မြန်မာ့တပ်မတော်က လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားဒေသရှိ အရပ်သားတွေကို နှိပ်စက်ခဲ့ကြတယ်။ ဗမာ့တပ်မတော်ကို အကြမ်းဖက်သမားလို့ ခင်ဗျားတို့ စွတ်စွဲဖူးသလား။ သောင်းကျန်းသူများလို့ ခင်ဗျားတို့ထုတ်တဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြဖူးသလား။
တအာင်းက ဝင်တိုက်တယ်ဆိုပြီး ၁၀၅ မိုင်ကနေ ခင်ဗျားတို့ ကြောက်ပြေးပြေးရတာနဲ့တင် တအာင်းတွေကို "အဖျက်သမားတွေ"လို့ ခင်ဗျားတို့ ရဲရဲဝံ့ဝံ့ ပြောကြတယ်။ " သောင်းကျန်းသူ" တွေလို့ ခင်ဗျားတို့ ပြောကြတယ်။
နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကချင်စခန်းတွေကို မြန်မာ့တပ်မတော်က ဝင်တိုက်နေတာ ကြာလှပါပြီ။ ဘယ်တုန်းကမှ ထုတ်ပြန်ချက် မထုတ်ခဲ့ဖူးပါ။ အခု တအာင်း၊ ကချင်၊ ကိုးကန့်၊ ရခိုင်တွေက ရှမ်းပြည်မြောက်ပိုင်းမှာ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ ကမန်းကတန်းနဲ့ ကျေညာချက် ထုတ်ပါလေရော။
ခင်ဗျားတို့အတွင်းစိတ်မှာ မရိုးသားကြဘူးဆိုတာ ကျုပ်တို့ ဖော်ထုတ်နိုင်ခဲ့ပြီ။