Tuesday, November 6, 2012

ကချင်ပြည်နယ်ဟာ ဗမာတွေသနားလို့ ပေးထားတာ ဆိုသူတွေ ဖတ်ဖို့ .....


Credit: Andrew Soe
"အင်္ဂလိပ်နှင့်ဗမာပထ၀ီပြောင်းလဲပစ်ခဲ့မှုနှင့်ဗမာလူမျိုးရေးတိုးချဲ့လာမှု"

"၁၈၈၅ ခုနှစ် ဗမာ့ဦးစွန်းကို အင်္ဂလိပ်တို့ ရိုက်ချိုးပစ်ခဲ့ပြီးနောက် ယခင်ရှိခဲ့သော ဌာနေ လူမျိုးတို့၏ နေရာဒေသ ပထ၀ီသည် အကြီးအကျယ် ပြောင်းလဲခြင်းကို ခံခဲ့ ကြရသည်။ ဗမာပြည် အနှံ့တွင် အင်္ဂလိပ်တို့သည် နေရာကောင်း၊ သဘာဝကောင်း၊ ရာသီဥတုကောင်း၊ နှင့် အုပ်ချုပ်ရေး ယန္တရား လွယ်ကူစေရန် မြေနေရာတို့ကို ရွေးချယ်၍ အုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့်ပင် ယ္ခင
်ဌာနေလူမျိုးတို့ ပိုင်ဆိုင်ရာဒေသသည် ကြုံ့ဝင်သွားပြီးလျှင် လွပ်လပ်ရေး ရရှိလာသောအခါ ဗမာပိုင်နယ်မြေ ဖြစ်သွားလေတော့သည်။ ဗမာဘုရင်များ လက်ထက်တွင် အောက်ဗမာပြည်၌ ဗမာတို့မှာ မဆိုစလောက်သာရှိခဲ့ပြီး မွန်နှင့် ကရင်မှာ လူများစု ဖြစ်ခဲ့သည်။"

"ရန်ကုန်ကို အခြေပြု၍ အင်္ဂလိပ်အုပ်ချုပ်သည်မှစ၍ အောက်ဗမာပြည်သို့ ဗမာများ အလုံး အရင်းနှင့် ၀င်ရောက်နေထိုင်လာကြသည်။ မြေနုကို မမြင်ဖူးသော မိုးခေါင်ရေရှား ကန္တာရတွင် နေထိုင်လာခဲ့ကြသော ဗမာတို့မှာ နေရာကေါင်းကို လက်လွတ်ရမည်ကို စိုး၍ ကရင်နှင့် မွန်တို့ ကို ဗမာပြည်အောက်ပိုင်း ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ စသည့် နယ်မြေတို့မှ လူမျိုးရေးဖြင့်တဖုံ၊ စစ်တိုက်၍ တမျိုး၊ အနု၊ အကြမ်း၊ အရမ်း၊ မျိုးစုံသုံးကါ နှင်ထုတ်ခဲ့ကြသည်။ နေရာကေါင်းကို အပြီးအပိုင် ရယူခဲ့ကြသည်။ ဗမာနိုင်ငံတော် အစိုးရ၏ ကျောင်းသုံးစာအုပ်တွင် ရခိုင်တို့၏ ဧရိယာမှာ နတ်မြစ်ဝမှ မော်တင်စွန်းထိ ဟုဖေါ်ပြပါရှိသည်။ ၁၉၇၅ ခု ဒီဇင်္ဘာ ၁၅ ရက်နေ့ ရခိုင်ကိုပြည်နယ် ပေးသော အခါမူ နတ်မြစ်ဝမှ ဂွ အထိသာ ရရှိလိုက်ပြီး မိုးခေါင်ရေရှား ရပ်ဝန်းဒေသတွင် နေထိုင်သော ဗမာတို့မှာမူ ရခိုင်ပိုင် နယ်မြေ အနောက်ကလေးဟု ခေါ်သော နယ်မြေ တခုလုံးကို ဗမာတို့ ဘိုးဘွားပိုင် နယ်မြေ အဖြစ် ရယူသွားလေသည်။ ထို့ပြင် ရှမ်း မေမြို့၊ မိုးကုတ် ကချင် ဖါးကန့် ဆင်ကလိန်ခန္တီး ရခိုင် ပလက်ဝ၊ စသည်တို့ အပြင် လူမျိုးစု ဆိုင်ရာဒေသ အသီးသီးကို အင်္ဂလိပ်တို့ နည်းပေး လမ်းပြခဲ့မှုကြောင့် ဗမာတို့ ချယ်လှယ်ချင်တိုင်း ချယ်လှယ်၍ တိုင်းရင်းသား အချင်းချင်း ရန်တိုက်သော လုပ်ရပ်များကို လုပ်ချင်တိုင်း လုပ်ခဲ့ကြသည်။ (နမူနာ။ ဂိုလန်၊ ဟီနန် ရှမ်းနှင့် ၀ ၊ ကချင် နှင့်ချင်း၊ ရခိုင်နှင့်ချင်း၊ ကရင်နှင့် မွန်၊ တို့ကိုရှုပါ) အင်္ဂလိပ်တို့၏ ဗမာပြည်ကို သိမ်းယူမှုသည် ဗမာတို့အတွက် နယ်မြေဒေသ ပိုမိုရရှိ လာသည့်အတွက် ရေရှည်တွင် အကြီးအကျယ် အမြတ်ထွက်ခဲ့ လေသည်။ ဂတိမတည်သော မုသ၀ါဒများသော လောဘ ဒေါသ မောဟ များသော ဗမာ့စစ်ဝါဒအောက်၌ နေထိုင်လာကြရသော တိုင်းရင်းသားတို့မှာ မူ ဗမာတို့၏ လူမျိုးရေးအရ နယ်မြေတိုးချဲ့လာမှု၊ သယံဇာတ ကေါင်းများရှိရာ ဒေသကို ဗမာပိုင် နယ်မြေပြုလုပ်မှု၊ စသည့် လောဘ ဒေါသ မောဟ အလိမ်အကေါက် များလှသော ဗမာတို့နှင့် အတူ လွပ်လပ်ရေး ယူခဲ့သော အရသာကို ခံစားရင်း ယနေ့တိုင် ဒုက္ခပင်လယ် ဝေခဲ့ကြလေ တော့သည်။"
By:FB online