Wednesday, April 17, 2013

နေပြည်တော် မိစ္ဆာာများ ကြောက်နေသော ဂါထာ (၅)ပုဒ်

Minmaha Bagan's photo.
နေပြည်တော် မိစ္ဆာာများ ကြောက်နေသော ဂါထာ (၅)ပုဒ်

နေပြည်တော်အစိုးရမှ ပြုပြင်ပြောင်းလဲလာပြီဟု နိုင်ငံတကာ အစိုးရ များမှ ရှူးတိုက် သြဘာပေးနေသကဲ့သို့ နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူများအချို့တော်တော်များမှပင် အူယားဖားယား ထောပနာပြုကာ ယခင် အာဏာရှင် ဘ၀မှ အရေခွံလဲလာသော အရေခြုံမိစ္ဆာာများအား ဖင်ပင့်ကာ အမှားနှင့်အမှန်လုံးထွေးသွားကြရပြီး ဓမ္မဓိဌာန်ပြောက်သွားရသော ၈၈ လှုပ်ရှားမှုနှင့် စစ်မှန်သည့် ဒီမိုကရေစီကျင့်စဉ်ဖြင့် အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်အား ရောက်ရှိသွားပြီဟု ပြောဆိုနေကြလေ၏။ အန်ဂျီအိုများနှင့် ၄င်း၏ ငွေဝယ်ကျွန်ကြီး ကျွန်ကလေးများကလဲ လက်ရှိပြုပြင်ပြောင်းလဲမှုသည် ပြိုင်စံရှားသော ပြောင်းလဲမှုဟုပင် ထဟောင်နေသောကြောင့်  သိသာအောင် ဖေါ်ပြပါ ဂါထာ (၅)ပုဒ်အား အနုလုံပတုလုံ ဆင်ခြင်သုံးသပ်နိုင်ရန် တင်ပြလိုက်ရပါသည်။

(၁)(မြန်မာအစိုးရအနေဖြင့် (အီတီ) ဟုခေါ်သော ကုန်ထုတ်လုပ်မှုများဆိုင်ရာ ပွင့်လင်းမြင်သာမှု ဦးဆောင်အဖွဲ့စည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ပြီလား?

နိုင်ငံတော် သမ္မတမှ သူ့အနေဖြင့် (အီတီ) ဟုခေါ်သော ကုန်ထုတ်လုပ်မှုများဆိုင်ရာ ပွင့်လင်းမြင်သာမှု ဦးဆောင်အဖွဲ့စည်းချုပ်နှင့် ပူးပေါင်းရန် ပြောခဲ့ဘူး၏။ 
ဒေါ်အောင်ဆန်းစုကြည် မှလည်း  Myanma Oil and Gas Enterprise မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့  ထုတ်လုပ်ရောင်းချရေး လုပ်ငန်းများ အနေဖြင့် ၄င်းတို့၏ ထုတ်လုပ်ရောင်းချမှုများအား သိသာအောင် ဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုဘူးခဲ့ဘူးသည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ဖေါ်ပြပါ (EITI-အီတီ) နှင့်ပတ်သက်သော ကောင်းမွန်ပွင့်လင်းမြင်သာသည့် နိုင်ငံတကာက အသိမှတ်ပြုသော စီးပွါးရေး ဆောင်ရွက် လုပ်ကိုင်မှု ဆိုသော စာချုပ်အား ချုပ်ဆိုရန် အဆင်သင့်ဖြစ်ပြီးလား? ဟု မေးခွန်းအကြီးကြယ်ထုတ်သင့်သည်။ 

Is Myanmar ready for EITI
The president has said he wants Myanmar to join the Extractive Industries Transparency Initiative (EITI).
Aung San Suu Kyi has called on MOGE (Myanma Oil and Gas Enterprise (MOGE) is a national oil and gas company of Burma. to shed light on its books. Is Myanmar government  ready to join the global 'good governance' movement and sign up for EITI?

(2) မြန်မာပြည်တွင် အမှန်တကယ်လိုအပ်သော လျှပ်စစ်စွမ်းအင်အား ဘယ်ပုံဘယ်နည်းဖြင့် ဆောင်ရွက် ထုတ်ယူ မည်နည်း?

မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိသည့်အနက် ၁၃ သန်းသာလျှင် ၂၀၁၃ ယခုနှစ်ထိ  လျှပ်စစ်မီးအား ခံစား သုံးစွဲခွင့် ရရှိနေရဆဲသာဖြစ်သည်။ ၂၀၀၉ ခုနှစ်မှစကာ အစိုးရအနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သို့ သဘာဝဓါတ်ငွေ တင်ပို့ရောင်းချမှုသည် သန်းပေါင်း ၈ ထောင် ကျူးဘစ် မီတာ ရှိကြောင်း နိုင်ငံတကာ စစ်တမ်းကဆိုထားသည်။ ယခင် ရှေ့အစဉ်လာများအရ စွမ်းအင်နှင့်ပတ်သက်သော ဆက်စပ်သည့်လုပ်ငန်းများအား အမှောင်ပိတ်လျှိ့ ဝှက်လုပ်ဆောင်မှုများ ရှိနေခဲ့သည်။ ထိုစွမ်းအင်လုပ်ငန်းများဖြစ်သော သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင်လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ဆက်စပ်ရင်းနှီးမြုပ်နှံမှုများအား ပိုမိုသိသာစွာ ဖွင့်လှစ်ဆောင်ရွက်နိုင်မည်လော? ပြည်တွင်း လိုအပ်မှုများ သုံးစွဲမှုဝယ်လိုအား မြင့်မားလာအောင် ဆောင်ရွက်လေမည်လော?
What if the population wants more electricity?

Only 13million of Myanmar's 60 million people had access to electricity in2013 – and yet, as of 2009, the government exported over eight billion cubic meters of natural gas annually to places like Thailand and China in accordance with international recorded view.
The energy sector operated in relative secrecy in previous decades. Will its opening up to foreign investment acquaint more Burmese with the idea that, in fact, there is gas and electricity to be had? Will domestic demand begin to rise?

(၃)  မူးယစ်ဆေးဝါးမှရရှိသော ဒေါ်လာငွေမဲများအား ရင်းနှီးမြုပ်နှံမှုအသစ်ဖြင့် လျော်ဖွတ်နိုင်မည်လား?

မူးယစ်ဆေးဝါးကုန်သွယ်မှုဖြစ်သော၊ ဘိန်းဖြူနှင့် မူးယစ်ဆေးပြားများထုတ်လုပ်ရောင်းချခြင်း ဟု အဓိပ္ပါယ်ဖွင့်ဆိုသောအားဖြင့် -ဗဟိုအစိုးရ၏ထိန်းချုပ်မှုအားနည်းသောဝေးလံခေါင်သီသည့်တိုင်းရင်းသားများ၏ဒေသနယ်မြေများ တွင် မူးယစ်ဆေးဝါးများထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်။ ထိုအခြင်းအရာကြောင့် ထိုဒေသများတွင်  အစိုးရမှ မိမိတို့ ဖုံးဝှက်ရန်ထိန်ချန်ထားသည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှ ရရှိသောငွေမဲများအား စီးပွားရေးဆိုင်ရာ ပုံစံပြောင်းလဲဆောင်ရွက်မှုနှင့် လွတ်လပ်သော ရင်းနှီးမြုပ်နှံအထောက်ပံ့အား မိမိအကျိုးမမျှော်လင့်ပဲ ပေးနိုင်သလား?
Could narco-dollars be recycled in a news investment wave?
The drug trade – heroin and methamphetamine, in particular – has thrived for decades in remote, ethnic minority areas where the central government has little
control. Could the government to do liberalized investment policies, and the diversified economy that may help produce in the concerning regions without expect for self-interest, from drug money more places to hide?

(၄) မြန်မာအစိုးရအနေနဲ့ ဒုတိယစီမံကိန်းလို့ဆိုတဲ (B) PLAN ရှိသလား?

သမ္မတ ဦးသိန်းစိန်မှ ၂၀၁၆ ခုနှစ်တွင် လူတဦးခြင်း၏ နှစ်ချုပ်ဝင်ငွေသည် သုံးဆ တိုးတက်လာမည်ဆိုသော  ဒေါ်လာ ၃၆၀၀ ခန့် ရရှိနိုင်ကြမည်ဖြစ်သည့် မက်လုံးပန်းတိုင်ကြီးသို့ရောက်ရှိမည်ဟု တထစ်ချ ကြေငြာပြောဆိုခဲ့ပြီးပြီ။ ၄င်းဆိုခဲ့သော မှတ်ချက်သည် ကုန်ထုတ်မှုလုပ်ငန်းများနှင့် ၀န်ဆောင်မှုဆိုင်ရာ အသီးသီးတွင် ကျယ်ပြန့်လာမည်ဖြစ်ပြီး တိုးတက်မှုအရှိန်ဟုန်မြင့်လာနိုင်မည်ကို ပြောဆိုသော်ငြားလည်း သဘာဝဓါတ်ငွေ့နှင့် တွင်းထွက် သံယံဇာတတို့မှ ရရှိသော တိုးတက်မှုမျိုးမဟုတ်ပဲ အခြားသော လုပ်ငန်းဆောင်တာများမှရရှိလာနိုင်သော တိုးတက်မှုများဖြစ်လာနိုင်ခဲ့ပါသနည်းဟု မေးခွန်းထုတ်ကြရမည်။

Is there a plan B by Myanmar government 
President Thein Sein has set the lofty goal of tripling national per capita GDP to $3,600 by 2016. The opportunity to expand Myanmar's industrial and service
sectors could come through the development of its extractive industries; but what other forms of economic improvement could oil, gas and mining development help bring about?

(၅) ဓါတု အဆိပ်တောက်ဖြစ်စေသော သံယံဇာတတူဖေါ်ရေးလုပ်ငန်းများ၏ ထိခိုက်မှု ရလဒ်အား မည်သို့သော မူဝါဒများပြုပြင်ကာ ဆောင်ရွက်နိုင်မည်နည်း?

ဓါတု အဆိပ်တောက်ဖြစ်စေသော သံယံဇာတတူဖေါ်ရေးလုပ်ငန်းများဆိုသော လုပ်ငန်းများအား၂၀၀၄ ခုနှစ်ထိတိုင် မြန်မာ့ သတ္တုတွင်း ဌာနမှ ၁၃၂၀ လုပ်ငန်းမိုင်းတွင်းများအား ခွင့်ပြုထားသည်ဟု တရားဝင်ကြေငြာခဲ့သည်။
အကယ်၍ စီးပွါးရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု မူဝါဒသည် အမှန်တကယ်ပင် ညီမျှလွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးမည်ဆိုပါလျှင် လက်ရှိလုပ်ကိုင်နေသော ဓါတုအဆိပ်တောက်ဖြစ်စေသော သံယံဇာတတူးဖေါ်ရေးလုပ်ငန်းများအပေါ်မည်သို့ အကျိုးသက်ရောက်လာမည်နည်း? ကို မေးခွန်းထုတ် ဂါထာအား ရေရွတ်တင်ပြပါသည်။
ဦးသိန်းစိန် အနေဖြင့် သရုပ်မှန် ပကတိ အဖြေများအား ဖြေကြားပေးစေလိုပါသည်။
 
How could investment policy reform impact arsenic mining?
Arsenic  mining in Myanmar is widespread – in 2004, the Ministry of Mines reported 1,320 arsenic  mining permits. If investment policies are liberalized, how
might the arsenic  mining sector be affected?

မှတ်ချက် ။  ။ ယခင် အစိုးရ ခိုးခဲ့သော အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင် ၉၆ နီးပါး အား စာရင်းအင်း အချက်လက်များဖြင့် မကြာခင် တင်ပြပါမည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး