Monday, September 8, 2014

ကရင်မိတ်ဆွေတစ်ဦးရဲ့ အမြင်


UNFC ကနေ KNU နုတ်ထွက်တာကို မလိုအပ်ဘဲ လုပ်တဲ့ အလုပ်လို့ပဲ မြင်တယ်။ အဲလိုနုတ်ထွက်တာကို ထောက်ခံတဲ့ အုပ်စုတွေကတော့ ငါတို့KNU တိုက်နေတုန်းက မင်းတို့ ကချင်တို့၊ မွန်တို့၊ ၀တို့ ရန်သူနဲ့ ပြန်ပေါင်းတယ်။ မင်းတို့တွေ အရင်ဆုံးရန်သူနဲ့ ပြန်ပေါင်းလို့ ငါတို့တွေလည်း လက်စားပြန်ချေတာတို့ ဘာတို့ ပြောတဲ့လူတွေက ပြောကြတယ်။

နောက်တခုက ဒါကရင့်ကြမ္မာ ကရင်ဖန်တီးတာပဲလို့ ပြောကြတယ်။ မှန်ပါတယ်။ KNU နဲ့ လက်ကျန်း NDF, DAB, NCUB, NCGUB အဲဒီအဖွဲ့တွေ ရန်သူကို တိုက်နေတဲ့အချိန်မှာ ကချင်(KIA) နဲ့ မွန်(NMSP) ရန်သူနဲ့ ပေါင်းပြီး စီးပွားရေး လုပ်နေခဲ့တယ်။ ဒါက ထင်သာမြင်သာတဲ့အချက်ပါ။

ဒါပေမဲ့ သာမန်ပြည်သူတွေ မသိနိုင်တဲ့အချက်တွေလည်း အများကြီးရှိပါသေးတယ်။ ကချင်ဆိုရင် သူတို့ရဲ့ဆက်ဆံရေးရုံးကို ထိုင်နိုင်ငံဘန်ကောက်မှာ ထားပြီး KNU နဲ့ အခြားမဟာမိတ်အဖွဲတွေကို ငွေအားနဲ့ ကူညီနေတာကို KNU ခေါင်းဆောင်ကြီးတွေ အတော်တော်များများ သိကြပါတယ်။ အထူသဖြင့် KNU ဌာနချုပ်မာနာပလော ကျပြီးတဲ့ကာလနဲ့ ဗဟိုဝေါ်လေဌာနချုပ်ကျပြီး ပဒိုအောင်ဆန်KNU ပိုက်ဆံတွေကို ယူပြီး ရန်သူအစိုးရနဲ့ ပြန်ပေါင်းတဲ့အချိန်မှာ KNU ဘယ်လိုအခတ်အခဲရှိခဲ့သလဲဆိုတာ ပြန်စဉ်းစားရင် သိပါတယ်။ နောက်အဲဒီအခတ်အခဲတွေကို ဘယ်က ရတဲ့ငွေတွေနဲ ဖြေရှင်းခဲ့သလဲဆိုတာ အဲဒီအချိန်က KNU ဗဟိုကော်မတီတွေထဲမှာ ပါတဲ့ ခေါင်းဆောင်ကြီးတွေ သိအုန်းမယ်ထင်ပါတယ်။ အဲလိုအခက်အခဲပြသနာတွေကို ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းနဲ့ အကြိမ်းပေါင်းများစွာ ဖြေရှင်းခဲ့တာကို မမေ့ကြပါနဲ့ရဲဘော်တို့။

အဲဒါကတော့ ကချင်နဲ့ KNU အခြေအနေပါ။ မွန်အဖွဲ့တွေကတော့ ငွေရေးကြေရေးနဲ့ မကူညီပေမဲ့ KNLA ရဲဘော်တွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးပါတယ်။ မာနာပလောကျပြီးနောက်ပိုင်း ကရင်တပ်ဖွဲတွေဟာ တပ်မဟာ ၆ ကနေ တပ်မဟာ၎ ကို သွားဖို့အတွက် မွန်တွေရဲ့နယ်မြေတွေကိုပဲ အသုံးပြုရပါတယ်။ နယ်မြေခံမွန်တပ်ဖွဲ့ မပါရင် ဘယ်လိုမှ ကရင်တပ်ဖွဲတွေ ၀င်လို့ မရတဲ့နယ်မြေတွေကို မွန်တပ်ဖွဲတွေကိုယ်တိုင် လိုက်ပိုခဲ့တယ်။ ရေးနယ်ဘက်ကဆို ဟိုပငတို့၊ မာန်အောင်တို့ ၊ ၀ဲခမှီနဲ့၊ ကျိုက်မရောဘက်ဆိုရင် ကျောက်ရေတွင်း၊ မင်းရွာ၊ ကော့ဘိန်၊ ကော့မိတို့ဘက်တို့ကို မွန်တံဆိပ်တပ်ပြီး ရောက်ခဲဖူးသေးတယ်။ ဒါဟာ သူတို့တွေ အစိုးရနဲ့ ဘယ်လိုပဲ အပစ်ရပ်နေပါစေ တိုင်းရင်းသားမဟာမိတ်စိတ်ဓာတ်နဲ့ ကရင်လက်နက်ကိုင်တွေကို ကူညီခဲ့ပါတယ်။

ဝ တပ်ဖွဲ့ဆို ငွေအားအမြောက်အများနဲ့ အဆံမရှိတောတဲ့ KNU ကို အဆံရှိလာအောင် ဖြည့်ဆည်းပေးခဲ့တယ်။ ဗိုလ်ေ၈ျာ်နီစခန်းကို မင်းတို့ရဲ့ အချစ်တော်ကြီးမောင်ချစ်သူ လာတက်သိမ်းတုန်းက KNU ဘာမှ မကူညီနိုင်ဘူး။ အဲဒီတိုက်ပွဲမှာ ပါတဲ့ သူတွေ ပိုသိမှာပေါ့။ ဘယ်လိုခုခံပြီးေ ပြေးခဲရသလဲဆိုတာ အဲဒီအချိန်မှာ KNU ဗဟိုကလည်း ငွေမရှိတဲ့အချိန် အခု မင်းတို့ ပြောနေတဲ့ မင်းတို့ကို အရင်သစ္စာဖေါက်သွားတယ်ဆိုတဲ့ ၀ တပ်ဖွဲ့တွေကပဲ KNU အတွက် ထိုင်းဘတ် သန်း၄၀ နဲ့ NDF အတွက် ၁၀ သန်းကို အလကားထုတ်ပေးခဲ့တယ်။ ဒါက ပထမအကြိမ် ၀တွေ ထုတ်ပေးတာနော်။ ဒုတိယအကြိမ်မှာလည်း သန်း၅၀ မန်ငြိမ်းမောင်ကနေတဆင့် ဗိုလ်ချုပ်မတူစေဖိုလက်ထဲ အပ်လိုက်တယ်။

အဲဒါ ဗိုလ်ချုပ်မတူစေဖိုက ၁၅ ကြိမ်မြောက်ကွန်ကရက်မတိုင်ခင် မဲဆွယ်လိုက်တယ်။ သူနဲ့ အဆင်ပြေတဲ့ အုပ်စုတွေကိုပဲ ပေးပြီး ၁၅ ကြိမ်မြောက်ကွန်ကရက်မှာ မဲဆွယ်ခဲ့တယ်။ အဲလို ၀တွေ ငွေထုတ်ပေးလိုက်ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်က ၀တပ်ဖွဲ့ အစိုးရနဲ့ အပစ်ရပ်မလုပ်ခင် ငတ်ပြတ်နေတဲ့ ၀ပြည်သူတွေအတွက် ၀တာဝန်ရှိတွေ မာနာပလောကို လာပြီး တပ်ပေါင်းစုမှာ အကူအညီ လာတောင်းခဲ့ဖူးတယ်။ ထိုင်းဘတ်သန်း ၂၀ထဲပါ။ အဲဒီအချိန်က KNU ထုတ်ပေးချင်ရင် ပေလို့ ရတယ်။ ဒါပေမဲ့ KNU တပြားမှ မထုတ်ပေးဘူး။ ဒါကြောင့် ငတ်နေတဲ့ဝ ပြည်သူတွေကို ကယ်တင်ဖို့အတွက် ၀တပ်ဖွဲ့ဟာ အစိုးရနဲ့အပစ်ရပ် လုပ်လိုက်ရတယ်။ အဲဒီနောက် ကရင်နယ်တွေမှာ စစ်ကူလာနေတဲ့ ၀တပ်ဖွဲတွေကို ပြန်ရုပ်သိမ်းလိုက်တယ်။

ဒီအကြောင်းအရာတွေကို သိရှိတဲ့ ကရင်ခေါင်းဆောင်တွေဟာ ကချင်တို့ ၀တို့မွန်တို့တွေဟာ KNU ကို သစ္စာဖေါက်တယ်လို့ ဘယ်တောမှ မပြောဘူး။ အဲဒီတိုင်းရင်းသားတွေကို KNU က ဘာတွေ ကူညီခဲ့ဖူးသလဲဆိုတာပြန်စဉ်းစားကြည်လိုက်ပါရဲဘော်။

@စီၯတဿ္ဖိဒိဢ္ခြါလဿ ကီဿ္သူလ့ၯ