Myitrum
manang ni, Pyi Gyi Tha ngu ai M Ga Shagawp re yaw. MKA kaw M hpyenla ni dabak
taw nga ma ai kaw na Waingmaw hkran de mung sharap tawn da sai; Putau –
Sumprabum de mung hpring sai Manmaw lam de mung hpring re nga ma ai. Laiza
makau na Lajayang hpe maja ra na tai ai nga nna mung, maram nga ma ai. Shweli
kaw hpang jahtum bawngban hpawng galaw ai ten hta, Bumsawnpost kaw myawk kaba
htit wa di da ma ai lam chye lu ai. Dai majaw, M ndai ni ya yang zim masu su
nna, kalangta htim hkyen na maw nga ma ai nga nna maram shajang nga ma ai. Nsin
nhtoi n lata ai byin chye ai re majaw, anhte mung nsin nhtoi n lata ai ten tup
kyu hpyi maja ga lu oi. Kyu hpyi ai gaw, anhte a myawk kaba re. KK mung anhte
kyu hpyi ai ga n ging n dan timung, akroi anoi hpyi na hpe ra sharawng ai wa re
– da. Teng ai rai yang, KK maga mi hku gayin nna bai hkye mawai la na ra ai
yaw; kamsham nga ga i.
JIC+++
_________________________
မိမိကိုယ်ကို
--------------------------
ပြည်ကြီးသား - တဲ့။
သူများကိုတော့
တောင်ပေါ်သား
အညတရပေါ့။
ပြည်ကြီးသားစိတ်ဓါတ်က
အောက်တန်းကျ။
လိမ်လည်လှည့်ဖျား
အပေါစား။
တောင်ပေါ်သားစိတ်ဓါတ်
လွန်မြင့်မြတ်။
မရိုးသားတဲ့စကား
မပြောတတ်။
ပြည်ကြီးသားက
လွန်ညစ်ညမ်း။
သမိုင်းဖြစ်ရပ်
ပြင်စတမ်း။
တောင်ပေါ်သားက သမ္မာဓိ
သစ္စာမှာလည်း ပကတိ။
ရိုးသားဖြူစင်
သတ္တိရှင်။
ပြည်ကြီးသား - တဲ့
မတူတန်။
လူစိတ်မရှိ
တိရိစ္ဆာန်။
ပြည်ကြီင်္းသားပီသလိုလျှင်
စိတ်ဓါတ်ရေးရာကို ပြုပြင်။
လူ့ဆင့်မှီဖို့ကို ကြိုးစား
အဆင့်ရှိတဲ့ ပြည်ကြီးသား။
မနောမြေ - စိန်
(၁၂.၁၁.၂၀၁၂၊ နံက် ၅:၀၀)
-------------------------------
ဆယ့်ခုနစ်လပြည့်ချန်းယိန်းဒေး
သမိုင်းမှတ်တိုင်တခု၊
၂၀၁၁ ဂျွန် ၉ ခု။
နေ့စွဲကဘဲ ပြင်းတာလား?
စစ်ပွဲကဘဲ ထန်လို့လား?
ဒုတပ်ကြပ် ချန်းယိန်းနတ်ဖြစ်လား?
စိုးရတပ်မတော် ဖျင်းလို့လား?
ကချင်ကို စံပြတဲ့ အာဆီယံ၊
ဟိုးလေးတကျော်ပြောဆိုပြန်။
အဲဒါကြောင့် ကချင် ပိုအားရှိ၊
တိုင်းရင်းသားဖို့ ခွန်အားပြည့်။
ကချင်တကိုယ်ကောင်း မဆန်ဘူး။
အနစ်နာခံတာ လွန်စွာထူး။
အစိုးရတပ်မတော် ကြောက်အားပို၊
စည်းလုံးခြင်းကို သူတို့မလို။
ဖရိုဖရဲ ကွဲပြဲအောင်၊
တိုင်းရင်းသားကို သရုပ်ဆောင်။
ကတိတွေပေးစည်းရုံးရေး၊
အာမခံမရှိ ဗလာနတ္ထိ။
တချိန်ပြီးတချိန်အကြိမ်ကြိမ်၊
အလူးအလဲခံရမြဲ။
စဉ်းစားကြည့်ပေါ့ ညီနောင်ရယ်၊
ဒို့တွေလက်တွဲ ရမယ်လေ………။
မနောမြေ - စိန်
(၉.၁၁.၂၀၁၂၊ နံက် ၁:၀၀)-
-----------------------------------------------------
ထူးချွန်ထက်မြက်သော အာဇာနည်
ဇင်ထုံးနော်အောင်
ဤပုံကို ကြည့်ကြစို့။ စစ်ပွဲ၌ထူးချွန်ပြီး၊ အားကျအတုယူဖွယ် အဖိုးတန်မျိုးချစ် KIA ရဲဘော် သတ္တိခဲလေး ဇင်ထုံးနော်အောင် ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၁၁ ခု၊ နိုဝင်ဘာလ ၃ ရက်က ရှမ်းပြည် မုန်ဂူနယ်၊ မန်ဂျပ်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲတခု၌၊ ရဲဘော်ဇင်ထုံးနော်အောင်သည် သူတဦးတည်း၊ ထိုးစစ်ဆင်လာသော အစိုးရ စစ်တပ်မှ ရန်သူများကို ခုခံတိုက်ခိုက်ခဲ့သည်။ ရန်သူမြောက်များစွာ သူ၏ ကျည်ဆံနှင့် သေပွဲ ဝင်ခဲ့ကြရသည်။ ရန်သူတို့သည် တအုပ်ပြီးတအုပ် ရှေ့ကိုတိုး၍တိုး၍ ချီတက်ကြသကဲ့သို့၊ ဇင်ထုံးနော်အောင်သည်လည်း ခံစစ်၌ တဦးတည်း အင်တိုက်အားတိုက် ခုခံတိုက်ခိုက်လျက်ရှိနေစဉ်၊ သူ၏ကျည်ဆံများ ကုန်သွားခဲ့သည်။
ရန်သူတို့သည် အုပ်လိုက် ဆက်လက်ချီတက်လာနေသော အခါ၊ ရက်စက်ယုတ်မာ သော ရန်သူ၏ လက်ချက်နှင့် ညှင်းပန်းနှိပ်စက် ခြင်းဖြင့် အသေမခံလိုသော သူရဲကောင်း မျိုးချစ်KIA ရဲဘော်လေး ဇင်ထုံးနော်အောင်သည်၊ တထောင့်တည်းကျန်ရှိသော ကျည်ဆံဖြင့် မိမိကိုယ်ကို အဆုံးစီရင် လိုက်လေသည်။ ဤအမှုအရာသည်၊ “အောင်နိုင်ခြင်း” နှင့် ကချင်လူမျိုး တို့၏ ရဲစွမ်းသတ္တိကို ဖော်ပြလိုက်ခြင်းဖြစ်သည်။
ရန်သူတို့သည် တဖက်မှ သေနတ်သံတိတ်သွားပြီ ဖြစ်၍ အလွယ်တကူ ချီတက်လာကြသော အခါ၊ သူတို့ကို ခုခံတိုက်ခိုက်နေသူမှာ တဦးတည်းဖြစ်၍ ၊ ကျည်ဆံကုန်သွားသော ကြောင့် မိမိကိုယ်ကို သတ္တိရှိရှိ တထောင့်တည်း ကျန်ရှိသော ကျည်ဆံ နှင့် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်ကြရလေသည်။
မူစယ် ဆေးရုံသို့ ရောက်ရှိလာကြသော ထိုတိုက်ပွဲမှ ဒဏ်ရာရ အစိုးရ တပ်မတော် သားတို့ အချင်းချင်း ပြောစမှတ်ပြုကြသည်မှာ၊ “ဒီကောင်၊ ကျည်ဆံသာ မကုန်လို့ကတော့ ငါတို့ ဘယ်လောက်တောင်သေကြ အုံးမလဲ မသိဘူး” ဟူ၍ ဖြစ်သည်။
ဇင်ထုံးနော်အောင်သည်၊ ရှမ်းပြည်၊ မုန်ဂူနယ်၊ ဂေါ်န်ဆမ်ကျေးရွာမှ ဖခင်ဆလန် ဇင်ထုံးလဂေါင် နှင့် မိခင် မိတုံ ခေါန်ရှောင်တို့၏ ဒုတိယမြောက်သား ဖြစ်သည်။ သူ၏ ဖွားရက်မှာ ၁၉၈၈ ဒီဇင်ဘာလ ၂၁ ဖြစ်၍၊ သူအသေခံ စဉ်က ၂၃ နှစ်ပင်မပြည့်သေးကြောင်းသိရသည်။
ဤပြည်တွင်းစစ်ကာလ အတွင်း၊ KIA ရဲဘော်ဇင်ထုံးနော်အောင် ကဲ့သို့ပြတ်သား သော ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် ကျွန်ုပ်တို့၏ အာဇာနည် သူရဲကောင်းများကို၊ မော်ကွန်းဝင် စာရင်းသွင်း၍ နောင်လာမည့် မျိုးဆက်သစ်များအတွက် အားကျဖွယ် မှတ်တမ်းတင် ဂုဏ်ပြုအပ်လှပေသည်။
မနောမြေ - စိန်
(၁၀.၁၁.၂၀၁၂၊နံက် ၁၂:၃၀)
-------------------------------------------------------------