Thursday, September 25, 2014

San seng kum hpa( မြို့ နယ် အသီးသီး မှ အသင်းတော် ကိုယ်စားပြု ဘောလုံးအသင်း (၁၄)သင်း )

ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ( KBC ) မှ ကြီးမှုး ကျင်းပနေတဲ့ ဇုံနယ် ၊ မြို့ နယ် အသီးသီး မှ အသင်းတော် ကိုယ်စားပြု ဘောလုံးအသင်း (၁၄)သင်း ပါဝင် ယှဉ်ပြိုင် ကစားပြီး သိန်း (၂၀၀) တန်ကြေးရှိတဲ့ ကျောက်စိမ်း ကျောက်သားစစ်စစ် ဖြင့် ပြုလုပ်ထားတဲ့ ဒိုင်းဆု အားပေးအပ် ချီးမြှင့် မည့် ဘောလုံးပြိုင်ပွဲကြီး အား ယနေ့ ညနေ နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ကစားကြရာ မြစ်ကြီးနား ဇုံနယ် အသင်းတော် ကိုယ်စားပြု ဘောလုံး အသင်းမှ အနိုင်ရ ဗိုလ်စွဲ သွားကြောင်း သိရပါတယ် ။ ဒုတိယ ရရှိသွားတဲ့ အသင်းကတော့ ဖားကန့် ဇုံနယ် ကိုယ်စားပြု အသင်း ဖြစ်ပါတယ်။ မိုးထဲ လေထဲ အကြိတ် အနယ် ယှဉ်ပြိုင် ကစားကြပြီး ပွဲကြည့် ပရိတ်သတ် ထောင် နဲ့ ချီ ပြီး လာရောက် အားပေးကြည့်ရှု ခဲ့ကြပါတယ် ။
( KBC )
By Jadeland