Tuesday, November 22, 2016

တိုက်ပွဲ ဖြစ်နေတဲ့ ကြားထဲမှာ အသက် ကို စပယ်ယာပတ်စ် ရှိထားလို့ သွားကြတယ်လား..

လိုင်ဇာ ကနေ ကမ္ဘာ ကြက်ခြေနီ (ICRC) ကို ရုပ်သိမ်း သွားခိုင်းတဲ့ ဒီမိုကရေစီ အစိုးရ
လိုင်ဇာ ကနေ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ကို ဆေးဝါး ပစ္စည်း လုံးဝ မသွင်းခိုင်းတဲ့ အစိုးရက
မူဆယ် က လူမှုရေးအဖွဲ့သား တယောက် ကျည်မှန်တာကို နိုင်ငံတော် သတင်းမှာ အကြီးအကျယ် တင်တယ်လား...
လူမှုရေးအဖွဲ့ တွေကလည်း တိုက်ပွဲ ဖြစ်နေတဲ့ ကြားထဲမှာ အသက် ကို စပယ်ယာပတ်စ် ရှိထားလို့ သွားကြတယ်လား..
မနှစ်ကလည်း လောက်ကိုင်မှာ မြန်မာ့ကြက်ခြေနီ၊ သတင်းထောက် တွေက စစ်ကား နောက်လိုက်ပြီး အသက်ပျောက်လုလု ဖြစ်သွားတာ မမှတ်သေးဘူးပေါ့။