Tuesday, November 22, 2016

ခွးမျှော်

ဆင်ဟိုဟာ - ခွေးမျှော်
×××××××××××××
2010 တုန်းဆီက၊ ရွေးကောက်ပွဲ အစ။
KIA ကို ဝမ်နိန်ပေး၊ BGF လက်မခံရင် - ပေါ့လေး။
တပ်မတော် အလုံးအရင်းနဲ့၊ အမြောက်ကား၊ တင့်ကားကွဲ့။
လေယာဉ်ပါသုံးပြီးတော့၊ KIAကို - အပြတ်ချေမှုန်းမှာပေါ့။
ဤသို့ အစိုးရခြိမ်းခြောက်လည်း၊ KIO,KIA မကြောက်ဘူးဘဲ။
“ခွေးဟောင်တိုင်းသာ - ထ ကြည့်ရင်၊ အိပ်ရေးပျက်သတဲ့ “ရှင်။
BGF ကို - လက်မခံတော့၊ တပ်မတော်စစ်ထွက်တော့တာပေါ့။
ငါးနှစ်ကျော် ခုခံတာ၊ အင်အားကြီးတာ - တပ်မတော်ပါ။
စိန်ခေါ်တာ - စိတ်ရင်းပုပ်သူ၊ ကောက်ကျစ်တဲ့ စိတ်ထားကပို။
KIO/KIA ကို - သဲသဲ မဲ၊ ပြည်သူကို - အရေးမလုပ်သူဘဲ။
အဲ့ဒီလောက်ကြီ်း မိုက်ရိုင်းသူ၊ ဘယ်ဘုရား နတ်ကောင်းမကူမယူ။
အောင်မြင်မှာ- မထင်နဲ့တော့၊ ဆင်ဟိုဟာ - ခွေးမျှော်သလိုပေါ့။
အချိန်မှီ လက်မြှောက်လိုက်ပါ၊ ဒါမှ - သိက္ခာရှိအုံးမှာ။
KIA တော့ ခုခံမှာဘဲ၊
ကိုယ့်မြေကိုကိုယ် - ပိုင်မှာဘဲ။
ကချင်ကို လာမစနဲ့၊
ခါချဉ် အုံ - တုတ်ထိုးသလိုကွဲ့။
ထိုင်နေရင် - အကောင်းသား၊
နောင်တရနေ အုံးမယ်ဗျာ။ ________ ။