိသင့်ပါတယ်။ အခု UNFC နဲ့ မြန်မာလက်နက်ကိုင်များကြား ဆက်ဆံရေးနွေးထွေးမှု သိပ်မရှိတော့လို့ ပြည်တွင်းဝင်ဖို့အတွက် လုံခြုံရေးအရ သိပ်ပြီးတော့ Favor မဖြစ်တော့ပါ။
၄။ အင်အားကို ပြန်စုစည်းလိုက်ပါ
အခု မူတူတို့က ပြည်တွင်းဝင်တော့ ညိုအုန်းမြင့်တို့၊ ရဲမိုးတို့ သွားကန်တော့ကြတယ်။ အမှန်မှာ CNF နဲ့ PNLO တို့ NCA လက်မှတ်ထိုးဖြစ်အောင် အဓိကပံ့ပိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီပုဂ္ဂိုလ်တွေ ပါဝင်တယ်။ KNU, CNF, ALP, PNLO တို့ ဘာကြောင့် UNFC ကနေ ထွက်သွားကြသလဲ ပြန်စိစစ်ကြပါ။ KNU က ဘာပြောခဲ့လဲဆိုတော့ UNFC ရဲ့ ဖက်ဒရယ်မူဟာ ကရင်အမျိုးသားတို့ရဲ့ Sovereignty ကို ထိခိုက်စေတယ်ဆိုလို့ နုတ်ထွက်ခဲ့တာပါ။ အခု UPDJC မှာ ပါဝင်ပြီး မြန်မာလက်နက်ကိုင်တွေကို ခစားနေရတဲ့အခြေအနေ ဖြစ်တယ်။ ဒါကို သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ မူတူစေးဖိုးတို့ရဲ့ ဒုက္ခနဲ့ စာရင် မြောက်ပိုင်းမှာ စစ်တိုက်နေရခြင်းက ဂုဏ်သိက္ခာရှိပါသေးတယ်။ အခု ဖြစ်နိုင်ရင် CNF, PNLO စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း အဆက်အသွယ် မပြတ်သင့်ပါ။ အင်အားကို ပြန်စုစည်းပါ။ တိုင်းရင်းသားအချင်းချင်းညီညွတ်ဖို့အရေးမှာ ဘယ်တော့မှ ဇွဲမလျှော့ကြပါနဲ့။
LikeShow more reactions
Comment

Read more »

နိုင်ငံရေးသမားတွေ ဣန္ဒြေရကြပါ

U Ravika



၁။ NLD အစိုးရတက်လာပြီးတဲ့နောက် ကချင်ကို တိုက်စစ်ဆင်ခဲ့တာ တိုက်ပွဲပေါင်း(၅၀၀)ကျော်၊ (၆၀၀)နီးပါး ရှိတယ်။ ပြောချင်တာက ရာခိုင်နှုန်းနဲ့တွက်ရင် တစ်နေ့ကို (၂)ပွဲလောက် တိုက်နေတဲ့ သဘောပါ။
၂။ ဒီမှာ ပြဿနာ (၂)ရပ် ပေါ်ပေါက်လာတယ်။ ပထမပြဿနာက ရခိုင်ပြည်မှာ ဘင်္ဂါလီတွေက စစ်တပ်နဲ့ ရဲစခန်းတွေကို ဝင်တိုက်တယ်။ ဒုတိယပြဿနာက မြောက်ပိုင်းမဟာမိတ်တွေက မြန်မာလက်နက်ကိုင်ထိုးစစ်ကို တုံ့ပြန်ဖို့ ရှမ်းမြောက်ဒေသမှာ ကန့်သတ်နဲ့ပြောက်ကြားပူးပေါင်းစစ်ဆင်နွှဲတယ်။
၃။ ဒေါ်စုက ရခိုင်အရေးမှာ ဥပဒေအရ အရေးယူဖို့ ညွန်ကြားပြီး မြောက်ပိုင်းမဟာမိတ်အရေးမှာ စစ်ရေးအရ ချက်ချင်းဆောင်ရွက်ဖို့ ကျေညာခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ရော UPDJC ဥက္ကဋ္ဌအနေနဲ့ပါ မြန်မာလက်နက်ကိုင်တွေကို လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပြီဖြစ်တယ်။
၄။ ဒီမှာတင် ဒီမိုလော်ဘီတွေက အဆိုပါပြဿနာ(၂)ရပ်ဟာ NLD အစိုးရကို အကြပ်ရိုက်အောင် ဖန်တီးလိုက်တဲ့ ပြဿနာလို့ ကင်းပွန်းတပ်ပြီး စစ်တပ်လော်ဘီ (၁၃)ပါတီတို့က NLD အစိုးရဟာ နိုင်ငံတော်ကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်စွမ်း မရှိတော့လို့ သမ္မတအနေနဲ့ ကာလုံအစည်းအဝေးကို ခေါ်ယူသင့်ပြီဖြစ်ကြောင်း ကျေညာချက်ထုတ်ပြန်ခဲ့ကြတယ်။
အထက်ဖော်ပြပါဖြစ်စဉ်(၄)ခုကို ပြန်သုံးသပ်ခဲ့ရာမှာ-
၁။ ပထမအချက်အရ တိုက်ပွဲတွေ တစ်ရက်မှာ (၂)ပွဲလောက် တိုက်နေရတုန်းက မြောက်ပိုင်းမဟာမိတ်တွေက အော်ခဲ့ကြတုန်း ဒီမိုလော်ဘီတွေက ဒါဟာ NLD အစိုးရနဲ့ မဆိုင်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ကြတယ်။ စစ်တပ်လော်ဘီတွေက စစ်တပ်ဟာ နယ်မြေလုံခြုံရေးယူနေခြင်းမျှသာ ဖြစ်တယ်လို့ ဆင်ခြေပေးကြပါတယ်။
၂။ ရခိုင်ပြည်နဲ့ ရှမ်းပြည်မှာ ပြဿနာတက်တော့ ဒါဟာ စစ်တပ်နဲ့ ရဲတို့ရဲ့ ပြဿနာလို့ မမြင်ကြတော့ဘဲ ဒါဟာ NLD အစိုးရရဲ့ ပြဿနာလို့ပဲ မြင်ကုန်တော့တယ်။
၃။ ဒီနေရာမှာတင် ဒီမိုလော်ဘီတွေက ဒီအရေးကို ကိုင်တွယ်ဖို့ မြန်မာလက်နက်ကိုင်များကို ထောက်ခံမှာ ဖြစ်ကြောင်း ရေးသားကြသလို စစ်လော်ဘီတွေကလည်း ဒေါ်စုအနေနဲ့ တိုက်ဖို့ အမိန့်ပေးတော့ပါလားလို့ သခွပ်ပင်က မီးတကျည်ကျည် လုပ်နေခဲ့ပါတယ်။
၄။ အမှန်မှာ ကာကွယ်ရေးဝန်ကြီးဆိုတာ မြန်မာလက်နက်ကိုင်တပ်က စစ်သား ဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဆိုသူကလည်း စစ်သားပါပဲ။ နယ်လုံဝန်ကြီးဆိုသူကလည်း မအလကိုယ်တိုင် ခန့်အပ်ခဲ့သူပါပဲ။ ဖွဲ့စည်းပုံအရ NLD အစိုးရအနေနဲ့ ဒီဝန်ကြီး(၃)ကောင်ကို ခန့်အပ်လို့ မရဘူး။ အစိုးရအဖွဲ့မှာ ပါနေတဲ့ ဒီပုဂ္ဂိုလ်တွေဟာ အစိုးရကို သစ္စာမခံဘဲ မြန်မာလက်နက်ကိုင်ချုပ် မအလကိုပဲ သစ္စာခံကြရတာ ဖြစ်တယ်။ အမှန်မှာ မအလဟာ ဒီဝန်ကြီး(၃)ကောင်ကနေ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေသူ ဖြစ်တယ်။ ကာချုပ်မအလဟာ မြောက်ပိုင်းမဟာမိတ်တွေကို ၂၀၁၁ ခုနှစ်က စပြီး ဒီကနေ့အထိ တိုက်ခိုက်နေခဲ့ပါတယ်။ ဘယ်လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူဖူးပါသလဲ။ ဘယ်အစိုးရရဲ့ ခွင့်ပြုချက်ကို ရယူဖူးပါသလဲ။ NLD အစိုးရကပဲ တိုက်ပါလို့ ကျေညာခဲ့တာ ရှိတယ်။ သိန်းစိန်အစိုးရထက် စစ်တပ်ကို ပိုရက်ရောတဲ့ အစိုးရပါ။ ဒီလိုအနေအထားမျိုးမှာ ဘာကြောင့် ကာလုံကို ခေါ်ဖို့ လိုအပ်ပါသေးသလဲ။ ကာလုံကို အာဏာလွှဲခဲ့ရင် ဘယ်သူက လုပ်ရမှာလဲ။ မအလနဲ့ ဒီဝန်ကြီးဌာန(၃)ခုပဲမလား။
၅။ နိုင်ငံရေးသမားတွေ အဆင့်မရှိတဲ့အခါ စစ်တပ်က ခေါင်းပေါ်ရောက်နေမှာပဲ။ ဦးနုအစိုးရလက်ထက်ကလည်း ဦးနုက နေဝင်းဖင်ကို လျက်ခဲ့တယ်။ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ကလည်း နေဝင်းခြေထောက်ကို ဖက်ခဲ့ကြတယ်။ ဒီလိုအဆင့်မရှိလို့ နေဝင်းက ကမ်းတက်ခဲ့တာ ဘာအထူးအဆန်းလဲ။ အခုလည်း ဒေါ်စုကလည်း မအလကို လျက်၊ ဦးသိန်းညွန့် ဦးသုဝေတို့ကလည်း မအလခြေထောက်ကို ဖက်ပြနေကြတယ်။ ဒါတွေ မလိုအပ်ဘူး။ နိုင်ငံရေးမှာ ကဗျာဆန်ဆန် ကပြလို့ မရဘူး။ နိုင်ငံရေးသမားလုပ်ရင် အဆင့်ရှိကြပါ။ ဣန္ဒြေ ရကြပါ။ မကဲပါနဲ့၊ မဗျာကြပါနဲ့။ လောလောဆယ် ဒါပဲ ပြောချင်တယ်။

Read more »

Tuesday, November 29, 2016

Two police officers were caught by the Northern Alliance

၂၀၁၆၊ ၁၁၊ ၂၈ ရက်​ည​နေ ၄ နာရီချိန်​တွင်​ ကွတ်​ခိုင်​နဲ့ နမ်​့ဖတ်​ကာကြား နမ်​့ဖလွန်​ရွာနားတွင်​ နမ်​့ဖတ်​ကာ​ကျေးရွာ ရဲစခန်​းမှ ဒုရဲအုပ်​တစ်​ဦးနဲ့ တပ်​ကြပ်​ကြီး တစ်​ဦးတို့ကို ​မြောက်​ပိုင်​းမဟာမိတ်​တပ်​မှ အရှင်​ဖမ်​းမိထားတယ်​လို့ သတင်​းရရှိပါသည်​။ အာ့​ကြောင်​ သက်​ဆိုင်​ရဲမိသားစုမှ အလွန်​းအမင်း​ စိုးရိမ်​​နေမည်​မှာ အ​သေအချာပင်​ဖြစ်​သည်​။ တိုင်​းရင်​းသား မဟာမိတ်​များသည်​ မြန်​မာ့တပ်​မ​တော်​လို စည်​းမဲ့ကမ်​းမဲ့ အကြမ်​းဖက်​ သတ်​ဖြတ်​​ အ​လောင်​းမီးရှို့ဖျောက်​ဖျက်​ ပြုမူကျင်​့ကြံ တတ်​သည်​မဟုတ်​။ ထို့​ကြောင်​့ စိုးရိမ်​စရာ မလို မကြာခင်​တွင်​ ပြန်​လည်​လွှတ်​​မြောက်​လာမည်​မှာ မလွဲ​ပေ။
On November 28, 2016, two police officers were caught by the Northern Alliance on the road Kutkai to Nampaka, near Namphalun. The families of those officers could be so woried now. But according to the local native civillians' experiences, those officers will be released very soon by the Alliance, not like the Myanma Tatmataw who used to kill all the captives brutally.

by sinli uma

Read more »

ကချင်သီချင်း ကို တအောန်းစာသားဖြင့်ပြန်ဆို (dumtim ndumai zawn)

28/11/2016--- May God bless our country...
# အနုပညာကိုခံစားတတ်သူတိုင်း ငြီမ်းချမ်းပျော်ရွှင်တဲ့
ဘဝကိုတည်ဆောက်ချင်ကြမှာပါ
Ps/ ကချင်သီချင်း ကို တအောန်းစာသားဖြင့်ပြန်ဆို
# ( Mu Ze / 10-6-2016 )...

Read more »

Monday, November 28, 2016

M.A.A. မှာ ဗဟိုကော်မတီသစ်ကို တင်မြှောက်ခြင်း


Mon American Association (M.A.A.) က ဒီကနေ့ Mountain Times စံတော်ချိန်အရ ညနေ (၆)နာရီက စပြီး ညနေ (၁၀)နာရီအထိ ဗဟိုကော်မတီအသစ်ကို တင်မြှောက်လိုက်ကြတယ်။ ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီဝင်(၆)နေရာအတွက် ဒေသအသီးသီးက ကိုယ်စားလှယ်(၂၅)ဦးက ဝင်ရောက်အရွေးခံကြပါတယ်။
M.A.A. မှာ အမေရိကန်ပြည်ထောင်စုလုံးဆိုင်ရာမွန်သံဃာ့အဖွဲ့ချုပ်လည်း ပါဝင်နေလို့ သံဃာတော်အရှင်သူမြတ်နှစ်ပါးလည်း MSOA ကိုယ်စားလှယ်အဖြစ် ပါဝင်ရပါတယ်။ သံဃာတော်များ ဖြစ်လို့ ရွေးကောက်ပွဲကို မဝင်ချင်ပေမဲ့ စာရင်းထဲ ပါသွားခဲ့ပါတယ်။ အစဉ်အတိုင်း မဲအများဆုံး ရရှိတဲ့ ကိုယ်စားလှယ်များ(၆)ဦးမှာ-
၁။ ဘဒန္တရာဝိက (Denver CO)
၂။ ဒေါက်တာဂျရိုင်မွန် (Phoenix AZ)
၃။ နိုင်ကုရတ် (Salt Lake City UT)
၎။ ဘဒန္တပညာသာမိ (Akron OH)
၅။ နိုင်စက္ကရတ် (Buffalo NY)
၆။ နိုင်ထွန်းနိုင် (Buffalo NY)
တို့ ဖြစ်ပေမဲ့ ဒီထဲမှာ
၁။ နိုင်ထွန်းနိုင် (Buffalo NY) က ဥက္ကဋ္ဌ
၂။ နိုင်ကုရတ် (Salt Lake City UT)က အထွေထွေအတွင်းရေးမှူး
များအဖြစ်သာ တာဝန်ထမ်းဆောင်ကြပါတယ်။ မိမိအပါအဝင် ကျန်တဲ့ ပုဂ္ဂိုလ်(၄)ဦးက အကြောင်းကြောင်းကြောင့် တာဝန်ကို မထမ်းဆောင်နိုင်လို့ အဆိုပါပုဂ္ဂိုလ်(၄)ဦးအစား
၁။ နဲာချမ်းမွန်ခန်လွာ (TX) က ဒုဥက္ကဋ္ဌ
၂။ နဲာအောင်ဂျနဲချမ်း (Des Moines IA) ဒုအထွေထွေအတွင်းရေးမှူး
၃။ မိစိုက်ချမ်း (Ft. Wayne IN) ဘဏ္ဍာရေးမှူး
၎။ နိုင်မွန်ချမ်း (Portland OR) ဒုဘဏ္ဍာရေးမှူးတို့အဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။
ကျန်ဌာနများအတွက် ဌာနမှူးများကို နောက်ဆွေးနွေးပွဲမှာ အသီးသီးရွေးကောက်တင်မြှောက်ကြအုံးမှာ ဖြစ်တယ်။ မွန်အဖွဲ့ဟာ ဒီမိုကရေစီအရမ်းဆန်လွန်းလို့ ဆွေးနွေးချိန်၊ သုံးသပ်ချိန်များဟာ (4) နာရီအထိ ကြာခဲ့ရပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့ ပြည်နယ်ပေါင်းစုံက MAA ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါကြောင်း..။
ကချင်နဲ့ရှမ်းစစ်မြေပြင်ရောက် M.A.A. ကော်မရှင်ဥက္ကဋ္ဌ ဒီသတင်းကို ဖတ်မိပါစေ။

Read more »

Sunday, November 27, 2016

မင်း​အောင်​လိုင်​ရဲ့လုပ်​ရပ်​အားတရုတ်​တုံ့ပြန်

******************************
မင်း​အောင်​လိုင်​ရဲ့လုပ်​ရပ်​​ကြောင့်​တရုတ်​အစိုးရအလွန်​​ဒေါပွ​နေပြီလို့သိရပါတယ်​၊ သည်​အ​တောအတွင်းတရုတ်​ထံမှချည်းထားတဲ့အ​ကြွေးတွေမြန်​မာအစို့ရကအမြန်​မဆပ်​နိုင်​ဘူးဆိုရင်​တရုတ်​ကတီးမခံနိုင်​​တော့ဘူး လို့ကြားရပါတယ်​၊ တရုတ်​ကိုမလိမ့်​တပတ်​​လိမ်​လည်​ခဲ့တဲ့ဗမာအစို့ရရဲ့လုပ်​ရပ်​အားတီးမခံနိုင်​​တော့တဲ့တရုတ်​ဟာသူရဲ့တပ်​အင်​အား (၄၀၀၀) ​လေး​ထောင်​နင့်​ဒုံးတပ်​Tank ကားများမုံးကိုးဒသနင့်​ နယ်​စပ်​တ​လျှောက်ပို့ထား လိုက်​ပါတယ်​၊ မင်း​အောင်​လိုင်​ရဲ့တပ်​မ​တော်​ကိုဆုံး မဖို့ဖြစ်​​ကြောင်းသိရပါတယ်​။ ဥ​ရောပ ခရီးစဉ်​အတွင်းပြခဲ့တဲ့တပ်​မ​တော်​ရဲ့ပြရုပ်​ဟာဘာလဲဆိုတာ​ပေါ်လွင်​ထင်​ရှားလာပါတယ်​။ ​အခုတ​လောကချင်​ပြည်​နယ်​ ၁၀၅ အ​မျောက်​တပ်​ရင်းနင့်​ မပခ တိုင်းချုပ်​ဝင်း​အတွင်း​ရောက်​​နေတဲ့အ​နှောက်​တိုင်း​သားရုရှားစစ်​လက်​နက်​နည်းပြများအကြာင်း​တရုတ်​​ထောက်​လှန်း​ရေးများအနီးကပ်​​စောင့်​ကြည့်​​နေပါ​ကြောင်း​သိရှိရပါ
သည်​။ တပ်​မ​တော်​ရဲ့လုပ်​ရပ်​​ကြောင့်​ ​ဒေါ်စု နိုင်​ငံတ ကာမှာမျက်​နားပြတ်​ရသလို NLD ပါတီလဲရစရာမရှိ​လောက်​​​အောင်​ဝေဖန်​ခံ​နေရပါတယ်​။ စစ်​ဖိနပ်​​အောက်​​ရောက်​​နေတဲ့ NLD အစိုးရအားပြည်​သူများ၏အင်​အား ဖြင့်​သာကယ်​ထုပ်​နိုင်​လိမ့်​မြည်​ဖြစ်​ပါ​ကြောင်းအသိ​ပေးလိုက်​ပါသည်​။

Read more »

ပြည်ထောင်စုလို့ ပြောရင်

 U Ravika's photo.
U Ravika a
ပြည်ထောင်စုလို့ ပြောရင်
ပြည်ထောင်စုလို့ ပြောရင် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ရမယ်။
စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာ နေရာတကာမှာ ဗဟိုအစိုးရက ဝင်စွက်ဖက်နေလို့ မရပါ။
လက်နက်ကိုင်များဆိုရင် ဝေးစွ။
ပြည်နယ်နယ်နိမိတ်ရှိရမယ်။ အဲ့ပြည်နယ်နယ်နမိတ်ထဲမှာ လိုအပ်တဲ့အရည်အချင်းနဲ့ လုံလောက်တဲ့ လူဦးရေရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ပေးရမယ်။ တကယ်လို့ ပြည်နယ်တစ်ခုက ထုထည်ကြီးမားပြီး ပြည်နယ်ငယ်များနဲ့ ဖွဲ့စည်းဖို့ လိုအပ်ရင်လည်း ဖွဲ့စည်းခွင့် ရှိရမှာ ဖြစ်တယ်။
ဗဟိုအစိုးရအာဏာနဲ့ ပြည်နယ်အစိုးရများရဲ့ အာဏာဟာ မျှတနေရမယ်။
ဗဟိုအစိုးရမှာ လုံးဝအာဏာရှိပြီး ပြည်နယ်မှာ လုံးဝနီးပါး အာဏာမရှိတဲ့ အခုလိုမျိုးဖွဲ့စည်းပုံမဟုတ်ဘူး။ ဦးနုခေတ်ကလို ဗဟိုအစိုးရမှာ အာဏာများပြီး ပြည်နယ်မှာ အာဏာသိပ်နည်းနေရင်လည်း ပြည်ထောင်စုမဟုတ်ဘူး။ တကယ်လို့ အဲ့ဗဟိုအစိုးရကို လူမျိုးတစ်မျိုး၊ စစ်တပ်တစ်တပ်က အာဏာသိမ်းထားခဲ့ရင်လည်း ဒါဟာ တပြည်ထောင်စနစ်သာ ဖြစ်တယ်။
မိမိတို့တိုင်းရင်းသားတွေ တောင်းဆိုနေတာဟာ ပြည်နယ်အားလုံးရဲ့ လုံးဝသီးခြားလွတ်လပ်ရေးမဟုတ်ပါ။ ဗဟိုအစိုးရမှာ အာဏာနည်းနည်းပဲ ထားပြီး ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရကို ဗီလိန်လုပ်နိုင်တဲ့ အခွင့်အရေးမျိုးလည်း မဟုတ်ပါ။
၁။ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိချင်တယ်။
၂။ ပြည်နယ်စောင့်တပ် ထားရှိချင်တယ်။
၃။ ဗဟိုအစိုးရမှာ လွှဲအပ်ထားတဲ့ အာဏာမှတစ်ပါး ကြွင်းကျန်တဲ့ အာဏာများကို လွတ်လွတ်လပ်လုပ် ကျင့်သုံးချင်တယ်။
ဒီလောက်ပါပဲ။ ဗဟိုအစိုးရမှာလည်း မျှတတယ်။ ပြည်နယ်အစိုးရတွေမှာလည်း မျှတတယ်။ ဗဟိုအစိုးရက ပြည်နယ်တွေကို ညီတူညီမျှ အာဏာပေးသနားထားတာကို ပြောတာမဟုတ်ဘူး။ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရကြားမှာ မျှတတဲ့ အာဏာခွဲဝေမှု လိုအပ်တယ်လို့ ပြောလိုတာ ဖြစ်တယ်။ ဒါဟာ ဗမာကိုလည်း မနာစေပါဘူး။ အခြားလူမျိုးတွေလည်း မနာပါဘူး။ ဘယ်သူ့ကိုမှ မနစ်နာစေတဲ့ အာဏာခွဲဝေနည်းပါ။ ဒီနည်းကို ဖက်ဒရယ်နည်းလို့ ခေါ်ပါတယ်။
ဒါကြောင့် -
၁။ ဗမာပြည်နယ်ကို ဖွဲ့စည်းပါ။
၂။ ပြည်ထောင်စုအသိုက်အဝန်းမှာ နေပါ။
၃။ သူတစ်ပါးထက် ပိုမယူပါနဲ့။ မျှတတဲ့စိတ်ကို မွေးမြူပါ။
၎။ ပြည်ထောင်စုကနေ မခွဲထွက်ပါနဲ့။ အေးအတူပူအမျှ အတူတကွ နေထိုင်ကြတာပေါ့။
ဒီလောက်ပါပဲ။ မပင်ပန်းပါဘူး။ အချင်းချင်း စစ်ခင်းစရာလည်း အကြောင်းမရှိပါဘူး။ ပဋိပက္ခဖြစ်ပွားစရာလည်း မရှိပါဘူး။ အမုန်းပွားစရာလည်း မရှိတော့ပါဘူး။ ကိုယ့်ပြည်နယ်နဲ့ကိုယ် နှစ်ပရိစ္ဆေဒနှစ်ပေါင်းများစွာ ပြည်ထောင်စုတစ်ခုမှာ အတူနေရင်းနဲ့ တူညီမှုတွေ စုဖွဲ့လာတဲ့အခါကျမှ ဒါဟာ " ပြည်ထောင်စုအမွေအနှစ်" ဖြစ်တယ်လို့ နောင်လာနောင်သားတွေ အလိုအလျောက် လက်ခံလာကြတာကိုပဲ အကောင်အထည်ဖော်သင့်ပါတယ်။

Read more »

Republic of Ethnic Nationalities Union Council

We are fighting for our freedom
They are killing, torturing, burning and raping ethnics people every time everywhere 
We must unite and fight for our freedom from Burmese
For more information see attached file 


Read more »

Mei Song Republic Party a Web-site

De, 

Tsawra hkungga ai Nu ,Wa ji nban ni yawng hpang de,tsawra shawang myit hte shana dat lu ga ai. Ndai Web-site gaw anhte Mei Song Republic Party a Web-site rai nga ai. www.msochina.com , Mei Song Republic Party gaw Myen nlawm ai sha anhte Myu sha bawsang kahpu kanau ni awmdawm ai shanglawt mungdan munghpawm gawde sa mat wa lu na matu hpaw ninghtan dat ai Party kaba langai rai nga ai. Ndai party hpe Jinghpaw, Sam, Kayin, Wa, Kokang, Mon, Kayha, Arakan,Hkang, Naga,Palaung ndai kahpu kanau ni hte pawnghpawm hpaw ninghtan da ai Party rai nga ai. Bai nna htawmhpang de kaga myu sha ni hpe mung grau nna zinlum let bungli galaw mat wa na rai nga ai.   Htawm de hpang de Mei Song Republic Army (shn) party a hpyendap kaba hpe bai hpaw dat ai shaloi rai tim Nu, Wa ji nban ni hpang de bai shana dat na ga ai law. 
Ndai party a lam hpe sung sung li li chyena hkawn hkrang mayu ai Nu, Wa ji nban ni yawng ga san ni nga yang 
Ndai lawu na phone nambat kaw shaga wa mai ai 
Tel: + 66 81386 3024 

Read more »

အသစ်ဖွဲ့စည်းထားတဲ့ကေအိုင်အေတပ်မဟာ ၆ရဲ့ေ နဂိုကိုင်ဆောင်နေကျလက်နက်တွေမဟုတ်တာတွေ့မြင်ရတာပါ။

 တိုင်းရင်းသားဒေသစစ်သတင်းများ's post.





တိုင်းရင်းသားဒေသစစ်သတင်းများ added 6 new photos.
February 9
အသစ်ဖွဲ့စည်းထားတဲ့ကေအိုင်အေတပ်မဟာ ၆ရဲ့ တော်လှန်ရေးနေ့အခမ်းအနားမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့လက်နက်တွေဟာ နဂိုကိုင်ဆောင်နေကျလက်နက်တွေမဟုတ်တာတွေ့မြင်ရတာပါ။

Read more »

အမြဲသတိရှိဖို့ နဲ့ တိုက်ပွဲဝင်ရန်အသင့်ဖြစ်ဖို့ မိန့်ကြားခဲ့ကြောင်းကို UWSA တရားဝင် အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

၂၀၁၆ နိုဝင်ဘာ ၂၅ ရက်နေ့က ဝသပ (UWSP) အမြဲတမ်း ဗဟိုကော်မတီဝင် တစ်ဖြစ်လဲ ဒုကာချုပ် ကျောက်ကျုံးတန်းနှင့် တပ်ဒုချုပ် (VCS) ရန်လွန် (ခ) အိုက်လွန်း တို့နှစ်ဦး "ဝ " ရှေ့တန်း တပ်စခန်းများကို သွားရောက်စစ်ဆေးခဲ့ပြီး ရန်သူ့အခြေအနေ အမြဲသတိရှိဖို့ နဲ့ တိုက်ပွဲဝင်ရန်အသင့်ဖြစ်ဖို့ မိန့်ကြားခဲ့ကြောင်းကို UWSA တရားဝင် အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

Read more »

ရှမ်းမြောက် စစ်မြေပြင်

#eaos_mms75
27/11/2016
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က KIA/MNDAA/TNLA/AA
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်
ပေါင်းစု ကရှမ်းပြည်မြောက်ပိုင်း နေရာတော်တော်များများတွင် စစ်ဆင်ရေး
တရပ်ပြု လုပ်ခဲ့သည်။ ၎င်းတို့ပြု လုပ်သည့် စစ်ဆင်ရေးနယ်မြေတွင် တရုတ်
မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မူစယ်
၁၀၅ နယ်စပ်ကုန်သွယ်ရေးဇုံပါဝင်ပြီး အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်း
လည်း ယာယီပိတ်ဆို့သွားပေရာ ပြည်တွင်းရော ပြည်ပမှပါ အထူးအာရုံစိုက်
မိသွားခဲ့ပေတော့သည်။
တကယ်တော့ အဆိုပါဒေသစစ်မြေပြင်ဖြစ်နေသည်မှာ ယခုမှမဟုတ်ပေ။
ဗမာပြည်လွတ်လပ်ရေး မရှေးမနှောင်းကာလကပင် စစ်မြေပြင်ဖြစ်နေသည့်
ဒေသဖြစ်သည်။ ယေဘူယျအားဖြင့် ထိုဒေသအားပုံဖေါ်ပြရလျင် လားရှိုး
သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် နမ့်ခမ်း ကားလမ်း၏ မြောက်ဖက် အရှေ့ဖက် နှင့် အနောက်ဖက် တောင်ဖက်ခြမ်းဖြစ်သည်။
ဒေသ ၁။ လားရှိုး သိန္နီကားလမ်း သိန္နီ ကွန်လုံ ကားလမ်း နှင့် သံလွင်မြစ် ကြားရှိ မုန်းကျက် မုန်းယော်ဒေသ
ဒေသ ၂။ ကွန်လုံ ဟိုပန် ပန်လုံ ဒေသ
ဒေသ ၃။ ကွန်လုံ မြောက်ဘက် ချင်းရွှေဟော် လောက်ကိုင် ကိုးကန့်ဒေသ ( သံလွင်မြစ်နှင့် တရုတ်မြန်မာနယ်စပ်ကြား )
ဒေသ ၄။ ကွန်းလုံ သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် ကားလမ်းနှင့် မြောက်ဖက်တရုတ်မြန်မာနယ်စပ် အရှေ့ဖက် သံလွင်မြစ်ကြား ( ကြူ ကုတ်
ပန်ဆိုင်း မုန်းပေါ်ဒေသ၊ မုန်းကိုး ဖေါင်းဆိုင်ဒေသ၊ မုန်းယား မုန်းဟောင်
ဒေသ၊ တာမိုးညဲဒေသ၊ မုန်းစီး နားလယ်ဒေသ )
ဒေသ ၅။ မြောက်ဖက် သိန္နီ ကွတ်ခိုင် နန့်ဖတ်ကာ မူဆယ် နမ့်ခမ်းကားလမ်း နှင့် တောင်ဖက် သီပေါ ကျောက်မဲ မိုးမိတ် အနောက်ဖက် ရွှေလီမြစ်ကြား
( နမ့်ဆမ် မန်တုန် ဒေသ ရွှေလီချိုင့်ဝှမ်းဂွင် )
ဟူ၍ လွယ်ကူစွာရှင်းလင်းကြည့်မြင်နိုင်ရန်အတွက် အကြမ်းပြင်း အားဖြင့် ဒေသ ၅ ခုအဖြစ်ပိုင်းခြားကြည့်မြင်နိုင်ပါသည်။
ဒေသအလိုက် တိုင်းရင်းသား လူမျိုးစုဖွဲ့မှု
ရှမ်းမြောက်ဒေသ တခုလုံးတွင် ရှမ်း ကချင် တအန်းပလောင် ကိုးကန့်
တရုတ်နှင့် အခြားတိုင်းရင်းသားအချို့ အပြင် တရုတ်ရွာအချို့လည်းရှိသည်။
ဒေသ ၁ တွင် ရှမ်း ကချင် တအန်းပလောင်နှင့် တရုတ်ရွာများရှိသည်။ လူဦး
ရေမထူးထပ်လှပေ။ ဒေသ ၂ တွင် ဝ လူမျိုးများ နှင့် ရှမ်းရွာရှိသည်။ လက် ဝ
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်ပါသည်။ ဒေသ ၃ တွင် ကိုးကန့်တရုတ်အများ
စုဖြစ်ပြီး တအန်းပလောင်ရွာအချို့ လည်းရှိသည်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်
အုပ်ချု ပ်ရေးဒေသဖြစ်သည်။ ဒေသ ၄ ၌ ရှမ်း ကချင် တအန်းပလောင် တို့အပြင် တာမိုးညဲတဝိုက်နှင့် မုန်းစီးနားလယ် အရှေ့ သံလွင်မြစ်ဘေးတွင်
တရုတ်နှင့် ကိုးကန့်တရုတ်ရွာအနဲငယ်ရှိသည်။ ရှမ်းမြောက်ပိုင်းသည် မူလက
သိန္နီစော်ဘွားအုပ်ချုပ်ရေးနယ်ထဲတွင်ရှိသည်။ ဒေသ ၄ အတွင်း နယ်အလိုက်
အုပ်ချုပ်သူများမှာ ကချင်ဒူဝါများဖြစ်သည်။ ဒေသ ၅ အတွင်း နန့်ဆမ် မန်တုန်
နှင့် ငါးတောင် ကိုးတောင်နယ်တို့ပါဝင်သည်။ နမ့်ဆမ် မန်တုန်နယ်သည် မူလ
က နမ်ဆမ်တောင်ပိုင်စော်ဘွား၏နယ်ဖြစ်ပြီး လက်ရှိ ပလောင်ကိုယ်ပိုင်အုပ်
ချုပ်ရေးဒေသဖြစ်သည်။ ငါးတောင် ကိုးတောင်ဒေသကတော့ မူလ ကချင်
ဒူဝါများ အုပ်ချုပ်သည်။
ထိုဒေသတခုလုံးအရ သိန္နီ မူဆယ် နမ့်ခမ်းမြို့ များနှင့် သိန္နီကွင်း
မူဆယ် နမ့်ခမ်း ကြူ ကုတ်ပန်ဆိုင်းကြား တောင်ပေါ်မြေပြန့်များနှင့် ရှမ်း
မြောက်တခုလုံးရှိ တောင်ကြားမြေပြန့်များတွင် ရှမ်းရွာများရှိသည်။ တောင်
တန်းများတွင် တအန်းပလောင် ကချင် တို့နေထိုင်ကြသည်။ ကိုးကန့်တရုတ် ရွာများကတော့ ကိုးကန့်ဒေသနှင့် သံလွင်မြစ်အနောက်ဖက်ကမ်းတဝိုက်တွင်
ရှိသည်။
လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်မှု များဖြစ်စဉ်အကျ ဉ်း
ထိုဒေသတွင် ပထမဆုံးလက်နက်ကိုင်ပုန်ကန်မှု သယ်ဆောင်လာသူ
မှာ ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်တွင် အစိုးရစစ်တပ်မှ ပုန်ကန်ခဲ့
ဗိုလ်ကြီးလဖိုင်နော်ဆိုင်းနှင့်အဖွဲ့ဖြစ်သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် မေမြို့
ခေါ် ပြင်ဦးလွင်အားသိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းသို့ ချီ တက်ခဲ့ပြီး
နမ့်ခမ်းအား သိမ်းပိုက်ခဲ့သည်။ ဗိုလ်နော်ဆိုင်းနှင့်အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင်
တရုတ်ပြည်သို့ ဝင်ရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သည်။ အဆိုပါ ဗိုလ်နော်ဆိုင်း၏အဖွဲ့နှင့်ပူးပေါင်းရန် မိုးမိတ်အထက်ဖက်ရှိ လွယ်ရဒူဝါ လ
ထော်ခွန်ထွန်းဦးစီး အင်အား ၁၀၀ ခန့် ပုန်ကန်ခဲ့ကြသေးသော်လည်း ဗိုလ်
နော်ဆိုင်းအဖွဲ့နှင့်မပူးပေါင်နိုင်ဘဲ ဖြို ခွဲခံခဲ့ရသည်။ ဤလှု ပ်ရှားမှု သည် ရှမ်း
ပြည်မြောက်ပိုင်းတွင် ပထမဆုံး လက်နက်ကိုင်ပုန်ကန် လှုပ်ရှားမှု ဖြစ်ခဲ့
သည်။ အထက်ဖေါ်ပြပါ ဒေသ ၅ အတွင်းဖြစ်ခဲ့သည်။
ရှမ်းမြောက်တွင်း ဒုတိယ လက်နက်ကိုင်ပုန်ကန်မှု မှာ ဒေသ ၃ ဖြစ်
သည့် ကိုးကန့်ဒေသတွင်ဖြစ်သည်။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်
သည့်အချိန်တွင် ကိုးကန့်စော်ဘွား၏ ကာကွယ်ရေးတပ်ခေါင်းဆောင် ဖုန်ကြားစင်း ဖုန်ကြားဖူးတို့မှ ပုန်ကန်ခဲ့ကြသည်။ ပုန်ကန်အစောပိုင်းတွင်
ကိုးကန့်စောဘွား ဂျ င်မီယန်မှ ပူးပေါင်းခဲ့သောလည်း ၁၉၆၇ ခုနှစ်တွင်
ဂျင်မီယန်သည် အစိုးရထံ အလင်းဝင်ခဲ့သည်။ ဖုန်ကြားစင်းညီအကိုကမူ
လက်နက်မချ ဘဲ တရုတ်နယ်စပ်ကပ်၍ အရှေ့မြောက် ဗကပ နှင့် ပူးပေါင်း ခဲ့သည်။ ဖုန်ကြားစင်းခေါင်းဆောင်သည့် ကိုးကန့်အဖွဲ့သည်လက်ရှိအချိန်ထိ အစိုးရအား ပုန်ကန်တိုက်ခိုက်နေဆဲအဖွဲ့ဖြစ်သည်။
ရှမ်းမြောက်ဒေသတွင် တတိယ ပုန်ကန်မှု သည် ဒေသ ၅ အတွင်း
ဖြစ်ပွါးသည်။ ၁၉၅၈ ခုနှစ်တွင်စတင်ခဲ့သည့် ရှမ်းတို့၏ နွမ်စစ်ဟန်လှု ပ်ရှား
မှအစပြု၍ ၁၉၆၀ တွင် ဒေသ ၅ အတွင်းရှိ နမ့်ဆမ်တဝိုက်နှင့် နမ့်ခမ်းတဝိုက် တွင် ပလောင်တပ်ရင်း ၅ နှင့် တပ်ရင်း ၆ ဟူ၍ ပေါ်ပေါက်ခဲ့သည်။ထိုတပ်များ သည် နောင်တွင် ပလောင်လက်နက်ကိုင်တပ်ဖွဲ့ PSLO/PSLA ဖြစ်လာခဲ့ သည်။ ၂၀၀၅ ခုနှစ် PSLO/PSLA လက်နက်စွန့်ရပြီးနောက် ၂၀၀၇ နောက်
ပိုင်း တအန်းပလောင်လက်နက်ကိုင်ဖွဲ့စည်းနိုင်ရေး ပြန်လည်လှု ပ်ရှားခဲ့ကြ
ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းမှစ၍ PSLF/TNLA ကို ဖွဲ့စည်းနိုင်ပြီး ယနေ့တိုင် လှု ပ်
ရှားခဲ့သည်။ TNLA သည် နောက်ပိုင်းတွင် KIA/MNDAA တို့နှင့်ပါ မဟာမိတ်
ဖွဲ့ခဲ့ပြီး ဒေသ ၃ နှင့် ဒေသ ၄ အတွင်း၌ပါ လှု ပ်ရှားခဲ့သည်။
ထို့အတူ နွမ်စစ်ဟန် အတူပေါ်ပေါက်လာသော ရှမ်းတိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ SSA သည်လည်း သိန္နီဒေသ မူဆယ် နမ့်ခမ်းဒေသ
မိုးမိတ်အထက် ကွန်ခါဒေသတို့တွင် လှုပ်ရှားခဲ့သည်။ ဖြစ်စဉ်တလျောက်တွင် အင်အားနဲသွားခြင်း အင်အားကောင်းလာခြင်းများရှိသော်လည်း လှု ပ်ရှားမှု ကားမပြတ်ခဲ့ပေ။
၁၉၆၁ ခုနှစ် သိန္နီကွင်းအတွင်း အစပြု၍ KIA အဖွဲ့အစည်းပေါ်လာ
သည်။ KIA သည် ဒေသ ၄ အတွင်းရှိ မုန်းစီး မုန်းထန်ဒေသ မုန်းကိုး ဖေါင်း
ဆိုင်ဒေသ မုန်းယား မုန်းဟောင်ဒေသ မုန်းပေါ်ကြီးဒေသ တို့အပြင် ဒေသ ၅
အတွင်းရှိ မိုးမိတ်အထက်ပိုင်း ကိုးတောင်ဒေသတို့တွင် လှု ပ်ရှားစုဖွဲ့သည်။
၁၉၆၈ ခုနှစ် မုန်းကိုးဒေသသို့ အရှေ့မြောက် ဗကပ ဝင်ရောက်လာပြီးနောက် ထိုဒေသအချို့မှ KIA တို့ နောက်ဆုတ်ပေးလိုက်ရသော်လည်း ၁၉၈၉ အရှေ့
မြောက် ဗကပ ပြို ကွဲပြီးနောက် တဖြေးဖြေး ပြန်လည်ထိုးဖေါက် နေရာ ယူနိုင်ခဲ့သည်ကို တွေ့ရသည်။
၁၉၆၈ ခုနှစ် အရှေ့မြောက် CPB (ဗကပ) တို့ ဒေသ ၄ အတွင်းသို့ မုန်းကိုးမှစတင်ဝင်ရောက်လာပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုးဖေါင်းဆိုင်
ဒေသ မုန်းပေါ်ကြီး ကြူ ကုန်ပန်ဆိုင်းဒေသ မုန်းယား မုန်းဟောင်းဒေသ ဒေသ ၃ ရှိ ကိုးကန့်ဒေသ တို့ကို ထိမ်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင် အတွင်းသို့ လည်းဝင်ရောက်လှု ပ်ရှားနိုင်ခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြိုကွဲပြီးနောက် မူလ CPB ချုပ်ကိုင်သည့် ဒေသ ၃ နှင့် ဒေသ ၄ အတွင်းအား ကိုးကန့်အဖွဲ့ MNDAA မှထိမ်းချုပ်လှု ပ် ရှားခဲ့ပြီး ဒေသ ၅ အတွင်းရှိ ရွှေလီချိုင့်ဝှမ်းဂွင်၌ PSLO နှင့် KIA တို့မှ ထိမ်း
ချုပ်လှု ပ်ရှားခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း MNDAA ကိုးကန့်အဖွဲ့သည် ဒေသ ၃ ရှိ ကိုးကန့်ဒေသကိုသာ ထိမ်းချုပ်နိုင်ခဲ့ပြီး ဒေသ ၄ အတွင်းရှိ မုန်းကိုး ဖေါင်းဆိုင်ဒေသ မုန်းယားမုန်းဟောင်ဒေသတို့အား မုန်ဆာလ၏ MDA မုန်းကိုးကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ချုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ် မုန်ဆာလအဖွဲ့ပြို ကွဲပြီးနောက် တပ်မတော်က ထိုဒေသအား ပြန်လည်နေရာ ယူထားနိုင်ခဲ့သော်လည်း KIA တပ်ဖွဲ့များက ပြောက်ကျားပုံစံဖြင့် ပြန်လည် စည်းရုံးနေရာယူထားနိုင်ခဲ့သကဲ့သို့ ၂၀၁၃ ခန့်မှစ၍ MNDAA ကိုးကန့်အဖွဲ့က
ပြန်လည်ထိုးဖေါက်နေရာယူလာခဲ့သည်။
၁၉၆၈ ခုနှစ်တွင်ပေါ်ထွက်လာည့် အရှေ့မြောက် ဗကပအား ရင်ဆိုင်ရန် ဖွဲ့စည်း ထားခဲ့သည့်ခွန်ဆာဦးစီးလွယ်မော်ကာကွယ်ရေးအဖွဲ့သည် နောက်ဆုံး အစိုးရအား ပုန်ကန်ပြီးနောက် ဒေသ ၁ အဖြစ်ဖေါ်ပြထားသည့် မုန်းကျက် မုန်းရော် ဒေသတွင် အခြေစိုက်ခဲ့သည်။ ခွန်ဆာအဖွဲ့လက်နက်ချ ပြီးနောက်၎င်းအဖွဲ့မှ ဘိုမွန်ခေါင်းဆောင်သည့်အဖွဲ့သည် ပသစအဖြစ် ထိုဒေသတွင် ယခု အခြေစိုက်လှု ပ်ရှားနေသည်။ ထို့ပြင် ထိုဒေသသည် မြောက်ပိုင်းမှ တောင်ပိုင်း ထိုင်းနယ်စပ်သို့ ဆင်းသည့် လမ်းကြောင်းပေါ်တွင် ရှိသည်ဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့တပ်ဖွဲ့တိုင်းလိုလို ဖြတ်သန်းသွားလာ
လှု ပ်ရှားလေ့ရှိသည့်ဒေသဖြစ်သည်။
ဒေသ ၂ အဖြစ်ဖေါ်ပြထားသည့် ကွန်လုံ ဟိုပန် ပန်လုံဒေသတွင်
၁၉၇၀ ခုနှစ်နောက်ပိုင်း ကိုးကန့်ဒေသ ဝ ဒေသတွင် အရှေ့မြောက် ဗကပတို့အင်အားကောင်းလာပြီးနောက် စစ်ရေးအရ လှုပ်ရှားခဲ့သည်။ တိုက်ပွဲများဖေါ်ခဲ့သည်။
ထို့ကြောင့်လည်း ထိုရှမ်းမြောက်ဒေသတွင် ယနေ့တိုင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှု ပ်ရှားခဲ့ပြီး တိုက်ပွဲကြီးငယ်များစွာ ဖြစ်
ပွါးခဲ့သည့်ဒေသ ဖြစ်ခဲ့သည်။ ကွန်လုံ ဟိုက်ကဘားတိုက်ပွဲ ပန်ကော်ချူးရွှေ
တိုက်ပွဲ စီစီဝမ်တာပန်တိုက်ပွဲကဲ့သို့ လနှင့်ချီ ၍ တိုက်ရသော တိုက်ပွဲများ
ထိုဒေသ၌ ဖြစ်ပွါးခဲ့သည်။ ကွတ်ခိုင် မူဆယ်ကားလမ်းပေါ်တွင် တပ်မ ၉၉
ဒုတပ်မမှူး ဗိုလ်မှူးကြီးသူရညွန့်တင်သည် ၁၉၇၅ ခုနှစ်တွင်၎င်း သိန္နီ ကွန်လုံ
ကာလမ်းပေါ်တွင် တပ်မ ၆၆ ဗျူ ဟာမှူး ဗိုလ်မှူးကြီးသူရကျော်ကျော်ချိုသည်
၁၉၈၅ ခုနှစ်တွင်၎င်း စသည့် တပ်မတော်အရာရှိကြီးများ ကျဆုံးသည့် တိုက်
ပွဲများဖြစ်ခဲ့ပွါးခဲ့သည်။
ယခင်နှင့်ယခု နှစ်ဖက်စစ်အင်အားအခြေအနေ
၁၉၈၉ ခုနှစ် ဗကပ မပြို ကွဲခင်ထိ စစ်အင်အားအခြေအနေမှာ
မုန်းကိုးဒေသ ကိုးကန့်ဒေသရှိ ဗကပအင်အား ၃၀၀၀ ခန့် PSLO/PSLA
ပလောင်တပ်ဖွဲ့ အင်အား ၅၀၀ ခန့် KIA တပ်မဟာ ၄ အင်အား ၅၀၀ မှ ၈၀၀
ခန့် စုစုပေါင်း အင်အား ၄၀၀၀ ကျော်ခန့်ရှိသည်။ ထို့ပြင် သိန္နီအနီးနှင့် မိုးမိတ်
ကွန်ခါဒေသတွင် လှု ပ်ရှားသည့် SSPP/SSA အင်အားအချို့ရှိသည်။
၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပ ပြို ကွဲသည်နှင့်အတူ KIA တပ်မဟာ ၄ မှ ဗိုလ်မှူးမထုနော်နှင့်အင်အားအချို့ ခွဲထွက်ပြီးနောက် ရှမ်း
မြောက်ရှိ လက်နက်ကိုင်အင်အားများ ကျဆင်းသွားခဲ့သော်လည်း ၂၀၁၀
နောက်ပိုင်းမှစ၍ တစတစပြန်လည်၍ အင်အားတိုးတက်လာသည်ကို တွေ့ရ
သည်။ လက်ရှိအချိန် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အား
များမှ ခန့်မှန်းချေအရ အောက်ပါအတိုင်းရှိမည်ဟု ယူဆရသည်။
၁။ KIA တပ်မဟာ ၄ / တပ်မဟာ ၆ အင်အား ၁၅၀၀ ခန့်
၂။ MNDAA တပ်မဟာ၂၁၁/၃၁၁/၅၁၁ အင်အား ၂၀၀၀ ခန့်
၃။ TNLA တပ်မဟာ ၁/၂/၃/၅ နှင့်ဗျူ ဟာ ၂ ခုခန့် အင်အား ၆၀၀၀ ကျော်ခန့်
၎။ AA တပ်ရင်း ၂ ရင်းခန့် အင်အား ၅၀၀ ခန့် ( AA မှာ ရခိုင်တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း မြောက်ပိုင်းရှိ မဟာမိတ်များနှင့်
ပူးပေါင်း၍ နယ်စပ်တွင် တပ်ဖွဲ့ပြီး ရခိုင်သို့ ပြန်လည်ထိုးဖေါက်ရန် ကြိုး
စားနေသောအဖွဲ့ဖြစ်သည် )
၅။ မြောက်ပိုင်းနယ်မြေအချို့တွင် လှုပ်ရှားနေသော SSPP/SSA အင်အား
အချို့ တို့ရှိရာ စုစုပေါင်း အင်အား ၁၀၀၀၀ ခန့်အထိရှိနိုင်သည်ဟု ခန့်
မှန်းရပါသည်။
သို့ဖြစ်ရာ ၁၉၈၉ ခုနှစ် အရှေ့မြောက် ဗကပတို့ မပြို ကွဲမှီကာလထက်
အင်အား ၂ ဆခန့် တိုးတက်လာသည်ဟု ဆိုရပါမည်။ ထို့အတူ အဆိုပါ လက်နက်ကိုင်အင်အားစုများကို ရင်ဆိုင်သည့် တပ်မတော်အင်အားမှာလည်း
၁၉၈၉ မတိုင်မှီက ပုံမှန်အားဖြင့် အင်အား ၅၀၀၀ မှ ၇၀၀၀ ခန့်ထိ တိုးမြှင့်
ရင်ဆိုင်ခဲ့ပြီး ၁၉၈၆/၈၇ စီစီဝမ် တာပန် တိုက်ပွဲကာလက အင်အား ၁၀၀၀၀
ကျော်ထိ တိုးမြှင့် သုံးစွဲခဲ့သည်။ ယနေ့တွင်လည်း တဖက်အင်အားနှင့်လျော်ညီ
သည့် အင်အားကို သုံးစွဲမည်ဟု ယူဆရပါသည်။
အခြေအနေသုံးသပ်ချက်
ရှမ်ပြည်မြောက်ပိုင်း၌ အစိုးရအား ပုန်ကန်တိုက်ခိုက်သည့် လက်နက်
ကိုင်အင်အားစုများတွင် ၁၉၆၈ မှ ၁၉၈၉ ထိရှိခဲ့သော အရှေ့မြောက် ဗကပ တဖွဲ့သာ အယူဝါဒပေါ် အခြေခံခဲ့ပြီး ကျန်အဖွဲ့အားလုံးသည် အမျိုးသားရေး
ပေါ်တွင် အခြေခံပါသည်။ ယနေ့ရပ်တည်နေသော အဖွဲ့အားလုံးသည် အမျိုး
သားရေးပေါ်တွင် အခြေခံရပ်တည်ပြီး သူ့လူမျိုးအလိုက်၏ ထောက်ခံမှု ကို
ရရှိအောင် အားထုတ်၍ ရပ်တည်နေကြခြင်းဖြစ်သည်။ အရှေ့မြောက် ဗကပ ပြို ကွဲရခြင်းသည်ပင် အစိုးရ တပ်မတော်နှင့် စစ်ရေးအရ တိုက်ခိုက်ရှုံးနိမ့်၍
ပြို ကွဲရခြင်းမဟုတ်ဘဲ အမျိုးသားပြသနာ တိုင်းရင်းသားပြသနာကို မဖြေရှင်း
နိုင်၍ ပြို ကွဲခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး
ပြသနာအား ဖြေရှင်းနိုင်ရေးအတွက် သော့ချက်ပြသနာမှာ တိုင်းရင်းသား
တန်းတူရေးပြသနာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြသနာ ကိုယ်
ပိုင်အုပ်ချုပ်ခွင့်ပြသနာကို အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖွေနိုင်
ရေးဖြစ်သည်ဟု သုံးသပ်ရပါသည်။
ရှမ်းပြည်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးအရ ထိုဒေသ၌ လှု ပ်ရှားနိုင်ခြင်း၏ ပထမအကြောင်းအချက်မှာ ထို
ဒေသ၌ ရှမ်း ကချင် တအန်းပလောင် ကိုးကန့်တရုတ်စသည့် ဒေသခံတိုင်း ရင်းသားကျေးရွာများသာရှိပြီး ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ထောက်ခံ မှု ရရှိထားခြင်းကြောင့်ဖြစ်သည်။ အစိုးရဖက်မှ ရပ်တည်သော တိုင်းရင်းသား
အချို့ အနေနှင့် နမ့်ခမ်း ပန်ဆေးပြည်သူ့စစ် မူဆယ်မြို့မပြည်သူ့စစ် မုန်းပေါ်
ပြည်သူစစ် ကွတ်ခိုင်ပြည်သူ့စစ် ကွတ်ခိုင်ပြည်သူစစ် ဖေါင်းဆိုင်ပြည်သူ့စစ်
ကောင်းခါးပြည်သူ့စစ် ဆင်ကျော့ပြည်သူ့စစ် စသည်ဖြင့်ရှိသော်လည်း ဒေသ
ခံတိုင်းရင်းသားများ၏ထောက်ခံမှု ရရှိမှု အားနဲသည်။
ဒုတိယအချက်မှာ ထိုဒေသသည် တောတောင်ထူထပ်၍ လမ်းပမ်း
ဆက်သွယ်ရေးခက်ခဲကာ ပြောက်ကျားစစ်ဆင်ရန် ကောင်းမွန်သည်။ ဒေသခံ
တိုင်းရင်းသားများ၏ စည်းရုံးသိမ်းသွင်း၍ထောက်ခံမှု ရယူထားနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် လှည့်လည်ပြောက်ကျားစစ် ဆင်ရန် အားသာချက်ရှိသည်။
မန္တလေး မူဆယ်လမ်းမကြီးသည် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး
အတွက် အဓိကလမ်းမကြီးဖြစ်သည်။ မြန်မာပြည်ကူးစည်ကူးသန်းရောင်း
ဝယ်မှု ၏ ၇၅% သည် ထိုလမ်းမမှ သွားလာနေပြီး နိုင်ငံတော်အစိုးရ၏ နေ့
စဉ်ဝင်ငွေ၏ ၈၀% သည် ထိုကုန်သွယ်မှု လမ်းကြောင်းမှရရှိနေသည်ဟုဆိုပါ
သည်။ သို့သော်လည်း ထိုပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမဆိုထားနှင့်
အဆိုပါကားလမ်းမကြီးအားပင် သွားလာရလွယ်ကူချောမောအောင် ဖေါက်
လုပ်နိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်၍ လမ်းပမ်းဆက်
သွယ်ရေးခက်ခဲသောနေရာများတွင် စစ်ပွဲများဖြစ်ပွါးသည်မှာ အံ့သြစရာမရှိ
ပေ။
နိဂုံး
ငြိမ်းချမ်းရေးရဘို့ဆိုလျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်
နက်ကိုင်ပဋိပက္ခအတွင်းပါဝင်နေသောအဖွဲ့အားလုံးပါဝင်ရေးဆိုသည့် အခြေ
ခံမူပေါ်မှ သွားရန်လိုအပ်ပေမည်။ ထို့ပြင် တိုင်းရင်းသားများ တန်းတူရေး
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မှန်ကန်စွာ ဖြေရှင်းနိုင်ရန်
လိုအပ်ပါသည်။
မောင်မောင်စိုး (Mg Mg Soe)
26/11/2016 နေ့က ဧရာဝတီ (မြန်မာပိုင်း) တွင်ဖေါ်ပြပြီး။

Read more »

ကရင်​ မျိုးဆက်​သစ်​ ခ​လေး​မျာ ​ကျောင်း မတက်ပဲ ဆန္ဒပြနေကြကြောင်းသိရှိရသည်.

Moe Aung with Kyaw Moe Aung.
ကရင်​ ​ကျောင်းဝင် ထဲတွင်သောင်းကျန်းသူဗမာစစ်ခွေးများမှ ကရင်​ အလံ​တော်ကို​ မ​ပေး​ထောင်သဖြင့်​ ကရင်​ မျိုးဆက်​သစ်​ ခ​လေး​မျာ ​ကျောင်း မတက်ပဲ ဆန္ဒပြနေကြကြောင်းသိရှိရသည်..။

Read more »

25.11.2016
(N gun ja wa)
Myanma Tatmataw is using civillians' cars and trucks for transportation. Here are the pictures that Tatmataw Tatma 99 used the civilians' dump truck for transportation taken at Muse golf ground.
၂၅၊၁၁၊၂၀၁၆
မြန်​မာ့တပ်​မ​တော်​သည်​ ပြည်​သူ့ယာဉ်​များကို အသုံးချ​နေပါသည်​။ ​အောက်​ပါပုံများသည်​ မူဆယ်​ ​ဂေါက်​ကွင်းတွင်​ ​တွေ့ရှိရ​သော တပ်​မ ၉၉မှ ပြည်​သူသုံးယာဉ်​​ပေါ် တပ်​သား ​ထောက်​ပို့ပစ္စည်းများ အတင်​အချ ပြုလုပ်​​နေသည့်​ပုံများ ဖြစ်​ပါသည်​။
Credit - C Reporting

Read more »

သင်​ရိုးညွန်းတမ်းမှာာ မပါ​သော သမိုင်းမှန်​များ ​လေ့လာယူကြပါ ဘာ​ကြောင့်​ စစ်​ဖြစ်​​နေတာလဲဆိုတာ သိလာလိမ့်​မယ်

 Brang Chyoi Nshanghku's post.
Brang Chyoi Nshanghku
သင်​ရိုးညွန်းတမ်းမှာာ မပါ​သော သမိုင်းမှန်​များ ​လေ့လာယူကြပါ
ဘာ​ကြောင့်​ စစ်​ဖြစ်​​နေတာလဲဆိုတာ သိလာလိမ့်​မယ်
( အဓိကအားဖြင့် ကချင်၊ ရှမ်း၊ ကယား၊ချင်းလူမျိုးများ အမှတ်ရစေရန၊် ပြန်လည်သိရှိနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ထုတ် ၀န်ပေါင်ရှိန်နီဂျာနယ်၊ Wunpawng Shingni journal ပါ နယ်နှင်ဥပဒေဆောင်းပါးအား အနည်းငယ်ထပ်မံဖြည့်စွက်ကာဖော်ပြပါသည်)
နယ်နှင် ဥပဒေ (သို့) နယ်ခြားဖြတ်ကျော်ခြင်းဆိုင်ရာဥပဒေ
( Border Crossing Regulation)
==============================
ယခင်ကာလက(၁၉၅၄ ခုနှစ်ခန့်အထိဖြစ်သည်ဟုသိရသည်) Burma proper ဒေသနေသူများသည် ကချင်၊ ရှမ်း၊ ချင်း၊ ကယားဒေသများသို့ ခွင့်ပြုချက်မပါဘဲ လွတ်လွတ်လပ်လပ်ဝင်ရောက်သွားလာခြင်းမပြုနိုင်ကြချေ။ ခွင့်ပြု ချက်မပါဘဲ ၀င်ရောက်လာလျင် ဥပဒေဖြင့်ပြန်လည်နှင်ထုတ်ခံရ၏။ ၄င်းအား မြန်မာစကားဖြင့်နယ်နှင်ဥပဒေဟုခေါ် ၏။ အင်္ဂလိပ်စကားဖြင့် Border Crossing Regulation ဟုခေါ်၏။
နယ်နှင်ဥပဒေကိုမကြားဖူးသော မြန်မာနိုင်ငံ သား ၉၉ ရာခိုင်နှုန်း ရှိမည် ဟုဆိုလျင်မှားမည်မထင်။ ၄င်းဥပဒေအားဖျက်သိမ်း လိုက် သည်မှာ နှစ် ပေါင်း (၆၀) ကျော်ရှိပြီ ဖြစ်သဖြင့် သိရှိသူအလွန်ရှားပါးနေ မည်ဖြစ် သည်။ ပြည်ထောင်စုမြန်မာ နိုင်ငံမပေါ်ပေါက်ခင် ဗမာပြည် ထောင်၊ ရှမ်းပြည် ထောင်၊ ကချင်ပြည်ထောင်၊ ချင်း ပြည်ထောင်၊ ကယားပြည်ထောင် ဟူ၍တိုင်းပြည် ထောင် အသီး သီးရှိစဉ်က(သို့)ဗြိတိသျှကိုလိုနီခေတ်က၄င်း ဥပဒေအားကျင့်သုံးခဲ့ကြသည်။
ကိုလိုနီဘ၀မ ရောက် ခင်က အထက်ဖော်ပြပါ တိုင်းပြည် ထောင်များ သည်ကိုယ်မင်း ကိုယ့်ချင်းနှင့်နေထိုင်ခဲ့ကြသော တိုင်းပြည် ထောင်များ ဖြစ်ကြသည်။ ရှမ်းဒေသတွင် ရှမ်းပဒေသ ရာဇ် စော်ဘွားများ၊ ကချင်ဒေသတွင် ကချင်ဒူဝါများ၊ ချင်းဒေသ တွင် ချင်းအကြီး အကဲများ၊ ကယား ဒေသတွင် စောဖျာများ၊ ဗမာဒေသတွင် ဗမာဘုရင်များ အုပ်ချုပ် ကာနေ ထိုင်ခဲ့ကြသည်။
ဗမာမင်းအလောင်း ဘုရားသည် အောက်မွန်တို့၏ဒေသအားဖြစ်သောယခုကာလအခေါ်ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့အားတိုက်ခိုက်သိမ်း ပိုက်သည်သာမကရခိုင်ဒေသကိုလည်းသိမ်းပိုက်ခဲ့၏။ ယိုးဒယားအထိတိုက် ခိုက်ခဲ့၏။
ကချင်ဒေသ၊ ရှမ်းဒေသ၊ ကယား၊ ချင်းဒေသများသို့မူမည်သည့်ဗမာမင်း မျှတိုက် ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ချေ။ ဗမာဒေသ၏ ဗမာ့ ဦးစွန်းဒေသ သည် ရွှေဘိုအ ထက်ကောလင်း တွင်အ ဆုံး သတ်၏၊ ရွှေဘိုဒေ သအား အညှာဒေသဟုသမုတ်၏။
အညှာဆိုသည်မှာ ထိပ်ဆုံး ကိုဆိုလို၏၊ ကချင်ဒေသနှင့် အဝေးကြီးပင်ရှိသေး၏။ လက်ဝဲသုန္ဒရ အမတ်ကြီးအား နယ်နှင့်သောနေရာသည် ဗမာမင်းနေပြည်တော်နှင့် အဝေးဆုံး နေရာ ကချင်အခေါ် မြဲန်ဇာ ( Myen Za) မဲဇာ သို့ဖြစ်၏။ ၄င်းမဲဇာသည် ကချင် မိုင်ရောန်းဒူဝါ နှင့် ဗမာမင်းတို့ တစ်ကြိမ် တစ် ခါတိုက်ခိုက် စစ်ခင်းကြ သည့်နေ ရာဖြစ်၏။ ထို့ကြောင့်၎င်းနေရာအား ကချင် တို့က Myen Za ဟု သမုတ် ၏။
ဘိုးတော်မင်းဘကြီးတော်မင်းများလက်ထက်တွင်စစ်သူကြီးမဟာဗန္ဒုလအားဖြင့်ကချင်ဗမာ ဆက် ဆံရေးရှိခဲ့၏။ ဗန္ဓုလသည် ကချင်လူမျိုးဖြစ်သည်ဟု ငယ်စဉ်က လေး ဘ၀ကပင် ကြားဖူးခဲ့သည်။ ၁၇၉၈ ခုနှစ် ဗမာမင်းအာ သံသို့ စစ်ချီရာတွင် ဗမာမင်း စစ်သည် များကချင်ဒေသသို့ ရောက်ရှိလာကာ ကချင်ဒူဝါများထံနယ်မြေဖြတ် ကျော်ခွင့်နှင့် စစ်ရေးအ ကူအညီတောင်း ခံခဲ့သည်။
ကချင်စစ်သည် ၇၅၀၀ က လိုက်ပါတိုက်ခိုက်ပေးခဲ့သည် ( The making of Burma, By Dorothy Woodman)။ ဒုတိယအကြိမ်မှာ ၁၈၂၂ အာသံသို့စစ်ချီပြန်ရာကချင်ဒူဝါများ ထံအကူအညီတောင်းခံခဲ့ပြန် သည်။ အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲပြီးဆုံးပြီးနောက် အင်္ဂလိပ်တို့သည်မန္တလေး မင်းနေ ပြည်တော်သို့ရောက်ရှိလာကြတော့သည်။
၁၉၃၆ခုနှစ်တွင် အင်္ဂလိပ်စစ်သံ Capt Hanay နှင့် သာသနာပြု DR. kincaid တို့သည် ဗမာမင်းပိုင်နက် အလွန်ရှိ ကချင်ဒေသသို့စူးစမ်းလေ့လာ ရန်ရောက်ရှိလာ ကြ၏။ ၄င်းတို့ နှစ်ဦးထက်၍ကချင်ဒေသသို့ရောက်ရှိ လာသူမှာ William Cox ဆိုသူဖြစ်ပြီး အာသံဒေသမှ ရောက်ရှိလာ ခြင်းဖြစ်သည်ဟုသိရသည်။ ပူတာအို ဒေသထိရောက်ခဲ့သည်ဟုသိရသည်။
ကချင်လူမျိုးများသည်မည်သည့်ဗမာမင်း၏လက်အောက်မျှမဖြစ်ခဲ့ဟုယခင်ပါလီမန်ခေတ် ကချင် ပြည်နယ်ဝန်ကြီး ဦးဇန်ထဆင် က ၄င်း၏ ဒီမိုကရေ စီပြောင်း
ပြ န်စာ အုပ်တွင်ရေးသား၏။ ထို့အတူ ဦးသန့်ကလည်းဗမာမင်းများ သည်ကချင်လူမျိုးများအားအုပ်စိုးခဲ့ခြင်းမရှိ၊အုပ်စိုးရန်ရည်ရွယ်ခြင်းလည်းမရှိခဲ့ဟုသူ၏ပြည်တော်သာ ခရီးစဉ်စာအုပ် တွင်ရေးသား၏။
အချို့သော ဗမာ့သမိုင်း များတွင် ကချင်ဒေသသည်ဗမာမင်းပိုင်နက်ဖြစ်သည်ဟု လိမ်လည်ရေး သားခဲ့ကြ၏။
အောက်ဗ မာပြည်အား ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် Capt Hannay နှင့် Dr. Kincaid တို့သည် ကချင် ဒေသ သို့ရောက်ရှိ လာရာ ၄င်းတို့ တွေ့ဆုံရသောကချင်လူမျိုး ဟုအမည်မ တွင်သေးသော လူမျိုးများ အား ခင်ဗျားတို့ ဘာလူမျိုးတွေလဲ ဟုမေးမြန်းကြောင်း၊ ၄င်းတို့က လည်း ဂါးခယဲန် Ga Hkyeng ဒေသ မှဖြစ်ကြောင်းပြောဆိုသည်ကို Dr. Kincaid က Kakhyen လူမျိုးဟု မှတ်သားခဲ့သဖြင့် နောက်ပိုင်း တွင် Kakhyen လူမျိုးဟု အမည် တွင်ခဲ့လေ၏။ ( ဂါး=ဒေသ၊ ခယဲန်=အနီ၊ ထို့ကြောင့် ဂါးခယဲန် သည်မြေ နီဒေသဟု အဓိပ္ပာယ် ဖြစ်သည်)။ ၄င်းဒေသသည် ယခု ဆင်ဘိုမြို့ အောက် နားမှာရွှေကူမြို့ နား အထိ ဖြစ်သော ကချင် ဂရား ဒူဝါ Gara Duwa များပိုင်ဆိုင်သည့်ဒေသပင်ဖြစ်၏။
မိမိကိုယ်မိမိခေါ်ဆိုသောအမည်မှာ ဂျိန်းဖေါ Jinghpaw ပင်ဖြစ်၏။ နောက်ပိုင်းတွင် Kakhyen အသံထွက်အား ဗမာ စာဖြင့်ရေး ရာတွင် khyen ဟူသော အသံထွက်အား ဗမာစာ ဖြင့်ရေးမရသဖြင့် ချင် ဖြစ်လာ၏။ ဗမာများက ကချင် ဟုရေးသား၏။ ၁၈၉၀ တွင် အင်္ဂလိပ် စာရေးဆရာ Major EC Brown ဆိုသူက ၄င်းရေးသားသည့် The Great Queen is coming စာအုပ်တွင် ဗမာ အသံ ထွက် ဖြစ်သည့် ကချင် အား အင်္ဂလိပ်စာအားဖြင့် Kachin ဟု အတိအကျရေးသား လိုက် တော့သည်။ ( တောင် ပလိုင်း၊ When we became one ဆောင်းပါး၊ ၁၉၆၈ ခုနှစ် ပြည်ထောင်စု နေ့ အထူးထုတ် လုပ်သား ပြည်သူ့ နေစဉ်သတင်းစာ) ။
ဗြိတိသျှတို့ဗမာမင်းပိုင်နက်အားသိမ်းပိုက်ပြီးနောက်ရှမ်းပဒေသရာဇ်၊ ကချင်ပဒေ သရာဇ်၊ ချင်းပဒေသရာဇ် တို့ပိုင် ဆိုင်သည့် နယ်မြေဒေသ များအားသိမ်းပိုက်နိုင်ရန် ဆက်လက်ချီ တက်လာကြရာ ကချင်တို့သည် ၁၉၂၅ ထိလည်း ကောင်း၊ ရှမ်းတို့သည် ၁၉၁၀ ထိလည်းကောင်း၊ ချင်းတို့သည် ၁၉၁၈ ထိလည်းကောင်းခုခံ တိုက်ခိုက် နေခဲ့ကြ သည်။
ရှမ်းကချင်ချင်းတို့ ခုခံနေဆဲအချိန်တွင် ဗမာဒေသ နေသူတို့သည် ဗြိတိသျှ မင်းအစိုးရ၏ ၀န်ထမ်းများ ပင်ဖြစ်နေကြပြီဖြစ်သည်။ ရှမ်း ကချင် ချင်းတို့၏ ခုခံမှုတွင် မည်သည့် ဗမာမင်းမှုထမ်းနှင့် ဗမာလူမျိုး များကူညီခဲ့ ခြင်းမရှိကြချေ။ အကြောင်းမှာ ဗမာမင်းပိုင်နက်မဟုတ်သည်ကတကြောင်း၊ ဗမာလူမျိုးများနေ ထိုင်ခြင်း မရှိသည်က တစ်ကြောင်းတို့ကြောင့်ဖြစ်သည်။
၁၉၁၀ ခန့်အရောက်တွင် ကချင်ဒေသ၏မြောက်ပိုင်းနှင့် အ နောက်ပိုင်းမှ လွဲ၍ ကျန်ဒေသများအား ဗြိတိသျှတို့ကသိမ်းပြီးနောက် Kachin Hill Tract Manual ပြဌါန်းကာ အုပ်ချုပ်ရေးလုပ်ငန်း စတင်ခဲ့သည်။ ကချင်ဒူဝါများအား မူလအာဏာ အခွင့် အရေးများ ပြန်လည်ပေးအပ်ကာ ဘုရင်ခံမှတိုက်ရိုက် အုပ်ချုပ်သည်။
ရှမ်းပြည်တွင်လည်း Federated Shan Statesဖွဲ့စည်းကာ ရှမ်းပဒေသ ရာဇ်များ အား အာဏာ ပြန်ပေးသည်။ ချင်းဒေသ တွင်လည်း Chin Hills Manual ပြဌါန်းကာချင်းအကြီး အကဲများ အား အုပ်ချုပ် ခွင့်ပြန် ပေးခဲ့ သည်။ ၄င်း ဒေသများအား Frontier Area ဟုတ်သတ်မှတ်သည်။ မာ ဒေသနှင့် နယ်စပ် ဖြစ် သော ကြောင့် ဖြစ်သည်။
ရှမ်းကချင်ချင်း ဒေသများအား တောင်တန်းဒေသများ ဟုခေါ်တွင်ရခြင်းမှာ ၄င်းဒေသများတွင် မြေပြန်အနည်းငယ်သာရှိသောဒေသများဖြစ်ကြသည်။ ဥပမာကချင်ဒေသဆိုလျင်လည်း ဆမားဒူဝါ၊ ဒီန်ရင်ဒူဝါ၊ လဖိုင်ဒူဝါ၊ ဒိုင်ဖါဒူဝါ၊ လဂျောန်ဒူဝါ၊ အနိုင်းဒူဝါ၊ ဂျဆဲန်းဒူဝါ အစရှိသည့်ကချင်ဒူဝါများအုပ်ချုပ်သော ဟူကောင်းချိုင့် ၀ှမ်းနှင့် ဇီးလဖိုင်၊ ၀ါ့ဘော်ဒူဝါများ အုပ်ချုပ် သောသံလမ်း ရိုးတလျှောက်သာလျင်မြေပြန့်အနည်း ငယ်ရှိသည်။
ကချင်ဒေသ၏၉၅ ရာခိုင်နှုန်းသည် တောင်တန်း ဒေ သများသာလျင်ဖြစ်သည်။ ဟူးကောင်း လွင်ပြင်ဒေသ တစ်ခုလုံးသည်လည်း ကချင်ဒူဝါ များ၏အာဏာ စက် အောက်တွင်ရှိခဲ့၏။ ဒိုင်ဖါဒူဝါသည် နာမည်ကျော်ဖြစ်ပြီး စစ်အင်အား အလွန်တောင့်တင်းသော ဒူဝါကြီးပင်ဖြစ်၏။ ယခုစစ်ကိုင်းတိုင်းသို့သွတ်သွင်း ခံလိုက်ရသော နန်းယွန်း ပန်ဆောင် နယ်စပ် ဒေသများ အာလုံး သည် ကချင် ဒူဝါ များပိုင်ဖြစ်၏။
၎င်းဒေသနေ မိုင်းကွမ်း၊ နာဂ၊ ကချင်စသည်တို့အား လုံးသည် ကချင်ဒူဝါ များ၏ အုပ် ချုပ်မှု အောက်တွင်ရှိ၏။ ကချင်ဒူဝါ များအား အခွန်ဆက်၏။
နန်းယွန်းပန်ဆောင်အလွန် ယခုအိန္ဒိယဖက်ခြမ်းရှိအာ သံဒေသ၊ အရူနာချာ ဒေသများ တွင်လည်း ကချင်ဒူဝါများ အုပ်ချုပ်သော ဒေသအများ အပြားပင်ရှိ၏။ ပီဆားဒူဝါမျိုး နွယ်များထင်ရှားကြ၏။ ယနေ့တိုင်၎င်း တို့အုပ်ချုပ် လျက်ရှိ၏။
နှစ်ပေါင်းရာချီ ကချင်ဒူဝါများ၏ ပိုက်နက်ဖြစ်သော နန်းယွန်း ပန်ဆောင်ဒေသ သည် ပါလီမန် ဒီမိုကရေစီခေတ်တွင်လူမှုရေး ကိစ္စတစ်ခုအား အကြောင်းပြုကာနန်းယွန်းပန်ဆောင်ဒေသအားဒီမိုကရေစီမဲအ သာစစ်ကိုင်း တိုင်းအတွင်းသို့သွတ်သွင်း လိုက်ကြ၏။၎င်းဒေသ သည်မည် သည့် အခါမျှ ဗမာမင်းပိုင်ဒေသမဟုတ်ခဲ့။
ယခင်ကာလများတွင်အိန္ဒိယနိုင်ငံ၊ပြည်ထောင်စုမြန်မာနိုင်ငံ ဟုမသတ် မှတ်ရ သေးချိန်တွင် ကချင်ဒေသရှိ ကချင် လူမျိုး များနှင့် အာသံ၊ မဏိပူရ၊ အရူနာချာပရာဒေ့ရှ် ဒေသနေ ကချင် (ဆိန်းဖေါ) လူမျိုးများသည် တံခါးမရှိဓါးမရှိ သွား လာကူးလူးခဲ့ကြသည်။
နိုင်ငံအသီးသီး လွတ်လပ်ရေး ရှိပြီးနောက် ဖြတ်သန်းသွားလာ ခွင့်မ ရှိတော့ချေ။
ဗြိတိသျှတို့သည်တောင်တန်းဒေသများအားသိမ်းပိုက်ပြီးနောက် အုပ်ချုပ်မှု လွယ်ကူစေရန် ရန်ကုန် တွင်ရုံး စိုက် သော ဗြိတိသျှ ဘုရင်ခံ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ထားရှိခဲ့သည်။
နောက်ပိုင်း ဗမာဒေသအား Burma Act (1935) ဖြင့်အုပ်ချုပ်ပြီး တောင်တန်းဒေသများတွင်မူ မပြောင်းလဲဘဲ မူလ အုပ်ချုပ်ပုံအတိုင်း စော်ဘွား၊ ဒူဝါများမှ တဆင့်ဆက်လက်အုပ်ချုပ်ခဲ့၏။ ထို့ပြင် ကချင်၊ ချင်း၊ ရှမ်းဒေသများ သည်ဗမာမင်း ပိုင်မဟုတ်ခဲ့၊တိုင်းပြည် ထောင်များအသီးသီးဖြစ်သဖြင့် နယ်စပ်ဖြတ် ကျော်ခြင်းဆိုင်ရာ ဥပဒေ ( Border Crossing Regulation (or) Frontier Border Rule and Regulation )အားပြဌါန်းထား၏။ ၄င်းဥပဒေအား နယ်နှင် ဥပဒေ ဟုလည်း ခေါ် တွင်၏။
၎င်းဥပဒေအရ ရှမ်း၊ ကချင်၊ ချင်း၊ကယားမဟုတ်သူများသည်တောင်တန်းနယ်ခြား ဒေသဖြစ်သော ကချင်၊ချင်း၊ှမ်း၊ကယားဒေသ(Frontierarea)သို့သွားရောက်မည်ဆိုလျင်နယ်ခြား ဖြတ်ကျော်ခွင့် ကိုတောင်းခံရ၏။ ခွင့်ပြု ချက်မရှိဘဲဝင်ရောက် လာလျင်ပြန်လည်နှင့်ထုတ်၏။ထို့ကြောင့် နယ်နှင် ဥပဒေဟုခေါ်တွင်ခဲ့၏။ ဆိုလိုသည်မှာ ယနေ့မြန်မာပြည်သို့ ဗီဇာမပါဘဲ၊ ခွင့်ပြုချက်မပါ ဘဲ ၀င်ရောက်လာသောတရုတ်၊ ဘင်္ဂါလီများအား ပြန်လည်နှင့် ထုတ်ခြင်း၊ နယ်နှင်ခြင်း (deportation) နှင့်အတူတူပင်ဖြစ်၏။
အထက်တွင် ဆိုသည့်အတိုင်းနယ်ခြားဒေသ၊(Frontier area)ဆိုသည်မှာလည်း ယနေ့ခေါ် ဆိုနေ သော၊ သိမြင် နေရသော တရုတ်နယ်စပ် ရွှေလီ၊ ကန်ပိုက်တည်၊ လွယ်ဂျယ်၊ ကြူကုတ်၊ ထိုင်း နယ်စပ် မြ၀တီ၊ တာချီလိတ်၊ ဘုရားသုံးဆူ)၊ အိန္ဒိယနယ်စပ် တမူး၊ ရိ စသည့်ဒေသများမဟုတ်ချေ။
ကချင်နှင့်ဗမာဒေသ ထိစပ်နေသော ဥပမာ မန်ဝိန်း၊ နန့်ဆီးအောင်၊ ရှမ်းဒေသနှင့်ထိစပ်နေသော ပန်အူလွန်ခေါ် ပြင်ဦးလွင်၊ ရွာငံ၊ ချင်းနှင့်ထိစပ်နေသော ကလေးမြို့ စသည် တို့ကိုဆို လိုခြင်း ပင်ဖြစ်သည်။ ဖြတ်ကျော်ခွင့်ဆိုသည်မှာ ယနေ့ အခေါ်ဖြင့် ဆိုလျင် Visa ပင်ဖြစ်သည်။ လာရောက်သူများသည် passport ကိုင်ဆောင်ရ မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည်ဗြိတိသျှတို့ ပြဌါန်း ခဲ့သော နယ်နှင့်ဥပဒေအား ယနေ့ထိတိုင်အောင်ကျင့်သုံး လျက်ရှိသည်။ ယနေ့အိန္ဒိယနိုင်ငံ ၏နာဂ၊ အာသံ၊ အရူနာချုာ၊ မဏိပူရ်၊ မီဇို၊ တြိပူရ၊ မီဂလာယာ၊ စသည့် ၏အရှေ့မြောက်ဒေသ စတိတ်များသည် မူလကပင် ဟိန္ဒူ အနွယ်များမဟုတ်ဘဲ မွန်ဂိုလွိုက်အနွယ်များဖြစ်ကြသည်။
ဗြိတိသျှ အုပ်ချုပ်မှုကြောင့် အိန္ဒိယတိုက်ငယ်တွင် ထည့်သွင်း ခဲ့သည်။ ထို့ကြောင့် လူဦးရေများသော ဟိန္ဒူများ သည် လူဦးရေနည်းပါးသော မွန်ဂိုလွိုက်အနွယ် ၀င်များအား လူဦးရေဖြင့် ၀ါးမြိုသွားခြင်းမဖြစ်စေရန်လည်းကောင်း၊ ၄င်းတို့၏အကျိုးစီးပွားကာ ကွယ်ပေးရန်အ တွက်သော်လည်းကောင်း နယ်နှင်ဥပဒေကိုပြဌါန်းကျင့်သုံးရာ ယနေ့ အထိလည်း ကျင့် သုံးနေကြဆဲဖြစ်သည်။
အိန္ဒိယနိုင်ငံ လွတ်လပ်ရေးယူမည်ပြုစဉ် ၄င်းအရှေ့မြောက်ဒေသ များ နှင့် ပတ်သက်၍ နယ်နှင်ဥပဒေကိုလိုက်နာကျင့်သုံးပါမည်ဟု သဘောတူခဲ့ရကြောင်းလေ့လာ မှတ်သားရသည်။ ဗမာနှင့်ပြည်ထောင်စုဖွဲ့ရန်သဘောတူညီချက်တွင်လည်း ၄င်းကတိက၀တ်များအားလုံးပါဝင်ပြီးသားဖြစ်၏။
နယ်နှင်ဥပဒေမပြဌါန်းခဲ့လျင် လူဦးရေသန်းထောင်ကျော်ရှိပြီးလူဦးရေပေါက်ကွဲနှုန်းမြင့်မားပြီးစီးပွားရေး အရအခက် အခဲဖြစ် နေသောအောက်ခြေလူတန်းစားဟိန္ဒူများဝင်ရောက်လာမည်ဆိုပါက၄င်းဒေသနေမွန်ဂိုလွိုက်အနွယ်များ သည်ခဏ တွင်းချင်း ပြောက်ကွယ်သွား မည်မှာ သံသယဖြစ် စရာအ ကြောင်းမရှိချေ။
ဗြိတိသျှတို့အုပ်ချုပ်ခဲ့သောBritish-Burma colonyတွင်လည်း ၄င်း border crossing regulation ကိုကျင့် သုံးကြသော်လည်း “ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့သိမ်းပိုက်ထားစဉ် နယ်စပ်ဖြတ် ကျော်ခွင့်ဥပဒေအား ဂျပန် စစ်တပ်မှ ရုပ်သိမ်းလိုက်ရာ အထူးသဖြင့် ရှမ်းပြည်နှင့် ဗမာပြည်တို့၏ ကူးလူးဆက်ဆံမှုများပြားခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ စ-၆၃ တွင်ရေးသားထားသည်ကို တွေ့ရသည်။
ထို့အပြင် ဦးသန့်ရေးသားသည့် ပြည်တော်သာခရီးစဉ်စာ အုပ်တွင်လည်း“၄င်းနယ် နှင့်ဥပဒေသည် တိုင်းရင်းသားစည်းလုံး ညီညွှတ် မှုကို ပျက်ပြားစေသဖြင့် ရုပ်သိမ်းလိုက်သည်” ဟုတွေ့ရသည်။ တိုင်းရင်းသားများ မည်မျှိုးအသည်ဆိုရာတွင်၎င်းဥပဒေကိုရုပ်သိမ်းလိုက်သည်ကိုပင်မသိရှိလိုက်ကြချေ။
ယခင် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွတ် မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နေ့စွဲဖြင့် ၄င်း၏ လူမှုကွန်ယက်စာ မျက်နှာတွင်ရေး သား ထားသော ပင်လုံဆိုသည်မျာ (၅) တွင် “ ပြည်မ နဲ့ကူးလူး ဆက်ဆံခွင့်ကို ထိန်းချုပ်ထား တဲ့အတွက်ပင်လုံ ညီလာခံကျင်းပချိန်အ ထိ တောင် တန်း ဒေသတွေမှာဖဆပလ အဖွဲ့တွေမဖွဲ့နိုင်သေး ဘူး“ ဟူ၍ဖြစ်သည်။
အမှန်တွင်ကူးလူးဆက် ဆံခွင့်အား တင်ကြပ်ထားခြင်း မဟုတ်၊ ပြည်ထောင်တိုင်းနိုင်ငံသီးခြား ဖြစ် သဖြင့် ပြဌါန်းထားသော နယ်နှင် ဥပဒေပင်ဖြစ်၏။
တောင်တန်းဒေသနှင့်တောင်တန်းသားများသည် Burma Properတွင် မပါ ၀င်သဖြင့်ဖဆပလ နှင့်သက် ဆိုင်ခြင်းမရှိခဲ့။ မည် သည့်တောင်တန်း သားများ မှလည်းဖဆပလ အဖွဲ့တွင်ပါဝင်ရန် စိတ်ကူးပင်မရှိ ချေ။ ဖဆပလ အဖွဲ့ဖွဲ့ရန်လည်းမလိုအပ်၊ သိလည်းမသိ၊ အဘယ့်ကြောင့် ဆိုသော် ဗမာပြည် ထောင်သားများဖွဲ့စည်းထားသော အဖွဲ့ဖြစ်သဖြင့် ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ချင်းပြည်ထောင်၊ ကယားပြည်ထောင်တို့နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိသဖြင့်ဖြစ်သည်။
၎င်းဥပဒေအားဖျက်သိမ်းလိုက်ခြင်းသည်မြေဆီမြေနှစ်ပြည့်ဝပြီး၊သယံဇာတပေါကြွယ်ဝသည့်နယ်ခြား ဒေသများ ဖြစ်သော ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်၊ ကယားပြည် များသို့ Non-Shan, Non-Kachin,Non-Chin,Non-Kayahအခြားလူမျိုးများအားတံခါးမရှိဓါးမရှိဝင်ရောက်အခြေချနေထိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး၊ ဌာနေ ဒေသခံများအား လူဦးရေ အရအသာစီးယူကာဒီမိုကရေ စီစံ နစ် ဖြင့်ငါတို့ကလူများစု ဒါကြောင့်ငါတိုက ပိုင်တဲ့မြေ၊ မင်းတို့ကလူနည်းစုဟုကြွေး ကြော်ရန်အတွက် အကွက်ကျ ကျပြုလုပ်ထား သော စီမံချက်ပင်ဖြစ်လေတော့သည်။
နယ်နှင်ဥပဒေ ကျင့်သုံးသော ၁၉၁၀ ကာလ၀န်းကျင် တွင် မြစ်ကြီးနား တစ်ခရိုင်လုံး ရှိ အောက်အ ရပ်မှ ဗမာစကား ပြောသူအရေအတွက်မှာ ၅၀၀၀ ကျော်ခန့်သာရှိသည်ဟု Myitkyina Gazetteer တွင်ရေးသား ထားသည်။
ထိုစဉ်ကမြစ်ကြီးနားခရိုင်ဆိုသည်မှာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ကားမိုင်း၊ ၀ိုင်းမော်၊ ဆဒုံး၊ ချီဖွေ၊ လောခေါင် စသည့်ဒေသ တစ်ခုလုံးအားဆိုလိုခြင်းပင်ဖြစ် ကြောင်းသိရသည်။
၎င်းဗမာစကားပြောသူများမှာလည်း မန္တလေး မြစ်ကြီးနားရထားလမ်း ဖောက် လုပ်ရာ တွင်ရောက် ရှိလာသော အလုပ်သမားများ၊ စတီးလ် ဘရားသား သစ်ထုတ် ကုမ္ပဏီ ၏အလုပ်သမားများ၊ဗြိတိသျှအားစစ်ရှုံးသဖြင့်ကချင်ဒူဝါများထံထွက်ပြေးခိုလှုံလာကြသောဝန်းသိုစော် ဘွား ဦးအောင်မြတ်၏နောက် လိုက်များပင်ဖြစ်ကြကြောင်းရှေ့မီနောက်မီကချင်လူကြီးများကဆိုကြသည်။
ဦးအောင်ဆန်းနှင့်ကတိပြုခဲ့ကြသည့်ပင်လုံစာချုပ်အတိုင်း “ ခင်ဗျားတို့ ကချင်ဒေသကို ခင်ဗျားတို့ကဘဲစီမံ အုပ် ချုပ်ရ မှာဖြစ်တယ်“ဟုပြောခဲ့သော ကတိကိုယုံကြည်သဖြင့် ဘားမားဖယ် ဒ ရေးရှင်းတွင် ၀င်ပါခဲ့ရာ၊ ကချင်လူမျိုး များ၏ သဘောဆန္ဒ မပါဘဲ နယ်နှင်ဥပဒေကိုဖျက် သိမ်းလိုက် သဖြင့် ယခုအခါ မြစ်ကြီးနားခရိုင်တွင် ကချင် လူမျိုးများ သည် လူနည်းစု ဖြစ်သွားလေတော့သည်။
ထို့အတူ ရှမ်းပြည်သည်လည်း ကချင်နည်းတူ အခြား လူ မျိုးများ၏ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်သည့်ရှမ်းပြည်ကြီးဖြစ်လာလေတော့သည်။
လွန်ခဲ့သောဆယ်နှစ်ခန့်ကမြစ်ကြီးနားမြို့၊မြို့တော်ခန်းမတွင်ကျင်းပသည့်အစည်းအဝေးတစ်ခု၌ နိုင်ငံတော် အ ဆင့်ပုဂ္ဂိုလ်တစ်ဦး ပြောသွားသည်မှာ “ ကချင်ပြည်နယ်သာဆိုတယ်၊ ကချင်လူမျိုးက ၃၀ ရာခိုင်နှုန်း ဘဲရှိတယ်” ဟု ပြောဆိုခဲ့သည်ဟုဆို၏၊ ဆိုလိုသည်မှာ ကချင်တွေနဲ့မဆိုင် ဘူး ဟုမပြောရုံတ မယ်သာလျင်ဖြစ်၏။ မည်သည့်အ တွက်ကြောင့် ၃၀ရာခိုင်နှုန်းဖြစ်ရသနည်း၊ အဖြေမှာရှင်းရှင်းလေးရှိသည်။
နယ်နှင် ဥပဒေအား ဖျက်သိမ်းလိုက်သော ကြောင့်ပင်ဖြစ်သည်။ လွတ်လပ်ရေးမရခင် ၁၉၄၇ စာရင်းအရ ကချင်ပြည်တွင် ကချင်ဦးရေ ၆၀ ရာခိုင်နှုန်း ခန့်ရှိပြီးဖြစ်သည် ( အနောက်ဖက်ဟူးကောင်းဒေသ၊ မြောက်ဖက် တြိဂံဒေသ မှ ပူတာအိုနယ်အဆုံး မပါဝင်သေး သော လူဦးရေစာရင်း)။ နယ်နှင်ဥပဒေအား မဖျက်သိမ်းခဲ့လျင် ကချင်ဦးရေသည် ၇၀ ရာခိုင်နှုန်းရှိမည်မှာ သံသယဖြစ်စရာအကြောင်းမရှိ။
လွတ်လပ်ရေးရကာစက ကချင်စ တိတ်တွင် တရုတ်လူမျိုးဥိးရေ ၇၀၀၀ ခန့်သာရှိ ခဲ့သော်လည်း ယခုအခါ တစ်သိန်းကျော်နြေ ပီဖြစ်ကြောင်း ပြောဆိုနေကြသည်။ ဒီမိုကရေစီဆိုသော စကားလုံးဖြင့် မနေ့တနေ့ကမှရောက်လာသော ခါတော်မီ ၊ ကယ်ပါ များ၏ဦးရေ သည် ဒေသခံများ ထက်ပို၍ များပြားကာ ၄င်တို့၏ မဲအသာဖြင့် မူလဒေသပိုင်ရှင်များအား ဧည့်သည် အဖြစ်သတ်မှတ်ရန် ကြိုးစား နေကြ တော့သည်။
ဗြိတိသျှတို့မရောက်မီက သက်ဆိုင်ရာကချင်ဒူဝါများမှ အုပ်ချုပ်ခဲ့၊ ဗြိတိသျှတို့ရောက်လာပြီး နောက်တွင်လည်း Kachin Hill Tract ဥပဒေပြဌါန်းပေးကာ ယခင်ကအတိုင်းအုပ်ချုပ်ခဲ့ ကြ၏။
ဘားမားဖယ်းဒရေးရှင်း တွင်ပူးပေါင်းပါဝင်ရန် ဦးအောင်ဆန်းကတိပေးရာတွင် “ လွတ်လပ်ရေးရပြီး အင်္ဂလိပ်ပြန်သွားရင်၊ အင်္ဂလိပ်နေ ရာမှာဗမာတွေအစားထိုးပြီးဗမာတွေစိုးမိုးသွားလိမ့်မယ် ဆိုတဲ့သံသယရှိလိမ့်မယ်၊ အဲသလိုမဖြစ် အောင်ဆောင်ရွက် ပေးမယ်၊ ခင်ဗျားတိုကကချင်လူထု စိတ်ကြိုက်၊ ခင်ဗျားတို့လူမျိုးထဲက ရွေးချယ်ပြီး မိမိလူမျိုးနှင့် မိမိအုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရမယ်၊ပြည်ထောင်တွေ သတ်မှတ်ပေးမယ်၊ ဒါ့ကြောင့်ခင်ဗျား တို့အနေနဲ့ယုံယုံကြည် ကြည်ကျွန်တော်တို့နဲ့ပေါင်းပြီး လွတ်လပ်ရေးရ ယူရအောင်”ဟုပေးခဲ့သောကတိပြုခဲ့သည့် ပင်လုံ ကတိ၏နေရာ တွင်မနေ့တနေ့မှရောက်လာ သူများနှင့်တကူးတကရောက်လာ သူများကဒေသခံများ၏အခွင့်အရေးများနှင့် ကိုယ် ကျိုးစီးပွားများကိုသိမ်းကြုံးရယူကာကချင်အမျိုးသားများသည်လည်းကချင်တိုင်းရင်းသားများဖြစ်သွား လေတော့ သည်။
လွတ်လပ်ရေး ရပြီးနောက် လူမသိသူမသိဖျက်သိမ်းလိုက် သည်ဆိုသောနယ်နှင် ဥပဒေ ၏ရလဒ်ကာ ယနေ့ ရှမ်း ပြည်၊ ကချင်ပြည်၊ကယားပြည်တို့တွင်လူမျိုးခြားများအများအပြားဝင်ရောက်လာခြင်း ကြောင့်အထူးသဖြင့် ရှမ်းနှင့် ကချင်လူမျိုးတို့သည်၎င်း ၏ဆိုးဒဏ်များအား ခံစားနေကြရ ပြီဖြစ် သည်။
၁၉၄၇ ခုနှစ်တွင်ချုပ်ဆိုခဲ့သည့် ပင်လုံ ကတိက၀တ်အတိုင်းဆိုလျင် ရှမ်း၊ ကချင်၊ ချင်း၊ ကယား တို့သည် ခွဲထွက်ခွင့် ရှိပြီးသားလူမျိုး များဖြစ်ကြသည်။ သို့သော်မည်သူမျှခွဲထွက်မည်ဟုမဆိုကြ။
၁၉၄၇ ကတိက၀တ်တွင် မိမိကြမ္မာ မိမိဖန်တီး ခွင့်ရှိပြီးဖြစ်သည်။ ဖယ်ဒရယ်ပြည်ထောင်စုပြန်လည်အကောင်အထည်ဖော်ခဲ့လျင်တိုင်းရင်းသားများဖက်မှ၎င်းကတိအတိုင်းမိမိကြမ္မာမိမိဖန်တီးပြီးယခင်ကရှိခဲ့ပြီးသောနယ်နှင်ခြင်းကဲ့သို့သောဥပဒေများအားပြန်လည်အသက်သွင်းမည်ကိုအမျိုးသား ရေးဟု ကြွေးကြော်နေကြသောဗမာခေါင်းဆောင်အချို့အနေဖြင့်(အားလုံးကိုမဆိုလိုပါ)အလွန်စိုးရိမ်နေကြမည်မှာ သံသယ ဖြစ်စရာအကြောင်းမရှိချေ။
မှတ်ချက်။ ။ဤဆောင်းပါးအား ပြည်ထောင်စုစိတ်ဓါတ်မရှိ၍ ရေးသားခြင်းမဟုတ်ပါ၊ ပြည်ထောင်စုစိတ် ဓါတ်မရှိသူများ၏ စနစ် ဆိုးကြောင့်ပင်လုံကတိက၀တ်ကို ချေဖျက်လိုက်ကြသဖြင့် ရှမ်း၊ ကချင်လူမျိုးများအဓိက ကြုံတွေ့နေရပြီဖြစ်သည့်ပြသနာအကြောင်းတရားများနှင့် ပယ်ဖျက်၊ ကွယ်ဝှက်၊ တိမ်မြှုတ် နေသော သမိုင်း ကြောင်း အားတင်ပြ ခြင်းဖြစ် ပါသည်။

Read more »