Saturday, October 28, 2017

This is the moment Catalonia declared independence from Spain.

Read more »

Mali Zup Zau mai,former KIO Chairman and Chief of staff,Pass away



Read more »

မလိဇွပ် ဇော်မိုင် ( KIO ဥက္ကဌ ငြိမ်း) သည် ယနေ့မနက် 5.35 am ၊ အာရှတော်ဝင်ဆေးရုံတွင် အဘ ဘုရားသခင်၏ အိမ်တော်သို့ပြန်သွား နှင့် ပြီဖြစ်ပါသည်။

Khon Ja
KIO ရဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ် မလိဇွပ်ဇော်မိုင် ဒီမနက် ၅း၃၀ မှာ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသ ခံနေရင်း ခရစ်တော်ထံပါးမှာ အိပ်ပျော်သွားပါတယ်။ 
၂၀၀၀ ခုနှစ်မှာ မေတ္တာဖောင်ဒေးရှင်းက ဘက်စုံပိုးမွှားထိန်းချုပ်ရေး စိုက်ပျိုးရေးသင်တန်းကျောင်း ဖွင့်ဖို့ pilot project ကို မြစ်ကြီးနားမြို့ အူဗျစ်ကျေးရွာ အ၀င်နားက လယ်ကွယ်နဲ့ ကုန်းစောင်းလေး တခုကို ငှားပြီး သင်တန်းသာ ၃၂ ဦး (အမျိုးသမီး တဦးတည်းသာ ပါ)၊ သင်တန်းဆရာ ၄ ဦး (အားလုံး အမျိုးသား) နဲ့ စီမံကိန်း တာဝန်ခံ ကျမ တယောက်တို့ ပါဝင် အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီအချိန်က လူပျို လူပြို ပတ်လယ်ဝိုင်းပြီး လယ်ကွက်ထဲမှာ တဲထိုး သင်တန်းလုပ်နေချိန်မှာ ဗိုလ်ချုပ်ဇော်မိုင်ဟာ ကြုံရင် ကြုံသလို ၀င်ရောက် အားပေးစကားပြောကြားပါတယ်။ တခါတလေလည်း ကြိုတင်အကြောင်းကြားထားမှု ရှိသလို တခါတလေလည်း အခြား ကိစ္စများနဲ့ ဖြတ်သန်းသွားရင်း ကြုံရင် ရင်းရင်းနှီးနှီး ၀င် နှုတ်ဆက်ပြီး ကျမတို့ ပြောသမျှ ကိုလည်း နားထောင်ပေးခဲ့သူ ဖြစ်ပါတယ်။ 
KIO ရဲ့ အမြင့်ဆုံး ရာထူးရှိ အကြီးအကဲ တဦးအနေနဲ့ လယ်ကွင်းထဲမှာ ရွှံ့တွေ ဗွက်တွေ နဲ့ စိုက်ပျိုးရေးသင်ယူနေကြတဲ့ တောင်သူလယ်သမားအုပ်စုတွေကို မမေ့မလျော့ ၀င်ရောက်အားပေး အသိအမှတ်ပြု နားထောင်ပေးခဲ့တာဟာ တဖွဲ့လုံးအတွက် အားတက်စရာ ကျေးဇူးတင်စရာပါ။ 
အဲဒီအချိန်တွေမှာ အမျိုးသမီး ငယ်ရွယ်သူ ခန္ဓာသေးကွေးသူ တဦးအနေနဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံရဖို့ဆိုတာ အတော်ကြိုးစားရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အဲဒီအချိန်ကတဲက ကျမကို အသိအမှတ်ပြုပြီး လေးလေးစားစား ဆက်ဆံ အားပေး အကြံပေးခဲ့တဲ့ ကချင်ခေါင်းဆောင် နဲ့ တွေ့ဆုံခွင့်ရတာဟာ ကျမအတွက် blessing တပါးပါဘဲ။
ဗိုလ်ချုပ် ကျန်းမာ အသက်ရှင်စဉ်မှာ အချိန်ပေးပြီး သွားရောက်တွေ့ဆုံ ဂါရ၀ပြုမှု မလုပ်ခဲ့တဲ့အတွက် နောင်တရပါသော်လည်း ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။ 
ဒီနေ့မှာ အမျိုးသမီး နဲ့ လယ်သမားများကို အသိအမှတ်ပြု အားပေး ခဲ့တဲ့ ခေါင်းဆောင်ဟာ ငြိမ်သက်ခြင်းရဲ့သခင် ခရစ်တော်ထံပါးမှာ ငြိမ်းချမ်းစွာ အိပ်ပျော်သွားပြီ ဖြစ်ပါတယ်။

Read more »

Myitkyina Ga De Sasana Bungli Hpang Ai Lam Matsing Sumhting


1893 December 23 – Sara Kaba George J. Geis, Mamaq hte Sara Kaba Roberts ni Mamnaw kaw na Myitkyina de lung wa ai.
1895 November 23 – Shawng Nnan Marai (4) hkalup hkam la sai. 
1. Slg. Lahtaw Shalum Tu
2. Slg. Shalum Tu Jan Layang Roi
3. Shd. Hpauwung Naw Ji (Srm. Kaba Dashi Hkawn Tsin a Kaji Ke)
4. U Min Kyaw
1895 November 28 - Shawng Nnan Hkristan Dinghku De
- Shd. Hpauwung Naw Ji hte Shy. Kareng Kaw
(Srm. Kaba Dashi Hkawn Tsin a Kaji Ke hte Kawoi Ke)
1895 December 10 – Shawng Nnan na Hkristan Mare Manhkring Sara Kahtawng hpe Srkaba Geis woi de sai.
*Shawng nnan na Myitkyina Mare aq Mungchying Hpung Up – Rev. Saga Naw
1896 htaq Sara Kaba Ola Hanson hte rau Sarakaba Geis Sadung de lung
1897 May - Shawng Nnan na Laika Sharin Jawng Myitkyina kaw hpaw hpang sai.
*Matut nna attachment ni hpe hti la ga.
Mahta ai. 
Rev. Marip Awng La Ka ai KBC Labau
Manhkring Mare Labau





By 

Palawng Naw Tawng

Read more »

U.S. Embassy Statement on Sentencing of Kachin Baptist Leaders

 U.S. Embassy Rangoon's post.
U.S. Embassy Rangoon
14 hrs
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦး ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်
အောက်တိုဘာ ၂၇၊ ၂၀၁၇ 
ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦးဖြစ်သူ သင်းအုပ်ဆရာ ဦးနောင်လတ်နှင့် လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှုပုဒ်မ ၅၀၀နှင့် ပို့ကုန်သွင်းကုန်ဥပဒေတို့်ဖြင့် ယနေ့ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် မိမိတို့က စိုးရိမ်မိပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖြစ်ပွားနေသောတိုက်ပွဲများနှင့် ရွာသားများအပေါ် တပ်မတော်က ကျူးလွန်မှုများ အကြောင်းကို ရန်ကုန်မှ လာရောက်သတင်းယူသော သတင်းထောက်များအား သူတို့ကကူညီအပြီး ဒီဇင်ဘာ ၂၄ တွင်တပ်မတော်က သူတို့ကို ဖမ်းဆီးခဲ့ကာ တစ်လကြာ မည်သူနှင့်မျှ တွေ့ခွင့်မရဘဲ ထိန်းသိမ်းခံခဲ့ရပါသည်။ သတင်းစာဆရာများအား ကူညီခဲ့ခြင်းအတွက် သူတို့ကို ပစ်မှတ်ထားသည့်အပေါ် မိမိတို့က စိုးရိမ်ပါသည်။ သူတို့အား ထိန်းသိမ်းထားစဉ် ညှဉ်းပန်းခံရသည်ဟူသော စွပ်စွဲချက်များအပေါ်တွင်လည်း စိုးရိမ်မကင်း ဖြစ်ရပါသည်။ နိုင်ငံသားများကို တရားမဲ့ ဖမ်းဆီးနိုင်သော မတရားအသင်းဆက်သွယ်မှုဥပဒေနှင့် တခြားသော ဥပဒေများအား သုံးစွဲခြင်းကို ရပ်ဆိုင်းပါရန် မိမိတို့က ပန်ကြားပါသည်။ ထို့ပြင် သက်ဆိုင်သူအားလုံးက ယုံကြည်မှုကို တည်ဆောက်ပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့်အမျိုးသား ရင်ကြားစေ့ရေးလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းရန်လည်း မိမိတို့ပန်ကြားအပ် ပါသည်။
U.S. Embassy Statement on Sentencing of Kachin Baptist Leaders 
October 27, 2017
We are concerned about the sentencing today of two religious leaders from the Kachin Baptist Church, pastor Nawng Latt and youth leader Gam Seng, under article 17/1 of the Unlawful Association Act, section 500 of the penal code for criminal defamation, and the Export Import Act. They were detained by the military on December 24 and held incommunicado for a month after helping reporters from Yangon investigate continued reports of fighting and military abuses against villagers in Kachin State and northern Shan State. We are concerned that these individuals were targeted for assisting journalists. We are also concerned about allegations of mistreatment during their detention. We call for the end of the use of the Unlawful Association Act and other laws used to arbitrarily arrest citizens, and we call on all actors to build trust and keep Myanmar on the path toward national peace and reconciliation.

Read more »

Thursday, October 26, 2017

Why the Kachin Revolution necessary?


Kachin News Group
"KIO (၅၇)နှစ် ပြည့်" Oct 25, 2017
ကချင် တော်လှန်ရေး လုပ်ရတာ ငွေ ကြောင့် လား?
ဘာသာရေး ကြောင့် လား?

Read more »

Sunday, October 22, 2017

ဗကပ မှဖွင့်လှစ်သော KIA သင်တန်းကျောင်းများ


မောင်မောင်စိုး, မိုးမခ
BurmaDemocracy, 27 September 2017
● CPB မှဖွင့်လှစ်သော KIA သင်တန်းကျောင်းများ
၁၉၇၆ KIA နှင့် CPB သဘောတူညီချက်အရ ၁၉၇၇ တွင် CPB အခြေခံဒေသများအတွင်း KIA တို့အတွက်ဖွင့်လှစ်သော နိုင်ငံရေးစစ်ရေးသင်တန်းကျောင်း ၂ ခုပေါ်ပေါက်လာခဲ့သည်။ ပထမကျောင်းအား သုံးဆင့်ကေဒါသင်တန်းကျောင်းဟုခေါ်သည်။ မုန်လုံခေါ်ဟေမုန်လုံရွာတွင် ဖွင့်လှစ်သည်။ မုန်လုံရွာသည် ကြူကုတ်ပန်ဆိုင်းနှင့်မုန်းကိုးကြားတွင်ရှိသည်။ မုန်လုံ တောင်ခေါ် လွယ်ဂျုံဘွမ်၏မြောက်ဖက် တရုတ်ပြည်ဖက်ကို မျက်နှာမူထားသည့် ဆင်ခြေလျောတွင်ရှိသည်။ CPB အရှေ့ မြောက်စစ်ဒေသ ကွတ်ခိုင်ခရိုင်အတွင်း၌ ရှိသည်။ အဆိုပါမုန်လုံတောင်သည် အမြင့်ပေ ၇၀၀၀ ကျော်ရှိပြီး ရှမ်းပြည်မြောက် ပိုင်းတွင် အမြင့်ဆုံးဟု ဆိုသည်။ မုန်လုံရွာသည်လည်း မြန်မာပြည် ပြည်တွင်းစစ်တွင် ဖျောက်ဖျက်မရသည့် အဖြစ်အပျက် များကြုံခဲ့ရသည့်ရွာဟု ဆိုရမည်။
ထိုကျောင်းအား သုံးဆင့်ကေဒါသင်တန်း ကျောင်းဟုခေါ်ခြင်းမှာ ထိုကျောင်းတွင်တက်ရောက်ရန် သတ်မှတ်ထားသည့် KIA အရာရှိအဆင့်အတန်းကို ဖေါ်ပြခြင်းဖြစ်သည်။ ထိုကျောင်းတွင်တက်ရောက်မည့်သူများမှာ KIA တပ်ဖက်မှဆိုလျင် တပ်ရင်း မှူး တပ်မဟာမှူးနှင့် ဗဟိုအဆင့်အားသတ်မှတ်ထားပြီး အရပ်ဖက်ပါတီ အုပ်ချုပ်ရေးမှဆိုလျင် ခရိုင် တိုင်း ဗဟိုအဆင့်ဟူ၍ အထက်အဆင့် ၃ ဆင့်တက်ရောက်ရန် တက်ရောက်ရန်သတ်မှတ်ထား၍ဖြစ်သည်။
အဆိုပါ သုံးဆင့်ကေဒါသင်တန်းကျောင်း ကျောင်းအုပ်အဖြစ်နှင့် KIA အားသင်တန်းပို့ချရန် CPB ဗဟိုကော်မတီဖြစ်သူ ဗိုလ်သန်းရွှေ မှတာဝန်ယူပါသည်။ ဗိုလ်သန်းရွေသည် ဂျပန်ခေတ် ဗိုလ်သင်တန်းကျောင်းတွင် သင်တန်းဆရာအဖြစ် တာဝန် ယူဘူးသကဲ့သို့ CPB အရှေ့မြောက် စစ်ဒေသ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ အရှေ့မြောက်စစ်ဒေသတွင် ဗိုလ်နော်ဆိုင်းက သူနှင့်တွဲ၍ တပ်မှူးကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဂျပန်ခေတ်မှစ၍ နိုင်ငံရေး စစ်ရေးအတွေ့အကြုံ ပြည့်ဝ သူဟုဆိုနိုင်ပြီး အရည်အချင်းရှိသူဖြစ်သည်။
အဆိုပါ KIA အတွက်ဖွင့်လှစ်သော သုံးဆင့်ကေဒါသင်တန်းကျောင်းအား ၁၉၇၇ ဇန္နဝါရီတွင် စတင်ဖွင့်လှစ်သည်။ အဆိုပါ သင်တန်းကျောင်း ပထမပတ် တွင် ထိုစဉ် KIO အတွင်းရေးမှူး လယော်ဇောင်းဟရာ (လက်ရှိ KIO ဥက္ကဌ) ဦးစီးပြီး ၁၅ ယောက်တက်ရောက်သည်။ တိုင်းမှူးအဆင့်မှ ဆင်ဝါးနော် တပ်ရင်းမှူးအဆင့် ဗိုလ်ကြီး လခန်ပန်းအောင် (ကွယ်လွန်) ဗိုလ်ကြီး အင်ဘန်လ (ယခု ဒုဥက္ကဌ) တို့ ပါဝင်သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်းကာလကို ၆ လသတ်မှတ်ထားသည်။ ၅ လကို မုန်လုံ၌ သင်တန်းပို့ချ အပြန်အလှန်ဆွေး နွေးခြင်းများပြုလုပ်ပြီး တရုတ်ပြည်တွင်း လှည့်လည်လေ့လာကြည့်ရှုရေးအစီအစဉ် တစ်လပါဝင်ပါသည်။ နိုင်ငံရေးသဘောတရားများ ပို့ချချက်များမှာ တကယ်တမ်းဆိုလျှင် KIA တို့နှင့် သဟဇာတ မဖြစ်လှချေ။ သို့သော် သင်တန်းပို့ချသူ ဗိုလ် သန်းရွှေ၏ စိတ်ရှည်လက်ရှည် ပြောဆိုဆွေးနွေးမှုများကြောင့် စိတ်ပါဝင်စားမှု အတန်သင့်ရခဲ့သည်။ အပြန်အလှန်ဆွေးနွေး ငြင်းခုံမှုများနှင့် စည်ကားသည်ဟု ဆိုနိုင်သည်။
KIA အရာရှိများသည် စစ်သေနင်္ဂင်္ဗျူဟာနှင့် နည်းပရိယာယ်ပြဿနာများ CPB ၏တိုက်ပွဲ အတွေ့အကြုံများစသည့် စစ်ရေး ဖက်ဆိုင်ရာတွင် ပို၍စိတ်ဝင်စားခဲ့သည်ဟုဆိုရမည်။ သဘောတရားရေးသင်တန်းများအပြီးတွင် လက်တွေ့တိုက်ပွဲတခု တိုက်ပြသည့် အစီအစဉ်တခုပါ ထည့်သွင်းခဲ့သေးသည်။ တိုက်ပွဲမှာ ရွှေကျင်ဝမ်ခေါ် စီစီဝမ်တာပန် တောင်ကြောပေါ်မှ အစိုးရ တပ်စခန်းတခုအားတိုက်ခိုက်၍ စခန်းသိမ်းတိုက်ပွဲတခုတိုက်ပြခြင်းဖြစ်သည်။ KIA အရာရှိများအား စစ်ကွပ်ကဲရေးဌာနရှိ စစ်မြေပြင်သို့ခေါ်သွားပြီး တပ်ဖြန့်ခွဲမှု လက်နက်ကြီး နေရာချမှု လက်နက်ကြီးနှင့် ခြေလျင်ပေါင်းစပ်မှုများကကို လက်တွေ့ စစ်မြေပြင်တွင် အတွေ့အကြုံ ရစေခဲ့သည်။ ၁၉၇၇ မေလတွင် ဖြစ်သည်။
ထိုတိုက်ပွဲသည် KIA အရာရှိများအား အတွေ့ အကြုံ တခုရစေခဲ့သော်လည်း အောင်ပွဲတော့မရခဲ့ပေ။ ထိုစခန်းသိမ်းတိုက်ပွဲတွင် တက်ထိုးသည့် CPB ကွတ်ခိုင်ခရိုင်တပ်မှ တပ်ခွဲနိုင်ငံရေးမှူး အင်ခွန်နော်ကျဆုံးသည်။ တပ်ခွဲမှူး မုန်ဆာလတို့ ပြန်လည် ဆုတ်ခွာရသည်။ CPB ၏ လက်နက်ကြီးတပ်ဖွဲ့ တန်ပြန်ပြန်လည်အပစ်ခံရသည်။ KIA တို့တော့ ကောင်းစွာအတွေ့ အကြုံရ သွားသည်ဟု ဆိုရမည်။
ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ခွဲမှူးမုန်ဆာလမှာ ၁၉၉၅ ခန့်တွင် ကိုးကန့်အဖွဲ့မှခွဲထွက်ပြီး MDA မုန်းကိုးကာကွယ်ရေးတပ် ဖွဲ့ကာ မုန်းကိုး မုန်းယားဒေသများတွင် တစင်ထောင်ရပ်တည်ခဲ့ သူဖြစ်သည်။ ၂၀၀၀ ခန့်တွင် အစိုးရက ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ မောင်းတောထောင်တွင်း၌ပင် ကွယ်လွန်သွားခဲ့သည်။
သုံးဆင့်ကေဒါသင်တန်းကျောင်း ဒုတိယပတ်အား ၁၉၇၇ သြဂုတ်လတွင် ပြန်လည်ဖွင့်လှစ်သည်။ လမုန်တူးဂျိုင်ဦးစီး ၃၈ ဦးခန့်တက်ရောက်သည်။ ၎င်းဒုတိယပတ်၌ လမုန်တူးဂျိုင် (နောင်KIO ဥက္ကဌ တာဝန်ယူပြီးကွယ်လွန်) နှင့် အတူလားမား လရိန် (ကွယ်လွန်) ဒေါက်တာလဂျာ (KIO အတွင်းရေးမှူးတာဝန်ယူခဲ့သူ) ဦးဇော်ဆိုင်း (KIC) တို့နှင့် မရန်ဘရန်ဆိုင်း၏ဇနီး လယော်ဇောင်းဟရာ၏ဇနီးတို့လည်း ပါဝင်သည်။ သင်တန်းကျောင်းအုပ်အဖြစ် CPB မှ ဗိုလ်သန်းရွှေပင်ဆက်လက် တာဝန် ယူသည်။
သုံးဆင်ကေဒါသင်တန်းကျောင်း တတိယပတ်ကား အနဲငယ်အပြောင်းအလဲရှိသည်။ CPB တို့ ဗဟိုဌာနချုပ် ပြောင်းရွှေ့ခြင်း တစ်နှစ်နီးပါးကြာသော CPB ဗဟိုကော်မတီအစည်းအဝေးကျင်းပနေခြင်း သင်တန်းကျောင်း ကျောင်းအုပ်အဖြစ်တာဝန်ယူသူ ဗိုလ်သန်းရွှေ ပါတီတွင်းအရေးယူခံရပြီး တာဝန်မှချထား ခံရခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ကြောင့် သုံးဆင့်ကေဒါ သင်တန်းကျောင်းကို၁၉၈၀ ခန့်တွင် မန်ရှိုး (မန်ဟီးရိုး) ဒေသ ကောက်ကွတ်ကျောင်းတွင်ပြန်လည် ဖွင့်လှစ်သည်။KIA မှ သင်တန်းသား အရာရှိ ၅၀ ခန့်တက် ရောက်သည်။ ဗိုလ်မှူးခွန်ချို (နောင် KIC ကုန်သွယ်ရေး) ဗိုလ်မှူး ဇော်ဆန်း တို့ပါဝင်သည်။ တတိယပတ် သင်တန်းအား CPB မှ အရန်ဗဟိုကော်မတီဝင် ရဲဘော်မောင်မောင်စိန်မှ ကျောင်းအုပ် အဖြစ် တာဝန်ယူသည်။ နောက်ဆုံးအပတ်စဉ်သည် ယခင်သင်တန်းနှစ်ပတ်လောက်တော့ အဆင်မပြေခဲ့ပေ။ CPB သင်တန်း ပို့ချချက်မှာလည်း ပြောင်းသွားပြီး CPB ၁၉၇၉ ဗဟိုကော်မတီမှချမှတ်သည့်လမ်းစဉ်များကို ဆွေးနွေးရာ KIA တို့ စိတ်ဝင်စား မှုမရပေ။ ထို့ပြင် သင်တန်းကျောင်းအုပ်အဖြစ်တာဝန်ယူသူ ရဲဘော်မောင်မောင်စိန်မှာ စစ်ရေးဘက်တွင် အားသန်သူမဟုတ်။ ထို့ပြင် အရှေ့မြောက်တိုက်ပွဲကြီးငယ်များတွင်ပါဝင်ခဲ့သူမဟုတ်၍ ဗိုလ်သန်းရွှေကဲ့သို့ စစ်ရေးအမြင်နှင့် အရှေ့မြောက် တိုက် ပွဲကြီးများကို ဆက်စပ်ရှင်းပြသူလောက် KIA များ စိတ်မဝင်စားခဲ့ကြပေ။
တတိယပတ်လည်းဖြစ် နောက်ဆုံးပတ်လည်းဖြစ်သော သင်တန်းကျောင်း၏သင်တန်းကာလမှာလည်း ၄ လခန့်သာကြာမြင့် ခဲ့သည်။ ထို့ပြင် တရုတ်ပြည်၌ တိန့်ရှောက်ဖင်တက်လာပြီး ပေါ်လစီ အပြောင်းအလဲကာလဖြစ်ရာ တရုတ်ပြည်လေ့လာရေး အစီအစဉ်မှာလည်း သိပ်ကြာမြင့်ခြင်းမရှိတော့ပေ။
● ကောက်ကွတ်သင်တန်းကျောင်း
မုန်လုံသုံးဆင့်ကေဒါသင်တန်းကျောင်းနှင့်အတူ ဖွင့်လှစ်သောသင်တန်းကျောင်းမှာ အလွယ်တကူ ကောက်ကွတ်သင်တန်း ကျောင်းဟုခေါ်ဟုခေါ်သည်။ ထိုသင်တန်းကျောင်း တပ်ရင်းအလိုက်ဖွဲ့စည်းထားသော KIA တပ်ရင်းအား သင်တန်းပေး ရန်ဖြစ်သည်။ အဆိုပါသင်တန်းတက်မည့်တပ်ရင်းအား တပ်ရင်းမှူး တပ်ခွဲမှူး တပ်စုမှူး တပ်စိတ်မှူး တပ်သားအစရှိသည့် တပ်ရင်းဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသည့် အဆင့်အားလုံးပါသည့် သင်တန်းဖြစ်သည်။ နိုင်ငံရေးသင်တန်းအပြင် အခြေခံစစ် ပညာသင်တန်းပါ ပါဝင်သည်။
အဆိုပါသင်တန်းအား CPB ၏ အရှေ့မြောက်စစ်ဒေသ နမ့်ခမ်းခရိုင်တွင် ဖွင့်လှစ်သည်။ ထိုစဉ် CPB နမ့်ခမ်းခရိုင်တွင် နမ့်ခမ်း မူစယ်ကားလမ်းနှင့်အပြိုင် ရွှေလီမြစ်တဖက်ကမ်းရှိ ရှမ်းရွာ ၂၀ ခန့်ပါဝင်သော မန်ရှိုး (မန်ဟီးရိုး) ဒေသ (ယခု မန်ဟီးရိုးမြို့ နယ်ခွဲ) နှင့် နမ့်ခမ်းအနီး မုန်းဝီးဒေသဖြစ်သည်။ မုန်ဝီးဒေသကတော့ ပြောက်ကျားဒေသဖြစ်ပြီး မန်ရှိုးဒေသကတော့ အခြေခံ ဒေသဖြစ်သည်။ သင်တန်းကျောင်းကို မန်ရှိုးနှင့် ၃ မိုင်ခန့်အကွာရှိ ကောက်ကွတ်ရွာအနီး၌ ဖွင့်လှစ်သည်။ မန်ရှိုးဒေသတောင် ဖက်စွန်း ကွန်ဟိုင်းကျေးရွာမှဖြတ်ထွက်လျှင် (တရုတ်ပြည် လုံးတောင်ရွာအနီး) နမ့်ခမ်းတဖက်ကမ်း မန်ဝိန်းကွင်းမှတဆင့် လဂတ်တော်ကိုက်ထိပ်လမ်းမှ ကချင်ပြည်နယ်ထဲသို့ရောက်သွားပြီဖြစ်သည်။ ယခုတော့ သစ်မှောင်ခိုများ တွင်တွင်ကျယ် ကျယ်သုံးနေသောလမ်းဖြစ်သည်။
ဤနေရာကိုစီစဉ်ရခြင်းမှာ သင်တန်းကျောင်းသို့ကချင်ပြည်နယ်မှ KIA တပ်များကို စေလွှတ်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ရှမ်းမြောက်ရှိ KIA တပ်မဟာ ၄ မှာ CPB တပ်များနှင့် ၈ နှစ်ခန့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခဲ့ရာ ထိုဒေသမှတပ်များ ကိုမစေလွှတ်ဘဲ CPB နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးခြင်းမရှိသည့် ကချင်ပြည်နယ်မှတပ်များကိုစေလွှတ်ရန်စီစဉ်၍ ဖြစ် သည်။ KIO ဥက္ကဌ မရန်ဘရန်ဆိုင်းသည် CPB နှင့် ဆက်ဆံရေးပြဿနာကို အထူးဂရုစိုက်ကိုင်တွယ်ခဲ့သည်ဟု ဆိုရမည်။
အဆိုပါကောက်ကွတ်သင်တန်းကျောင်းအား CPB အရန်ဗဟိုကော်မတီဝင် ရဲဘော်စိုင်းအောင်ဝင်း (ကွယ်လွန်) ကတာဝန်ယူ သည်။ ရဲဘော်စိုင်းအောင်ဝင်းသည် ၁၉၆၂ ဇူလိုင် ၇ ရက်အရေးအခင်းကာလက ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဗိုလ်ခင်ညွန့်နှင့်အတူ မန္တလေးဆောင်တွင် အတူနေခဲ့သူဖြစ်သည်ဟုဆိုသည်။ ၇ ရက် ဇူလိုင်အရေးအခင်းအပြီး ပဲခူးရိုးမ CPB ဗဟိုသို့ရောက်ပြီး သခင်သန်းထွန်းမှ စဝ်ရွှေသိုက်၏ဇနီးဖြစ်သူ မဟာဒေဝီထံသို့ဆက်သားအဖြစ် စေလွှတ်ခဲ့သည့် ရှမ်း ရဲဘော်ဖြစ်သည်။
ကောက်ကွတ်ကျောင်းသည် မုန်လုံကျောင်းနှင့်မတူ။ မုန်လုံတွင် လူနည်းသဖြင့် သင်တန်းနည်းပြအဖြစ် ဗိုလ်သန်းရွှေအပြင် လက်ထောက်တစ်ဦးသာထားရှိသည်။ ထို့ပြင် ရိက္ခာချက်ရေးပြုတ်ရေးအတွက်လည်း လူနည်းသဖြင့် ပြဿနာမကြီး။ လူအ နည်းငယ်သာလိုသည်။ လုံခြုံရေးအတွက်သာ ခွဲမှူးဦးစီးတပ်စု ၂ စုထားရှိသည်။
ကောက်ကွေ့သင်တန်းကျောင်းတွင် သင်တန်းသားများသဖြင့် လက်ထောက်သင်တန်းနည်းပြ ၂၀ ကျော် ၃၀ ခန့်ထားရသည်။ ထို့ပြင်ဆေးအဖွဲ့လုံခြုံရေးတပ်စုတစ်စု ရိက္ခာအဖွဲ့တို့ထားရှိရသည်။ တပ်ရင်းတရင်းစာ လူ ၃၅၀ ခန့်အား သင်တန်းအပတ်စဉ် တခုစာ နေ့ ရော ညပါ ချက်ပြုတ်ပေးရန်လူ ၃၀ နီးပါးရှိ ရိက္ခာအဖွဲ့လိုအပ်ရာ CPB ၏ ကောက်ကွတ်သင်တန်းကျောင်းတွင် CPB မှအင်အား ၁၀၀ နီးပါးတာဝန်ယူခဲ့ရသည်။
ထိုစဉ် CPB မှ သင်တန်းကျောင်း ၂ ခုစလုံးတွင်လာရောက်တက်သည့် သင်တန်းသားအားလုံးအတွက် ယူနီဖေါင်းဝတ်စုံ အပြည့်အစုံ ၂ စုံစီကျောပိုးအိတ် စောင် ခြင်ထောင် မိုးကာမှအစ အပြည့်အစုံထုတ်ပေးသည်။ နေထိုင်ရန်အဆောင်များ သင် တန်းကာလအတွင်း စာရေးသောက်ရေးရိက္ခာ အပြည့်အစုံချက်ပြုတ်ကျွေးမွေးရေးမှအစ တာဝန်ယူသည်။ ထို့ပြင် သင်တန်းတက်စဉ်ကာလ နာမကျန်းဖြစ်မှုများအားလုံးအားလည်း တာဝန်ယူရပါသည်။
ကောက်ကွတ်သင်တန်းကျောင်းအပတ်စဉ်တခုလျင် ၃ လကြာမြင့်သည်။ ၁၉၇၇ ဇန္နဝါရီမှ မတ်လကုန်ထိ ပထမပတ် ၁၉၇၇ ဇွန်လမှသြဂုတ်လကုန်ထိ ဒုတိယပတ် ၁၉၇၈ တွင် တတိယပတ် ၁၉၇၉ တွင် စတုတ္ထပတ်တို့ ဖွင့်လှစ်ခဲ့သည်။ ရှေ့ဆုံးသုံး ပတ်တွင် သင်တန်းသား ၃၅၀ ကျော်စီတက်ခဲ့ပြီးနောက်ဆုံးပတ်တွင် သင်တန်းသား ၂၅၀ ကျော်တက်ရောက်ရာ သင်တန်း ၄ ပတ်အတွင်း KIA စစ်သည်၁၃၀၀ ကျော် သင်တန်းတက်ရောက်ခဲ့သည်။
အဆိုပါ ကောက်ကွတ်သင်တန်းကျောင်း ပထမပတ်နှင်ဒုတိယပတ် သင်တန်းတက်သည့်တပ်ရင်းအား နှစ်ပတ်ဆက် ဦး ဆောင်လာသည့်တပ်မှူးမှာ ဗိုလ်မှူးမရန်ဘရန်တောင်ဖြစ်သည်။ အမှန်တော့ သူသည် တပ်ရင်းမှူးအဆင့် KIA အရာရှိ မဟုတ်ချေ။ KIA ဗဟိုမှခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထိုစဉ် KIA တပ်အတွင်းတွင်၌ ခွဲမှူးအဆင့်အား ဗိုလ် တပ်ရင်းမှူး အဆင့်အား ဗိုလ်ကြီး တပ်မဟာမှူးအဆင့်မှ ဗိုလ်မှူးဟု သတ်မှတ်ထားသေးသည်။ ဗိုလ်မှူးမရန်ဘရန်တောင်အား ဦးစီးစေ လွှတ်ခြင်းသည် CPB နှင့်ဆက်ဆံရေးပြေပြစ်စေလို၍ ဖြစ်သည်။ ယခုတော့ သူလည်းကွယ်လွန်ပြီ ဟုဆိုသည်။ အမှန် တကယ်လည်း ဗိုလ်မှူးမရန်ဘရန်တောင်သည် အလွန်ဆက်ဆံဆရးပြေပြစ်သူဖြစ်သည်။ ကောက်ကွတ်သင်တန်း ကျောင်း ဒုတိယပတ်တွင် ဗိုလ်မှူးဘရန်တောင်နှင့်အတူ တပ်ရေးဗိုလ်ကြီးအဖြစ်လိုက်ပါလာသူမှာ ဗိုလ်ဂျေဆန်လီဖြစ်သည်။ သူက ထိုစဉ် KIA ရင်း ၁ တွင် တပ်ခွဲမှူးဖြစ်သည်။ နောင် KIA ဗဟိုတပ်များ၏ဗျူဟာမှူးအဖြစ်တာဝန်ယူခဲ့ပြီးနောက် ကွယ်လွန် သွားပြီဟုဆိုသည်။ ထိုကောက်ကွတ်ကျောင်း ဒုတိယပတ်တွင် တပ်ခွဲတစ်ခု၌ တပ်ကြပ်အဖြစ်ပါလာသူတစ်ဦးလည်းရှိ သေးသည်။ သူကတော့ ရန်ကုန်စီးပွါးရေးတက္ကသိုလ်မှ ဘွဲ့ရထားပြီး KIA သို့ဝင်ရောက်လာသည်မှာ မကြာသေးသူဖြစ် သည်။ ကိုယ့်သဘောနှင့် KIA သို့ဝင်ရောက်သူများတွင်ပါဝင်သည်။ သူအမည်ကို ဂွမ်ထန်ဂမ်ရှောင်ဟုခေါ်ပြီး ထိုတပ်ကြပ် ကလေးသည် ယခုတော့ KIA တခုလုံးကိုဦးစီးနေသည့် စစ်ဦးစီချုပ်နှင့် KIC ၏ ဒုဥက္ကဌ ၁ တာဝန်ယူထားသည့်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေပေသည်။
ကောက်ကွတ်ကျောင်း စတုတ္ထပတ်၌ သင်တန်းတက်မည့်တပ်ရင်းကို ဦးစီးလာသူမှာ ဗိုလ်ကွန်လီဖြစ်သည်။ သူသည် မြစ်ကြီး နားတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး CPB နှင့် KIA တိုက်ခိုက်စဉ်ကာလက KIA တပ်မဟာ ၄ တွင်ရှိနေပြီး တပ်မဟာမှူး ဗိုလ်မှူး လထော်ဇော်ဒန်ကျဆုံးသည့်တိုက်ပွဲတွင် အနီးကပ်ပါဝင်ခဲ့သူဖြစ်သည်။ ယခုတော့ ပြန်ပေါင်းထုပ်သည့် ဇတ်တွင် လည်း ဇတ်ကောင်တစ်ဦးအဖြစ် ပြန်လည်ပါဝင်ခဲ့သည်ဟု ဆိုရမည်။ ကောက်ကွတ် ကျောင်းစတုတ္ထပတ် သင်တန်းတပ်ရင်း၏ ထူးခြား ချက်တခုမှာ KIA အမျိုးသမီးအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ရူထဦးစီးသော အင်အား ၆၀ ကျော်ခန့်ရှိသော အမျိုးသမီးတပ် ခွဲတစ်ခွဲပါဝင်လာခြင်းဖြစ်ပေသည်။
ထို့ပြင် စတုတ္ထပတ်တွင် ဘွဲ့ရ ကချင်လူငယ်တစ်ဦးပါဝင် သည်ကို တွေ့ရသည်။ 
သူ့အမည်မှာ လဇိန်ဂျေးနောင် ဖြစ်သည်။ ထို စဉ်က KIA တွင်းရောက်သည်မှာ ကြာပုံမရသေး။ ဒုတပ်ကြပ်အဆင့်ဖြစ်သည်။ နောင် ဥက္ကဌ မရန်ဘရန်ဆိုင်း၏ PA ဖြစ်လာပြီး ၂၀၁၂ နှစ် ရွှေလီတွင်ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးနွေးပွဲများတွင် ဗိုလ်မှူးကြီး အဆင့်ဖြင့်တွေ့လိုက်ရသည်။
မောင်မောင်စိုး - (မိုးမခ) 
ဖေဖော်ဝါရီ ၄၊ ၂၀၁၆
ကချင်တိုင်းရင်းသားလက်နက်ကိုင် စစ်သည်များ၏ ကောက်ကြောင်း - အပိုင်း (၅)
ဆက်လက်ဖေါ်ပြပါမည်။
မိုးမခ မှကူးယူဖော်ပြပါသည်။#BurmaDemocracy

Read more »

Hpan Da ai lam

Shinggyim Hpe Hpan ai Lam
Hpanda ai maumwi htaq Hpan Madu Karai ngu ai nga ai. Hpada Madu Karai aq hpung htaq karai chyen ni, karai daw ni, Karai a lawu kaw nga nga maq ai. Dai ni hpe Ji nat salang ni, Mahtum Mahtaq, Matsaw Ningtsa ni ngu tsun ai. Dai karai daw ni gaw Hpan Madu hpe garum ai hku nna mung, shanhte hpang de n gun law wa na matu “SHYINGGYIM” hpe shanhte hpan na ngu Hpan Madu kaw ahkang hpyi ai maq ai. 
Ahkang lu sai hte maren shinggyim ngu shawng nnan hpan ai shaloi Shingtai kanu tai mat ai. Hpang langai bai hpan ai shaloi Hkintu-nang bai tai mat ai. Bai kalang bai hpan yang Shu bai tai mat ai. Mali lang ngu hpan ai shaloi Shinggyim tai wa ai. Shinggyim ai hkum hkrang gaw lami laman, hkrihkrawq ni n lawm ai, Njaq Nhpraq Tsawraq ai myit mung n rawng ai. Shanhte kanang na pru wa ai mung n chye maq ai. Nja nhpraq myit n rawng ai majaw Nang, Ngai, Nanhte, Anhte ni ngu ai myit mung n rawng ai. Kanu Kawa ngu ai hpe myit dum na lam mung nnga ai. Jaw jau ai lam mung n nga, myit mada shara mung n nga maq ai. Kahpu kanau myit mung n rawng maq ai. Bai pra wa ai kashu kasha ni mung n hkru n kaja ai nat ni sha tai nna shinggyim mungkan gaw mat mat sai.
Masha Bai Hpan ai lam.
Hpanwa Ningsang Chyewa Ninghyang gaw Chyanun yan Woishun hpe “Masha bai shangai shaprat mu,” ngu shangun dat u ai. Ndai lang na hpan dat ai gaw Shinggyim aq malai Mashang bai hpan sai. Ndai Mashang gaw baw n nga, lagaw, lata kata, yawn a yawn re ai mi shangai, lum alum, hkum ahkum re ai mi shangai chyinghkai dat mu ai. Dai shaloi kanu yan kawa gaw mau nna, Hpanwa Ningsang Chye Ningchyang hpe san yu yang, "Ndai wa gaw Ginding ganai rem, Mungkan ga hpye na wa rai nga ai," ngu nna tsun dan u ai. Ndai hpe Mashang Wahkum ngu wu ai.
Ndai Mashang Wahkum hpe gaq na ngu hkyen nna Nhtu Ningshi hte shara langai mi kaw madi dawn yu yang “Ngai hpe hkra na lu” nga nna shaga pru wa ai nsen hpe na wu ai. Bai shara langai mi kaw ga na ngu nna dawn yu yang mung, "Ngai hpe hkra na lu," nga nna shaga pru wa ai nsen hpe na wu ai majaw mau nga yang shara mi kaw na wa gaw, "Hkra yang hkra u ga, ra mi rai wa u ga, ngai kaw ang ang ga dat u," ngu ai nsen hpe bai na wu ai. Dai shaloi Ja ningshi e gran di nna ga dat u yang Masha marai matsat 8 (La sha 4, Num sha 4) pru wa sai. Dai zawn gaq dat ai shaloi, masha langai mi hpe kadoi hkra kau nna, dai wa nsoi nsaq asak jawq si hkam ai majaw shinggyim aq malai Masha ngu ai nga pra wa sai.
Hpawa Ningsang Chyewa Ningchyang aq matsun htaq Shinggyim shangai mu ngu n tsun ai, Mashang shangai mu nga nna tsun ai. Mashang kaw na masha tai wa ai. Shinggyim a malai re ai majaw Shinggyim masha ngu mung tsun ai.

===============

YESU GAW SHINGGYIM HKUM SHAN DAGRAW AI WA N RE (Christology)
Yesu gaw shinggyim hkum shan dagraw ai wa n re. Masha a hkum shan dagraw ai wa she re (Yawhan 1:14). Dr. Ola Hanson gaw, “Yesu gaw mungga re, dai mungga gaw masha hkum dagraw ai wa re nga Chyum laika hta lang da ai. Dai rai yang shinggyim hte masha (mashang) gaw kaga ga re ai kun?
Shinggyim ngu ai gaw kadai ni rai ta?
Jinhpaw Wunpawng sha ni a hpanda ai maumwi htaq shinggyim hte masha hpe hpan da ai lam kaga ga re ai hpe mu lu ai. Sara kaba Hanson gaw anhte a hpanda ai labau maumwi hpe atsawm chye ai majaw Chyum mungga hpe gale ai shaloi Yesu hpe chye ai lam n shut u ga, Yesu gaw Masha kasha re ai lam hpe Gashaka Ningnan ting hta matut manoi lang da ai hpe mu lu ai. Shinggyim hte Masha gaw hpa shai nga ai kun? Ndai hpe tsun dan mayu ai.
Shinggyim Hpe Hpan ai Lam
Hpanda ai maumwi htaq Hpan Madu Karai ngu ai nga ai. Hpada Madu Karai aq hpung htaq karai chyen ni, karai daw ni, Karai a lawu kaw nga nga maq ai. Dai ni hpe Ji nat salang ni, Mahtum Mahtaq, Matsaw Ningtsa ni ngu tsun ai. Dai karai daw ni gaw Hpan Madu hpe garum ai hku nna mung, shanhte hpang de n gun law wa na matu “SHYINGGYIM” hpe shanhte hpan na ngu Hpan Madu kaw ahkang hpyi ai maq ai. 
Ahkang lu sai hte maren shinggyim ngu shawng nnan hpan ai shaloi Shingtai kanu tai mat ai. Hpang langai bai hpan ai shaloi Hkintu-nang bai tai mat ai. Bai kalang bai hpan yang Shu bai tai mat ai. Mali lang ngu hpan ai shaloi Shinggyim tai wa ai. Shinggyim ai hkum hkrang gaw lami laman, hkrihkrawq ni n lawm ai, Njaq Nhpraq Tsawraq ai myit mung n rawng ai. Shanhte kanang na pru wa ai mung n chye maq ai. Nja nhpraq myit n rawng ai majaw Nang, Ngai, Nanhte, Anhte ni ngu ai myit mung n rawng ai. Kanu Kawa ngu ai hpe myit dum na lam mung nnga ai. Jaw jau ai lam mung n nga, myit mada shara mung n nga maq ai. Kahpu kanau myit mung n rawng maq ai. Bai pra wa ai kashu kasha ni mung n hkru n kaja ai nat ni sha tai nna shinggyim mungkan gaw mat mat sai.
Masha Bai Hpan ai lam.
Hpanwa Ningsang Chyewa Ninghyang gaw Chyanun yan Woishun hpe “Masha bai shangai shaprat mu,” ngu shangun dat u ai. Ndai lang na hpan dat ai gaw Shinggyim aq malai Mashang bai hpan sai. Ndai Mashang gaw baw n nga, lagaw, lata kata, yawn a yawn re ai mi shangai, lum alum, hkum ahkum re ai mi shangai chyinghkai dat mu ai. Dai shaloi kanu yan kawa gaw mau nna, Hpanwa Ningsang Chye Ningchyang hpe san yu yang, "Ndai wa gaw Ginding ganai rem, Mungkan ga hpye na wa rai nga ai," ngu nna tsun dan u ai. Ndai hpe Mashang Wahkum ngu wu ai.
Ndai Mashang Wahkum hpe gaq na ngu hkyen nna Nhtu Ningshi hte shara langai mi kaw madi dawn yu yang “Ngai hpe hkra na lu” nga nna shaga pru wa ai nsen hpe na wu ai. Bai shara langai mi kaw ga na ngu nna dawn yu yang mung, "Ngai hpe hkra na lu," nga nna shaga pru wa ai nsen hpe na wu ai majaw mau nga yang shara mi kaw na wa gaw, "Hkra yang hkra u ga, ra mi rai wa u ga, ngai kaw ang ang ga dat u," ngu ai nsen hpe bai na wu ai. Dai shaloi Ja ningshi e gran di nna ga dat u yang Masha marai matsat 8 (La sha 4, Num sha 4) pru wa sai. Dai zawn gaq dat ai shaloi, masha langai mi hpe kadoi hkra kau nna, dai wa nsoi nsaq asak jawq si hkam ai majaw shinggyim aq malai Masha ngu ai nga pra wa sai.
Hpawa Ningsang Chyewa Ningchyang aq matsun htaq Shinggyim shangai mu ngu n tsun ai, Mashang shangai mu nga nna tsun ai. Mashang kaw na masha tai wa ai. Shinggyim a malai re ai majaw Shinggyim masha ngu mung tsun ai.
Ningpawt Ninghpang 1: 26a hta “Karai Kasang gaw, “Anhte gaw, anhte a hkrang sumla hte anhte a asam hte bung ai, shinggyim masha hpan ga, tsun ai. Matut nna NN1:27b hta gaw, “Shinggyim la sha hte shinggyim numsha hpe hpan da u ai,” nga lawm nga ai. Hpa majaw shinggyim la, num ngu ai hpe chyum laika hta Dr. Hanson lang da ai kun? Hpa majaw masha la, masha num hpe shi hpan da ai ngu n gale ai kun?
Hpa majaw rai nga yang, Ya bai hpan ai Masha aq hkumhkrang gaw Hpan Madu hte matut mahkai na njaq nphraq myit lu la ai. Dai njaq nhpra myit aq majaw kanawn pyaw ai, shada daq tsawraq ai, matsan dum hkat ai, chye na hkat ai, hte hkumtsup kup ai hkum hkran lu la ai. Masha gaw Hpan Madu hpe chye ai hte Hpan Madu a tsawraq myit hpe lu la ai. Tinang hpe hpan da ai hpe myit dum ai, n malap ai. Dai hpe malap ai rai yang moi na Shinggyim ni bai tai wa sai.
Masha Kasha Yesu
Dr. Ola Hanson gaw Chyum Laika gale ai shaloi Yawhan Laika hpe shawng gale u ai. Hpa majaw nga yang Yesu gaw Masha hkum dagraw ai wa, Njaq Nhpraq tsawraq myit aq npawt wa re ngu shachyen ya mayu ai. Bai nna lahtaq na hpanda ai maumwi hpe atsawm sha chye ai Sara kaba Hanson gaw Yesu hpe Masha Kasha (Mahte 9:6;12:8, 23, 16:27, 25:31, 26:2; Marku 3:26, 24:62; Luka 5:24, 9:5812:8; Yawhan 3:15, 5:27; Kasa 7:56; Shingran 14:14) ngu nna lang da ai hpe mu lu ai. Yesu gaw shinggyim n re. Masha she re.
Mungkan htaq masha ngu ai njaq nhpraq tsawraq myit rawng ai ni nga pra sa wa matu si hkam ya ai wa re ngu ai lachyum hte Chyum Laika hta lang da nga ai. Bai nna Sara kaba Hanson gaw Yesu hpe Masha a hkum shan dagraw la ai wa (Yawhan 1:14) she re, Jinat myit jasat shinggyim hkum dagraw ai wa n re. Yesu gaw tsawraq myit rawng ai, njaq nhpraq myit rawng ai, Yubak n kap ai, Masha ngu nga pra na matu shi aq asak hte galai ai wa, si hkam ai re ngu ai hpe asan sha chye na shangun nga ai law. Dai majaw Dr. Ola Hanson gaw Jinghpaw Wunpawng sha ni a labau maumwi hte Karai Kasang a Chyum mungga hpe asan sha chye na hkra ga gale da ya ai wa rai nga ai law.
1 Yawhan 4:2. Karai Kasang a Wenyi hpe chye matsing na lam da ndai rai nga ai: Yesu Hkristu gaw masha a hkum shan dagraw nna du sa ai, nga nna yin la nga ai wenyi shagu gaw, Karai Kasang kaw na rai nga ai.
Palawng Naw Tawng
Mahtaq ai:
Chyoi Pra ai Chyum Laika.
Hanson Ola, Missionary Pioneers Among the Kachins
Lazum Kum Htoi . Jinghpaw Wunpawng Amyu Ni a Ahtik Labau.
Rev. Pungga Ja Li. Wunpawng Ningpawt Ninghpang Karai Hpaji.

Read more »

We do not seek for sympathy but empathy


“A pair of blindfolded Burmese farmers are escorted into a British Army headquarters at Yenangyaung by Gurkha soldiers. The two men came to the headquarters to sell eggs, but because spies were active among the local population, the Gurkhas took the precaution of blindfolding the farmers in order to keep them from picking up information.” Chin-Burma-India WWII by Don Moser.
Hopefully, this sheds light into how ethnic people feel and view toward their fight for political self-determination.
We do not seek for sympathy but empathy. We demand our birthright, our heir, not for superficial or preferential right, not more nor less. The nation’s lack in apathy toward the suffering of fellow countrymen has only fed the monster which has divided and ruled the nation for over half a century. Hence, allow cronies and silent thieves/bandits to unjustly hoard nation’s treasures as their own only to later shield themselves as benevolent few by serving as political accessory to the powerful will only result in abetting injustice and tension to thrive in pluralistic society.
Like
Comment

Read more »

Wednesday, October 18, 2017

မှတ်သားလေ့လာစရာတွေ

Thet Zin
8 hrs
# ဆိုရှယ်လစ် ဦးကျော်ငြိမ်းသား ဦးဘိုဘိုကျော်ငြိမ်းကို ကျမ Thet Zin လုံးဝ ကြည့်မရဘူး ဒါပေမယ့် အချို့သူ့စာတွေမှာ မှတ်သားလေ့လာစရာတွေပါတယ်#
Dear Daw Suu
May I wish you a sincere Happy Birthday…
I do have a great respect for your bravery in opposing the military dictatorship, standing firm on your principles for the country and the people.
You had won the election and the people had elected you as their leader.....
ဒါဟာ..(အရှိ) တရားပါပဲ….ဒီ..(အရှိ) တရား…နောက်က… (တာဝန်) ဆိုတာကြီးကိုတော့ အောင်မြင်မှုကရတဲ့…ပျော်ရွှင်မှုအရှိန်တွေကြားမှာ…အများစုက…(မေ့)နေကြတယ်..လို့ထင်မိတယ်…လက်ခုပ်သံတွေကြားမှာ (ဝေဖန်သံ) ကိုမကြားချင်ကြတော့ဖူး ဒါဟာလည်း… (သဘာဝ) တရား… ပါပဲ...။ ကျနော့်အတွက်ကတော့… Everything is (Relative) ဆိုတဲ့ သဘောဝတရားကို…လက်ခံယုံကြည်မိတယ်….။
Determination of Relativity is (TIME).. at least for me .
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ…ကွန်မြူနစ်စနစ်က (အမှန်) တရား ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တဲ့ ကျနော့်အဖေတောင် လက်ဝဲ pressure ကိုမခံနိုင်လို့
ငါလည်း Marxist ပါပဲပြောမိလို့… အမ..အဖေက… ဟား..ခဲ့ဖူးတယ်လို့ အောင်သန်း၏အောင်ဆန်း..စာအုပ်မှာ အမ ဦးလေးကရေးပြခဲ့ပါတယ်။
ကွန်မြူနစ်စနစ်ကို တကယ်အကောင်အထည်ဖေါ်ကြတော့ Natural Laws တွေနဲ့..ဆန့်ကျင်နေတာကြောင့်
အခုတော့…. ကွန်မြူနစ်စနစ်ဟာ…မြောင်းထဲရောက်သွားပါပြီ
COMMUNISM IS NOTHING BUT IDEALISM
UNKNOWN TO SOME OR MANY
THERE IS (REALISM) ALWAYS CHALLENGING (IDEALISM)
ဤသည်လည်း..(အရှိ) တရားပါပဲ ဒုတိယကမ္ဘာစစ်ကြီးအပြိ့း…. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ ကွန်မြုနစ်ဝါဒဟာ..အခုတော့… FAILURE ပါပဲ …
ROTTING IN THE HSITORY DUSTBIN
AS A FAILED HUMAN EXPERIMENTATION.
(အချိန်) ကအဖြေပေးသွားတာပါပဲ..။
မော်စီတုံးဟာ အာဏါကိုနားလည်ဆုံး အာဏါရှင်တစ်ယောက်ပါ သို့သော် IDEALISM ကိုရင်မှာပိုက်မိတာကြောင့် National Development မှာ… (အရှုံး) …နဲ့ရင်ဆိုင်ခဲ့ရတယ်….Steel Production မှာ UK ကိုမှီရမယ်လို့..ထ..ကြွေးကျော်တော့ လူတွေဟာ တွေ့သမျှ..Steel Products…. သံတိုသံစတွေကို ကြိုတဲ့… Backyard Stee Mills တွေပေါ်လာပါတယ်….
The Real useful Steel Production & Requirements တွေကို ဥက္ကဋ္ဌကြီး..(မသိ) ခဲ့ဖူး…ပြောရဲတဲ့သူတွေလည်း..မရှိဖူး…မန်ကျူးရီးယားက… Steel Factory ကိုသွားကြည့်မှ….Real Steel Production အတွက် ဘယ်လောက်…. ENERGY လိုသလဲဆိုတာ… ဥက္ကဋ္ဌမော်…မျက်စိနဲ့တွေ့ခဲ့ရတယ်…
သို့သော်….နောက်ကျသွားပြီ….Commune တွေကိုလည်း..လက်တဲ့စမ်းလိုက်ကြတာ….Grain Production ကျပြီး..လူတွေ ..(သေ) လိုက်ကြတာ….ဒါပေမဲ့… ဥက္ကဋ္ဌကြီးမော်ရဲ့..ရထားလမ်းမှာ…. စပါးကျီတွေ..တောင်ပုံယာပုံ… စုပြီး.. ခေါင်းဆောင်ကြီးကို (ညာ) ခဲ့ကြတယ် မော်က..တပြုံးပြုးပေါ့
နောက်ဆုံး…မဖိနိုင်…မဖုံးနိုင်တော့..မှ (ပေါ်) လာတော့…. သိပ်နောက်ကျသွားပါပြီ….
GREAT LEAP FORWARD …BECAME A GREAT FAILURE လူတွေလည်း သန်း (၄၀) လောက်သေသွားပါပြီ ဥက္ကကြီးမော်လည်း…. သိက္ခာတွေ..ကျလို့
လူလျှောက်ချီကို သမ္မတရာထူးပေးပြီး….
မော်က..ဥက္ကဋ္ဌရာထူးမှာပဲ..နေခဲ့ရတယ်
မော်ရဲ့ ဆရာဝန်ရေးတဲ့..စအုပ်မှာ အကုန်ပါပါတယ်….
ကျနော်ထောက်ပြချင်တာက… (အာဏါ) ကိုပါ….
အာဏါကြောင့်….လူတွေဟာ… (အမှန်) ကိုမပြောရဲကြတော့ဖူး….အာဏရမှ…. လာကပ်တဲ့သူတွေအများဟာ…(အားလုံကိုမဆိုလိုပါ)Opportunists တွေများကြပါတယ်…..Opportunists နဲ့.. Genuine သမားကို.(ခွဲ) ရတာအခက်ဆုံးပါပဲ ကျနော်ကငယ်ငယ်လေးရှိပါသေးတယ်…. ၁၉၆၀ ရွေးကောက်ပွဲမှာ… အာစရိရေ…SOLID ပဲဆိုတဲ့ လူတွေ…အကုန်..ရှုံး..တာပါပဲ
၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုးပါတီ..ဒီလိုနဲ့..ရှုံးခဲ့ရတာပါ…ဒါကို …. အမ..အသိဆုံး ဖြစ်မှာပါ…..
UNITY IS STRENGHT ဆိုတဲ့..သဘောတရားကို
လူတိုင်းအော်ကြတာပါပဲ သို့သော် .. လက်တွေ့မှာ..practice လုပ်နိုင်တာ….အမ..အဖေတစ်ယောက်ပဲရှိခဲ့ပါတယ်….ဒါကြောင့်..he became the first among equals….ဒုတိယက… ဦးနုဒါကြောင့်..သူလည်း…၀န်ကြီးချုပ်လာဖြစ်တာပါပဲ သခင်သန်းထွန်းရော..ကျနော့်အဖေတို့က…၀ါဒရေး..တိုက်ပွဲတွေနဲ့..နဖန်းလုံးလုံးခြာလိုက်နေတဲ့အချိန်မှာ….ဗိုလ်ချုပ်က…on the elephant… ပြုံးပြုံးကြီးပဲ….ဗိုလ်ချုပ်က..Micro level ကိုစိတ်မ၀င်းစားဖူး…၀င်မကစားဖူး…Macro Level မှာပဲ…. ကစားတာပါ….Macro level ကစားဖို့..Knowledgable ဖြစ်ဖို့က You need Time & Space …to THINK & REFLECT Micro level ၀င်ပါတာနဲ့…. Time & Energy are (WASTED)
ကွန်မြူနစ်တွေ…ဆန်လုတော့….ခပ်ကြမ်းကြမ်း..ကိုင်ရတော့မယ် သခင်မြကြီးက..ပြည်ထဲရေးဝန်ကြီး
သခင်မြက…သဘောကောင်းလွန်းတယ်..
ဒါကြောင့်…ပျော့တယ်…ဗိုလ်ချုပ်က..ကျနော်အဖေကို…ကျော်ငြိမ်း..မင်းလုပ်လို့ပြောတယ် ကျနော့်အမေက..နိုင်ငံရေး..နားလည်တယ်…မလုပ်နဲ့…ရှင်အမုန်းခံရမယ်လို့ပြောတယ်…
အီးစီ အစည်းအဝေးမှာ… ကျနော်အဖေက…(ငြင်း) တော့… ကျနော့်အမေကို လာဆူတာက…ဗိုလ်အောင်ကြီး….ဒါပါတီ…ဆုံးဖြတ်ချက်..ဘာဘာညာညာ..လာဆူတယ် ဗိုလ်အောင်ကြီး..သူ့ဟာသူလာဆူတာလည်း..ဖြစ်နိုင်သလို ဗိုလ်ချုပ်..လွှတ်လိုက်တာလည်း..ဖြစ်နိုင်တာပဲ ဗိုလ်ချုပ်က..အမြဲ…စဉ်းစားနေတာ….ဘယ်လိုလူကို…. ဘယ်နေရာ..ဘယ်လို (သုံး) ရမယ်ဆိုတာကို စဉ်းစားနေတာ….
အင်္ဂလိပ်တက်ပြီးစ… စစ်တပ်ကိုပြန်ဖွဲ့..ခွင့်ရတော့….
အရာရှိ (၂၀၀) ပဲ… အင်္ဂလိပ်ကခွင့်ပြုတယ်
ဗိုလ်ချုပ်က..သူ့စစ်တပ်ကို… ပညာတတ်တွေကို..ဦးဆောင်စေချင်တယ်…ရဲဘော် (၃) ကျိပ်လွှတ်ကြတော့… ကျနော့်အဖေက…Custom officer ညမှာမှ.. ပြည်သူအရေးတော်ပုံပါတီကို ဦးဆောင်နိုင်တယ်..
ဂျပန်စီက…အချက်..ရရင်…အမြဲရှိနေတာက….
သခင်ချစ်…ဒါကြောင့်…သခင်ချစ်က .. ရွေးထားတဲ့သူတွေအစား…သူ့လူတွေ…ထိုးထဲ့လိုက်တယ်….
သခင်ချစ်က…လော်ကယ်အတွေးတွေးတာ…
ငါ့လူပါအောင်…ထဲ့လိုက်တာ ဗိုလ်ချုပ်က… ပညာတတ်..intellectually အတွေး..တွေးတာ… ဒီလူတွေနဲ့….စစ်တပ်ကိုထောင်ရမှာ….တခါမှ..ဗိုလ်ချုပ်ဟာ…ဒီလောက်..စိတ်မဆိုးဖူးဖူးတဲ့ ၁၉၃၆ Strike မှာလက်စွမ်းပြခဲ့တဲ့ ကျော်ငြိမ်း သခင်ချစ်ဗိုလ်ကျတာကိုခံရသလား…မင်းတော်တော်ဆောက်သုံးမကျတာပဲ..ဆိုပြီး..
စိတ်လည်းဆိုး..ဆူလည်းဆူလိုက်တာတဲ့
ကျနော့်အဖေခမြာလည်း…စိတ်ဓါတ်တွေကျပြီး….
ငါလည်း…ဒီလောက်ပဲ…အရည်အချင်းရှိလားမှ..မသိတာကွာ… I may have reached my Peak လို့ပြန်ဖြေခဲ့တယ်တဲ့  ကျနော့်အဖေနဲ့ ဗိုလ်မောင်မောင် ဗိုလ်အောင်ကြီး.စတဲ့ ပြည်သူ့အရေးတော်ပုံလူတွေပြန်တွေ့ပေးတဲ့.. Unpublished ..စာအုပ်မှာ..ပါပါတယ်…
အမှန်က… ဗိုလ်ချုပ်စိတ်ဆိုးတာက… lost Opportnities ကိုပါ…ကျနော့်အဖေရဲ့…အားနဲချက်တစ်ခုက သိပ်အားနာတတ်တယ် ဆင်းရဲတဲ့ဘ၀ကတက်လာတော့.. လူတွေကို..ဟောက်တာပါတာမလုပ်ချင်ဖူး တနည်းအားဖြင့်…လူကြီးလိုမနေတတ်ဖူး.. ဒါကို ဗိုလ်ချုပ်က (သိ) ပုံရတယ်…
ဗိုလ်ချုပ်က..အားမနာတတ်ဖူး…လုပ်သင့်လုပ်ထိုက်တာကို..လုပ်ရဲတယ်… very decisive…
He could be also ruthless..if necessary
You also inherited these qualities…. in my opinion…
သခင်သန်းထွန်းရဲ့ ကွန်မြူနစ်တွေ နဲ့ ..အားပြိုင်မှုက..သိပ်ပြင်းထန်တော့….ကျနော့အဖေက ကိုယ့်လူကိုကိုယ်ချကြွေးရမှာကို..မလုပ်ခဲ့ဖူး…ဒါလည်း..အားနဲချက်တစ်ခုပါပဲ ဗိုလ်ချုပ်မှာ…ဒီအားနဲချက်မရှိဖူး
မရှိတဲ့အပြင်…(သုံး) စရာရှိရင်လေ… ရန်သူဖြစ်မဲ့ပြိုင်ဖက်တွေကိုတောင်ဆွဲစားရဲတယ် ဥပမာ… အင်္ဂလိပ်..အထာ..သိတဲ့.. ဘကြီးဘဖေလိုလူမျိုးကိုဆွဲခေါ်လာတာ ဘကြီးဘဖေ လာဘ်စားတယ်ကြားတာနဲ့
ချက်ချင်းဖြုတ်ပြစ်လိုက်တာပဲ ICS ထဲမှာ အတော်ဆုံး..ဦးတင်ထွဋ်ကို Aung San- Atlee အစည်းအဝေးကို ဘုရင်ခံကထဲ့တာပဲ ဟိုရောက်တော့… ဖဆပလလူဖြစ်အောင်..ဆွဲစားပစ်လိုက်တယ် လူတော်တွေကို..သုံးရဲတာပါ …
ဘယ်သူလာလာ..ဗိုလ်ချုပ် က Confidence အပြည့်ပဲ
အမ အဖေကို..ကျနော်အလေးစားဆုံးက….
Honesty အပြင် Fairness ပဲ
ဖဆပလ..၀န်ကြီးအဖွဲ့ထဲ..၀င်မယ်ဆိုတော့….
ရတဲ့..၀န်ကြီးဌါနက…လက်တစုပ်စာပါ….
ဗိုလ်ချုပ်က…ကျော်ငြိမ်း..မင်းတို့ ဆိုရှယ်လစ်တွေကို (၂) နေရာ ကွန်မြူနစ်တွေကို..(၂) နေရာပေးမယ်လို့….offer လုပ်လာတယ် ဒါ… Fairness ကိုပြတာ… principle ရှိတာကိုပြတာပါ….
ဦးကျော်ငြိမ်းက..လျှင်တယ်….ငါတို့… (၁) နေရာပဲယူမယ်ဆိုတော့….ဗိုလ်ချုပ်ကအေးကာင်းတယ်..ကွန်မြူနစ်တွေကိုလည်း..တနေရာပဲပေးမယ်ဖြစ်သွားရော
သခင်မြ က..ဆိုရှယ်လစ်ဥက္ကဋ္ဌကြီး ဖဆပလမှာ..ဒုတိယခေါင်းဆောင်..ကွန်မြူနစ်မှာက… သခင်သန်းထွန်းနဲ့… ဦးသိန်းဖေ (၁) နေရာပဲဆိုရင်…(လု) ကြရတော့မယ် ဒါကြောင့်..တမင်နောက်ဆုတ်ပေးလိုက်တာ….ထင်တဲ့အတိုင်း…ဦးသိန်းဖေက ၀န်ကြီး ဖြစ်လာတယ် သခင်သန်းထွန်းကမကျေနပ်ဖူး
ခုခေတ်စကားနဲ့ပြောရရင်.. (ဂျင်း) ထဲ့လိုက်တာပါ…
ဗိုလ်ချုပ်က..ဒီလောက်လျှင်တာ….ဦးကျော်ငြိမ်း အကွက်ကို မမြင်ပဲနေမှာလား…
ကွန်မြူနစ်တွေက..အမြဲ…ဗိုလ်ချုပ်ကို..အားစမ်းနေတာ…တဖက်ကလည်း… fair ဖြစ်တယ်…တဖက်ကလည်း…ဆိုရှယ်လစ်တွေ..အမုန်းခံနေတာ… အသာလေး.ရှောင်ပေးလိုက်တာပေါ့ ဒါကြောင့်..အမ အဖေကို…ကျနော်ဆရာဂိုဏ်းထဲမှာ ထားရတာပါ
နိုင်ငံရေးအကွက်မှာ…ဗိုလ်ချုပ်လောက်…(လျှင်) တဲ့သူမရှိဖူး (လျှင်) ပေမဲ့...Honest လည်းဖြစ်တယ်….
Honesty မှာလည်း…အမ..အမွေရလိုက်ပါတယ်….
အင်္ဂလိပ်အ၀င်…စစ်တပ်ကိုပြန်ဖွဲ့တော့….ဗိုလ်ချစ်မြိုင်က..ရွာပြန်တော့မလို့တဲ့…ဗိုလ်ဇေယျက…ချစ်မြိုင်မင်းကိုဗိုလ်ချုပ်လိုက်ရှာနေတယ်ဆိုတော့….သွားတွေ့တော့… မင်းဘာရွာပြန်မှာလဲ တပ်ထဲဝင်ဆိုပြိး… အမိန့်နဲ့… ၀င်ခိုင်းတာပဲ ဗိုလ်ချစ်မြိုင်က တက္ကသိုလ်သမဂ္ဂ.. ကလာတဲ့..သူ… မင်းအဖေတို့ဗိုလ်ချုပ်တို့…အစည်းအဝေးလုပ်နေရင် အန်ကယ်တို့က..ဂိတ်က…လုံခြုံရေးအတွက်..တာဝန်ယူရတာပေါ့လို့ ဗိုလ်ချစ်မြိုင်က… ဂုဏ်ယူစွာ.ကျနော့်ကို…ပြောဖူးပါတယ်….
ဟော..ဗိုလ်အောင်မင်းတို့လို..ဗိုလ်သိန်းထန်တို့ကြတော့ မင်းတို့..ပြည်သူရဲ့ဘော်လုပ်ဆိုပြီး လူမှန်..နေရာမှန်..သုံးဖို့စဉ်းစားပြိးသား တပ်ထဲ..အ၀င်မခံတော့ဖူး….ဒါကြောင့်လည်း…BIA ၀င်လာတော့….ဗိုလ်မောင်မောင် ဗိုလ်အောင်ကြီး.. ဗိုလ်သိန်းမောင် စတဲ့ ဦးဗဆွေကြီးရဲ့..ပြည်သူ့အရေးတော်ပုံပါတီက စစ်ရေးကော်မီတီဝင်တွေ.. ကျောင်းသားသမဂ္ဂကလာတဲ့သူတွေ အားလုံးစစ်တပ်ထဲရောက်ကုန်ကြတာပေါ့…သူတို့က..(ယူနစ်) အုပ်စုလာဖြစ်ကြပါတယ်….ဗိုလ်ခင်မောင်ကလေးတောင်..BIA ထဲရောက်သွားရတယ်
ကျနော်..အမ အဖေကို…ကိုးကွယ်လုနီးပါး…
လေးစားရတာက…. တိုင်းပြည်အတွက်…
စေတနာ..ရှိရုံ…HONEST ဖြစ်ရုံမက
NATION BUILDING ..NATION DEVELOPMENT အတွက်ပါ…Prepared လုပ်ခဲ့ကြတယ်….
ချီးကျူးစရာအကောင်းဆုံးက… MACRO level ကအုပ်ချုပ်ပြီး…လူမှန်..နေရာမှန်… ရွေးတတ်တဲ့အပြင်
VISION & INTELLECTUAL THINKING ရှိတယ်…
My father had a reputation for good Management
တကယ်က..Human Management မှာ အလွန်အားနာတတ်တယ် Policy ကိုနိုင်လို့… Governance ကိုနိုင်တာပါ…Government ဆိုတာ..Policy နဲ့..အုပ်ချုပ်ရတာ..မဟုတ်ပါလား?
ကျနော်အဖေက..အမ အဖေလို… အမိန့်..ပေးခိုင်းရာမှာ..မပြတ်သားဖူး…စည်းရုံးရေးရော… နိုင်ငံရေးရော…စီးပွားရေးရော..နားလည်တဲ့..
ခေါင်းဆောင်တွေဟာ..တကယ်တော့…ရှားပါတယ်
ဗိုလ်ချုပ်အောင်ဆန်းလိုဖက်စုံတော်တာ..အလွန်ရှားပါတယ်
မော်စီတုံးလည်း….တော်လှန်ရေး..အဏါနိုင်ငံရေးမှာ
တဖက်ကမ်းခပ်အောင်..တော်ပေမဲ့… စီးပွားရေးကို..နားမလည်ပါဖူး…Economically Mao was a FAILURE ..in my opinion
ချောင်အင်လိုင်းတို့…တိန်လျှောက်ပိန်တို့ရှိလို့..ခံသာတာပါ Mandela Legacy is also a FAILURE
Because of ECONOMIC FAILURE
LEGACY ကောင်းဖို့နဲ့…တိုင်းပြည်တိုးတက်ဖို့…
ECONOMIC SUCCESS မရှိလို့…မရပါဖူး
တိန်လျှောက်ပိန်ဟာ… ECONOMICS ကို MACRO LEVEL ကပဲထိန်းသွားတာပါ….ဗိုလ်ချုပ်ဟာ… အခွင့်မရခဲ့လို့ပါ….ရခဲ့ရင်..သူသာအသက်ရှင်ခဲ့ရင်….
MACRO LEVEL ကပဲထိန်းပြီး
ဦးကျော်ငြိမ်းလိုလူမျိုးကိုပဲ ..(ခိုင်း) စားမှာပါပဲ
ဦးကျော်ငြိမ်းတစ်ယောက်ထဲမဟုတ်ပါ….
ICS ဦးတင်ထွဋ်.. ဦးရာရှစ်..စတဲ့ CAPACITY ရှိတဲ့…CAPABILITY ရှိတဲ့သူတွေအားလုံးကို တိုင်းပြည်ထူထောင်ရေးအတွက်….ခိုင်းစားမှာပါ…
ကျနော်…အသိ… အမြင် ကလေးကို ပြောပြပါရစေ…
ဆရာလုပ်တယ်…မထင်ပါနဲ့…
နိုင်ငံရေးဆိုတာ…ခိုင်းစားတာပါ….
ရာထူး..အာဏါ..Space & Power ပေးပြီး…ခိုင်းစားတာပါ…စီးပွားရေး..ဆိုတာကတော့… (ဝေ) စားတာပါ….စီးပွားရေးကြတော့…Wealth ကို..(ဝေ) စားတာပါ…. အမက… နံမည်ရှိပြိးသား…
YOU ARE THE DEMOCRACY ICON
YOU ARE ALSO THE ONLY DAUGHTER OF OUR BELOVED LEADER
အမကသာ… ပြုံြး့ပုံးလေးနဲ့…လာကူကြပါဆိုပြီး…
(Space) လေးပေးပြီး… လုပ်ပိုင်ခွင့်လေးပေး…ownership လေးပေးခိုင်းရင် အားလုံးဟာ..မမောနိုင်…မပန်းနိုင် …အမကို…၀ိုင်းကူကြ…၀ိုင်းထမ်းတင်ပေးကြမှာပါ…ရလာတဲ့…အောင်မြင်မှု…ဟာ…
ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်မှုအဖြစ်
THE LEGACY OF DAW AUNG SAN SUU KYI အဖြစ်ကျန်ခဲ့မှာပါ….
ငြိမ်းချမ်းရေး..စီးပွားရေး..အားလုံးမှာ… SEQUENCING ဆိုတာတွေရှိပါတယ်…
ဥပမာ…ရန်ကုန်မြို့ကြီး…စင်္ကာပူလောက်..(လှ) နေပေမဲ့…လူတွေ…(သုံး) စရာ…(၀င်ငွေ) မရှိရင်….
တချိန်က…တရုတ်ြပည်…ယနေ့..North Korea မှာလို….လမ်းကြီးတွေ… အဆောက်အဦးကြီးတွေ…သာရှိပြီး…(လူ) တွေမရှိသလို…ဟောင်းလောင်းကြီးဖြစ်နေမှာပါ….ယနေ့…နေပြည်တော်လိုပေါ့
ဗိုလ်ချုပ်သန်းရွှေသာ… နေပြည်တော်ဆောက်မဲ့..(ငွေ) တွေကို….(လျှပ်စစ်) ထုတ်လုပ်ရေးအတွက်….သာသုံးခဲ့ရင်….တိုင်းပြည်ထူထောင်ရေးအတွက်…. အလွန်တန်ဖိုးရှိခဲ့မှာပါ….
Second Park Chung Hee ဖြစ်နိုင်တာပေါ့
စီးပွားရေး…ထူထောင်ဖို့…Economic Infra Structures တွေမရှိလို့…မရပါဖူး…
(လူ) တွေ..အလုပ်ရဖို့… (လုပ်ငန်း) တွေရှိရမယ်
(လုပ်ငန်း) တွေရှိဖို့…. လမ်းတွေရှိရမယ်… လျှက်စစ်..မပြတ်အောင်ပေးနိုင်ရမယ်
အရေးအကြီးဆုံးက….skilled workers တွေရှိရမယ်…
ဒါတွေ..မရှိပဲ….ဘယ်သူမှ… လာ.Invest မလုပ်ကြပါဖူး…လာ Invest လုပ်ကြလဲ..ခဏပဲ..(ရှုံး) ပြီး လံပြေးကြမှာပါပဲဒါတြွေုဖစ်လာဖို့က… Time အပြင်…
Correct & Proper Investment တွေလုပ်ဖို့လိုပါတယ် ဒီလို… ဖြစ်ဖို့က… စီးပွားရေး..တကယ်လုပ်ဖူးတဲ့…
Seasoned experience hands တွေလိုပါတယ် …
ကျနော်တို့..ဗမာတွေကြားမှာ… တကယ်စီးပွာရေးကိုနားလည်တဲ့ သူတွေ..အင်မတန်ရှားပါတယ်….
အများက..UN မှာ.. project monitoring… Supervisory role လုပ်လာခဲ့တဲ့ သူတွေက..များတာပါ…
Real work ကို..လက်တွေ့လုပ်လာခဲ့ကြတဲ့…. real life experience သမားတွေ..မဟုတ်ပါဖူး
ဒါပေမဲ့… ဘာမှမတတ်ပဲ…တတ်ယောင်ကားလုပ်နေကြတဲ့ ဒေါက်တုတွေနဲ့တော့…. တော်သေးတာပေါ့
ကျနော့်အမြင်ကို… Honestly တင်ပြပါရစေ…
အမက… Singapore ကိုမှီရမယ်လို့ပြောလိုက်လို့ထင်တယ် အမရဲ့…လူတွေက..သူ့ထက်ငါ… မစားရ၀ခမန်း…Promise တွေပေး… စိတ်ကူးယဉ်ပြီး
လေလုံးထွားနေကြတယ် …သူတို့ပြေတာတွေ..အားလုံးဟာ….(ထုံး) သုတ်နေကြတာပါအမရေ…
(ငွေ) တကယ်ရှိရင်…လည်း…
Correct Investment က… Infrastructure Investment သာဖြစ်သင့်တယ်
ဥပမာ….အမတို့ရဲ့…First Priority should be Electricity sector…
တရုတ်တွေဟာ… လိုအပ်ချက် requirement ရဲ့..၄ဆ ..Electricity Production ကိုလုပ်တာတောင်
တကယ်…developed လုပ်ကြတော့… မလောက်..ဖြစ်ခဲ့ရတယ်…
တရုတ်ဝန်ကြီးချုပ်ဟောင် Li Peng ရဲ့သားနဲ့သမီးက
Electricity Sector ကိုအုပ်စီးထားတာကြောင့်
Funding အခက်အခဲ…မရှိခဲ့ကြဖူး….
There was some corruption but they did delivered the necessary power supply
Sequencing ရှိပေမဲ့…. စီးပွားရေးဆိုတာ.. မီးခလုတ်လို…ချက်ချင်း..On& Off လုပ်လို့မရပါဖူး…
You have to give time to harvest experienced hands…
လိုတဲ့…ပိုက်ဆံက…Investment ကရှာတတ်ရင်…ချက်ချင်းရှာလို့ရတယ်…
Required Experienced expertise ကချက်ချင်းရှာလို့..မရနိုင်ပါ…
ဒါကြောင့် ..လီကွမ်ယူးက… Foreign Investors တွေကို Business တွေထူထောင်ခွင့်ပေးပြီး
Technical Transfer ကို FORCED လုပ်ခဲ့ရတယ်….
ဒီလို..FORCED လုပ်နိုင်ဖို့….တကယ့်လူတော်တွေကို…Government မှာ… အလုပ်ခန့်ပြီး…. Supervised လုပ်စေရတယ်…
ဒါက..Singapore လီကွမ်ယူးရဲ့..Model ပါ….
ဒေါ်စုရေ…စိတ်တော့မဆိုးပါနဲ့
အမ နားမှာ…ကပ်ဖါးရပ်ဖါးလုပ်နေကြတဲ့
ဝန်ကြီး..၀န်ကလေး… ဗျူရိုကရက်တွေကြားမှာ….
စေတနာမှန်ပြီး…အနစ်နာခံခဲ့ကြတဲ့…
လူတော်တွေ…ဘယ်နှစ်ယောက်ရှိပါသလဲ?
ဆင်ဖြူတော်မှီပြီး.ကြံစုတ်နေကြတဲ့သူတွေများပါတယ်
တိုင်းပြည်ထူထောင်ရေးမှာ….
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲနဲ့လည်းမရနိုင်ပါဖူး လီကွမ်ယူးရော…တိန်လျှောက်ပိန်ပါ….
လူတော်တွေ…ကိုရှာပြီး…(ခိုင်း) စားကြတာပါ.
လူဆိုတာလေ…တနေရာမှာ (ချော်) နေပေမဲ့
တခြားတနေရာမှာ..(တော်) နေတတ်ပါတယ်….
စပ်ရွှေသိုက်ရဲ့သား..ဟန်ညောင်ရွှေ…အကြောင်းနဲနဲပြောချင်ပါတယ်
You must know I am a very strong NATIONALIST Maybe rather too strong for your taste (ကွဲ) ပြဲနေတဲ့ …ရိုဟင်ဂျာတွေကို ဆော်ဒီမှာခေါ်ပြီး….ဆွဲစေ့….ပေးလိုက်တာ…ဟန်….
I hate him for that…ကျနော်နဲ့…Chiang Rai မှာတွေ့တော့….You were wrong လို့ပြောတော့… No..I was right တဲ့ My feeling toward him was not positive But… ငြိမ်းချမ်းရေး..process မှာ…တွေ့ကြတော့ He was a totally different person….Because the Interest is now different
So called Rohingyar issue မှာ ..we are totally on the opposite sides
But in the case for PEACE and minorities issues our stands are similar to some extent
Because our Interests coincide, wanting PEACE for the country.
He is also a useful personality because he is an intellect and he understands the Western thinking procedures and process, so ALL Ethic leaders have to rely on his assistance and advice and above all they TRUSTED him because he is a SHAN.
As you know very well… TRUST is not an easy commodity.
You know more than anyone by now after leading the PEACE PROCESS.
(လူ) ဆိုတာ… တနေရာမှာ … ဆန့်ကျင်ဖက်ဖြစ်နေပေမဲ့…တခြားတနေရာမှာ…အလိုတူဖြစ်နေတတ်ပါတယ်
You are the Leader, you are the one who has to decide. We can only EXPRESS.
ဒေါ်စုရေ..ကျနော်ကိုတော့…ခွင့်လွှတ်ပါ
ကျနော်ကအမနားမှာကပ်နေကြတဲ့..လူများစုလို
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဒို့..ဗိုလ်ချုပ်သမီး…
ဒို့ခေါင်းဆောင်…ဒီမိုကရေစီအိုင်ကွန် လိပ်ခေါင်းထွက်အောင်…ထောက်ခံရင်..ဒို့တာဝန်ကျေပြီ ကျန်တာ..အမေစု…လုပ်လိမ့်မယ်ဆိုပြီး….
အပေါ်ယံ..ချစ်ကြတဲ့ ဝေလေလေ…ဒီမိုသမားတွေလို…
ဖါးလည်း….မဖါးတတ်သလို မျက်စိမှတ်ပြီး….မှန်ပါ့ဘုရားလို့ထူးမဲ့ လေနဲ့အတူ..ရိမ်းပါမဲ့…လူစားမျိုး..မဟုတ်ပါ….
My Love and My Loyalty is for my country, people and Buddhism My Goal is that I want to die peacefully without guilt Telling my father… I did my best I don’t have any desire for any thing Thus I have also lost my DRIVE …
ဒါကြောင့်…ကျနော်ပေးနိုင်တဲ့…မွေးနေ့လက်ဆောင်ကတော့ တိုင်းပြည်အပေါ်ထားတဲ့ (စေတနာ) ပါပဲ
ကျနော်ကတော့ကျန်တဲ့သူတွေလို (မဖါး) တတ်တာ
အကြိုက်လိုက်မပြောတတ်တာကိုတော့ ခွှင့်လွှတ်နားလည်ပေးပါ….လက်ခုပ်သံတွေကြားမှာ..ကျနော်ရဲ့ (ဝေဖန်သံ) ကို ငှက်ဆိုးထိုးသံလို..ခံစားရမဲ့သူတွေရှိနိုင်တယ်ဆိုတာကို (သိ) ပါတယ်….
I am just who I am…
I am very INDEPENDENT
And I don’t work well under autocratic rulers.
My desire is to go and write some where.
Wishing you a very Happy Birthday and I hope you can DELIVER for the country
May Lord Buddha bless you
Sincerely,
Bo Kyaw nyein
June 19th 2017
4:40 PM

Read more »