Monday, November 28, 2016

M.A.A. မှာ ဗဟိုကော်မတီသစ်ကို တင်မြှောက်ခြင်း


Mon American Association (M.A.A.) က ဒီကနေ့ Mountain Times စံတော်ချိန်အရ ညနေ (၆)နာရီက စပြီး ညနေ (၁၀)နာရီအထိ ဗဟိုကော်မတီအသစ်ကို တင်မြှောက်လိုက်ကြတယ်။ ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီဝင်(၆)နေရာအတွက် ဒေသအသီးသီးက ကိုယ်စားလှယ်(၂၅)ဦးက ဝင်ရောက်အရွေးခံကြပါတယ်။
M.A.A. မှာ အမေရိကန်ပြည်ထောင်စုလုံးဆိုင်ရာမွန်သံဃာ့အဖွဲ့ချုပ်လည်း ပါဝင်နေလို့ သံဃာတော်အရှင်သူမြတ်နှစ်ပါးလည်း MSOA ကိုယ်စားလှယ်အဖြစ် ပါဝင်ရပါတယ်။ သံဃာတော်များ ဖြစ်လို့ ရွေးကောက်ပွဲကို မဝင်ချင်ပေမဲ့ စာရင်းထဲ ပါသွားခဲ့ပါတယ်။ အစဉ်အတိုင်း မဲအများဆုံး ရရှိတဲ့ ကိုယ်စားလှယ်များ(၆)ဦးမှာ-
၁။ ဘဒန္တရာဝိက (Denver CO)
၂။ ဒေါက်တာဂျရိုင်မွန် (Phoenix AZ)
၃။ နိုင်ကုရတ် (Salt Lake City UT)
၎။ ဘဒန္တပညာသာမိ (Akron OH)
၅။ နိုင်စက္ကရတ် (Buffalo NY)
၆။ နိုင်ထွန်းနိုင် (Buffalo NY)
တို့ ဖြစ်ပေမဲ့ ဒီထဲမှာ
၁။ နိုင်ထွန်းနိုင် (Buffalo NY) က ဥက္ကဋ္ဌ
၂။ နိုင်ကုရတ် (Salt Lake City UT)က အထွေထွေအတွင်းရေးမှူး
များအဖြစ်သာ တာဝန်ထမ်းဆောင်ကြပါတယ်။ မိမိအပါအဝင် ကျန်တဲ့ ပုဂ္ဂိုလ်(၄)ဦးက အကြောင်းကြောင်းကြောင့် တာဝန်ကို မထမ်းဆောင်နိုင်လို့ အဆိုပါပုဂ္ဂိုလ်(၄)ဦးအစား
၁။ နဲာချမ်းမွန်ခန်လွာ (TX) က ဒုဥက္ကဋ္ဌ
၂။ နဲာအောင်ဂျနဲချမ်း (Des Moines IA) ဒုအထွေထွေအတွင်းရေးမှူး
၃။ မိစိုက်ချမ်း (Ft. Wayne IN) ဘဏ္ဍာရေးမှူး
၎။ နိုင်မွန်ချမ်း (Portland OR) ဒုဘဏ္ဍာရေးမှူးတို့အဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။
ကျန်ဌာနများအတွက် ဌာနမှူးများကို နောက်ဆွေးနွေးပွဲမှာ အသီးသီးရွေးကောက်တင်မြှောက်ကြအုံးမှာ ဖြစ်တယ်။ မွန်အဖွဲ့ဟာ ဒီမိုကရေစီအရမ်းဆန်လွန်းလို့ ဆွေးနွေးချိန်၊ သုံးသပ်ချိန်များဟာ (4) နာရီအထိ ကြာခဲ့ရပါတယ်။ ပါဝင်ဆွေးနွေးခဲ့တဲ့ ပြည်နယ်ပေါင်းစုံက MAA ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိပါကြောင်း..။
ကချင်နဲ့ရှမ်းစစ်မြေပြင်ရောက် M.A.A. ကော်မရှင်ဥက္ကဋ္ဌ ဒီသတင်းကို ဖတ်မိပါစေ။