Friday, November 23, 2012

မတူတာလေးတွေ(12)

မတူတာလေးတွေကို ရေးပေးလိုက်တယ်။

ခရစ်တော်ယေဇူးအတွက် နိုင်ငံတကာက အသိအမှတ်ပြုပေးရတဲ့ ရက်ဟာ (X'mas) နေ့ ဖြစ်ပါတယ်။
ပရောဖက် မိုဟာမက်အတွက် နိုင်ငံတကာက အသိအမှတ်ပြုပေးရတဲ့ ရက်ဟာ (Eid al-adha) နေ့ဖြစ်ပါတယ်။
သို့သော်...
ဂေါတမ အတွက် နိုင်ငံတကာက အသိအမှတ်ပြုပေးရမယ့် ရက်က ဘယ်နေ့ဘာလဲ။ သိရင်အကြောင်းကြားပေးပါ။

အမေရိကန်က မြန်မာနိုင်ငံအတွက် သွင်းကုန်အမျိုးမျိုးပိတ်ပင်ထား
ခြင်းကို လျှော့ပေါ့ပေးခဲ့တယ်။
သို့သော်...
ကချင်ပြည်မှကျောက်စိမ်းသွင်းကုန်အတွက် ပိတ်ထားဆဲဖြစ်နေတယ်။ Why?

အိုဘားမားက ရန်ကုန်မှာ မိန့်ခွန်းပြောခဲ့တဲ့အခါ  မြောက်ကိုရီးယားအကြောင်း၊ ကချင်အရေး၊ ရခိုင်အရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊အားလုံးအတွက်အခြေခံတန်းတူအခွင့်အရေးအကြောင်းများကိုထည့်သွင်း ဟောပြောခဲ့တယ်။
သို့သော်....
အောင်ဆန်းဆုကြည်က အမေရိကန်မှာ လွတ်လပ်ခွင့်( Freedom) အကြောင်းကိုဘဲ ယေဘုယျသဘောလောက်သာ ပြောသွားခဲ့တယ်။ အဲဒီလွတ်လပ်ခွင့်ဟာ ဘာအကြောင်းအတွက် ဆိုလိုခဲ့ကြောင်း ရှင်းရှင်းလင်းလင်းမဟောခဲ့ဘူး။ WHY? WHY? WHY?
By: Kopeter