Friday, November 16, 2012

ကွဲပြားသော မတူတာလေးတွေ(7)

ကွဲပြားသော မတူတာလေးတွေကို ရေးသားပေးပို့လိုက်ပါတယ်။ -***** ဗမာအစိုးရခေါင်းဆောင်တွေက သူတို့ရဲ့ အကုသိုလ်တွေကြောင့် သဘာဝတရားက ငလျင်လှုပ်ပြီး သတိပေးဆုံးမလိုက်တာကို လုံးဝ ဂရုမစိုက်ပါကြောင်း သေဆုံးသူဗမာတိုင်းရင်းသားတွေဆီကို မျှတပြီးတရားသော အကူအညီတွေ မပေးဘဲ၊ ပြည်ပအကူအညီတွေလည်းမလိုပါကြောင်းပြောဆိုကာ ဆုံးရှုံးမှု၊သေဆုံးသူများ၏ စာရင်းကိုလည်းအတိအကျ မထုတ်ပြန်ဘဲ လက်တွေ့ပြသလိုက်ပါပြီ။ သို့သော်....****** ကချင်အစိုးရခေါင်းဆောင်တွေကလည်း ပင်လုံစာချုပ်ကြောင့် ဗမာအစိုးရက ကချင်တိုင်းရင်းသားတွေကို ထိုးစစ်ဆင်ကာ အမြောက်ဆံ၊ကျည်ဆံတွေနဲ့ပစ်ခတ်ကာ သတိပေးဆုံးမနေတာကို လုံးဝ(လုံးဝ) ဂရုမစိုက် ပါကြောင်း တန်ပြန်တိုက်ခိုက်ကာ ရှေ့တန်းတွင် သေဆုံးသူ ဗမာစစ်သားများ၏ စာရင်းများနှင့် ဆေးရုံများရှိ ထိခိုက်ဒဏ်ရာရသူများ၏စာရင်းများကို မြန်မာ့အလင်းသတင်းစာကြီးက စာရင်းအတိအကျ မဖော်ပြရဲလောက်အောင် လက်တွေ့ပြသလိုက်ပါပြီ။ ********* မြန်မာနိုင်ငံတော်ကြီးတိုးတက်ပြောင်းလဲနေပြီဟု ဗမာလူမျိုးကြီးများက ပါးစပ်ညောင်းအောင်ပြောနေကြ တာ ကြာပါပြီ။ သို့သာ်....******** လက်တွေ့တွင် ကချင်-ဗမာ စစ်ရေးက ပိုမိုပြင်းထန်တိုးတက်နေတာ၊ ရခိုင်-ရိုဟင်ဂျာ ဘာသာရေးအဓိကရုဏ်းက ပိုပြီး ကြီးမားကျယ်ပြန့်တိုးတက်လာတာ၊ ဗမာ-ငလျင်အရေးက တန်ခိုးကြီးလှပါတယ်ဆိုသော စိန်ဖူးတော်မြေခ ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလာသော သဘာဝဘေး အရေးများက ပိုပြီးအထင်ကရဖြစ်လာသော မြန်မာနိုင်ငံတော်ကြီးအကြောင်းကိုလည်းတိုင်းရင်းသားများက ပြောဆိုသင့်ပါတယ်နော်။ ........... ဗမာငလျင်အရေးကို သိန်းစိန်အစိုးရက ဖုံးကွယ်ဖို့ အနုနည်းနဲ့ နိုင်ငံရေးအကျဉ်းသား ၄၅၂ ဦးကို မဆိုင်းမတွ လွတ်ပေးလိုက်တယ်။ သို့သော်....********** ကချင်စစ်ရေးကို ကချင်အစိုးရက ထုတ်ဖော်ဖို့ ဗမာစစ်သားများကို အကြမ်းနည်းဖြင့် အငိုက်မခံ လိုက်လံချေမှုန်းတိုက်ခိုက်နေရတယ်။ By: Kopeter