Thursday, November 24, 2016

ကျားကိုက်တာပဲလူမြင်


(credit/ ခင်မမမျိုး)
ငယ်ငယ်တုန်းက ဖွားဖွားပြောတာ ကြားဖူးတယ်၊
ကျားကိုက်တာပဲလူမြင်တယ် တဲ့၊
မေးကြည့်မိတော့
လူက တောထဲကျားသွားပစ်ပြီး၊ ကျားသေထမ်းလာတေ့ အောင်ပွဲဆိုပြီးး၊ လက်ခုပ်တီးကြတယ်တဲ့၊ တောထဲမှာ ကျားက သူ့လာပစ်တဲ့လူကို ပြန်ကိုက်တော့ ကိုယ်သွားပစ်တာ မမြင်ပဲ
ကျားကိုက်တာပဲ လူမြင်တယ်တဲ့၊
ကျားလဲ ကျားဆိုးဖြစ်သွားရောတဲ့.....
ကျားဆိုးကို နှိမ်နင်းမယ်ဆိုပြီး၊ လူတွေက တောခြောက်တော့ ကျားကနေစရာမရှိ၊ ရွာနားကပ်တော့ တုတ်၊ ဓားလှံ အပြည့်နဲ့ ဝိုင်းလိုက်ရောတဲ့၊ ကျားက ပြန်ကိုက်၊ လူတွေက ကျားကို သတ်နဲ့၊ ပွဲပြီးတော့ ကျားလဲသေ၊ လူတချို့လဲသေတာမှာ သေတဲ့လူတွေက သူရဲကောင်းဖြစ်၊ ကျန်သူတွေက ကျားဆိုးကို အောင်မြင်စွာ နှိမ်နင်းလိုက်ပြီလို့ ကြွေးကြော်ကြသတဲ့၊ အောင်ပွဲခံကြသတဲ့၊ ကျားသေကို ရွာပြန်သယ်၊ အရေဆုပ်တာကို လူတွေက လက်ခုပ်တီး အားပေးကြသတဲ့၊
ဒါကြောင့် မြေးလေးသတိရှိတဲ့၊ လူတွေမှာ မျက်လုံးနှစ်လုံးပါပေမယ့်၊ နှလုံးသားက တခုပဲပါတာတဲ့၊ တဘက်သတ်ပဲ ခံစားတတ်သတဲ့၊ အဲဒါကြောင့် မျက်လုံးတဘက်က ကန်းသွားပြီး၊
ကျားကိုက်တာပဲ လူမြင်တော့တာတဲ့၊ ကျားကို လူသွားသတ်တာကျတော့ မမြင်ကြဘူးတဲ့......
ဩော်.........အမှတ်ရမိတယ်
ခင်မမမျိုး (24/11/2016)