Wednesday, November 23, 2016

ဒေါ်စုကို ညှာစရာအကြောင်းမရှိ

U ravika
ဒေါ်စုက ပြန်တိုက်မယ်လို့ ကျေညာလိုက်ကတည်းက ဒေါ်စုဟာ စစ်တပ်ရဲ့ မိတ်ဆွေပဲ။ တိုင်းရင်းသားတို့ရဲ့ ရန်သူပဲ။ ဒေါ်စုကို ညှာစရာအကြောင်း မရှိတော့ဘူး။
နောက်တစ်ခါ ဒေါ်စုက ပြည်နယ်တွေမှာ မဲလာဆွယ်ရင် စစ်တပ်လုံခြုံရေးကောင်းကောင်းနဲ့သာ ကြွခဲ့ပါလို့။
တိုင်းရင်းသားတပ်မတော်တွေကတော့ လုပ်မှာမဟုတ်ဘူး။
ဒေါ်စုကို စိတ်နာတဲ့ တစ်ယောက်ယောက်က ရန်ရှာရင် ဒုက္ခရောက်မှာ စိုးလို့။
ပြောလို့မရဘူး။ ဗမာ့တပ်မတော်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ တိုင်းရင်းသားတွေက မနည်းမနောပါပဲ။
နောက်ပြီး
တကယ်လို့ စစ်တပ်ကပဲ တိုင်းရင်းသားဟန်ဆောင်ပြီး လုပ်ကြံလိုက်ရင်လည်း
တိုင်းရင်းသားတွေက အချောင်ခံနေရမှာစိုးလို့။