Friday, November 25, 2016

မုံးကိုး နယ်စပ်ဂိတ်၊မဟာမိတ်တပ်များ ထိန်းချုပ်


Lachid Kachin
24/11/2016
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မုံးကိုး နယ်စပ်ဂိတ် အား မြောက်ပိုင်း မဟာမိတ်
တပ်များ ထိန်းချုပ် ထား နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုဝင်ဘာလ (၂၀) ရက်နေ့ မှ စတင် ဖြစ်ပွားနေ သော ရှမ်းပြည်နယ်မြောက်ပိုင်း
ရှိ တိုင်းရင်းသား တော်လှန်ေ၇း အဖွဲ့ များ၏ ၊ မြောက်ပိုင်း မဟာမိတ် တပ်များ
နှင့် မြန်မာ စစ်တပ်တို့ ၏ တိုက်ပွဲ မှာ ယနေ့ တိုင် ပြင်းထန်နေဆဲ ဖြစ်သည်။
ရှမ်း/မြောက် မုံးကိုး မြို့ ရှိ၊ တရုတ်-မြန်မာ နယ်စပ် ဂိတ် အား (၂၃၊၁၁၊၂၀၁၆)
ညနေ မှ စတင် ပြီး မြောက်ပိုင်း တိုင်းရင်းသား မဟာမိတ်တပ် များမှ ထိန်းချုပ်
ထားလိုက်ပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ယခု လက်ရှိ မုံးကိုး ၊တရုတ်-မြန်မာ
နယ်စပ်ဂိတ် လူ အ၀င်အထွက်များ အား စစ်ဆေးခြင်း( နာမည်စရင်းကော
က်ခံ)များ ကို တိုင်းရင်းသားမဟာမိတ်တပ်များမှ တာဝန်ယူ ပြုလုပ်နေပြီ ဖြစ်
ကြောင်းသိရှိရပါသည်။
၂၄၊၁၁၊၂၀၁၆ ရက်နေ့ နံနက်ပိုင်း၌ မှငဆယ် ၊(၁၀၅)မိုင် အနီးတွင် တိုက်ပွဲဖြစ်
ပွားခဲ့ ပြီး ၊နေလည်ပိုင်းတွင် မြန်မာ စစ်တပ် ဘက်မှ ရဟတ်ယာဉ် ဖြင့် စစ်အင်
အားများ လာရောက်တိုးချ ကြောင်း စုစုပေါင်း (၁၂)ခေါက် လာချ သွားကြောင်း
မြန်မာ စစ်တပ်ဘက်မှ ဤသို့ စစ်အင်အားများထပ်မံ တိုးချဲ့ နေခြင်း ကြောင့်
တိုက်ပွဲ များပိုမိုပြင်းထန်လာ မည့် အခြေအနေရှိကြောင်း သိရှိရပါသည်။
ထို့ အပြင် ကွတ်ခိုင်-မှုဆယ် လမ်း၊ နမ့်အွမ် နှင့် မုံပေါ ချောင်း ကြားတွင် လည်း
တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ ပါသည်။ မုံး ကိုး မြို့ ကို လည်း မြန်မာ စစ်တပ်
မှ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု များရှိပါသည်။
ထို့ အပြင် ကေအိုင်အေ တပ်ရင်း (၂၇) ဒေသ၊Gong Ngu Yang ၌ မြန်မာ စစ်
တပ် (ခ.မ.ရ-၆၀၂) တပ် နှင့် ကေအိုင်အေ တပ်ရင်း (၂၇) တို့ တိုက်ပွဲ ဖြစ်ပွား
ရာ (၂၄၊၁၁၊၂၀၁၆) ရက်နေ့ ညနေ (၃)နာရီ အချိန် တွင်မြန်မာ စစ်တပ်ဘက် မှ
စစ်ရဟတ်ယာ(၂)စီးဖြင့် လာရောက်ပစ်ခတ်ပြီး ထို့ နောက် ဂျက်တိုက်လေယာဉ်
များဖြင့် လည်း ထပ်မံ လာရောက် တိုက်ခိုက်ကြောင်းသိရှိရပါသည်။