Monday, April 1, 2013

သုံးသပ်ချက် (အမေရိကန်၊တရုပ်၊မြန်မာ)

သုံးသပ်ချက် (အမေရိကန်၊တရုပ်၊မြန်မာ)
နိုင်ငံတခု၊ အုပ်ချုပ်ရေးစနစ်တခုမှာ ခေါင်းဆောင်ပြောင်းရင်၊ ထောက်ခံသူနိုင်ငံခေါင်းဆောင်များက ဦးစွာ သ၀ဏ်လွှာပို့ခြင်း၊ ၂နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခြင်း လုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံလို သြဇာနည်းပြီး၊ မကြွယ်ဝတဲ့နိုင်ငံရဲ့ ခေါင်းဆောင်သစ် သမ္မတဦးသိန်းစိန် ခေါင်းဆောင်ဖြစ်တာနဲ့ တရုပ်ပြည်ခေါင်းဆောင် (ယခင်တရုပ်သမ္မတ Hu Jinto)ထံ သွားရောက်တွေ့ဆုံရပါတယ်။ အခုလည်း တရုပ်ခေါင်းဆောင်သစ် သမ္မတရှီဂျင်ပင်း ဆီလည်း ရှေးဦးစွာသွားရောက်တွေ့ဆုံရပါတယ်။ အမေရိကန် သမ္မတအိုဘားမား ရှိတဲ့ အမေရိကားကို သမ္မတဦးသိန်းစိန် အရင်သွားရောက်တွေ့ဆုံပြီး၊ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်ကို သမိုင်းဝင်ခရီးစဉ် လာရောက်လည်ပတ်သွားတာကတော့ မြန်မာအစိုးရသစ်ရဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်။ ယခင် တရုပ်သမ္မတကတော့ မြန်မာပြည် အလည်မလာခဲ့ပါဘူး။ တရုပ်သမ္မတသစ်ကြီးလည်း မကြာခင် မြန်မာပြည်ကိုလာလည်မလား လို့ စောင့်မျှော်ကြည့်ရှုရပါဦးမယ်။ သေချာပေါက်ဆွေးနွေးမှာတော့ တရုပ်လက်နက်ရောင်းချရေး၊ ဓါတ်ငွေပိုက်လိုင်း၊ ကြေးနီစီမံကိန်း၊ ကချင်ပြည်နယ် ကျောက်စိမ်း ၊ရွှေ၊ ကျွန်းသစ် ကိစ္စတွေပါ။ တရုပ်နဲ့အိန္နိယ၂ခုကြားမှာရှိတဲ့ ကချင်ပြည်နယ် လက်နက်ကိုင်တိုက်ပွဲများ၊ ငြိမ်းချမ်းရေးကိစ္စကို သမ္မတ၂ ဦးဆွေးနွေးကြမလား ဆိုတာကာတော့ ကချင်ပြည်နယ်သားများအတွက် မျှော်လင့်ချက်ဖြစ်ပါတယ်။ 
read more+++click on link+++