Tuesday, November 6, 2012

ရခိုင်အရေးဟာ အစိုးရ ရဲ့ လတ်တလော ပြဿနာ ဖြေရှင်ရေးအတွက် လုပ်ခဲ့ပေမယ့်၊ တကယ့်တကယ်မှာ အိုးနင်းခွက်နင်း ဖြစ်လာတဲ့အခါ၊ ရှောင်လွှဲဖို့ နည်းလမ်းရှာနေပါပြီ။

By: online Facebook
ရခိုင်အရေးဟာ အစိုးရ ရဲ့ လတ်တလော ပြဿနာ ဖြေရှင်ရေးအတွက် လုပ်ခဲ့ပေမယ့်၊ တကယ့်တကယ်မှာ အိုးနင်းခွက်နင်း ဖြစ်လာတဲ့အခါ၊ ရှောင်လွှဲဖို့ နည်းလမ်းရှာနေပါပြီ။

သမ္မတ ရုံးက မကြာခင် ကြံ့ဖွတ် အတိုက်အခံ ရခိုင်ပါတီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုခုကု
ိ အပစ်ပုံချပါလိမ့်မယ်။

ဒူဝါ အနေနဲ့ ရခိုင် ကိစ္စအတွက် အစိုးရ အမြတ်ထွက်ခဲ့တဲ့ အချက်များကို တခါရေးဖူးပါတယ်။ တစ်ခေါက်ပြန်နွေးရမယ် ဆိုရင်။

ရခိုင်မှာဖြစ်နေတဲ့ လူမျိုးရေး ပဠိပက္ခ ဟာ အချိန်မရွေး ထပေါက်လာနိုင်တာ အခုမှ မဟုတ်ပါ။ ဒါပေမယ့် ဇွန်လ ဆန်းပိုင်းမှာ စဖြစ်လာတာဟာ တော်တော် တိုက်ဆိုင်လွန်းလှပါတယ်။

အကြောင်းကတော့ အဲဒီရက်တွေ မတိုင်မီ

(၁) ဒေါ်အောင်ဆန်းစုကြည် အနောက်နိုင်ငံ ခရီး စထွက်မဲ့ အချိန် ဖြစ်ခြင်း။
(အဲဒီအချိန်မှာ ဒေါ်စုကို ကြံ့ဖွတ်က သိပ် မကြည်သေးပါ။ ဥရောပ ခရီးကို သတင်းစာမှာတောင် မထည့်ပေးခဲ့ပါ)

(၂) လျှပ်စစ်မီး မရ လို့ လူထု အုံကြွမှု ဖြစ်နေခြင်း။

(၃) စက်မှုဇုံ တိုင်းမှာ အလုပ်သမား များ ဆန္ဒပြနေခြင်း။

(၄) ကချင်မှာ ထိုးစစ်ဆင်တာ တစ်နှစ်ပြည့် (ဇွန်လ ၉) အထိန်းအမှတ် လှုပ်ရှားမှု အတွက် ပြင်ဆင်နေခြင်း။

(၅) ရခိုင်ပါတီဦးဆောင်ပြီး၊ ဖက်ဒရယ် အကြောင်း လူထု ဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်နေခြင်း။

(၆) ရခိုင်က တရုတ် စီမံကိန်းများ အရေးလှုပ်ရှားတဲ့ ရခိုင်လူမျိုးများကို ရဲစခန်းက ပစ်ခတ်မှု ဖြစ်ခြင်းအပေါ် ဖြေရှင်းရ ခက်နေခြင်း။

(၇) ရခိုင်အရေး မဖြစ်ခင် စစ်တပ်ကို အားပေးတဲ့ ဖေစ့်ဘွတ် အကောင့် စာမျက်နှာတွေမှာ ဘင်္ဂါလီ မုန်းတီးရေး စပြီး ကလော်နေခဲ့ပါတယ်။ အခု အစိုးရ ဘက်ပြောင်းသွားတော့ သူတို့ အာဘော်လဲ ပြောင်းသွားပါပြီ။

အမြတ်အနေနဲ့

(၁) အပေါ်က ပြဿနာအားလုံး ပြည်ဖုံးကားချ နိုင်ခဲ့တယ်။

(၂) ရခိုင်ကို နှိပ်ကွပ်ပြီးသား ဖြစ်သွားပါပြီ။

(၃) ရခိုင်လူမျိုးများရဲ့ နိုင်ငံရေး ယိမ်းယိုင်နေခဲ့ပြီ။ ဆက်လက်ပြီး အမြတ်ထုတ်ခံရဖို့ ရှိလာတယ်။

(၄) စစ်တပ်ဟာ နှစ်ဖက် လူမျိုးများအတွက် လုံခြုံရေး အတွက် မရှိမဖြစ်၊ ကျေးဇူးရှင် ဖြစ်လာတယ်။ စစ်တပ်အကာအကွယ် မရှိပဲ ဆက်လက် ရှင်သန်ခွင့် မရနိုင်တော့ပါ။

(၅) စစ်တပ်ရဲ့ အကာအကွယ် အောက်မှာ တရုတ် နှင့် ဖက်စပ် လုပ်ငန်းများ ကောင်းကောင်း လည်ပတ်နေပါပြီ။