Tuesday, November 22, 2016

ပြသနာရဲ့ဘက်နှစ်ဘက်

21/11/2016
eaos_mms75
20/11/2016 နေ့က ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲစဉ်များစွာပါသော စစ်
ပွဲတခုဖြစ်ပွါးခဲ့သည်။ အနဲဆုံး တိုက်ပွဲကြီးငယ် ၁၁ ခုနှင့် အနဲဆုံး တံတား ၃ စင်း
မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျယ်ပြန့်တဲ့ စစ်မျက်နှာဖွင့်လှစ်ပြီး တိုင်းရင်းသားလက်နက်
ကိုင်တပ်ဖွဲ့ ၄ ခုက ပူးပေါင်းပြု လုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုလို့ သုံးသပ်ရပါသည်။ အဆိုပါစစ်ပွဲ၏သတင်းသည် လျင်လျင်မြန်မြန်ပျံ့နှံသွားခဲ့ပြီး အမြင် အမ် ဳိ းမ် ဳိး ဖေါ်
ပြကြသည်ကို တွေ့ရသည်။
ပထမအချက်အနေနှင့် မူဆယ်ဒေသတိုက်ပွဲအတွင် အရပ်သားများ ထိခိုက်
မှု ရှိခြင်းနှင့်ပတ်သက်၍ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်
မှု ကြောင့် အရပ်သားများ ထိခိုက်မှု လက်ခံနိုင်ဘွယ်မရှိဟု၍၎င်း အရပ်သားများကို
ပစ်မှတ်ထားတိုက်ခိုက်မှု အား လက်ခံနိုင်ဘွယ်မရှိဟူ၍၎င်း တဖက်က ဆိုကြသည်။
အခြားဘက်ကမူ တောတောင်တွင်းရှိ တိုင်းရင်းသားကျေးရွာများ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကြောင်း လက်ရှိတွင် အိုးအိမ်
ရပ်ရွာကိုစွန့်၍ စစ်ဘေးဒုက္ခသည်စခန်းတွင် တိုင်းရင်းသား ၅ သိန်းခန့်နေရသည်
မှာ နှစ်အချို့ ရှိပြီဟု တုန့်ပြန်ပါသည်။
ဒုတိယအချက် တဖက်က လက်ရှိအစိုးရမှာ အရပ်သားအစိုးရဖြစ်သည်။
တပ်မတော် အစိုးရမဟုတ်။ တပ်မတော်သည် အရပ်သားအစိုးရ၏လက်အောက်ခံ
ဖြစ်သည်။ လက်ရှိ တိုင်းရင်းသားများ လက်နက်ကိုင်တိုက်ခိုက်သည်မှာ အရပ်သား
အစိုးရကို ဦးတည်သည်ဖြစ်၍ လက်မခံနိုင်ဟုဆိုပါသည်။ အခြားဘက်ကမူ ပြီးခဲ့
သော ၃ လကျော်ကထဲက ကချင်ပြည်နယ်တွင် KIA တပ်ဖွဲ့စခန်းများကို ထိုးစစ်ဆင်
နေသည်မှာ ၃ လကျော်ကြာခဲ့ပြီးဖြစ်ကြောင်း ထို့အတူ TNLA တပ်ဖွဲများကိုလည်း
ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာလည်း ကြာမြင့်ပြီဖြစ်ကြောင်း ထိုအချိန်ကာလက
အရပ်သားအစိုးရက မည်သည့်စကားတခွန်းမှ ပြောဆိုခြင်းမရှိခဲ့ကြောင်း ထို တိုက်ခိုက်မှုများတွင် အရပ်သားအစိုးရ သဘောထားမည်သို့နည်းဟု တုန့်ပြန်သည်။
တတိယအချက် တဖက်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်း
သားအဖွဲ့များအနေနှင့် NCA ထိုး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲပါဝင်ရမည့်အချိန်
မပါဝင်ဘဲ စစ်တိုက်သည်ကို လက်မခံနိုင်ဟု ဆိုကြသည်။ တဘက်ကလည်း KIA
အနေနှင့် NCA ထိုးရန် ဆွေးနွေးနေသော်လည်း တပ်မတော်က ထိုးစစ်ဆင်နေ
ကြောင်း ထို့ပြင် MNDAA/TNLA/AA ၃ ဖွဲ့အား NCA တွင် ပါဝင်ခွင့်ပြု ရန် အစိုးရ
နှင့်တပ်မတော်ဘက်က လမ်းပိတ်ထားကြောင်း တုန့်ပြန်ပါသည်။
ဖြစ်ပွါးနေသောပြသနာများတွင် မတူသော အမြင် မတူသောဘက်များ
ရှိနေသည်။ စစ်ပွဲအရှိန်မြင့်လာသည်နှင့်အမျှ ဘက်နှစ်ဘက်၏ မတူသောအမြင်
မြင့်တက်နိုင်ပါသည်။ ထိုမတူသော ဘက်နှစ်ဘက်ကို အပြန်အလှန် စေ့စေ့ငုငု နားလည်သုံးသပ်ဖြေရှင်းနိုင်မှသာ စစ်ပွဲကို လျှော့ချနိုင်ပေလိမ့်မည်။ ထိုမတူသော
ပဋိပက္ခဖြစ်ပွါးနေသော ဘက်နှစ်ဘက်ကို ထိန်းညှိဖြေရှင်းခြင်း မပြုနိုင်ပါက စစ်ပွဲ
သည် ပိုမို အရှိန်မြင့်သွားပေလိမ့်မည်။
လွန်ခဲ့သော ၂ နှစ်ခန့်က တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ
မစ္စတာ ကင်ကျိ ယွမ် ပြောသည့် တရုတ်မြန်မာနယ်စပ် မြန်မာပြည်အရှေ့မြောက်
ပိုင်တွင် ထိမ်းမနိုင် သိမ်းမရသည် ပဋိပက္ခများ ပေါက်ဖွါးလာမည်ကို စိုးရိမ်မိသည်
ဟူသည့်စကားအား သတိရမိသည်။
မောင်မောင်စိုး (Mg Mg Soe )

photo credit မူရင်းပိုင်ရှင်