Thursday, February 26, 2015

ကျုံးသွင်းအသတ်ခံရတော့မယ့် KNU


========================
၁၉၈၈ ကျောင်းသားအရေးအခင်းအပြီး ဒီမိုကရေစီအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ တောခိုကာ အစိုးရ အားတော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုအချိန်တွင် နိုင်ငံတကာဒီမိုကရေစီအစိုးရများက အတိုက်အခံဘက်မှ နေ၍ သံတမန်အရ၊ အသိပညာအရ၊ ငွေကြေးအရ အထောက်အကူပြုခဲ့သည်။ ဤသို့အထောက်အကူပြုရန် နိုင် ငံတကာရောက် မြန်မာအမျိုးသားများကလည်း ကြိုးစားလုပ်ဆောင်ခဲ့သည်။ ၎င်းပုဂိုလ်များအနက် အအောင်မြင် ဆုံး ပုဂိုလ်မှာ စပ်ရွှေသိုက်၏သား ဟန်ယောင်ဝေဟူသော ပုဂိုလ်ဖြစ်သည်။ ၎င်းသည် စီးပွားရေးပညာရှင်ဖြစ်ပြီး မည်သို့ ရံပုံငွေရှာရမည်ကို နားလည်ပြီး ပထမဦးဆုံး ယူရိုဘားမား (Euro Barma)အဖွဲ့ကို ဖွဲ့စည်းကာ ဥရောပ နိုင် ငံများမှ အကူအညီကို ရယူကာ နယ်စပ်ရှိ အတိုက်အခံအင်အားစုများအား ငွေကြေးအထောက်အကူ ရှာကြံပေး ခဲ့သည်။ ဤကဲ့သို့ ရှာကြံပေးရာတွင် NCGUB ၀န်ကြီးများကို ငွေကြေးအထောက်အပံ့ လစဉ်ပေးလာနိုင်သည်အ ထိ၊ ထို့အပြင် NCUB တွင် KNU မှ ပို့ထားသော KNU မှ ကိုယ်စားလှယ် ကွယ်လွန်သူ ပဒိုဒေးဗစ်ထောလည်း အ ပါအ၀င်ဖြစ်သည်။
ဦးဟန်ယောင်ဝေသည် ဤသို့ရံပုံငွေရှာကြံကာ အတိုက်အခံခေါင်းဆောင်များ၊ တော်လှန်ရေး ခေါင်းဆောင်များကို ရင်းနီးမှုမှတဆင့် သြဇာသက်ရောက်လာအောင် လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားတော် လှန်ရေးအင်အားစုခေါင်းဆောင်များထဲတွင် မိမိသြဇာသက်ရောက်မှုကို တည်ဆောက်ခဲ့သည်။ KNU တွင် ပဒို ဒေးဗစ်ထောသည် သူနှင့်အရင်းနီးဆုံးဖြစ်သည်။ ဟန်ယောင်ဝေ၏ အယူအဆများ ပဒိုဒေးဗစ်ထောထံ ၀င် ရောက်သောကြောင့် ပဒိုဒေးဗစ်ထော၏ အင်တာဗျူးများ၊ သုံးသပ်ချက်များသည် KNU မှ ချမှတ်ထားသော ရပ် တည်ချက်များအတိုင်း ပြောဆိုခြင်းမဟုတ်မူဘဲ၊ အင်တာဗျူးတခုတွင် အစိုးရက KNU ကို အပြုတ်မတိုက်လို၍ မွေးထားခြင်းဖြစ်သည်။ KNU တပ်အင်အား (၃၀၀၀)တောင်မပြည့်၊ အစိုးရတိုက်လျှင် ခဏလေးဖြင့်ပြုတ်မှာ၊ သက်သက်မွေးထားတာက စစ်အာဏာရှင်ရှိနေခြင်း၏ အကြောင်းပြချက် ခိုင်လုံမှုဖြစ်တယ် ဟူ၍ ပြောဆိုခဲ့ သည်။ ဤသို့ KNU ရပ်တည်မှုမဟုတ်ဘဲ၊ ဟန်ယောင်ဝေ၏ သဘောထားလွှမ်းမိုးမှုအမှားများကြောင့် KNU ဗဟိုမှ ပဒိုဒေးဗစ်ထောအား (၃)ကြိမ်တိုင်တိုင် သတိပေးခံခဲ့ရသည်။
KNU ခေါင်းဆောင်မှုအတွင်း ပဒိုဒေးဗစ်ထောနှင့် အရင်းနီးဆုံးမည်သူများနည်း။ KNU (၁၃)ကြိမ်ကွန်က ရက်မှ ရွေးချယ်ခံရသော ဗဟိုကော်မတီများထဲတွင် ပဒိုထူးထူးလေးခေါ် ဖူးတာသီး ခေါ် KNU ကျေးရွာသား၊ ပဒို ကွယ်ထူးဝင်း (ယခင် ဗဟိုကော်မတီအဖွဲ့ဝင်၊ ယခု KNU အတွင်းရေးမှူးချုပ်)နှင့် အခြား ဗဟိုကော်မတီအဖွဲ့ဝင် တချို့ဖြစ်သည်။
KNU အနေဖြင့်၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) နေ့တွင် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုကာ ယခု၃နှစ်ကျော် ရှိပြီဖြစ်သော်လည်း KNU မှ တောင်းဆိုသော Code of Conduct တပ်နေရာချထားရေး၊ တပ်သားများလိုက်နာရမည့်စည်းကမ်းများ ဆွေး နွေးရန် ယခုတိုင် မဆွေးနွေးရသေးပေ။ ဤ ကာလအတွင်း ကရင့်တော်လှန်ရေးဒေသ (၇)ခရိုင်တွင် ဘာတွေ တိုးတက်မှုဖြစ်လာကြသနည်း။
(၁) စစ်တပ်မှ လူအင်အား၊ လက်နက်အင်အားနှင့် ခံကတုတ်များကို ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက် လာခြင်း။
(၂) လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အကြောင်းပြ၍ ကားလမ်းများဖေါက်လုပ်ကာ စစ်ဆက် သွယ်ရေးလမ်းကြောင်း ချောမွေ့ရေးကို အစီအစဉ်အရှိရှိ တည်ဆောက်ခြင်း။
(၃) ငြိမ်ဝပ်ပိပြားရေး၊ ဥပဒေစိုးမိုးရေးကို အကြောင်းပြု၍ စစ်စခန်းများတိုးချဲ့ခြင်း၊ ရဲစခန်းများ တိုးချဲ့ခြင်း။
(၄) အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ကရင်ဒေသတွင် သွပ်သွင်းခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ရဲစခန်းများ စသည်။
(၅) ကရင်ပြည်နယ်ရှိ မြေပေါ်ရှိသစ်ဝါးများ၊ မြေအောက်ရှိသယံဇာတများကို ထုတ်လုပ်ရန် ကုမ္ပဏီပေါင်း (၈၀) ကျော်ကို အစိုးရက လိုင်စင်ထုတ်ပေး ထုတ်လုပ်စေခြင်း။
(၆) ကရင်ပြည်နယ်ရှိ မြစ်များကို ဆည်တမံဆောက်ကာ လျှပ်စစ်ဓါတ်အားရောင်းချရန် လုပ်ဆောင်လာခြင်း။ ဤဆည်တမံများကြောင့် ကရင်ကျေးရွာများနှင့် ကရင်ဒေသများ ရေလွှမ်းမိုးပျက်စီးခံရ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်လာခြင်း။
(၇) ကရင်ကျေးရွာများ ဘိုးဘွားဘီဘင်လက်ထက်မှ လုပ်ကိုင်စားသောက်လာသော လယ်မြေယာမြေများ နေ့ ချင်းညချင်း စည်းရိုးဝိုင်းပတ်ပြီး ပုဂလိကများ ရာဘာစိုက်ရန် အသိမ်းခံရခြင်း စသည့်ဆိုးကျိုးများကို ဌာနေပြည် သူများ၊ လူမှုအဖွဲ့အစည်းများထံမှ နေ့စဉ်ကြားနေရသည်။
၃နှစ်အတွင်း ပြည်သူများအကျိုးခံစားရသည်မှာ ပြေးလွှားပုန်းအောင်းမနေရခြင်း၊ ကျေးရွာမီးရှိုး ခြင်းနှင့် သတ်ဖြတ်မခံရခြင်း၊ တနေရာနှင့် တနေရာသွားလာရာတွင် အစစ်အဆေးနည်းလာခြင်းတို့ဖြစ်သည်။
ဤအပစ်အခတ်ရပ်စဲရေး၏ ကောင်းကျိုးဆိုးကျိုးတို့ကို ချိန်ခွင်ပေါ်တင်၍ ချိန်ကြည့်ပါက ကရင်များအ တွက် အကောင်းဘက်ကများသလား အဆိုးဘက်ကများသလားဆိုသည်ကို စာဖတ်သူများ မိမိအသိဥာဏ်ဖြင့် ဆုံးဖြတ်ပေးရန် တိုက်တွန်းပါသည်။
______
ဖူးတာမူး