Friday, February 13, 2015

ကိုးကန့်ကိစ္စကို ဒီလိုမြင်တယ်


ဘွင်းဘွင်းပြောရရင် ကိုးကန့်နဲ့ ဘင်္ဂလီသိပ်မကွာဘူး။ ဒါပေမဲ့ ကွာတာက ဗကပနဲ့ တရုတ်ကို ချက်ကြိုးဖြတ်ဖို့အတွက် အထူးဒေသ(၁)ဆိုပြီး ကိုးကန့်တွေကို ပေးလိုက်တာ ဖြစ်တယ်။ တရုတ်အစိုးရက ဒါကို ကျေနပ်တယ်။ ဗကပတွေက ဒီဒေသကို တိုးတက်အောင် လုပ်ပေးခဲ့တာ အများကြီးပါ။ အဆင်မပြေတာတွေလည်း ရှိနေမှာပဲပေါ့။ ကိုးကန့်တွေက မင်မင်းဆက်ကတည်းက စစ်ပြေးစစ်ရှောင်အနေနဲ့ ဒီဒေသကို ရောက်နေနိုင်ပါတယ်။ ဗမာပြည်တရုတ်လူဦးရေရဲ့ (၃၅)ရာခိုင်နှန်းလောက်ဟာ ကိုးကန့်အထူးဒေသမှာ နေကြတာ ဖြစ်တယ်။ ဒီဒေသကို အထူးဒေသဆိုပြီး သတ်မှတ်ပေးလို့ ဗကပတွေကို ချေမှုန်းခဲ့ကြတာပါ။ ဗမာဗမာချင်း ရန်ဖြစ်ကြတာကို ရှမ်းတွေက နယ်မြေဆုံးရှုံးရတဲ့သဘောပါ။ နောက်ပြီး တရုတ်ပြည်က တရုတ်လူမျိုးတွေက ကိုးကန့်ကို အကြောင်းပြုပြီး ဒဂုံ၊ မန္တလေး၊ မေမြို့၊၊ လာရှိုးတွေမှာ စီးပွားရေးခြယ်လှယ်ခဲ့ကြပါတယ်။ အိမ်ခြံမြေတွေ ထိုးတက်ကုန်တာ ဒီကိုးကန့်တွေကြောင့်လည်း ပါတယ်။
ဒီအတိုင်းပဲ မွန်နဲ့ကရင်ကို တိုက်ချင်လို့ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်နေတဲ့ အင်ဒမန်ပင်လယ်ထဲက ကျွန်းတွေကို အိန္ဒိယလက် ထိုးအပ်ခဲ့ပြီး လက်နက်ဝယ်ခဲ့ရပါတယ်။ ဒီကျွန်းတွေဟာ ဗဂိုးခရိုင်မှာ ပါခဲ့ဖူးတဲ့ ကျွန်းတွေပဲ။ ဦးနုအစိုးရက ဒါကို လက်နက်နဲ့ ရောင်းစားခဲ့ပါတယ်။ နောက်ပြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရပါ။ ကချင်ဒေသအချို့ကို တရုတ်လက်အပ်ပြီး ကျေးဇူးဆပ်ခဲ့ကြပါတယ်။ စစ်အစိုးရကတော့ ဘင်္ဂလီကို ကျေးဇူးဆပ်ကြပါတယ်။ အခု သိန်းစိန်အစိုးရကတော့ တရုတ်ကျေးဇူးကို စီမံကိန်းပေါင်းများစွာနဲ့ ဆပ်နေခဲ့ရတာပါ။
မပြောကောင်းမဆိုကောင်း ပြောရရင် ထိုင်းမြန်မာနယ်နိမိတ်ကို မွန်နဲ့ထိုင်းသာ ညှိကြရမယ်ဆိုရင် အခု လက်ရှိဘုရားသုံးဆူက ဘုရားသုံးဆူအစစ်မဟုတ်ဘူး။ ဦးအောင်ဇေယျကြောင့် စစ်ပြေးရင်းနဲ့ နယ်စပ်ရောက်လို့ မွန်တို့တည်ထားတဲ့ ဘုရားသုံးဆူ (ပုသိမ်၊ ဗဂိုး၊ မုတ္တမ)စေတီဟာ မိုင်းပေါင်းများစွာ ထိုင်းနိုင်ငံထဲ ရောက်ရှိနေတာပါ။ ဒါကို အင်္ဂလိပ်တို့က မသိဘဲ ထိုင်းနိုင်ငံထဲပါသွားခဲ့ရတာ ဖြစ်တယ်။ အခု ထိုင်းက ရေကာတာလုပ်ပစ်တာနဲ့ ရေထဲမြုပ်သွားပြီပေါ့။
လောလောဆယ်မှာ ရှမ်း၊ မွန်၊ ချင်း အစရှိတဲ့ လူမျိုးများဟာ မြန်မာအစိုးရအဆက်ဆက်ကြောင့် ကိုယ့်နယ်မြေဆုံးရှုံးမှတွေ အများကြီး ရှိခဲ့ပါတယ်။ အခု ရခိုင်တွေလည်း အဲဒီလိုဆုံးရှုံးရဖို့ ရှိပါတယ်။ ဒါကြောင့် ဒီအစိုးရကို မပြုတ်မချင်း တိုက်ထုတ်ရမှာက တိုင်းရင်းသားတို့ရဲ့ တာဝန်ပဲ ဖြစ်တယ်။ အခုမှ ကိုးကန့်ကို သွားဆန့်ကျင်ခဲ့ရင် နောက်ကျကုန်ပါပြီ။ မြန်မာအစိုးရက Kokant Special Region ဆိုပြီး သတ်မှ်တပေးခဲ့တာ တကမ္ဘာလုံးအသိပဲ။ နောက်ပြီး ၁၉-ရာစုကတည်းက သူတို့က ရောက်ရှိလို့နေခဲ့တာကိုး။ တရုတ်အစိုးရကတော့ ကိုးကန့်ကို မထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ သဘောပါ။ သူ့အမျိုးကိုးဗျ။

ဘွင်းဘွင်း ပြောရရင် ကိုယ့်အာဏာမြဲရင် ပြီးရော ဆိုတဲ့ အာဏာရူးတွေဟာ ဆင်ခြင်ညာဏ်မရှိဘဲ အရူးချီးပန်း တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ တနိုင်ငံလုံး ပွတ်လောညံကုန်ရတာ ဖြစ်တယ်။ ဒီအချိန်မှာ အစိုးရကောင်းမှုကြောင့် ကိုးကန့်ဟာ မြန်မာတိုင်းရင်းသား ဖြစ်ခဲ့ပြီ။ ဘင်္ဂလီတွေသာ မြန်မာတိုင်းရင်းသားမဖြစ်သေးခင် ဆန့်ကျင်ကြ။ ဘင်္ဂလီတွေက ကိုးကန့်တွေထက် သံတမန်ရေး ပိုအားကောင်းတယ်။ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်အားကောင်းဖို့ မဟုတ်ဘူး။ ဦးနှောက်ကြီးဖို့ပဲ လိုတယ်။ ဆင်ပြောင်ကြီးက ကိုယ့်တပ်ကိုယ်နင်းခဲ့တာ အခါခါပါပဲ။