Friday, November 4, 2016

ငါတို့သားအဖလည်းရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ Donald Trumpကိုပဲ မဲပေးခဲ့ပါတယ်။ ဘာကြောင့်လည်း


ဒီနေ့တော့သားအငယ်ကောင်ကိုတင်ပြီး သကာလ ကားမောင်းထွက်လာရင်း စဉ်းစားတယ်ဘယ်များသွားရပါ့မလဲလို့။ အဲဒါနဲ့တစ်ချက်သွားသတိရတာက အမေရိကန်သမ္မတရွေးကောက်ပွဲကလည်း ၅ ရက်ပဲလိုတော့တယ်။ သတင်းတွေမှာလည်းတချိန်လုံးဒီအကြောင်းတွေကြီးပဲဆိုတော့ အခြေမနေဘယ်လိုလဲသိရအောင် မဲရုံနားတစ်ချက်လောက်သွားစနည်းနာကြည့်ရင်ကောင်းမှာပဲလို့တွေးမိတာနဲ့နီးစပ်ရာမဲရုံတစ်ရုံကိုရောက်သွားခဲ့တယ်။
မဲပေးဖို့အစီအစဉ်တော့မရှိခဲ့ပါဘူး။ voter registration card ကလည်းပျောက်နေတာနဲ့တူတယ်၊ရှာမတွေ့တော့မဲပေးလို့ရမလားလည်းသေချာမသိခဲ့ဘူး။ ပိုဆိုးတာကဘယ်သူ့ကိုမဲပေးရမလည်းမဆုံးဖြတ်နိုင်ဖြစ်နေလို့ပဲ။
ဒါပေမယ့် မဲရုံရောက်သွားတော့ရွေးကောက်ပွဲက ၅ ရက်လိုသေးတယ်ဆိုပေမယ့် ကြိုတင်မဲပေးကြတဲ့လူတွေအတောက်များတာတွေ့ရတယ်။ လူတွေကဝင်လိုက်ထွက်လိုက်နဲ့အတောက်စည်ကားနေတော့မထူးပါဘူး၊ မဲပေးလို့ရရင်တစ်ခါထဲပေးခဲ့လိုက်မယ်လို့စိတ်ကူးမိတာနဲ့သားအငယ်ကောင်ကိုချီ၊အများသူငှာလိုတန်းစီပြီး စောင့်နေခဲ့တယ်။ ကိုယ့်အလှည့်ရောက်တော့ ID လေးထုတ်ပေးလိုက်တာနဲ့ဘာမှမမေးဒေါ့ပါ။ သူတို့လုပ်စရာရှိတာလုပ်ပြီး၊ Pass လုပ်ပေးလိုက်ပါတယ်။

အဲဒါနဲ့ငါတို့သားအဖလည်းရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ Donald Trumpကိုပဲ မဲပေးခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ငါတို့သားအဖကလည်း Donald Trump ကိုချစ်လွန်းလို့တော့မဟုတ်။ ရှင်းရှင်းပြောရရင် အမေရိကန်မှာ နေထိုင်တဲ့အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ Hillary Clinton ကို Donald Trump ထက်အများကြီးပိုပြီးထောက်ခံပေမယ့်၊ Clinton အာဏာရလာရင် စုကြည်နဲ့ဆက်ပြီး ၂ပါးသွားကနေအုံးမှာကိုမကြည့်ချင်လို့ ဗမာပြည်အတွက် မျှောက်လင့်ချက်ရောင်ခြည်နဲ့ Donald Trump ကိုမဲပေးရင်းအိမ်ပြန်ခဲ့ကြပါတယ်ခင်ဗျာ။