Monday, April 1, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် - ဦးနေမျိုးဇင်

အင်ဂွန်ဂျာဝါ အဖွဲ့ ဝင် ဝတ်မှုန်မေးမြန်းချက်တွေကို ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာ၊ မြစ်ကြီးနား၊ ဗန်းမော်မြို့များအထိ ရောက်ခဲ့တဲ့ ဦးနေမျိုးဇင် ဖြေကြားထားတာပါ။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့သားများနဲ့ လိုင်ဇာမှာတွေ့ခဲ့ပါတယ်။ ကချင် KIA ခေါင်းဆောင်နဲ့စစ်ဗိုလ်စစ်သားများ၊ အစိုးရစစ်ဗိုလ်၊စစ်သားများ (တချို့ မိမိတို့နဲ့ စစ်တပ်အတူနေခဲ့တဲ့ စစ်ဗိုလ်များအပါအ၀င်) အားလုံးဟာ စစ်မတိုက်ချင်တော့ပါဘူး။ ABSDF တပ်များ၊ ပြည်သူလူထုများ၊ ဒေသအားဏာပိုင်များနဲ့လည်း တွေ့ဆုံးတော့ အားလုံးငြိမ်းချမ်းရေး လိုချင်ပါတယ်။ စစ်တိုက်ခြင်းကြောင့် အားလုံးဒုက္ခရောက်၊ ဆင်းရဲ၊ သေကျေ၊ ဒဏ်ရာရ ပျက်စီးကြရတယ်။ တချို့ဆို သိန်း၂၀၀၀လောက် တန်ဖိုးရှိတဲ့ ဆိုင်ကြီးများကို စွန့်ပစ်ပြီး ဒုက္ခသည်စခန်း လာရောက်ခိုလှုံနေရသူများလည်း တွေ့ရပါတယ်။ ပြည်သူလူထုနဲ့ မေးမြန်းတော့ ပိုပြီးငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ရွာပျက်၊ မြို့ငယ်များပျက်စီးပြီး ထွက်ပြေးလာရတဲ့ ဒုက္ခသည်များစွာပါ။ စစ်ဗိုလ်၊စစ်သားတွေလည်း အထက်က ခိုင်းလို့သာလုပ်ရပါတယ်။ အခု ပထမအကြိမ် ရွှေလီငြိမ်းချမ်းရေးဆွေးနွေးပြီးတော့ မြန်မာစစ်တပ်အချို့ ထိပ်တိုက်ရင်ဆိုင်တဲ့ နေရာများက နောက်ဆုတ်ပေးလိုက်တာ တွေ့ရပါတယ်။ လက်နက်ကိုင် တပ်၂ခု မြင်တွေ့နေရချိန် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်တတ်တာမို့ ထိုးစစ်ဆင်တဲ့ စစ်တပ်များ နောက်ဆုတ်ဖို့ လိုပါတယ်။

စီးပွားရေးနဲ့ပတ်သတ်ရင်တော့ လိုင်ဇာမှာ ဘာမှလုပ်လို့မဖြစ်သေးပါဘူး။ ဗန်းမော်-မြစ်ကြီးနား ခရီးလမ်းတော့ သွားလာ၊ကုန်ကူးနိုင်ပါပြီ။ အခွန်ကောက်ခြင်းမှာတော့ စနစ်တကျမရှိတာတစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်မပီပြင်တာတစ်ကြောင်း နယ်စပ် အခွန်ကောက်မှုမှာ အခက်ခဲရှိမှုများ၊ နိုင်ငံရေးအားဖြင့် ငြိမ်းချမ်းရေးရပြီး ဖက်ဒရယ်အုပ်ချုပ်ရေးဖြစ်လာရင် အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။

ဒုက္ခသည်စခန်းများမှာတော့ KIA ဒေသများမှာ ယခင်က လှုဒါန်းမှုတွေ မရောက်နိုင်ခဲ့ပါဘူး။ အခုတော့ ဒုက္ခသယ်စခန်းများကို သွားလာလို့ ရနေပါပြီ။ လှုဒါန်းဖို့ လွယ်ကူသွားပေမဲ့ မူလမြို့ရွာများဆီတော့ ပြန်ဖို့မလွယ်သေးပါဘူး။

ငြိမ်းချမ်းရေး ရွေလီမှာ ဆွေးနွေးတဲ့အခါ အိမ်ရှင်ဖြစ်တဲ့ တရုပ်က ထိန်းချုပ်၊၀င်စွတ်မှု များစွာလုပ်ခဲ့ပါတယ်။ KIA ဗိုလ်မှုးချုပ်ဂွမ်မောင် တို့ကတော့ ဖက်ဒရယ်အုပ်ချုပ်ရေးကို နိုင်ငံရေးအားဖြင့် ဖြေရှင်းဖို့ ပြောပါတယ်။

ကိုယ်ရေးကိုယ်တာ အနေနဲ့ ကျနော် စစ်တပ်ကထွက်ပြီးတဲ့နောက် ကိုယ်ပိုင် အင်တာနက်ဆိုင်တခု ကနေ ၀င်ငွေရရှိတဲ့အတွက် မိသားစု၊ စားဖို့အတွက်တော့ အဆင်ပြေပါတယ်။ လိုင်ဇာကိုသွားတော့ ဟိုရောက်တဲ့အချိန် ပြည်သူလူထုက ငှားလာတဲ့ ကားခအတွက် ရှင်းပေးလိုက်တော့ ငွေကြေးအဆင်ပြေသွားပါတယ်။ အခုချိန်ထိ အစိုးရပိုင်းနဲ့ ပတ်သက်ပြီး၊ အကူညီ တခုမှ မရသေးပါဘူး။ ကျနော်တို့အရွယ် အသက်၃၀-၄၀ များစွာ အားပေးလုပ်ကိုင်တဲ့ ပြည်ထောင်စုလူငယ်များအဖွဲကလည်း တက်ကြွစွာ လုပ်ဆောင်ကြပါတယ်။ လူငယ်များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေတာလည်း ပြည်သူကပေးတဲ့ ကွန်ပြူတာ(တပတ်ရစ်များ)၊ ငွေကြေးပစ္စည်းများ၊ အားပေးမှုများနဲ့သာ လုပ်ဆောင်နေရပါတယ်။ သင်တန်းဖွင့်ဖို့လည်း ကြိုးစားနေပါတယ်။ လစဉ် အခန်းငှားရမ်းခ ကျပ်၇သိန်းလောက် ပေးရတော့ ကျနော်တို့ မတတ်နိုင်ပါဘူး။ ရန်ကုန်မှာ ပြည်ထောင်စုလူငယ်များ မြန်မာလူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖြစ် စုပေါင်းလုပ်ဆောင်နေကြပါတယ်။

လက်ရှိဖြစ်နေတဲ့ မိထ္ထီလာအရေးအခင်းနဲ့ စပ်နွယ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုများမှာ နောက်ကွယ်က (ယခင် စွမ်းအားရှင်လို) အဖွဲ့အစည်းတခုနဲ့ စနစ်တကျလုပ်ဆောင်နေတယ်လို့ ခံယူပါတယ်။

နေမျိုးဇင် (ညီတိုးငြိမ်း) ၀၉၄၉၃၂၈၅၅၉
Facebook: http://www.facebook.com/msdn.naymyozin?ref=ts&fref=ts