Sunday, November 18, 2012

အမေရိကန်သမ္မတခရီးစဉ်နှင့်လူထုအမြင်

FB Video link+++= http://www.bbc.co.uk/burmese/burma/2012/11/121117_obama_ethnics.shtml အိုဘားမား ခရီးစဉ် အပေါ် တိုင်းရင်းသား တို့ရဲ့ အမြင် နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 01:56 GMT ကချင် ပြည်နယ် တွင်း စစ်ပြေး ဒုက္ခသည် သောင်းနဲ့ချီ ရှိနေ တနင်းလာ နေ့မှာ ရန်ကုန် ကို လာမယ့် အမေရိကန် သမတ အိုဘားမား ခရီးစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့အစည်း တွေ ဘက် က မြန်မာ့ပြုပြင်ပြောင်းလဲရေး ကို အကောင်းမြင် ချည်းပဲ သဘောမထားဖို့ သဘောထား ထုတ်ပြန် လိုက်ပါတယ်။ ပြည်ပမှာ အခြေစိုက်တဲ့ ကချင် တိုင်းရင်းသား အဖွဲ့အစည်း ၃၄ ဖွဲ့က ကချင်မဟာမိတ် အဖွဲ့ အဖြစ်စုစည်းထားပြီး မြန်မာနိုင်ငံအတွင်းမှာ အစိုးရ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ၊ လူထုတွေအပေါ် အဓမ္မ ကျင့်ကြံမှု တွေ ရှိနေဆဲမို့ မြန်မာပြည်အရေး ကို အထူးအလေးထား ကြည့်စေချင်တယ်၊ အစိုးရ ကို တွန်အားပေး တိုက်တွန်းစေချင် တယ် လို့ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုဂွမ်စံ က ဘီဘီစီ ကို ပြောပါတယ်။ သူတို့ က အမေရိကန် သမတ မြန်မာပြည် ကို အခုလို အချိန်မှာ မသွားရောက် သင့်သေးဘူး လို့ မြင်ကြပေမယ့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း တွေ စုစည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ က ပြောခွင့်ရ ပုဂ္ဂိုလ် ခွန်ဥက္ကာ က အမေရိကန် သမတ မြန်မာပြည် ခရီးစဉ် ကို သူတို့ ကြိုဆိုကြောင်း နဲ့ ခရီးစဉ် အတွင်း မြန်မာပြည်မှာ တကယ်စစ်မှန် တဲ့ အပြောင်းအလဲ တွေကို ဦးတည်ဖို့ တိုက်တွန်း နိုင်လိမ့်မယ် လို့ သူ ယုံကြည်ကြောင်း ပြောပါတယ်။